ရခိုင်လူမျိုးနှင့်မြန်မာစာ ဟူသောဆောင်ပါးသည် ရခိုင်လူမျိုးနှင့်။မြန်မာစာ
မည်သို့မည်ပုံဆက်စပ်နေသည်ကို သိရှိနိုင်ကြစေရန် ရည်ရွယ်ချက်ဖြင့်
ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။ ရခိုင်လူမျိုးနှင့် မြန်မာစာ
မြန်မာစာနှင်ရခိုင်လူမျိုး ကိုမည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။
အဘယ်ကြောင့်ဆိုသော် မြန်မာစာကို ရခိုင်လူမျိုးတို့က မိမိတို့၏
ကိုယ်ပိုင်စာပေ´´ အနေဖြင့်အသိအမှတ်ပြုထားသောကြောင့်ဖြစ်၏။
မြန်မာနိုင်ငံတွင် မြန်မာစာဟုသတ်မှတ်ခံထားရသော ´အက္ခရာစာပေ´´ ကို
ရခိုင်လူမျိုးတို့ကမိမိတို့၏ ´´ရခိုင်စာဟူ၍သာ သိနေကြပါသည်။
စာပေကိုရေးသားသည့်အခါ၌ ရခိုင်စကားအပြောအသုံးအနှုန်းဖြင့်ရေးသားခြင်း၊
စာပေအသုံးအနှုန်းဖြင့်ရေးသားခြင်းဟူ၍သာ ခွဲခြားထားသည်။ အက္ခရာစာပေအနေဖြင့်မူ
သည်အက္ခရာသည် စာပေဖြင့်သာရေသားနေကြခြင်းဖြစ်ပါသည်။ ယင်းစာအမျိုးအစားကို
ရခိုင်တို့က ´ရခိုင်စာ´(သို့မဟုတ်) ရက္ခ၀ဏအက္ခရာ´
ဟုအမည်ပေးကာခေါ်ဝေါ်သမှုပြုနေကြသည်ကိုလည်းတွေမြင်နိုင်ပါသည်။
မြန်မာနိုင်ငံတွင်
လူမျိုးပေါင်း´၁၃၅´မျိုးရှိကြသည့်အနက်´မြန်မာစာအရေးအသား´ကို
မည်သည့်လူမျိုးတို့က´ရှေ့ဦးစွာစတင်ရေးသား´ခဲ့ကြသည်ကိုလေ့လာစူးစမ်းဖို့
အချိန်တန်ပြီဟု စာရေးသူယူဆပါသည်။
အကယ်၍အဖြေမှန်ထွက်ရှိခဲ့ပါလျှင်လည်းအားလုံးသဘောထားကြီးစွာဖြင့်
လက်ခံအတည်ပြုပေးကြဖို့ ကိုလည်းအနူးအညွတ်မေတ္တာရပ်ခံလိုပ်သည်။
မြန်မာနိုင်ငံအတွင်း၌ကား ရှေ့ကရခိုင်လူမျိုးတို့တွင်´ရခိုင်စာ´၊
မွန်လူမျိုးတို့တွင်´မွန်စာ´၊ပြူ(ပျူ) လူမျိုးတို့တွင် ´ပြူ(ပျူစာ)´ ဟူ၍
ကိုယ်ပိုင်စာပေအသီးသီးရှိခဲ့ကြသည်အနက် သည်ဆောင်းပါးသည်
´မွန်နှင်ပျူစာ´ကိုလေ့လာဆန်းစစ်မှုမပြုတောပဲ´မြန်မာစာဟုသတ်မှတ်ခံထားရသော´ရခိုင်စာ´ကိုသာ
နှစ်ဖက်နှိုင်းယှဉ်၍ ဝေဖန်သုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။
နှစ်ဖက်နှိုင်းယှဉ်ရာ၌ နှစ်ဖက်စလုံးမှ ထင်ရှာပြီးခိုင်မာသော သမိုင်းဆိုင်ရာ
ခေတ်ပြိုင်အထောက်အထား တစ်ခုစီကိုသာထုတ်နှုတ်၍ ရေးသားတင်ပြသွားပါမည်။
အထောက်အထားရှိတိုင်း အကျယ်တ၀င့်တင်ပြဖို့ဆိုသည်မှာ မဂ္ဂဇင်းက
စာမျက်နှာနေရာပေးနိုင်ည်မဟုတ်ပါ။
ရခိုင်နှင်မြန်မာ ခေတ်ပြိုင်မှုကိုရှာကြည့်ခြင်း
မြန်မာစာပေ´ကိုရေးသားနေကြသည့်´ရခိုင်လူမျိုးနှင် မြန်မာလူမျိုး´´တို့၏ ခေတ်ပြိုင်အချိန်ကာလကိုရှာကြည့်သော် ဤသို့တွေရ၏။
ပုမင်းအင်းတောင်ညောင်ရမ်းနောင်ကုန်းဘောင်ခုနစ်ဆက်´´ဟူသောသင်္ကေတ
သံပေါက်ကဗျာအရ မြန်မာလူမျိုးတို့တွင် ပုဂံခေတ်၊ပင်းယခေတ်၊
အင်းဝခေတ်၊တောင်ငူခေတ်၊ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် ဟူ၍ခေတ်(၆)ခေတ်
ထွန်းကားခဲ့သည်ကို တွေရှိရပါသည်။
ရခိုင်လူမျိုးတို့တွင်လည်း
ဒွါရာဝတီခေတ်၊ ဝေသာလီခေတ်၊ ဓည၀တီခေတ်(ပ၊ဒု၊တ)ခေတ်၊ဝေသာလီကျောက်လှေကားခေတ်၊
လေးမြိုခေတ်၊ မြောက်ဦး(ပ၊ဒု၊တ)ခေတ်ဟူ၍ ခေတ်(၆)ခေတ်ထွန်းကားခဲ့သည်ကို
တွေ့ရှိနိုင်သည်။ သို့သော်အချိန်ကာလ ကြာမြင့်ပုံခြင်းတော
တူနိုင်မည်မဟုတ်ပါ။ယင်းတို့အနက် မြန်မာတို့၏ ပုဂံခေတ်နှင့်
ရခိုင်တို့၏လေးမြိုခေတ်မှာ ခေတ်ပြိုင်ဖြစ်ကြ၏။မြန်မာတို့ဘက်က
ပုဂံ၏ထင်ရှားသော´ရာဇကုမာရ်ကျောက်စာခေါ်မြစေတီကျောက်စာ´´ကိုခိုင်မာသောအထောက်အထားအဖြစ်တင်ပြမှာဖြစ်ပြီး၊
ရခိုင်တို့ဘက်က စစ်တွေမျြိ၊ ခေါင်းလောင်းကျောင်းတိုက်ရှိ
လေးမြို့ခေတ်´ရခိုင်ဘုရင်မင်းရင်ဖြူ´သွန်းလုပ်ပူဇော်ခဲ့သောဘုရား၏´စမ္မခဏ်းကမ္မည်းစာ´ကိုခိုင်မာသောအထောက်အထားအနေဖြင့်
တင်ပြသွားမှာဖြစ်ပါသည်။
မြန်မာတို့၏ ပုဂံခေတ်..
ကြာ၊မိုး၊အံ၊ပုဂံတည်´ဟူသောဆောင်ပုဒ်အရ ပျဉ်ပြားမင်း(အေဒီ-၈၄၆ မှ ၈၇၈)ထိသည်
ယခုလက်ရှိ ပုဂံမြိုကိုတည်ချိန်မှာ ကောဇာ-၂၁၁-ခု၊ ခရစ်အေဒီ ၈၄၉ ခုဖြစ်၏၊
ပုဂံပျက်ချိန်ကား´စောမွန်နစ်မင်း´(အေဒီ.၁၃၂၅ မှ ၁၃၆၉) လက်ထက်တွင်ဖြစ်လေ၏။
ပျဉ်းပြားမင်းသည် ပုဂံမြိုကိုတည်ဆောက်နေသည်အချိန်တွင် ပုဂံ၌
´ထေရ၀ါဒဗုဒ္ဒသာသနာ´´မရောက်ရှိသေး၊ အလားတူ´မြန်မာစာ´ဟူသော စာပေရေးသားမှု
အတတ်ပညာသည်လည်း လုံးဝမရှိသေးသည်ကို တွေ့ရ၏။ ပုဂံမြို့၌
ပျဉ်ပြားမင်းလွန်ပြီးနောက်တန်နက်မင်း(အေဒီ-၈၇၈-၉၀၆)၊ ၄င်းနောက်
စလေငခွေးမင်း(အေဒီ ၉၀၆-၉၁၅)၊ ၄င်းနောက် သိန်းခိုမင်း
(အေဒီ-၉၁၅-၉၃၁)၊၄င်းနောက်
ညောင်ဦးစောရဟန်းမင်း(တောင်သူမင်းကြီး)(အေဒီ-၉၃၁-၉၆၃) ၄င်းနောက်
ကွမ်းဆော်ကြောင်ဖြူမင်း(အေဒီ-၉၆၄-၉၈၆) ၄င်းနောက်
ကျည်စိုးမင်း(အေဒီ-၉၈၆-၉၉၂) ၄င်းနောက် စုက္ကတေမင်း(အေဒီ-၉၉၂-၁၀၁၇)
၎င်းနောက်အနော်ရထာမင်း(အေဒီ-၁၀၄၄-၁၀၇၇) လက်ထက်မှ ထေရ၀ါဒဗုဒ္ဒသာသနာကို
မွန်ရဟန်းတော် ရှင်အရဟံ၏အကူအညီဖြင့်တည်ဆောက်ခဲ့ရ၏။ ယင်းအချိန်ထိ ´ပုဂံ´၌
´မြန်မာစာ´´ဟူသောအရေးအသားမရှိသေးချေ။ မွန်လူမျိုးတို့၏စာပေကိုသာ
မွန်ပညာရှင်မျာ၏အကူအညီဖြင့် ရေးသားနေကြရလေ၏။ အနော်ရထာမင်း လွန်ပြီးနောက်
စောလူးမင်း (အေဒီ-၁၀၇၇-၁၀၈၄) ၄င်းနောက် ကျန်စစ်သားမင်း (အေဒီ-၁၀၈၄-၁၁၁၃)
လက်ထက်တွင် ´´ဇေယျခေတ္တရာ´´အမည်ရှိသော သားတော် ´ရာဇကုမာရ်´သည်
ပုဂံ၌´မြစေတီဘုရား´ကိုတည်၏။ မြစေတီဘုရား၌ သူ၏ကုသိုလ်တော်မှတ်တမ်းကို ´ပါဋိ၊
မြန်မာ၊မွန်၊ပြူ´ ဟူ၍ ဘာသာလေးမျိုးဖြင့်ကမ္မည်းစာရေးထိုးစေခဲ့ပါသည်။
ယင်းမြစေတီဘုရားကျောက်စားကား ပုဂံခေတ်ကျောက်စာများအနက်
´ရှေ့အကျဆုံးကျောက်စာ´ဖြစ်၏။ မြစေတီကျောက်စာကို သာသနာတော် သက္ကရာဇ် ၁၆၅၇၊
ကောဇာ-၄၇၅-ခု (ခရစ်အေဒီ- ၁၁၁၃)တွင် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
ယင်းအချိန်ထိ ပုဂံ၌´ပြူလူမျိုး´ တို့ရှိနေသေးသည်ကိုတွေရ၏။
ရခိုင်တို့၏ လေးမြိုးခေတ်
ရခိုင်တို၏လေးမြိုခေတ်သည် အေဒီ ၈၁၈ မှ ၁၄၃၀ ထိကြာမြင်ခဲံ့သည်ကိုတွေရှိရ၏။
လေးမျြိုခေတ်ဆိုသည်မှာ အဉ္စနနဒီမြစ်၏ ၀ဲယာ၌ ပဉ္စာမြို့၊ ပုရိန်မြို့၊
နေရဉ္စ၇ာတောင်ငူမြို၊ လောင်းကြက်မြိုဟူ၍ မြိုလေးမြိုတည်ရှိခဲ့သည်ကို
အကြောင်းပြု၍ ´လေးမြိုခေတ်´ ဟုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ မြန်မာတို့၏
ပျဉ်ပြားမင်းသည် ယခုလက်ရှိ ´ပုဂံမြို´ ကိုမတည်ဆောက်ရသေးမီ(၃၁)နှစ်အလိုက
လေးမြိုခေတ် ရခိုင်ဘုရင် ´ခေတ္တသင်မင်း´ သည် ပဉ္စာမြို´ ကို သာသနာ၁၃၆၂ ခု၊
ကောဇာ ၁၈၀-ခု၊ (အေဒီ-၁၈၁) တွင် တည်ဆောက်ထာပြီးဖြစ်နေပါသည်။
ရခိုင်တို့၏လေးမြိုခေတ်´ခေတ္တသင်မင်း´ လက်ထက်တွင်
ထေရ၀ါဗုဒ္ဒသာသနာထွန်းကားနေမှုကို မဆိုထားဘိ၊ လေးမြိုခေတ်၏ အထက်က
ဝေသာလီကျောက်လှေကားခေတ် (အေဒီ-၃၂၇-မှ ၈၁၈ထိ) တွင် လည်းကောင်း
တတိယဓည၀တီခေတ်(ဘီစီ-၅၆၉ မှ အေဒီ ၃၂၆ ထိ) တွင် ၄င်း
ထေရ၀ါဒဗုဒ္ဒသာသနာနှင်အတူစာပေယဉ်ကျေးမှု
အနုပညာများထွန်းကားလျှက်ရှိနေပြီဖြစ်ကြောင်း ယုံမှားသံသယမရှိ ခိုင်မာသော
အထောက်အထားများက သက်သေပြုလျှက်ရျိနေကြပြီဖြစ်ပါသည်။
ယင်းတိုအနက်
လေးမြို့ခေတ် (အေဒီ-၈၁၈-မှ ၁၄၃၀ထိ) ပဉ္စာမြိုတည်´ခေတ္တသင်မင်း´ မှ(၃)
ဆက်မြောက်´ဘုရင်မင်းရင်ဖြူ´ လက်ထက် (အေဒီ-၈၄၃ မှ ၈၇၃ ထိ) အေဒီ ၈၄၇တွင်
သွန်းလုပ်ပူဇော်ခဲ့သော ဗုဒ္ဒဆင်းတုတော်(ဥာဏ်တော်အမြင့် ၁ပေ ၂.၃ လက်မ၊
ယခုအခါစစ်တွေမြို၊ ခေါင်းလောင်းကျောင်းတိုက်တွင် ကိန်းဝပ်လျှက်ရှိသည်၊။)
၏´စမ္မခဏ်းကမ္မညာ်းစာ´ ကိုသာ ရခိုင်စာပေဘက်က ခိုင်မာသော အထောက်အထား
တစ်ခုအနေဖြင့် တင်ပြသွားမည်ဖြစ်ပါသည်။
ဘုရားဆင်းတုတော် စမ္မခဏ်ကမ္မည်းစာ
အဆိုပါဘုရား၏ စမ္မခဏ်စာမှာ ယခုခေတ်´မြန်မာစာ´ဟုသတ်မှတ်ခံထားရသော´ရခိုင်စာ´
အရေးအသားဖြင့် ရေးထိုးမှတ်တမ်းတင်ထားသည်ကို
အောက်ပါအတိုင်းတွေရှိရသည်၊´သက္ကရာဇ် ၉၊ကဆုန်လဆန်း ၆ရက်၊
တနင်္လာ၅ါးနာရီကျော်သော..ရောက်...ကြီးသွန်းအဲသည်။ ငင်္မင်္ရဖြူကောင်းမှုဘုရား
ပဉ္စလောစာပြီးပြည့်စုံသည်၊ ဘုရားပြုသှောဝ် အကျိုးဝ်အားဖြင့်
ဘုရားမချွတ်ဖြစ်စေသှော.....။ဟူ၍ ရေးထိုးထားပါသည်။
အထက်ဖေါ်ပြပါဘုရား၏´စမ္မခဏ်ကမ္မည်းစာ´ ကိုပြည့်စုံအောင်ဖြည့်စွက်ဖတ်ရှုသော် အောက်ပါအတိုင်းဖြစ်ပါသည်။
သက္ကရာဇ် ၂၀၉၊ ကဆုန်လဆန်း ၆ရက်၊ တနင်္လလာနေ့ ၅ နာရီကျော်သော (အချိန်)
ရောက်(သောအခါ) ကြေးသွန်းအပ်သည်။ ငါမင်းရင်ဖြူကောင်းမှု ဘုရားကို
ပဉ္စလောဟာဖြင့်(သွန်းလုပ်)ပြီးပြည့်စုံသည်။ ဘုရားပြုသောအကျိုးအားဖြင့်
ဘုရားမချွတ်ဖြစ်စေသော်´ဟူ၍ဖြစ်ပါသည်။ လေးမြိုခေတ် ရခိုင်ဘုရင်
မင်းရင်ဖြူသည် အထက်ဖေါ်ပြပါ ဘုရား၏ ´စမ္မခဏ်ကမ္မည်းစာ´ ကို
ရက္ခ၀ဏအက္ခရာ-ရခိုင်စာ´ဖြင့်ရေးထိုးခဲ့သောနှစ်မှာ ကောဇာ ၂၀၉ခု၊ ခရစ်အေဒီ ၈၄၇
ဖြစ်ရာ မြန်မာတို့ယခုလက်ရှိ ပုဂံမြို့ကို မတည်ဆောက်ရသေးမီ (၂) နှစ်အလိုက
ဖြစ်ပါသည်။ သို့ဖြစ်၍´ရာဇကာမာရ်ကျောက်စာခေါ် မြစေတီကျောက်စာ´ သည်
ယင်းအချိန်၌ ရှိဖို့မဆိုထားနှင့် ´ပုဂံမြို့´ ပင်မရှိသေးသောကြောင့်
´မြန်မာစာပေ´ အရေးအသားမှာလည်း
မြန်မာတို့အနေဖြင့်´အိမ်မက်တောင်မက်ဖို့´မလွယ်ကူသေးချေ။
မြန်မာလူမျိုးနှင့်မြန်မာစာ
မြန်မာသမိုင်းဆရာများက မြန်မာသည်´ပြူလူမျိုး´
ကဆင်းသက်လာသူများဟုခံယူထားကြ၏။ ယင်းသို့ဆိုလျှင် အဘယ်ကြောင့်မြန်မာတို့သည်
´ပြူစာ´ကိုမိခင်စာပေအဖြစ် ရပ်တည်အောင်မဆောင်ရွက်နိုင်ကြခဲ့ပါသနည်း?
ဟုမေးစရာရှိနေပါသည်။ယခုအခါ ပြူလူမျိုးနှင့်ပြူစာပေမှာ မြန်မာမြေမျက်နှာပေါ်က
လုံးဝဆိတ်သုဉ်းပျောက်ကွယ်သွားကြပြီဖြစ်၏။ အချိုသမိုင်းဆရာများက
မြန်မာစာသည်´မွန်စာ´ကဆင်းသက်လာသောစာဟုကြံဆကြပြန်၏။ ထို့သို့ဆိုလျှင်လည်း
အဘယ်ကြောင့်မြန်မာတို့သည် ´မွန်စာ´ ကိုနိုင်ငံသုံးစာပေအဖြစ် ရပ်တည်အောင်
မဆောင်ရွက်နိုင်ခဲ့ကြပါသနည်း။ ဟုမေးစရတွေအများကြီးရှိနေပါသည်။ အမှန်က
´ပြုစာ´ သည် ပြူလူမျိုးတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်နေပြီး ´မွန်စာ´
သည်လည်း မွန်လူမျိုးတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်နေသော
စာပေဖြစ်ကြောင်းလေ့လာတွေ့ရှိရပေသည်။ ယနေ့မျက်မှောက်ခေတ် ´မြန်မာစာ´
ဟုသတ်မှတ်ခံထားရသော ´ရခိုင်စာ´ သည်လည်း ရခိုင်လူမျိုးတို့နှင်သာ
တိုက်ရိုက်သက်ဆိုင်ခဲ့ကြသဖြင့် ရခိုင်လူမျိုးတို့သည် ကိုယ့်စာပေကို
ခေတ်အဆက်ဆက်တည်တံ့အောင် ထိန်းသိန်းစောင့်ရှောက်လာခဲ့ကြသည်မှာ
ခေတ်တိုင်းခေတ်တိုင်းတွင် ပေါ်ထွန်းခဲ့သော
´ရခိုင်စာပေအထောက်အထားများ´ကသက်သေပြုလျှက်ရှပေတောသည်။
မြစေတိကျောက်စာ၌
ပါရှိသော ´မြန်မာစာ´ ကိုမြန်မာသမိုင်းဆ၇ာများက
´ပျူစာကဆင်းသက်လာသောစာ´ဟုထင်မြင်ချက်ပေးကြ၏။ အလားတူ
အချိုသမိုင်းဆရာများက`မွန်စာကဆင်းသက်လာသောစာ´ဟူ၍လည်းထင်မြင်ချက်ပေးကြပြန်၏။
အမှန်ကယင်း´ပြူစာနှင့်မွန်စာ´နှစ်မျိုးစလုံးသည်ပင်လျှင် မြစေတီကျောက်စာ၌
ပါရှိနေပြီးဖြစ်သောကြောင့်၊ ယင်းစာနှစ်မျိုးက ဆင်းသက်လာသောစာဟု
သတ်မှတ်နေကြခြင်းသည် လုံးဝယုတ္တိမရှိချေ။ အဘယ်ကြောင့်ဆိုသော် စာပေတို့မည်သည်
အချိန်ကာလတစ်ခုတည်း၌
နေ့ချင်ညချင်းပြောင်းလွဲရိုးထုံးစံမရှိသောကြောင့်တည်း.။
ပြောင်းလဲဖို့ဆိုသည်မှာလည်း ခေတ်ကာလ အတော်ကြာမြင့်အောင်
စောင့်ဆိုင်းရပေလိမ့်မည်။ မြစေတီကျောက်စာ (´မြန်မာ) သည်ပြူစာနှင်မွန်စာက
ဆင်းသက်လာသောစာမဟုတ်ကြောင်းကို ´မြစေတီကျောက်စာ´ကပင်လျှင် အခိုင်လုံဆုံး
သက်သေပြုလျက်ရှိနေပေတောသည်။
အမှန်က ´မြစေတီကျောက်စာ´၌ပါရှိသော
´မြန်မာစာ´သည် ´ပြောင်းလဲလာသောစာ´ မဟုတ်ပဲ´ရောက်ရှိလာသောစာ´ဟုဆိုမှ
သဘာဝယုတ္တိကျမည်ကို မြန်မာပညာရှိတို့ သိရှိနိုင်ကြပါလျှက်
မသိချင်ယောင်ဆောင်နေခဲ့ကြပြီး အဖြစ်မှန်ကို ရေငုံနှုတ်ပိတ်
လုပ်နေခဲ့ကြသည်ကိုတွေ့ရ၏။
အဖြေမှန်ကိုသိရှိလိုပါက လေးမြိုးခေတ်၊
ပဉ္စာမြို့(၁၂) ဆက်မြောက်မင်းဘီလူးကို
အေဒီ-၁၀၆၈တွင်´၀ရောင်းငှက်အသင်္ခယာ´အမတ်ကလုပ်ကြံသဖြင့် ကွယ်လွန်သည်။
မင်းဘီလူး၏သားဖြစ်သူ အိမ်ရှေ့မင်းသား´မင်းရဲဘယ´ သည်
မိဖရား´စောပေါက်ညို´ပေါက်ညိုမြ)နှင့်အတူ
ရခိုင်ပညာရှိအမတ်အချို့လိုက်ပါလျှက် ´ဘူးရွက်မညှိုးလမ်း´
ကအရှေ့ပုဂံပြည်သို့ထွက်ပြေးကာ ´အနော်ရထာ´ မင်းထံခိုလှုံခဲ့ရသည်။ အဆိုပါ
မင်းရဲဘယမိသားစုတို့သည် ပုဂံပြည်၌ နှစ်ပေါင်း(၃၅) နှစ်ခန့်ကြာမြင့်အောင်
အမှုတော်ထမ်းရွက်ကာ နေထိုင်ခဲ့ကြရသော သမိုင်းကြောင်းကိုလည်းကောင်း၊
ပုဂံမင်းအနော်ရထာအား ´ရခိုင်ဝေသာလီ´က´ပဉ္စကလျာဏီမင်းသမီး´ကိုဆက်သရာတွင်
´ကျန်စစ်သား´ ကို ရသည်ဟူသောသမိုင်းကြောင်းကိုလည်းကောင်း၊ ကျန်စစ်သားသည်
မြေးတော်အလောင်းစည်သူကို
ပုဂံထီးနန်းကိုပေးအပ်ပြီး´ဇေယျခေတ္တရာ´အမည်ဖြင့်သားတော်ရာဇကုမာရ်မင်းသားကို´ဓည၀တီနှင့်တောင်စဉ်ခုနှစ်ခရိုင်´(မြန်မာရာဇ၀င်အလို)
ကိုစားစေခဲ့သော သမိုင်းကြောင်းကိုလည်းကေင်း၊ ပုဂံမင်းတို့အထံ၌
ရခိုင်သားများ အမှုတော်ထမ်းရွက်ခဲ့ကြပြီး အချို့က ဘုရားအလှုဒကာများ
အဖြစ်ခံယူကာမြန်မာတို့၏နယ်မြေ၌ ရှိနေခဲ့ကြသည်ဟူသော
သမိုင်းကြောင်းကိုလည်းကောင်း၊ မြန်မာလူမျိုးတို့ကို ရခိုင်လူမျိုးတို့က
´အောက်သား´ဟုနာမည်ပေးကာ နှစ်ပေါင်းများစွာ ခေါ်ဝေါ်လာခဲ့ကြသည့်
သမိုင်းကြောင်းကိုလည်းကောင်း၊ ´ရဟန္ဒာထွေး(ခေါ်) အသျှင်ဒိဗစက္ခု´ အမည်ရှိသော
ရခိုင်တို့ ဝေသာလီက ရဟန္တာအသျှင်သူမြတ်သည် ဥပဇ္ဈာယ်ဆရာ´မဟိဒ္ဒပါလမထေရ်မြတ်´ ၏
စေလွတ်ချက်အရ ပင်းယမြိုသို့ကြွရောက်၍ သာသနာပြုခဲ့ရသော သမိုင်းကြောင်းနှင့်
ပင်းယတစ်စီးရှင် သီဟသူ၏ မင်းဆရာအဖြစ်ကိုးကွယ်ဆည်းကပ်မှုကို ခံယူခဲ့ရသော
သမိုင်းကြောင်းကိုလည်းကောင်း ချန်လှပ်၍ထားကြမည်ဆိုပါက
အဖြေမှန်ပေါ်ပေါက်နိုင်လိမ့်မည်မဟုတ်ချေ၊
ပုဂံခေတ်ကျောက်စာများ၌
ပါရှိနေသော အချို့စကားလုံးများသည် ရခိုင်လူမျိုးတို့၏ နေ့စဉ်သုံး
ဝေါဟာရများဖြစ်နေကြောင်း အောက်ပါစကားလုံးများကို ကြည့်ခြင်းအားဖြင့်
သိရှိနိုင်ပါသည်။
၁။ ကြာသပတိယ်နိယ်၊ ၂။ သုကြာိနိယ်၊ ၃၊ လှိယ်၊ ၄၊
ရိတ်မှုတ်၊၅။ အတုမဟါသော၊၆၊ ခြုပ်မ၊ ၈၊ အစ်ကို၊ ၉၊အစ်မ၊ ၁၀၊ ပန်စင်၊ ၁၁၊
ကခြီသည်၊ ၁၂၊ ပညာမဟိယ်သော၊၁၃၊ အလှုပိယ်လိုဝ်သော၊ သင်္ဃတိုဝ်၊ ဤယ်သူ၊
ပတ္တမြာစာတီ၊ လှုခ၏၊ ခြီလက်၊ ခြိယ်ဆယ်ရိယ်၊ လက်ဆိရယ်၊ မပ္လုရကြောင်ဆိုဖီလတ်၊
နိယ်ရလိယ်၏၊ အသရိယ်ဟိသော၊ ခရိုန် စသောဝေါဟာရများကို ယနေ့ခေတ်
မြန်မာတိုပြောဆိုနေကြသေးလား? ဟုမေးလျှင် ပြောဖို့မဆိုထားနှင့် အဓိပါယ်ကို
သိရှိအောင်မနည်း ကြိုးစားကြရမည်ဟုထင်ပါသည်။
အဓိပါယ်ကို-၁၁၁၃ ခုတွင်
ရေးထိုးခဲံသောမြန်မာတို့၏ ရှေ့အကျဆုံးဖြစ်သည့် မြစေတီကျောက်စာထက်
လေးမြို့ခေတ် အေဒီ-၈၄၇ ခုတွင် ရခိုင်ဘုရင် မင်းရင်ဖြူ
သွန်းလုပ်ပူဇော်ခဲ့သော ကောင်းမှုတော်ဘုရား၏ စမ္မခဏ်ကဗ္မည်းစာက နှစ်ပေါင်း(၂၆၆)
နှစ်စော၍ ရှေ့ကျနေကြောင်း သိရှိရပါသည်။
ထို့ကြောင့်´မြန်မာနိုင်ငံတွင်
မြန်မာစာအရေးအသားကို မည်သည့်လူမျိုးတို့က
ရှေ့ဦးစွာစတင်ရေးသားခဲ့ကြပါသနည်း? ဟူသော အမေးဖြစ်ပေါ်ခဲ့လျှင်
ဤဆောင်ပါးစာတမ်းက အထိုက်အလျှောက် အဖြေပေးနိုင်လိမ့်မည်ဟုယူဆပါသည်။
နိဂုံးချူပ်အနေဖြင့်ဆိုရသော်´ရခိုင်လူမျိုးနှင့်မြန်မာစာ´ မှာ
မည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။ စကားပြောဟန်ရေးနည်းနှင့်စာ
အသုံးရေးနည်းသာ ခြားနာချက်ရှိနေသည်။ စာပေအက္ခရာမှာ အတူတူပင်တည်း။ သို့ဖြစ်၍
ယနေ့မျက်မှောက်ခေတ် ´မြန်မာစာ´ ဟုသတ်မှတ်ခံထားရသော ´ရခိုင်စာ´ ကို
ရခိုင်လူမျိုးတို့က မိမိတိ့၏
´ကိုယ်ပိုင်စာပေ´ဖြစ်ကြောင်းအကြွင်းမဲ့ခံယူထားကြသည်ကို သုတေသနပြုကာ
ရေးသားတင်ပြလိုက်ရပေသည်။
´ရခိုင်စာပေ´အဖြစ်မှန်ပေါ်ပေါက်ပါစေ….
ဒွါရာဝတီ အသျှင်ကုသလ
(ကိုးကားသောကျမ်းများ)
၁။ မြစေတီကျောက်စာ။။လှသမိန်
၂။ ပုဂံခေတ်နိုင်ငံရေးသမိုင်း။။ဒေါက်တာသန်းထွန်း
၃။တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ။။ဒေါက်တာ သန်းထွန်း
၎။ကျောင်းသုံးမြနမာရာဇ၀င်။။ဦးဘသန်း
၅။မင်းရင်ဖြူကောင်းမှုတော်ဘုရားစမ္မခဏ်ကမ္မည်းစာ
၆။ သာသနာလင်္ကာရစာတမ်း။(မူဟောင်း) မဟာဓမ္မသင်္ကြ
၇။ရွေဘိုနိဒါန်း။ဇယသခ်ယာ
၈။ဒွါရာဝတီ-အသျှင်ကုသလမှတ်စု
ရခိုင်နှင်မြန်မာ ခေတ်ပြိုင်မှုကိုရှာကြည့်ခြင်း
မြန်မာစာပေ´ကိုရေးသားနေကြသည့်´ရခိုင်လူမျိုးနှင် မြန်မာလူမျိုး´´တို့၏ ခေတ်ပြိုင်အချိန်ကာလကိုရှာကြည့်သော် ဤသို့တွေရ၏။
ပုမင်းအင်းတောင်ညောင်ရမ်းနောင်ကုန်းဘောင်ခုနစ်ဆက်´´ဟူသောသင်္ကေတ သံပေါက်ကဗျာအရ မြန်မာလူမျိုးတို့တွင် ပုဂံခေတ်၊ပင်းယခေတ်၊ အင်းဝခေတ်၊တောင်ငူခေတ်၊ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် ဟူ၍ခေတ်(၆)ခေတ် ထွန်းကားခဲ့သည်ကို တွေရှိရပါသည်။
ရခိုင်လူမျိုးတို့တွင်လည်း ဒွါရာဝတီခေတ်၊ ဝေသာလီခေတ်၊ ဓည၀တီခေတ်(ပ၊ဒု၊တ)ခေတ်၊ဝေသာလီကျောက်လှေကားခေတ်၊ လေးမြိုခေတ်၊ မြောက်ဦး(ပ၊ဒု၊တ)ခေတ်ဟူ၍ ခေတ်(၆)ခေတ်ထွန်းကားခဲ့သည်ကို တွေ့ရှိနိုင်သည်။ သို့သော်အချိန်ကာလ ကြာမြင့်ပုံခြင်းတော တူနိုင်မည်မဟုတ်ပါ။ယင်းတို့အနက် မြန်မာတို့၏ ပုဂံခေတ်နှင့် ရခိုင်တို့၏လေးမြိုခေတ်မှာ ခေတ်ပြိုင်ဖြစ်ကြ၏။မြန်မာတို့ဘက်က ပုဂံ၏ထင်ရှားသော´ရာဇကုမာရ်ကျောက်စာခေါ်မြစေတီကျောက်စာ´´ကိုခိုင်မာသောအထောက်အထားအဖြစ်တင်ပြမှာဖြစ်ပြီး၊ ရခိုင်တို့ဘက်က စစ်တွေမျြိ၊ ခေါင်းလောင်းကျောင်းတိုက်ရှိ လေးမြို့ခေတ်´ရခိုင်ဘုရင်မင်းရင်ဖြူ´သွန်းလုပ်ပူဇော်ခဲ့သောဘုရား၏´စမ္မခဏ်းကမ္မည်းစာ´ကိုခိုင်မာသောအထောက်အထားအနေဖြင့် တင်ပြသွားမှာဖြစ်ပါသည်။
မြန်မာတို့၏ ပုဂံခေတ်..
ကြာ၊မိုး၊အံ၊ပုဂံတည်´ဟူသောဆောင်ပုဒ်အရ ပျဉ်ပြားမင်း(အေဒီ-၈၄၆ မှ ၈၇၈)ထိသည် ယခုလက်ရှိ ပုဂံမြိုကိုတည်ချိန်မှာ ကောဇာ-၂၁၁-ခု၊ ခရစ်အေဒီ ၈၄၉ ခုဖြစ်၏၊ ပုဂံပျက်ချိန်ကား´စောမွန်နစ်မင်း´(အေဒီ.၁၃၂၅ မှ ၁၃၆၉) လက်ထက်တွင်ဖြစ်လေ၏။ ပျဉ်းပြားမင်းသည် ပုဂံမြိုကိုတည်ဆောက်နေသည်အချိန်တွင် ပုဂံ၌ ´ထေရ၀ါဒဗုဒ္ဒသာသနာ´´မရောက်ရှိသေး၊ အလားတူ´မြန်မာစာ´ဟူသော စာပေရေးသားမှု အတတ်ပညာသည်လည်း လုံးဝမရှိသေးသည်ကို တွေ့ရ၏။ ပုဂံမြို့၌ ပျဉ်ပြားမင်းလွန်ပြီးနောက်တန်နက်မင်း(အေဒီ-၈၇၈-၉၀၆)၊ ၄င်းနောက် စလေငခွေးမင်း(အေဒီ ၉၀၆-၉၁၅)၊ ၄င်းနောက် သိန်းခိုမင်း (အေဒီ-၉၁၅-၉၃၁)၊၄င်းနောက် ညောင်ဦးစောရဟန်းမင်း(တောင်သူမင်းကြီး)(အေဒီ-၉၃၁-၉၆၃) ၄င်းနောက် ကွမ်းဆော်ကြောင်ဖြူမင်း(အေဒီ-၉၆၄-၉၈၆) ၄င်းနောက် ကျည်စိုးမင်း(အေဒီ-၉၈၆-၉၉၂) ၄င်းနောက် စုက္ကတေမင်း(အေဒီ-၉၉၂-၁၀၁၇) ၄င်းနောက်အနော်ရထာမင်း(အေဒီ-၁၀၄၄-၁၀၇၇) လက်ထက်မှ ထေရ၀ါဒဗုဒ္ဒသာသနာကို မွန်ရဟန်းတော် ရှင်အရဟံ၏အကူအညီဖြင့်တည်ဆောက်ခဲ့ရ၏။ ယင်းအချိန်ထိ ´ပုဂံ´၌ ´မြန်မာစာ´´ဟူသောအရေးအသားမရှိသေးချေ။ မွန်လူမျိုးတို့၏စာပေကိုသာ မွန်ပညာရှင်မျာ၏အကူအညီဖြင့် ရေးသားနေကြရလေ၏။ အနော်ရထာမင်း လွန်ပြီးနောက် စောလူးမင်း (အေဒီ-၁၀၇၇-၁၀၈၄) ၄င်းနောက် ကျန်စစ်သားမင်း (အေဒီ-၁၀၈၄-၁၁၁၃) လက်ထက်တွင် ´´ဇေယျခေတ္တရာ´´အမည်ရှိသော သားတော် ´ရာဇကုမာရ်´သည် ပုဂံ၌´မြစေတီဘုရား´ကိုတည်၏။ မြစေတီဘုရား၌ သူ၏ကုသိုလ်တော်မှတ်တမ်းကို ´ပါဋိ၊ မြန်မာ၊မွန်၊ပြူ´ ဟူ၍ ဘာသာလေးမျိုးဖြင့်ကမ္မည်းစာရေးထိုးစေခဲ့ပါသည်။ ယင်းမြစေတီဘုရားကျောက်စားကား ပုဂံခေတ်ကျောက်စာများအနက် ´ရှေ့အကျဆုံးကျောက်စာ´ဖြစ်၏။ မြစေတီကျောက်စာကို သာသနာတော် သက္ကရာဇ် ၁၆၅၇၊ ကောဇာ-၄၇၅-ခု (ခရစ်အေဒီ- ၁၁၁၃)တွင် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ ယင်းအချိန်ထိ ပုဂံ၌´ပြူလူမျိုး´ တို့ရှိနေသေးသည်ကိုတွေရ၏။
ရခိုင်တို့၏ လေးမြိုးခေတ်
ရခိုင်တို၏လေးမြိုခေတ်သည် အေဒီ ၈၁၈ မှ ၁၄၃၀ ထိကြာမြင်ခဲံ့သည်ကိုတွေရှိရ၏။ လေးမျြိုခေတ်ဆိုသည်မှာ အဉ္စနနဒီမြစ်၏ ၀ဲယာ၌ ပဉ္စာမြို့၊ ပုရိန်မြို့၊ နေရဉ္စ၇ာတောင်ငူမြို၊ လောင်းကြက်မြိုဟူ၍ မြိုလေးမြိုတည်ရှိခဲ့သည်ကို အကြောင်းပြု၍ ´လေးမြိုခေတ်´ ဟုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ မြန်မာတို့၏ ပျဉ်ပြားမင်းသည် ယခုလက်ရှိ ´ပုဂံမြို´ ကိုမတည်ဆောက်ရသေးမီ(၃၁)နှစ်အလိုက လေးမြိုခေတ် ရခိုင်ဘုရင် ´ခေတ္တသင်မင်း´ သည် ပဉ္စာမြို´ ကို သာသနာ၁၃၆၂ ခု၊ ကောဇာ ၁၈၀-ခု၊ (အေဒီ-၁၈၁) တွင် တည်ဆောက်ထာပြီးဖြစ်နေပါသည်။ ရခိုင်တို့၏လေးမြိုခေတ်´ခေတ္တသင်မင်း´ လက်ထက်တွင် ထေရ၀ါဗုဒ္ဒသာသနာထွန်းကားနေမှုကို မဆိုထားဘိ၊ လေးမြိုခေတ်၏ အထက်က ဝေသာလီကျောက်လှေကားခေတ် (အေဒီ-၃၂၇-မှ ၈၁၈ထိ) တွင် လည်းကောင်း တတိယဓည၀တီခေတ်(ဘီစီ-၅၆၉ မှ အေဒီ ၃၂၆ ထိ) တွင် ၄င်း ထေရ၀ါဒဗုဒ္ဒသာသနာနှင်အတူစာပေယဉ်ကျေးမှု အနုပညာများထွန်းကားလျှက်ရှိနေပြီဖြစ်ကြောင်း ယုံမှားသံသယမရှိ ခိုင်မာသော အထောက်အထားများက သက်သေပြုလျှက်ရျိနေကြပြီဖြစ်ပါသည်။
ယင်းတိုအနက် လေးမြို့ခေတ် (အေဒီ-၈၁၈-မှ ၁၄၃၀ထိ) ပဉ္စာမြိုတည်´ခေတ္တသင်မင်း´ မှ(၃) ဆက်မြောက်´ဘုရင်မင်းရင်ဖြူ´ လက်ထက် (အေဒီ-၈၄၃ မှ ၈၇၃ ထိ) အေဒီ ၈၄၇တွင် သွန်းလုပ်ပူဇော်ခဲ့သော ဗုဒ္ဒဆင်းတုတော်(ဥာဏ်တော်အမြင့် ၁ပေ ၂.၃ လက်မ၊ ယခုအခါစစ်တွေမြို၊ ခေါင်းလောင်းကျောင်းတိုက်တွင် ကိန်းဝပ်လျှက်ရှိသည်၊။) ၏´စမ္မခဏ်းကမ္မညာ်းစာ´ ကိုသာ ရခိုင်စာပေဘက်က ခိုင်မာသော အထောက်အထား တစ်ခုအနေဖြင့် တင်ပြသွားမည်ဖြစ်ပါသည်။
ဘုရားဆင်းတုတော် စမ္မခဏ်ကမ္မည်းစာ
အဆိုပါဘုရား၏ စမ္မခဏ်စာမှာ ယခုခေတ်´မြန်မာစာ´ဟုသတ်မှတ်ခံထားရသော´ရခိုင်စာ´ အရေးအသားဖြင့် ရေးထိုးမှတ်တမ်းတင်ထားသည်ကို အောက်ပါအတိုင်းတွေရှိရသည်၊´သက္ကရာဇ် ၉၊ကဆုန်လဆန်း ၆ရက်၊ တနင်္လာ၅ါးနာရီကျော်သော..ရောက်...ကြီးသွန်းအဲသည်။ ငင်္မင်္ရဖြူကောင်းမှုဘုရား ပဉ္စလောစာပြီးပြည့်စုံသည်၊ ဘုရားပြုသှောဝ် အကျိုးဝ်အားဖြင့် ဘုရားမချွတ်ဖြစ်စေသှော.....။ဟူ၍ ရေးထိုးထားပါသည်။
အထက်ဖေါ်ပြပါဘုရား၏´စမ္မခဏ်ကမ္မည်းစာ´ ကိုပြည့်စုံအောင်ဖြည့်စွက်ဖတ်ရှုသော် အောက်ပါအတိုင်းဖြစ်ပါသည်။
သက္ကရာဇ် ၂၀၉၊ ကဆုန်လဆန်း ၆ရက်၊ တနင်္လလာနေ့ ၅ နာရီကျော်သော (အချိန်) ရောက်(သောအခါ) ကြေးသွန်းအပ်သည်။ ငါမင်းရင်ဖြူကောင်းမှု ဘုရားကို ပဉ္စလောဟာဖြင့်(သွန်းလုပ်)ပြီးပြည့်စုံသည်။ ဘုရားပြုသောအကျိုးအားဖြင့် ဘုရားမချွတ်ဖြစ်စေသော်´ဟူ၍ဖြစ်ပါသည်။ လေးမြိုခေတ် ရခိုင်ဘုရင် မင်းရင်ဖြူသည် အထက်ဖေါ်ပြပါ ဘုရား၏ ´စမ္မခဏ်ကမ္မည်းစာ´ ကို ရက္ခ၀ဏအက္ခရာ-ရခိုင်စာ´ဖြင့်ရေးထိုးခဲ့သောနှစ်မှာ ကောဇာ ၂၀၉ခု၊ ခရစ်အေဒီ ၈၄၇ ဖြစ်ရာ မြန်မာတို့ယခုလက်ရှိ ပုဂံမြို့ကို မတည်ဆောက်ရသေးမီ (၂) နှစ်အလိုက ဖြစ်ပါသည်။ သို့ဖြစ်၍´ရာဇကာမာရ်ကျောက်စာခေါ် မြစေတီကျောက်စာ´ သည် ယင်းအချိန်၌ ရှိဖို့မဆိုထားနှင့် ´ပုဂံမြို့´ ပင်မရှိသေးသောကြောင့် ´မြန်မာစာပေ´ အရေးအသားမှာလည်း မြန်မာတို့အနေဖြင့်´အိမ်မက်တောင်မက်ဖို့´မလွယ်ကူသေးချေ။
မြန်မာလူမျိုးနှင့်မြန်မာစာ
မြန်မာသမိုင်းဆရာများက မြန်မာသည်´ပြူလူမျိုး´ ကဆင်းသက်လာသူများဟုခံယူထားကြ၏။ ယင်းသို့ဆိုလျှင် အဘယ်ကြောင့်မြန်မာတို့သည် ´ပြူစာ´ကိုမိခင်စာပေအဖြစ် ရပ်တည်အောင်မဆောင်ရွက်နိုင်ကြခဲ့ပါသနည်း? ဟုမေးစရာရှိနေပါသည်။ယခုအခါ ပြူလူမျိုးနှင့်ပြူစာပေမှာ မြန်မာမြေမျက်နှာပေါ်က လုံးဝဆိတ်သုဉ်းပျောက်ကွယ်သွားကြပြီဖြစ်၏။ အချိုသမိုင်းဆရာများက မြန်မာစာသည်´မွန်စာ´ကဆင်းသက်လာသောစာဟုကြံဆကြပြန်၏။ ထို့သို့ဆိုလျှင်လည်း အဘယ်ကြောင့်မြန်မာတို့သည် ´မွန်စာ´ ကိုနိုင်ငံသုံးစာပေအဖြစ် ရပ်တည်အောင် မဆောင်ရွက်နိုင်ခဲ့ကြပါသနည်း။ ဟုမေးစရတွေအများကြီးရှိနေပါသည်။ အမှန်က ´ပြုစာ´ သည် ပြူလူမျိုးတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်နေပြီး ´မွန်စာ´ သည်လည်း မွန်လူမျိုးတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်နေသော စာပေဖြစ်ကြောင်းလေ့လာတွေ့ရှိရပေသည်။ ယနေ့မျက်မှောက်ခေတ် ´မြန်မာစာ´ ဟုသတ်မှတ်ခံထားရသော ´ရခိုင်စာ´ သည်လည်း ရခိုင်လူမျိုးတို့နှင်သာ တိုက်ရိုက်သက်ဆိုင်ခဲ့ကြသဖြင့် ရခိုင်လူမျိုးတို့သည် ကိုယ့်စာပေကို ခေတ်အဆက်ဆက်တည်တံ့အောင် ထိန်းသိန်းစောင့်ရှောက်လာခဲ့ကြသည်မှာ ခေတ်တိုင်းခေတ်တိုင်းတွင် ပေါ်ထွန်းခဲ့သော ´ရခိုင်စာပေအထောက်အထားများ´ကသက်သေပြုလျှက်ရှပေတောသည်။
မြစေတိကျောက်စာ၌ ပါရှိသော ´မြန်မာစာ´ ကိုမြန်မာသမိုင်းဆ၇ာများက ´ပျူစာကဆင်းသက်လာသောစာ´ဟုထင်မြင်ချက်ပေးကြ၏။ အလားတူ အချိုသမိုင်းဆရာများက`မွန်စာကဆင်းသက်လာသောစာ´ဟူ၍လည်းထင်မြင်ချက်ပေးကြပြန်၏။ အမှန်ကယင်း´ပြူစာနှင့်မွန်စာ´နှစ်မျိုးစလုံးသည်ပင်လျှင် မြစေတီကျောက်စာ၌ ပါရှိနေပြီးဖြစ်သောကြောင့်၊ ယင်းစာနှစ်မျိုးက ဆင်းသက်လာသောစာဟု သတ်မှတ်နေကြခြင်းသည် လုံးဝယုတ္တိမရှိချေ။ အဘယ်ကြောင့်ဆိုသော် စာပေတို့မည်သည် အချိန်ကာလတစ်ခုတည်း၌ နေ့ချင်ညချင်းပြောင်းလွဲရိုးထုံးစံမရှိသောကြောင့်တည်း.။ ပြောင်းလဲဖို့ဆိုသည်မှာလည်း ခေတ်ကာလ အတော်ကြာမြင့်အောင် စောင့်ဆိုင်းရပေလိမ့်မည်။ မြစေတီကျောက်စာ (´မြန်မာ) သည်ပြူစာနှင်မွန်စာက ဆင်းသက်လာသောစာမဟုတ်ကြောင်းကို ´မြစေတီကျောက်စာ´ကပင်လျှင် အခိုင်လုံဆုံး သက်သေပြုလျက်ရှိနေပေတောသည်။
အမှန်က ´မြစေတီကျောက်စာ´၌ပါရှိသော ´မြန်မာစာ´သည် ´ပြောင်းလဲလာသောစာ´ မဟုတ်ပဲ´ရောက်ရှိလာသောစာ´ဟုဆိုမှ သဘာဝယုတ္တိကျမည်ကို မြန်မာပညာရှိတို့ သိရှိနိုင်ကြပါလျှက် မသိချင်ယောင်ဆောင်နေခဲ့ကြပြီး အဖြစ်မှန်ကို ရေငုံနှုတ်ပိတ် လုပ်နေခဲ့ကြသည်ကိုတွေ့ရ၏။
အဖြေမှန်ကိုသိရှိလိုပါက လေးမြိုးခေတ်၊ ပဉ္စာမြို့(၁၂) ဆက်မြောက်မင်းဘီလူးကို အေဒီ-၁၀၆၈တွင်´၀ရောင်းငှက်အသင်္ခယာ´အမတ်ကလုပ်ကြံသဖြင့် ကွယ်လွန်သည်။ မင်းဘီလူး၏သားဖြစ်သူ အိမ်ရှေ့မင်းသား´မင်းရဲဘယ´ သည် မိဖရား´စောပေါက်ညို´ပေါက်ညိုမြ)နှင့်အတူ ရခိုင်ပညာရှိအမတ်အချို့လိုက်ပါလျှက် ´ဘူးရွက်မညှိုးလမ်း´ ကအရှေ့ပုဂံပြည်သို့ထွက်ပြေးကာ ´အနော်ရထာ´ မင်းထံခိုလှုံခဲ့ရသည်။ အဆိုပါ မင်းရဲဘယမိသားစုတို့သည် ပုဂံပြည်၌ နှစ်ပေါင်း(၃၅) နှစ်ခန့်ကြာမြင့်အောင် အမှုတော်ထမ်းရွက်ကာ နေထိုင်ခဲ့ကြရသော သမိုင်းကြောင်းကိုလည်းကောင်း၊ ပုဂံမင်းအနော်ရထာအား ´ရခိုင်ဝေသာလီ´က´ပဉ္စကလျာဏီမင်းသမီး´ကိုဆက်သရာတွင် ´ကျန်စစ်သား´ ကို ရသည်ဟူသောသမိုင်းကြောင်းကိုလည်းကောင်း၊ ကျန်စစ်သားသည် မြေးတော်အလောင်းစည်သူကို ပုဂံထီးနန်းကိုပေးအပ်ပြီး´ဇေယျခေတ္တရာ´အမည်ဖြင့်သားတော်ရာဇကုမာရ်မင်းသားကို´ဓည၀တီနှင့်တောင်စဉ်ခုနှစ်ခရိုင်´(မြန်မာရာဇ၀င်အလို) ကိုစားစေခဲ့သော သမိုင်းကြောင်းကိုလည်းကေင်း၊ ပုဂံမင်းတို့အထံ၌ ရခိုင်သားများ အမှုတော်ထမ်းရွက်ခဲ့ကြပြီး အချို့က ဘုရားအလှုဒကာများ အဖြစ်ခံယူကာမြန်မာတို့၏နယ်မြေ၌ ရှိနေခဲ့ကြသည်ဟူသော သမိုင်းကြောင်းကိုလည်းကောင်း၊ မြန်မာလူမျိုးတို့ကို ရခိုင်လူမျိုးတို့က ´အောက်သား´ဟုနာမည်ပေးကာ နှစ်ပေါင်းများစွာ ခေါ်ဝေါ်လာခဲ့ကြသည့် သမိုင်းကြောင်းကိုလည်းကောင်း၊ ´ရဟန္ဒာထွေး(ခေါ်) အသျှင်ဒိဗစက္ခု´ အမည်ရှိသော ရခိုင်တို့ ဝေသာလီက ရဟန္တာအသျှင်သူမြတ်သည် ဥပဇ္ဈာယ်ဆရာ´မဟိဒ္ဒပါလမထေရ်မြတ်´ ၏ စေလွတ်ချက်အရ ပင်းယမြိုသို့ကြွရောက်၍ သာသနာပြုခဲ့ရသော သမိုင်းကြောင်းနှင့် ပင်းယတစ်စီးရှင် သီဟသူ၏ မင်းဆရာအဖြစ်ကိုးကွယ်ဆည်းကပ်မှုကို ခံယူခဲ့ရသော သမိုင်းကြောင်းကိုလည်းကောင်း ချန်လှပ်၍ထားကြမည်ဆိုပါက အဖြေမှန်ပေါ်ပေါက်နိုင်လိမ့်မည်မဟုတ်ချေ၊
ပုဂံခေတ်ကျောက်စာများ၌ ပါရှိနေသော အချို့စကားလုံးများသည် ရခိုင်လူမျိုးတို့၏ နေ့စဉ်သုံး ဝေါဟာရများဖြစ်နေကြောင်း အောက်ပါစကားလုံးများကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။
၁။ ကြာသပတိယ်နိယ်၊ ၂။ သုကြာိနိယ်၊ ၃၊ လှိယ်၊ ၄၊ ရိတ်မှုတ်၊၅။ အတုမဟါသော၊၆၊ ခြုပ်မ၊ ၈၊ အစ်ကို၊ ၉၊အစ်မ၊ ၁၀၊ ပန်စင်၊ ၁၁၊ ကခြီသည်၊ ၁၂၊ ပညာမဟိယ်သော၊၁၃၊ အလှုပိယ်လိုဝ်သော၊ သင်္ဃတိုဝ်၊ ဤယ်သူ၊ ပတ္တမြာစာတီ၊ လှုခ၏၊ ခြီလက်၊ ခြိယ်ဆယ်ရိယ်၊ လက်ဆိရယ်၊ မပ္လုရကြောင်ဆိုဖီလတ်၊ နိယ်ရလိယ်၏၊ အသရိယ်ဟိသော၊ ခရိုန် စသောဝေါဟာရများကို ယနေ့ခေတ် မြန်မာတိုပြောဆိုနေကြသေးလား? ဟုမေးလျှင် ပြောဖို့မဆိုထားနှင့် အဓိပါယ်ကို သိရှိအောင်မနည်း ကြိုးစားကြရမည်ဟုထင်ပါသည်။
အဓိပါယ်ကို-၁၁၁၃ ခုတွင် ရေးထိုးခဲံသောမြန်မာတို့၏ ရှေ့အကျဆုံးဖြစ်သည့် မြစေတီကျောက်စာထက် လေးမြို့ခေတ် အေဒီ-၈၄၇ ခုတွင် ရခိုင်ဘုရင် မင်းရင်ဖြူ သွန်းလုပ်ပူဇော်ခဲ့သော ကောင်းမှုတော်ဘုရား၏ စမ္မခဏ်ကဗ္မည်းစာက နှစ်ပေါင်း(၂၆၆) နှစ်စော၍ ရှေ့ကျနေကြောင်း သိရှိရပါသည်။
ထို့ကြောင့်´မြန်မာနိုင်ငံတွင် မြန်မာစာအရေးအသားကို မည်သည့်လူမျိုးတို့က ရှေ့ဦးစွာစတင်ရေးသားခဲ့ကြပါသနည်း? ဟူသော အမေးဖြစ်ပေါ်ခဲ့လျှင် ဤဆောင်ပါးစာတမ်းက အထိုက်အလျှောက် အဖြေပေးနိုင်လိမ့်မည်ဟုယူဆပါသည်။
နိဂုံးချူပ်အနေဖြင့်ဆိုရသော်´ရခိုင်လူမျိုးနှင့်မြန်မာစာ´ မှာ မည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။ စကားပြောဟန်ရေးနည်းနှင့်စာ အသုံးရေးနည်းသာ ခြားနာချက်ရှိနေသည်။ စာပေအက္ခရာမှာ အတူတူပင်တည်း။ သို့ဖြစ်၍ ယနေ့မျက်မှောက်ခေတ် ´မြန်မာစာ´ ဟုသတ်မှတ်ခံထားရသော ´ရခိုင်စာ´ ကို ရခိုင်လူမျိုးတို့က မိမိတိ့၏ ´ကိုယ်ပိုင်စာပေ´ဖြစ်ကြောင်းအကြွင်းမဲ့ခံယူထားကြသည်ကို သုတေသနပြုကာ ရေးသားတင်ပြလိုက်ရပေသည်။
´ရခိုင်စာပေ´အဖြစ်မှန်ပေါ်ပေါက်ပါစေ….
ဒွါရာဝတီ အသျှင်ကုသလ
(ကိုးကားသောကျမ်းများ)
၁။ မြစေတီကျောက်စာ။။လှသမိန်
၂။ ပုဂံခေတ်နိုင်ငံရေးသမိုင်း။။ဒေါက်တာသန်းထွန်း
၃။တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ။။ဒေါက်တာ သန်းထွန်း
၎။ကျောင်းသုံးမြနမာရာဇ၀င်။။ဦးဘသန်း
၅။မင်းရင်ဖြူကောင်းမှုတော်ဘုရားစမ္မခဏ်ကမ္မည်းစာ
၆။ သာသနာလင်္ကာရစာတမ်း။(မူဟောင်း) မဟာဓမ္မသင်္ကြ
၇။ရွေဘိုနိဒါန်း။ဇယသခ်ယာ
၈။ဒွါရာဝတီ-အသျှင်ကုသလမှတ်စု
No comments:
Post a Comment
mr.kyaingtun@gmail.com