Saturday, November 24, 2012

ဦးအောင်မင်း ပြောသွားတဲ့ တရုတ်ကို ကြောက်ရတယ်

စိတ်ဝင်စားဘို့ ကောင်းတယ်
ဦးအောင်မင်း ပြောသွားတဲ့ တရုတ်ကို ကြောက်ရတယ်ဆိုတာလည်း ဟုတ်ပါတယ်..... အခုလက်ရှိ မြန်မာနိုင်ငံက တရုတ်နဲ့ ကျွံဝင်ထားတာတွေ အများကြီးမို့လို့ပါပဲ..... တရုတ်က နည်းနည်းလေး လှုပ်ရုံနဲ့ မြန်မာတော်တော် လှုပ်ထွက်သွားမယ့် ကိစ္စတွေ များတယ် ဆိုရမယ်.....

နောက်တစ်ခုက လက်နက်ကိုင် အဖွဲ့အစည်း..... အခုလက်ရှိမှာ ၀ နဲ့ ကေအိုင်အေနှစ်ခုမှာ ၀ က
တရုတ်ထက် သူ့အားသူကိုးဖို့ လုပ်နေတာတွေ များတယ်.... နောက်တစ်ခုက ၀ က သူ့ပြည်နယ်ထဲမှာ ၀ တွေ အများစု ရှိတယ်... အဲ့ဒိတော့ သူ့ပြည်နယ်သူ ပြည်နယ်သားကိုပဲ ကြည့်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ၀ နဲ့က စစ်ဖြစ်နိုင်ချေက ကိုယ့်ဘက်က သွားမစသရွေ့၊ မကြပ်သရွေ့ မကျစ်သရွေ့တော့ လောလောဆယ် နည်းတယ် ဆိုရမယ်....

ကေအိုင်အေကတော့ တရုတ်နဲ့ ပါတ်သက်မှုက ငြင်းလို့မရဘူး..... နောက်ပီး ကေအိုင်အေက ကချင်ပြည်နယ်သူ ပြည်နယ်သားတွေ အားလုံးကို ကိုယ်စားမပြုဘူး.... ဘာလို့လည်းဆိုတော့ ကချင်ပြည်နယ်မှာပဲ အခုလက်ရှိ နယ်ခြားစောင့်တပ် ဖွဲ့ထားတဲ့ NDKA က ဦးစခုန့်တိန့်ယိန်းတို့ရှိတယ်.... အဲ့လိုပဲ ကချင်ပြည်နယ်မှာ ရှမ်းတွေလည်း ရှိတယ်၊ ဗမာတွေလည်း ရှိတယ်....

အဲ့ဒိတော့ ၀ နဲ့ ကေအိုင်အေမှာ ကေအိုင်အေက သူ့အုပ်ချုပ်မှုအောက်က ပြည်သူပြည်သားတွေကို ၀ လောက်ငဲ့စရာမရှိတော့ ကေအိုင်အေက ပိုသတိထားရမယ့် သဘောရှိတယ်.... အခုလက်ရှိလည်း တရုတ်ကြီးစီက ပံ့ပိုးမှုနဲ့ ကေအိုင်အေ စွာလာတာတွေ ရှိနေတော့ ဖြစ်နိုင်ချေက သူပဲ...... အဲ့ဒိတော့ ဦးအောင်မင်းပြောသလို စစ်တိုက်နေရင် တိုင်းပြည်တိုးတက်ဖို့က နှောင့်နှေးနေမှာပဲ..... ဒါ့ကြောင့် သူတရုတ်ကို ကြောက်တယ် ဆိုတာ ဒီလိုလုပ်လာမှာတွေကို ကြိုတွေးလို့ ပြောတယ်လို့ သတ်မှတ်လို့ရတယ်.....

နောက်တစ်ချက်က အရင်ဆင်းသွားတဲ့ လူတွေက မသေသေးတာရယ် သူတို့အပြစ်ကို ၀န်မခံချင်တာရယ်ကြောင့် သမ္မတအနေနဲ့ လုပ်ရကိုင်ရ ကြပ်တည်းနေတာတွေ တွေ့နေရတယ်..... ဖွဲ့စည်းပုံ အခြေခံ ဥပဒေက တားမြစ်ထားတာလည်း ပါတာကိုး.... အရင်လူတွေကလည်း သူတို့ အပြစ်ကိုဖော်ဖို့ လုပ်လာရင် ဖြစ်ချင်ရာဖြစ် တိုင်းပြည် နွံ့ထဲဆွဲနစ်ဖို့ ၀န်မလေးတာလည်း ပါလို့ သမ္မတက ချိန်ထိုးနေရတာလည်း ပါတယ်.... ဒါတွေကလည်း စီမံကိန်းတွေ ခုချက်ခြင်း ရပ်ပစ်လို့ မရတဲ့ အကြောင်းရင်းလို့ ယူဆတယ်.....

နောက်ဆုံးအနေနဲ့ တွေးမိတာတော့ ဒီ ကြေးနီ စီမံကိန်းတွေဟာ ဟိုး လွန်ခဲ့သော ၂၀၀၃ ၀န်းကျင်လောက်ကတည်းက အိုင်ဗင်ဟိုး ကုမ္ပဏီ လုပ်နေတာ ဘာသံမှ မထွက်ပဲ အခုမှ ဒီလို အသံတွေ ထွက်လာတယ် ဆိုတော့ စဉ်းစားစရာတွေပဲ..... မြစ်ဆုံတုန်းက Wikileak က ပြောတဲ့ အမေရိကန်က မြစ်ဆုံကို ဆန့်ကျင်ဖို့ ထောက်ပံ့ပေးခဲ့တယ် ဆိုတာလေးတွေ ပြန်သတိရမိတယ်.....

ထစ်ခနဲရှိ စီမံကိန်း ရပ်မယ် ဆိုရင်တော့ နောင်ဝင်လာမယ့် FDI တွေ တန့်ကုန်မှာ.... ကောင်းတာတော့ သဘာဝ ပါတ်ဝန်းကျင် ထိခိုက်မှု နည်းနည်းနဲ့ အားလုံးအကျိုးရှိစေမယ့် ပုံသဏ္ဍန်ကို ရွေးချယ်ဖို့လိုမှာပဲ...... တရုတ်ကြီးကိုလည်း ကျစ်သင့်တာ ကျစ်ရမှာပဲ.... ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ နည်းလမ်းတွေ ရွေးချယ်နိုင်ကြပါစေ.... တစ်ခုပဲ ဒေါ်စု သွားလေ့လာတဲ့အချိန် သူ့လုံခြုံရေးလေး ဂရုစိုက်ဖို့တော့ တိုက်တွန်းပါရစေ...... တရုတ်ကြီး ကြည့်မရတဲ့ လူတွေထဲမှာ ဦးသိန်းစိန်ကော ဒေါ်စုကော ပါနေမှာပဲ.....

No comments:

Post a Comment

mr.kyaingtun@gmail.com