Monday, November 26, 2012

" မြန်မာအစိုးရက ကချင်နယ်မြေကို ကျူးကျော်တာ မဟုတ်ပါဘူး။ ကချင်ခေါင်းဆောင်တွေက ရှမ်းတွေ၊ ဗမာတွေ ရှေးဦးမဆွ ပိုင်ဆိုင်လာခဲ့တာကို အကျပ်ကိုင် ရယူခဲ့တာပါ။ "

Htun Htun Oo shared Ko John's photo.
" မြန်မာအစိုးရက ကချင်နယ်မြေကို ကျူးကျော်တာ မဟုတ်ပါဘူး။ ကချင်ခေါင်းဆောင်တွေက ရှမ်းတွေ၊ ဗမာတွေ ရှေးဦးမဆွ ပိုင်ဆိုင်လာခဲ့တာကို အကျပ်ကိုင် ရယူခဲ့တာပါ။ "

အခုတလော KIAနဲ့တပ်မတော်အကြားက တိုက်ပွဲတွေ၊ မြေဇာပင်ပြည်သူတွေ အကြောင်းသတင်းတွေမှာ မကြာခဏတွေ့နေရပါတယ်။

အဲ..သမ္မတကြီးကထိုးစစ်ရပ်ခိုင်းတာကို၊ ဖြစ်နေလိုက်တဲ့တိုက်ပွဲတွေဆိုတော့ တပ်ကိုအပုတ်ချကြပြန်တယ်။

ဒီနေရာမှာ မကြာခဏ ကြားရတတ်တဲ့စကားကတော့ တပ်က ကချင်နယ်မြေထဲက ထွက်သွားဖို့ဆိုပြီး ပြောပြောနေတာပါ။

စနစ်ဆိုးမှာ ဇတ်နာထားလို့ စစ်တပ်ကြီးမုန်းနေသူများ၊ သမိုင်းမသိသံယောင်လိုက်သူများကလည်း အစိုးရစစ်တပ်ကကျူးကျော်လို့ တိုင်းရင်းသားနယ်မြေတွေမှာ အခွင့်အရေးချိုးဖောက် ထင်တိုင်းကြဲနေတယ် ဆိုတဲ့စကားတွေက ကြားရ နားဝမချမ်းသာပါဘူး။

ဒီနေရာမှာ KIAက တိုင်းရင်းသားအခွင့်အရေးအတွက် တိုက်နေတာပါဆိုတဲ့ စကားလုံးတွေ တွေ့နေရတော့ စိတ်လည်းပျက်မိပါတယ်။

ဒီစာကိုရေးတာဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိပါးစေတာမျိုး လုံးဝမဟုတ်ပါဘူး။

ဗမာလူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ်တွေ၊ ဗမာစစ်တပ်ကျူးကျော်သူတွေ စတဲ့ မျိုးစုံအောင် စွပ်စွဲမူ့တွေကို မခံနိုင်လို့ပါ။

ပြီးတော့ ဖိမော်၊ ဂေါ်လန်ဒေသတွေကို တရုတ်ကိုပေးတဲ့ ဗမာအစိုးရတွေဆိုတဲ့ အသံကလည်း ယခင်KIAစတင်ဖွဲ့စည်း ခြားနားကြတဲ့ လက်သုံးစကားတွေကို ကြားရတော့။

အော်... သူခိုးက လူပြန်ဟစ်လေခြင်း လို့ပဲဆိုရတော့မှာပါ။

တလောက ဂျာနယ်တစ်ခုမှာ (ကချင်ပြည်နယ်အတွင်းက နေထိုင်သူအများစုဟာ ရှမ်းနီ(တိုင်လိုင်း) တွေဟာ (၆၀%) ရှိပါတယ်။ ရှမ်းနီတို့ရဲ့ သဘောထားကိုလည်း ထည့်စဉ်းစားသင့်ပါတယ်) ဆိုတဲ့သတင်းကို ဖတ်ရတော့ လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလက ဗြိတိသျှတို့ရဲ့ သွေးခွဲအုပ်ချုပ်မူ့ကြောင့် တောင်တန်း၊ ပြည်မတွဲရေး၊ ခွဲရေးပြသနာ ကြီးထွားလာချိန်မှာ ကချင်ခေါင်းဆောင်တွေဟာ ကချင်ပြည်နယ်ပေးဖို့၊ ကချင်ပြည်နယ်ရဲ့ နယ်မြေတွေကို သတ်မှတ်ဖို့ ဗိုလ်ချုပ်နဲ့ (ဖတပလ)ခေါင်းဆောင်တွေကို အကျပ်ကိုင် တောင်းဆိုခဲ့တဲ့ သမိုင်းကိုသွားသတိရမိပါတယ်။

အမှန်တော့ ဗန်းမော်၊ မြစ်ကြီးနား စတဲ့ဒေသတွေဟာ ကချင်အပိုင် မဟုတ်သလို၊ ကချင်တိုင်းရင်းသား အများစု နေထိုင်တဲ့ ဒေသတွေလည်း မဟုတ်ခဲ့ပါဘူး။

အဲဒီဒေသက ပြည်သူတွေဟာ သူတို့ကို ကချင်ပြည်နယ် အတွင်းထည့်သွင်းဖို့ ကြိုးစားတာကို လက်မခံခဲ့သလို၊ လူထုဆန္ဒခံယူပြီးတောင် ဆန့်ကျင်ခဲ့ကြတာပါ။

အဲဒီတုန်းက စုံစမ်းရေးကော်မရှင်ထင်ပါတယ် ဖွဲ့ပြီး ကချင်ခေါင်းဆောင် ဆမားဒူးဝါး ဆင်ဝါးနောင် ကိုယ်တိုင်ပါဝင်ပြီး စစ်တမ်းကောက်၊ လူထုနဲ့ခေါ်တွေ့ပြီးမေးခဲ့၊ မြန်းခဲ့ကြတာတွေဟာ သမိုင်းအထောက်အထားနဲ့ကို မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်။

ဒါပေမယ့် တိုင်းရင်းသားစည်းလုံးရေး ပျက်ပြားမှာစိုးလို့ အဲဒီအကြောင်းအရာတွေကို အစိုးရအဆက်ဆက် လူသိရှင်ကြား တစ်ခါမှ မဖော်ထုတ်ခဲ့ပါဘူး။

အဲဒီအချိန်တုန်းက KIO/KIAဟာလည်း ပေါ်ပေါက်လာခြင်း မရှိသေးပါဘူး။

အဲ.... ဦးနုလက်ထပ် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြဌန်း၊ ဖိမော်၊ ဂေါ်လံဒေသတွေကို တရုတ်ထဲပေးမှ KIAက ပေါ်လာတာပါ။

KIAပေါ်လာတော့လည်း သမိုင်းတလျှောက် အစိုးရအဖွဲ့ အဆက်ဆက် စစ်ရေး၊ နိုင်ငံရေး ပြသနာတွေ ပေါ်ပေါက်လာတိုင်း အကျပ်ကိုင်ပြီး အခွင့်အရေး တောင်းတတ်တဲ့ ဗီဇတွေဟာ အကြိမ်ကြိမ် အခါခါ၊ သမိုင်းအစဉ်အလာ အတိုင်းပါပဲ။

အထက်ကဆိုခဲ့သလို ကချင်နယ်မြေအတွင်းကို အစိုးရစစ်တပ်က ကျူးကျော်တယ် လို့ဆိုတဲ့သူတွေဟာ ဒီနေ့ ကချင်ပြည်နယ်ထဲ ရောက်နေတဲ့ ရှမ်းနဲ့ ဗမာလူမျိုးတို့ ပိုင်တဲ့ဒေသတွေကို လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလမှာ အကျပ်ကိုင် တောင်းဆိုခဲ့တဲ့ သမိုင်းကို မသိလို့ပဲ နေပါလိမ့်မယ်။

ဖယ်ဒရယ်အရေး၊ ပင်လုံစာချုပ်ပါ အချက်တွေကို အလေးမထားဘူးလို့ ဆိုတဲ့ KIAချစ်သူများရဲ့ နှုတ်ထွက်စကားတွေကို ကြားရတော့ တရားလည်း ကျလောက်ပါပေတယ် လို့ဆိုရမှာပါ။

၁၉၆၂ခုနှစ် ငြိမ်းချမ်းရေးခေါ်တော့ (၀မ်ပေါင်မှဝမ်ပေါင်) လို့ဆိုတဲ့KIAအစိုးရနဲ့ ပေါ်တင်ဆွေးနွေး၊ (ဗကပ)နဲ့ လှို့ဝှက်ဆွေးနွေးပြီး (ဗကပ)နဲ့ သဘောတူညီမူ့လဲရရော အစိုးရကို ထတိုက်တဲ့ KIA အခုရော အစိုးရက လျှပ်စစ်ပြသနာ ပေါ်ချိန်မှာ တာဝါတိုင်တွေ မိုင်းခွဲ၊ တံတားတွေ ရာချီအောင်ချိုး၊ မြစ်ဆုံကိစ္စ အကျပ်အတည်းချိန်မှာ၊ ရေအားလျှပ်စစ် နယ်မြေတွေကို ၀င်သိမ်း၊ ကုလသမ္မဂ လေ့လာရေးအဖွဲ့လာမှ နယ်ခြားစောင့် စခန်းကို ၀င်တိုက်၊ ရခိုင်အရေး ရှုပ်ထွေးနေချိန်မှာ၊ အစိုးရ အကျပ်ရိုက် နေချိန်မှာ အချိန်ကိုက်တိုက်ပွဲတွေ ဖန်တီး၊ ရွေလီမှာ ဗုံးခွဲတော့ အရင်က ကချင်အရေး ကုလားဖက် လှည့်ပါတယ်လို့ ပြောတဲ့သူတွေက၊ ကုလားအရေး ကချင်ဖက်လှည့်တယ်လို့လဲ မပြောကြပါလား။

သမ္မတက တပ်ကို ထိုးစစ်ရပ် ဖို့ပြောတော့ KIAက ထိုးစစ်ပြန်ဆင်၊ ပြီးတော့ တပ်က ထိုးစစ်ဆင်နေပါတယ်လို့ပြော၊ အခုလည်း ကျောက်စိမ်း လုပ်ကွက်ကြီးကို ၀င်လု၊ အော်.... ယခင့် ယခင် လူများအတိုင်း၊ ယခင့် ယခင် မူများအတိုင်း ပါပဲလား။

ဘာမှမပြောင်းလဲ ကျဉ်းမြောင်းတဲ့ လူမျိုးရေးအစွဲ နဲ့ အသာရဖို့ အရေးပဲ အောက်လမ်းနည်းနဲ့ အမြဲကြိုးစားနေတော့ ဘယ်က ငြိမ်းချမ်းရေး ရတော့မှာလဲ။

ယခင်ကတည်းက သမာသမတ်ကျတဲ့ ဗိုလ်ချုပ်တောင် စိတ်ပျက်အောင် လုပ်ခဲ့ဖူးသေးတာပဲ။

အခုလို အာဏာရှင်စနစ်ကနေ အရပ်သားအစိုးရ ပြောင်း နာမည်လေးကောင်း ကာစ အစိုးရ ဆိုတော့ သူတို့ အကွက် ရွေ့တာ ပိုကောင်း တာပေါ့လေ။

စစ်တပ်ကြီး မုန်းတဲ့ မောင်မင်းကြီးသားများကလည်း သမိုင်းမသိ၊ ဆန့်ကျင်ဘက်မှန်သမျှ ထောက်ခံ၊ ဟုတ်နေတာပဲ။

စစ်အာဏာရှင် လက်အောက်မှာ အထုအထောင်း ခံခဲ့ရတော့ မုန်းမှာပေါ့ ကိုယ်တိုင်လည်း ခံစားခဲ့ရတာပဲ။

ဒါပေမယ့် အရင်းကို ဆစ်ဆစ် မြစ်မြစ် လေ့လာပြီးမှ သဘောထားကို ခိုင်ခိုင် ခန့်ခန့် ထားသင့်ပါတယ်။

ပြသနာတွေက တစ်ခုနဲ့တစ်ခု သဘောသဘာဝ မတူသလို၊ ဖြေရှင်းရမယ့် ပုံစံတွေလည်း မတူပါဘူး။

ကျနော် ဒီစာကို ရေးတာ အထူးသဖြင့် (လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလက ဗြိတိသျှတို့ရဲ့ သွေးခွဲအုပ်ချုပ်မူ့ကြောင့် တောင်တန်း၊ ပြည်မတွဲရေး၊ ခွဲရေးပြသနာကြီးထွားလာချိန်မှာ ကချင်ခေါင်းဆောင်တွေဟာ ကချင်ပြည်နယ်ပေးဖို့၊ ကချင်ပြည်နယ်ရဲ့ နယ်မြေတွေကို သတ်မှတ်ဖို့ ဗိုလ်ချုပ်နဲ့ (ဖတပလ) ခေါင်းဆောင်တွေကို အကျပ်ကိုင် တောင်းဆိုခဲ့တဲ့ သမိုင်း)ကို အလွတ်မဲ့ အထောက်အထားမရှိ ရေးတာမဟုတ်ပါဘူး။

ကချင်ခေါင်းဆောင် တွေဟာ မြန်မာအစိုးရတွေ အကျပ်အတည်းတွေ့ချိန်မှာ အကျပ်ကိုင် တောင်းဆိုမူ့  မှတ်တမ်းတွေ အပြည့်အစုံရှိပါတယ်။ ( ဒီလိုတောင်းဆိုမူ့တွေရဲ့ (၇၀%) ဟာ အောင်လည်း အောင်မြင်ခဲ့တာပါပဲ။ )

ဒါပေမယ့် အစိုးရအဆက်ဆက် ဒီမှတ်တမ်းတွေကို အကျယ်တ၀င့် ထုတ်ဖော်တာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ကြပါဘူး။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ပျက်ပြားမှာစိုးတာ၊ လူမျိုးရေး အရောင်တွေများလာမှာ စိုးရိမ်လို့ထင်ပါတယ် မဖော်ထုတ်ခဲ့ကြပါဘူး။

ဒါပေမယ့် ကချင်တွေကတော့ စနစ်ဟောင်းက ဇတ်နာတာတွေ၊ မခိုင်လုံတဲ့ ကောလဟာလတွေနဲ့ သမိုင်း အသာစီးယူပြီး မြန်မာအစိုးရတွေကို တိုင်းရင်းသား ပြည်သူလူထုကြားမှာ ပက်ပက် စက်စက် အပုတ်ချနေတာ တွေကိုတော့လုပ်မြဲ၊ လုပ်ဆဲပါ။

ဒါကို မသိတဲ့သူတွေက စစ်ယူနီဖောင်းချွတ် အစိုးရ၊ အာဏာရှင်ကိစ္စဆိုတာနဲ့ပဲ ၀ိုင်းထောက်ခံ လိုက်ကြတော့တာပါပဲ။

အဲဒီတော့ မြန်မာအစိုးရက ကချင်နယ်မြေကို ကျူးကျော်တာ မဟုတ်ပါဘူး။

ကချင်ခေါင်းဆောင်တွေက ရှမ်းတွေ၊ ဗမာတွေ ရှေးဦးမဆွ ပိုင်ဆိုင်လာခဲ့တာကို အကျပ်ကိုင် ရယူခဲ့တာပါ လို့ပဲ ပြောချင်ပါတယ်။

စစ် ဆိုတာကတော့ ဘယ်ဖက်က ကြည့် ကြည့် မကောင်းပါဘူး။

စစ်ပွဲတွေ လဲရပ် စေချင် ပါပြီ။

(ကျနော်လည်းသာမန်ပြည်သူတစ်ဦးပါ။)

Credit : Nay Htunposted to ကချင်သတင်းဌာန

https://www.facebook.com/permalink.php?story_fbid=518573201503665&id=161976290496693

Photo : www.nmg-news.com
‎" မြန်မာအစိုးရက ကချင်နယ်မြေကို ကျူးကျော်တာ မဟုတ်ပါဘူး။ ကချင်ခေါင်းဆောင်တွေက ရှမ်းတွေ၊ ဗမာတွေ ရှေးဦးမဆွ ပိုင်ဆိုင်လာခဲ့တာကို အကျပ်ကိုင် ရယူခဲ့တာပါ။ "

အခုတလော
KIAနဲ့တပ်မတော်အကြားက တိုက်ပွဲတွေ၊ မြေဇာပင်ပြည်သူတွေ အကြောင်းသတင်းတွေမှာ မကြာခဏတွေ့နေရပါတယ်။

No comments:

Post a Comment

mr.kyaingtun@gmail.com