Thursday, November 22, 2012

ခြိမ်းခြောက်ခံ လူ့အဖွဲ့အစည်း (The society of the cautionary tales.)/by Cho Tu Zal

ခြိမ်းခြောက်ခံ လူ့အဖွဲ့အစည်း
(The society of the cautionary tales.)

Maxine Hong Kingston ရဲ့ No Name Woman ဆိုတဲ့ ၀တ္ထုလေးကို သင်ရပါတယ်။ အဲဒီမှာ အရင်ဆုံး စ လေ့လာရတာက Cautionary tale ဆိုတာ ဘာလဲ ဆိုတာပါပဲ။
ကော်ရှင်း လုပ်တယ်ဆိုတာ သတိပေးတာပါ။ Cautious လုပ်တာ၊ Warning လုပ်တာ၊ ဆိုတာ သတိပေးတာ၊ တနည်းအားဖြင့် ခြိမ်းခြောက်တာတွေ
ပါပါတယ်။
ဥပမာ ရေမကူးရ ဆိုတာ သတိပေးတာ၊ နောက်က ဒဏ်ငွေ ၁၀၀၀ ဆိုတာ က ခြိမ်းခြောက်တာပေါ့။

ဒီတော့ ဆရာမက ဆွေးနွေးပါတယ်။ မင်းတို့ ငယ်ငယ်က ကော်ရှင်နရီတေးလ် တွေ နားထောင်ဖူးသလားတဲ့။
ဂွာတီမာလာ က ကျောင်းသူလေးက သူ ငယ်ငယ်တုန်းက မအိပ်ရင် ကိုကို Co Co ကြီးလာ စားလိမ့်မယ် လို့ အဖေအမေတွေက ခြောက်လို့ ပုံပြောခဲ့သတဲ့။ ကျနော်တို့ဆီက ဒေါဝေါကြီးလိုပေါ့။

ဆရာမကလည်း သူငယ်ငယ်တုန်းက အဖွားက ဘွိုင်းဖရန့်တွေ ထားရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ပြောတာခံခဲ့ရပါသတဲ့။
ကော်ရှင်နရီတေးလ်တွေ နားထောင်ဖူးလား မေးတော့ ကျနော့်အတွေးတွေ က ပြန့်လို့ ပွားများဆင်ခြင်လို့ ကျနော်တို့လူ့အဖွဲ့အစည်းအကြောင်းကို
စဉ်းစားနေမိပြီ။

ကျနော်တို့တသက်လုံး ကော်ရှင်နရီတေးလ်တွေနဲ့ချည်း ကြီးပြင်းလာရတာပါ
လား။
ကျနော်တို့ဆီမှာတော့ အကုန်လုံး နီတိ က အစ၊ ယုတ်စွအဆုံး ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ဗုဒ္ဓကိုယ်တိုင် သုတ္တန်ပေါင်းများစွာ၊ ဒေသနာပေါင်းများစွာနဲ့ ကော်ရှင်နရီတေးလ်ပေါင်းမြောက်များစွာနဲ့ ဆုံးမခဲ့တယ် ဆိုတာ ဆွေးနွေးဖြစ်တယ်။ ဒါကိုက ကျနော်တို့ လူ့အဖွဲ့အစည်းဖြစ်နေတယ် လို့။

ဒီတော့ ဆရာမက ဒီဝတ္ထုရေးတဲ့ မဂ္ဇင်ဟောင်းကင်းစတန်း လည်း တရုတ်ပြည်က ပြောင်းရွှေ့လာတဲ့ မိသားစု က ဆင်းသက်လာတဲ့အကြောင်း နဲ့ ကျနော်ဆွေးနွေးတာ ဆက်စပ်ပြီး ဆက်ဆွေးနွေးပါတယ်။

လူတယောက်အတွေးအခေါ်အားဖြင့် လွတ်လပ်ဖို့ဆိုတာ မိရိုးဖလာ မွေးကတည်းက ထိန်းကျောင်းခံရတဲ့ ၀န်းကျင်က ရုန်းထွက်ဖို့ဆိုတာ မလွယ်လှပါ။
သိဒ္ဓိတ္ထမင်းသား က အမိအဘတို့ဗြဟ္မဏကိုးကွယ်တဲ့ လူ့အဖွဲ့အစည်းကနေ
ဖေါက်ထွက်ခဲ့တယ်။
အမေရိကားမှာလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ကနေ ရုန်းထွက်လာတဲ့ လူ့အဖွဲ့အစည်း တရပ်ဖြစ်ပေမယ့် ပညာတတ်တွေဟာ ဘာသာတရားကို
မြင်တဲ့၊ သုံးသပ်တဲ့ အမြင်တမျိုး ဖြစ်လို့လာတာတွေ့ရတယ်။

ဟိုတလောက မိတ်ဆွေတယောက်က ဖီလော်ဆော်ဖီ သင်ဖို့ချစ်ခင်စွာနဲ့ပြောခဲ့တယ်။ တကယ်တမ်းက လူတွေအကြောင်းလေ့လာတဲ့ စာပေ၊ အနုပညာတွေထဲမှာကို အတွေးအမြင် ဒဿနတွေက ပြည့်လို့။

ဒီတိုင်းပြည်မှာ နယူးယောက်ခ်ထဲ လမ်းလျှောက်သွားရင် ကို ၃ - ၄ - ၅ လမ်းမှာ အီတလီနံ့တသင်းသင်းနဲ့ အီတလီတွေ၊ နောက် ဘလောက်ရောက်တော့ တရုတ်စာတွေ၊ တရုတ်စကားတွေ လှိုင်းလှိုင်းထနေတဲ့ တရုတ်တန်း၊ နောက် နည်းနည်းလျှောက်ရင် ပြိုးပြိုးပြက်ပြက် မဆလာနံ့သင်းသင်းနဲ့ ကုလားတန်း၊ နောက် နည်းနည်းသွားပြန်တော့ အင်္ကျီအမည်း၊ ဘောင်းဘီအမည်း၊ နားသယ်စပ်မှာ ဆံပင်လိမ်ကျစ်တွေနဲ့ သံပုရာခွံဦးထုပ်ကလေးတွေ နောက်စေ့ဆောင်းလို့ ဂျူးတွေ၊
ကိုယ်က ဒီလိုယူဆလို့၊ ကိုယ့်ဟာမှ အမှန်လို့ ကျေနပ်မဆုံး၊ ကြွေးကြော်မဆုံးဖြစ်နေတုန်းမှာပဲ၊ ဟိုဘက်က သူတို့ရဲ့အမှန်တရားအတွက် လက်ခမောင်းခတ်လို့။

လောကထဲ အမှန်တရားတွေက အဲလောက်ပဲ များသလား၊
အရေးကြီးသလား. . .

ကျနော် ခရီးဆက်ရပေဦးမယ်။

ချိုတူးဇော်

No comments:

Post a Comment

mr.kyaingtun@gmail.com