ကမ္ဘာ၏ ကြွယ်ဝမှု၏ ၉၀ ရာခိုင်နှုန်းသည် လူတစ်သန်းတွင်သာ ရှိနေသည်။ ထိုတစ်သန်းသည် ကမ္ဘာပေါ်ရှိ ဥစ္စာဓနများကို လက်ဝါးကြီး အုပ်ထားသည်။ ကျန်သော လူဦးရေ ၆၉၉၉ သန်းသည် မညီမျှသော ဥစ္စာကိုသာ ပိုင်ဆိုင်ကြသည်။ တကယ်တော့ လူတစ်ထောင်ကျော်၏ လက်ထဲတွင်ပင် ဥစ္စာဓနများ စုပြုံနေသည်ဟု ဆိုနိုင်သည်။ မြန်မာပြည်က ပြည်သူသန်း ၆၀ ရဲ့ ဓနဥစ္စာကရော။ လူတစ်ထောင်လောက်မှာပဲ စုပြုံနေပါသလား . . . . .
ပန်းတိုင်ကို သတ်မှတ်ပြီးနောက် လမ်းကြောင်း မှန်ရပါသည်။ လမ်းကြောင်းပေါ် ရောက်ပြီးနောက် လားရာ (direction) သည် အရေးပါလာသည်။ မိမိအတွက် ညွှန်ပြမှုပြုဖို့ လားရာ (direction) ကို တိတိကျကျ သဘောပေါက်ထားရမည်။
ကျွန်တော်က သူငယ်ချင်း ကိုဘသစ်ကို မေးဖူးသည်။ "ပန်းတိုင်၊ လမ်းကြောင်း၊ လားရာ ဘယ်အရာက အရေးကြီးလဲ"
"သုံးချက်စလုံး အရေးကြီးတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက လမ်းကြောင်းပဲ။ မိဘလုပ်ကျွေးချင်သူ ဆိုတာ အင်မတန် မွန်မြတ်တယ်။ ဒါပေမဲ့ သူတို့တစ်တွေဟာ ဓားပြတိုက်ပြီး လုပ်ကျွေးမယ်ဆိုရင် မမှန်တော့ဘူးပေါ့"
"ဟုတ်ကဲ့၊ ဒါကို အချို့က End must justify the means ဆိုပြီး လက်ခံကြတယ်။ တရုတ်ခေါင်းဆောင်ကြီး
တိန့်ရှောက်ဖိန်ကလည်း ကြောင်ဖြူသုံးသုံး ကြောင်မည်းသုံးသုံး ကြွက်သေသည်သာ အဓိကလို့ ဆိုတယ်"၊ "အမှန်ကတော့ လမ်းကြောင်းမှန်ဖို့ အရေးကြီးတယ်။ လမ်းကြောင်းမှန်တယ်ဆိုတာ လားရာမှန်တာကိုလည်း ပြောတာပါ။ သူငယ်ချင်း ပြောဖူးတဲ့ ပုံပြင်လို အဖြစ်အပျက်လေး တစ်ခုကို ပြောပြမယ်"
ကိုဘသစ်သည် ကျွန်တော့်ကို အောက်ပါအတိုင်း ပြောပြသည်။
သူက ထောက်ကြန့်အလွန်မှာ ကားပျက်နေစဉ် သူ့တပည့်တစ်ယောက် လင်းခရုဇာ ကားကြီးနှင့် ရောက်လာသတဲ့၊
"ဆရာ ဘယ်ကိုသွားမလို့လဲ"
"ငါသနပ်ပင်သွားမလို့"
"ဒါဆို ကားပေါ်တက်"
ဆရာသည် ကားပေါ် တက်လိုက်သည်။
တပည့်ဖြစ်သူက နေပြည်တော် အဝေးပြေး လမ်းပေါ် မောင်းတက်သွားသည်။
"ဟေ့ မင်းဘယ်ကို သွားမလို့လဲ"
"ကျွန်တော် ပုသိမ်သွားမလို့"
"ဟေ၊ ပုသိမ်သွားဖို့ ဒီလမ်းက သွားလို့ ရလို့လား"
"ဒီလမ်းက အင်မတန် ကောင်းတယ်ဆရာ၊ ကွန်ကရစ်လမ်းကြီး"
"အေး၊ ဟုတ်တယ်"
"ဒီလမ်းက ကျယ်တယ်။ ကျွန်တော့်ကားကလည်း လင်ခရူဇာ ကားသစ်ကြီး"
"ဟုတ်တယ်လေ"
"ဆရာက ဘယ်သွားမလို့လဲ"
"ငါက သနပ်ပင် သွားမလို့"
"ရပါတယ် ဆရာ"
"ရပါတယ် မလုပ်နဲ့ ဒီလမ်းဟာ မန္တလေးသွားတဲ့ လမ်းကွ၊ မင်းခုလို မြောက်ဘက်ကို မောင်းသွားလေလေ၊ တို့တစ်တွေဟာ
ပန်းတိုင်ကနေ ဝေးသွားလေပဲကွ"
"ဆရာကလည်း ကျွန်တော့်ဆီမှာ ကားကောင်းကောင်း ရှိတယ်။ လမ်းကောင်းကောင်းကနေ သွားနေတာ။ ဒါနဲ့တောင် ပန်းတိုင် မရောက်ဘူးဆိုတာ ကျွန်တော် အစွမ်းကုန် အမြန်နှုန်း မြှင့်မောင်းပေးပါမယ် ဆရာ"
"အေး၊ ကားဘယ်လောက်ကောင်းကောင်း မင်းမြန်မြန် မောင်းလေလေ၊ တို့သွားချင်တဲ့ နေရာနဲ့ ဝေးလေလေပါပဲ" ကိုဘသစ်က ပြောရင်း ရယ်နေလေသည်။
ဘ၀မှာ ဒီလိုပဲ ပန်းတိုင်ကနေ ဝေးသွားသူတွေ အများကြီးပါ။
"တကယ်လို့ လမ်းကြောင်းမှန်မယ်ဆိုရင် ရည်မှန်းချက် ပန်းတိုင်က အရေးကြီးပါတယ်။ ဒါပေမဲ့ ငယ်ငယ်က ချမှတ်ခဲ့တဲ့ ရည်မှန်းချက် ပန်းတိုင်ဟာ ကြီးလာတဲ့အခါမှာ ပြောင်းသွားနိုင်တယ်"
"ဘယ်လိုမျိုးလဲ"
ကမ္ဘာ၏ ကြွယ်ဝမှု၏ ၉၀ ရာခိုင်နှုန်းသည် လူတစ်သန်းတွင်သာ ရှိနေသည်။ ထိုတစ်သန်းသည် ကမ္ဘာပေါ်ရှိ ဥစ္စာဓနများကို လက်ဝါးကြီး အုပ်ထားသည်။ ကျန်သော လူဦးရေ ၆၉၉၉ သန်းသည် မညီမျှသော ဥစ္စာကိုသာ ပိုင်ဆိုင်ကြသည်။ တကယ်တော့ လူတစ်ထောင်ကျော်၏ လက်ထဲတွင်ပင် ဥစ္စာဓနများ စုပြုံနေသည်ဟု ဆိုနိုင်သည်။ မြန်မာပြည်က ပြည်သူသန်း ၆၀ ရဲ့ ဓနဥစ္စာကရော။ လူတစ်ထောင်လောက်မှာပဲ စုပြုံနေပါသလား . . . . .
"ငယ်ငယ်ကတော့ မိမိပတ်ဝန်းကျင်မှာ တွေ့တာတွေကို ရည်မှန်းကြတာ များတယ်။ ဒါပေမဲ့ တဖြည်းဖြည်း အမြင်ကျယ်လာတယ်။ မိမိ ဘာလုပ်ချင်လဲ ဆိုတာကို သိလာတယ်။ ဆရာဝန် အတော်များများ စာရေးဆရာတွေ ဖြစ်လာသလို အင်ဂျင်နီယာတွေ ထဲကလည်း နိုင်ငံရေးမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားလာသူတွေ ရှိလာတာကို တွေ့ဖူးပေမယ်။ ဒါပေမဲ့ အချို့ကျတော့ ရည်ရွယ်ချက် တစ်မျိုးတည်း ထားတယ်။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရဖို့ အဓိက ရည်ရွယ်တာပါပဲ"
"သူလမ်းကြောင်းတော့ ပြောင်းတယ် မဟုတ်လား"
"ဟုတ်တယ်။ လမ်းကြောင်းတွေ ပြောင်းတယ်။ ဂျပန်ကို ပေါင်းတယ်။ ဂျပန်ကို ပြန်တိုက်တယ်။ အင်္ဂလိပ်နဲ့ ပေါင်းတယ်။
လွတ်လပ်ရေး မရရင် အင်္ဂလိပ်ကိုလည်း ပြန်တိုက်မယ် သူပဲ။ ဒါပေမဲ့ ပန်းတိုင်ကို
မျက်ခြည်မပြတ်ဘူး"
"အစစ်ပေါ့။ ဘ၀မှာ ဘာလုပ်လုပ်ပါ။ ရည်ရွယ်ချက်လေးနဲ့ လုပ်ဖို့လိုတယ်။ ဒီရည်ရွယ်ချက်ဟာ ကောင်းမွန်တဲ့ ရည်ရွယ်ချက် ဖြစ်ရမှာပါ"
"ဘာကို ဆိုလိုတာလဲ ကိုဘသစ်"
"ကျွန်တော်တို့ဟာ အောင်မြင်ချင်တယ်။ ချမ်းသာချင်တယ်။ ဒါက မိမိအတွက်ပေါ့။ အောင်မြင်လာချမ်းသာ လာတဲ့အခါ ဒီဓနဥစ္စာကို အများကောင်းကျိုးအတွက် သုံးဖို့ ရည်ရွယ်ချက် ထားတာမျိုးပေါ့။ ဘယ်လောက်အထိ သုံးမယ်။ ဘယ်လို သုံးမယ်ဆိုတာကတော့ ကာယကံရှင်ပေါ် မူတည်တာပဲ"
"ဘီလ်ဂိတ်တို့ ၀ါရင်းဘက်ဖက်တို့ကို နမူနာ ပေးလို့ ရတယ်နော်"
"ဟုတ်တယ်၊ မှန်ကန်တဲ့ လမ်းကြောင်းပေါ်က မှန်ကန်တဲ့ ပန်းတိုင်အတွက် မှန်ကန်တဲ့ ရည်ရွယ်ချက် ထားဖို့ လိုတယ်"
ကမ္ဘာကြီး ဖြစ်တည်စ။ နံနက်စောစောမှာ နေရောင်ခြည် နုနုလေးနဲ့ တွေ့ထိတဲ့ ပန်းကလေးကို စဉ်းစားကြည့်လိုက်ပါ။ ဖူးပွင့်လာတယ်လေ။ နှင်းရည်စက်များ ကျလာတော့ တိမ်ခိုးတွေအကြား ပထမဆုံးပွင့်တဲ့ ပန်းကလေးဟာ ဘယ်လောက်ကျက်သရေ ရှိမှာလဲ။
ခုမြန်မာပြည်ကြီး ဒီမိုကရေစီ လမ်းကြောင်းကို သွားနေသည့် ကာလ။ အခြေခံဥပဒေက လမ်းကြောင်း ချမှတ်ထားသည်။ နှင်းရည်စက်များ ပက်ဖျန်းပြီး အေးချမ်းတဲ့ နိုင်ငံတော်ကို တည်ဆောက်မှာလား။
မျက်ရည်စက်များနဲ့ ကြေကွဲကြရမှာလား။ ကမ္ဘာကြီးမှာ လူသန်း ၇၀၀၀ ရှိသည်။ သတ္တ၀ါတွေတော့လည်း အများကြီးပဲပေါ့။
အဲဒီလူသားများသည် သူတို့အသိဉာဏ်ဖြင့် လောကကြီးတစ်ခုလုံးကို လွှမ်းမိုးထားလေတော့သည်။
လူတို့၏ အသိဉာဏ်ဖြင့် တည်ဆောက်ထားသော ဤလောကကြီးတွင် မျှတမှုကော ရှိပါ၏လော။
ကမ္ဘာ၏ ကြွယ်ဝမှု၏ ၉၀ ရာခိုင်နှုန်းသည် လူတစ်သန်းတွင်သာ ရှိနေသည်။ ထိုတစ်သန်းသည် ကမ္ဘာပေါ်ရှိ ဥစ္စာဓနများကို လက်ဝါးကြီး အုပ်ထားသည်။ ကျန်သော လူဦးရေ ၆၉၉၉ သန်းသည် မညီမျှသော ဥစ္စာကိုသာ ပိုင်ဆိုင်ကြသည်။ တကယ်တော့ လူတစ်ထောင်ကျော်၏ လက်ထဲတွင်ပင် ဥစ္စာဓနများ စုပြုံနေသည်ဟု ဆိုနိုင်သည်။ မြန်မာပြည်က ပြည်သူသန်း ၆၀ ရဲ့ ဓနဥစ္စာကရော။ လူတစ်ထောင်လောက်မှာပဲ စုပြုံနေပါသလား။ ပြည်သူပြည်သားများသည် လူတစ်ထောင်ကျော် ပြုသမျှ နုရသည့် အခြေအနေမှာ ရောက်နေလေသလား။
ဤပုံစံသည် နှစ်ပေါင်းများစွာ တည်နေမည်မှာလား။ စစ်ကြောရန် လိုသည်။
ဒါဆိုရင် သင်ကော ဘာလုပ်မလဲ။
အလွန်အမင်း ချမ်းသာသူ တစ်ထောင်ထဲမှာ ပါလိုသလား။ သင်၏ ဆုံးဖြတ် လုပ်ဆောင်မှုသည် အင်မတန် အရေးပါသည်။
ပထမဦးဆုံး ပန်းတိုင်ကို သတ်မှတ်ရမည်။ ပန်းတိုင်နှင့် ဆိုင်သည်များကို နားလည်အောင် ကြိုးစားရမည်။
ထိုပန်းတိုင် မှန်ရဲ့လား။ သင်လိုလားတာတွေ ဖြစ်ရဲ့လား။
ဘ၀မှာ ရည်ရွယ်ချက်တွေ လုပ်ဆောင်ချက်တွေ ပြောင်းနေတတ်သည်။
ဘယ်လိုပြောင်းပြောင်း ပန်းတိုင်တစ်ခုကိုတော့ သတ်မှတ်ရပါသည်။ ပန်းတိုင် သတ်မှတ်ပြီးနောက် ပန်းတိုင်ကို ရောက်မည့် လမ်းကို ရွေးရပါမည်။
ဒီနေရာတွင် လမ်းမှားကနေ သွားလို့မရပါ။ မှားနေရင်တော့ ပြင်ရပါသည်။
No comments:
Post a Comment
mr.kyaingtun@gmail.com