Saturday, November 10, 2012

သိထားသင့်တဲ့ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ/by Than Htut



ရွေးကောက် ပွဲအပြီး မဲများရေတွက်ရာမှာတော့ Popular Board လို့ခေါ်တဲ့ လူထု ထောက်ခံမဲ ဖော်ပြချက်အရ သမ္မတ အိုဘားမားဟာ မဲပေးနိုင်ခွင့်ဦးရေ စုစုပေါင်းရဲ့ မဲအရေအတွက် ၆၀,၁၁၃,၈၅၆ ရရှိလို့ ရာခိုင်နှုန်း အားဖြင့် (၅၀.၃) ရာခိုင်နှုန်းရှိပြီး ရီပတ်ဘလစ်ကင်သမ္မတလောင်း မစ်ရွမ်းနီကတော့ လူထုထောက်ခံ မဲ စုစုပေါင်း ၅၇,၄၂၄,၁၉၁ မဲရရှိ ကာ ရာခိုင်နှုန်းအားဖြင့် ၄၈.
၁ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊သမ္မ တရွေးကောက်ပွဲစနစ်မှာ နိုင်ငံ တော်သမ္မတကို အီလက်တိုရယ် ကောလိပ် (Electoral College) လို့ခေါ်တဲ့ သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်အဖွဲ့ကို ပြည်သူလူ ထုက တိုက်ရိုက်ရွေးချယ်ရတာဖြစ် ပါတယ်။အမေရိကန်ပြည်ထောင် စုမှာ အထက်လွှတ်တော်နဲ့အောက် လွှတ်တော်နှစ်ရပ်ရှိပြီး လွှတ်တော် နှစ်ရပ်ပေါင်းဖြစ်တဲ့ ကွန်ဂရက်မှာ ပြည်သူ့ကိုယ်စားလှယ်ပေါင်း ၅၃၈ ဦးရှိတာကြောင့် အနည်းဆုံး ကိုယ်စားလှယ်မဲ ၂၇၀ရရှိသူဟာ သမ္မတအဖြစ်ရွေးချယ်ခံရပါတယ်။
ဆိုလိုတာက Popular Board မှာလူထုထောက်ခံမှုမဲ အ များစုရသော်လည်း Electoral College မှာ မဲအရေအတွက် ၂၇၀ အဖြစ် မရဘူးဆိုရင် သမ္မတမဖြစ် ပါဘူး။ ဒီဖြစ်စဉ်မျိုးဟာ ၂၀၀၁ခု နှစ် သမ္မတရွေးကောက်ပွဲမှာ ကြုံ ခဲ့ရပါတယ်။ အဲဒီတုံးက သမ္မတ ဘုရှ်နှင့်ဒုသမ္မတအယ်လ်ဂိုးတို့ ရွေးကောက်ပွဲဝင်ရာမှာ သမ္မတ လောင်းအယ်လ်ဂိုးဟာ သမ္မတ ဘုရှ်ထက် Popular Board အရ လူထုထောက်ခံမဲများစွာ အသာ ရခဲ့ပေမဲ့၊အီလက်ကိုရယ်ကောလိပ် မှာ အယ်လ်ဂိုးက ၂၆၅မဲသာရရှိ ခဲ့ပြီ သတ်မှတ်မဲအရေအတွက် ၂၇၀ မရခဲ့တာကြောင့် သမ္မတ ရာထူးနဲ့လွဲခဲ့ရပါတယ်။
ဒီနှစ်ရွေးကောက်ပွဲမှာတော့ သမ္မတအိုဘားမားဟာ လူထု ထောက်ခံမဲမှာလည်း သမ္မတ လောင်းရွမ်းနီထက်(၂.၇)သန်း ပိုရရှိခဲ့တဲ့အပြင် Electoral College သမ္မတရွေးချယ်ရေးကိုယ်စား လှယ်အဖွဲ့မှာလည်း စုစုပေါင်း ၃၀၃မဲ ရရှိပြီး၊မစ်ရွမ်းနီက ၂၀၆မဲ သာရရှိခဲ့တာကြောင့် သမ္မတ အိုဘားမားက မစ်ရွမ်းနီကို ပြတ် ပြတ်သားသားအနိုင်ရရှိခဲ့ပါတယ်။

့The hot news

No comments:

Post a Comment

mr.kyaingtun@gmail.com