Monday, November 26, 2012

လက်လက်မြင် တိုင်း (ရွှေ) လို့ မထင် လိုက်ကြပါနဲ့ by Bo K Nyein on Thursday, November 22, 2012 at 7:43am ·


ဒီတခါတော့ Devil’s advocate လုပ်ပါရစေ….

မြန်မာတွေ အများစု က (လူ) ကို ကြည့်ကြတာ များတယ်
(မူ) ကို မကြည့်ကြဖူး
The singer not the song လို့ပြောလို့ရတယ်
(မူ) ထက် (လူ) က အရေးကြီး ကြတယ်
အိုဘားမား ကိုကြိုက်ရင် (လူ) ကိုထောက်ခံ တာ
(မူ) (Policy) ကို ဆန်းစစ်ကြတာ မဟုတ်ဖူး

အမေရိကန် Constitution မှာဒီမိုကရေစီ ရဲ့ (အနှစ်သာရ) တွေ Principle တွေပါတာအမှန်ပဲ
American Founding Fathers တွေတော်တာက ဘာဖြစ်မယ် ဆိုတာ (သိ) လို့ မဟုတ်ဖူး
အုပ်ချုပ်ရေး အတွက် Executive Branch ကိုအာဏါပေးရတယ်
သို့သော် (အါဏါရှင်) မဖြစ်ရအောင် ၊ Balance of Power ဆိုပြီး လုပ်သွားကြတယ်
ဒါထက်တိုးပြီး တမင် မခက်ခက်အောင် လုပ်သွားကြတယ်
Judicial Branch ဟာ Equal လို့ဆိုပေမဲ့
အရင်က အါဏါ မရှိဖူး ၊ အခု ရှိတယ်
ခုတော့ ထစ်ကနဲ ဆို တရားဆွဲ ကြတော့
တရားဆွဲ တာနဲ့ ပဲ လုံးခြာ လိုက်နေတယ်
Cost of Business တက်လာပြီး
Invest မလုပ်နိုင်ဖူး ၊ ရှေ့နေဖိုးနဲ မွဲ ကုန်ကြရပြီ
Samsung နဲ့ Apple ကိုသာ ကြည့်


တချိန်ထဲမှာ ဆီးနိတ် ဟာ လူကြီးတွေ ဆိုပြီး (မင်းတို့ စည်းကမ်း မင်းတို့လုပ်ကြ) ဆိုပြီး လွှတ်ပေးခဲ့တယ်
Senate မှာ filibuster ကိုကျော်ဖို့ မဲ ၆၀ ရ မှ ဥပဒေ တစ်ခု ကို မဲခွဲခွင့် ရနိုင်တယ်
အခု ဘတ်ဂျက်ကို မစဉ်းစားတာ (၃) နှစ် ရှိပြီ
Debt Ceiling ကို မကိုင်ခဲ့လို့ New Year မှာ Fiscal Cliff လာတော့မယ်
၆၀၀ Billions ပြဿနာ
တိုင်းပြည် recession ထဲပြန်ရောက် နိုင်တယ်
ဘယ်သူ ၊ ဘယ်ပါတီကမှ တာဝန် မယူချင်ကြဖူး
အနားယူတော့မဲ့ Ron Paul က Our Constitution Failed us ဆိုပြီး ပြောသွားတယ်
အမေရိကန် Constitution မှာ fault Lines တွေ အများကြီး
Devil is in details လို့ခေါ်ပါတယ်
သေသေခြာခြာ ကိုင်တွယ်မှ . အသေးစိပ်ကြည့် မှ အပေါက်တွေ အများကြီး

Human Rights အကြောင်း လက်ချာရိုက်သွားတဲ့ သမ္မတ အိုဘားမား ဟာ
ပါကစ္စတန် မှာ Drones နဲ့ သတ်လိုက်တာ သောက်သောက်လဲ
အမေရိကန် အကျိုး အတွက် ကြတော့
Human Rights ဆိုတာ ဘယ်ဆီရောက် သွားမှန်း မသိ တော့ဖူး

Minority တွေအကြောင်းဆိုပါတော့
Mt Rushmore ဆိုတာ အမေရိကန် သမ္မတတွေ ရုပ်ထု ၊ ထုထားတဲ့ နေရာ
UN Rappatour က မူလပိုင်ရှင် Red Indians တွေရဲ့မြေ မို့ ..Compensation ပေးဖို့ဆုံးဖြတ်တယ်
ခုထိ ဘာမှ မလုပ်သေးဖူး
အမေရိကန် Interior Dept က Indian Affairs Bureau က ညစ်ထားတာတွေ ဟာ
ယုံချင် စဖွယ် မရှိဖူး။ အင်မတန် ယုတ်မာတယ်
ဘယ်သူမှ ဖြေရှင်း မပေဖူး
ဘယ်မှာ လဲ justice
မူလပိုင်ရှင် Red Indians တွေကို သတ်ပြီး တိုင်းပြည်ကို လု ယူ ခဲ့ကြတာပါ


Rule of Law ကိုတွင်တွင်ပြောကြတယ်
Abortion ကို အသိအမှတ်ပြုတဲ့
Roe v Wade ဆိုတဲ့ landmark case မှာ
Justices တွေက ၇မဲ ၂မဲ နဲ့ အမေရိကားမှာ မိန်းတတွေဟာ
Abortion rights ရှိတယ်ဆိုပြီး ဥပဒေ ထုတ်လိုက်တာနဲ့ အတူတူပဲ
ပြည်နယ် ၅၀ လုံး ၊ Abortion ဥပဒေ လုပ်ပိုင်ခွင့် မရှိတော့ဖူး
ဒါ Judicial Activism ပဲ
Congress မှာ မနိုင်လို့ Judicial branch ကိုဆွဲသုံးတာ
Judicial Branch က interpret လုပ်ရမှာ
ဥပဒေ လုပ်ရမှာ မဟုတ်ဖူး
Rule of law ရဲ့ process ကို မိမိ အလို အတွက် ဖျက်ပစ်တာပဲ
ဒါကြောင့် ခုထိ ဒီကိစ္စ အတွက် အသေအကြေ
ဆော်ပလော်တီး နေကြတာ အမေရိကားဟာ ၅၀-၅၀ နိုင်ငံဖြစ်နေပြီ

Congress က  gridlock ပဲ။ ဘာမှ လုပ်လို့ မရ တော့ဖူး


ပြောမယ်ဆိုရင် … ပြောစရာတွေ အများကြီးပါ ….
မသိတဲ့ သူတွေကို လာရွှီး သွားတာ
သိပ်တော့ လည်း ယုံ မနေကြနဲ့

အမေရိကန် လည်း ဘာမှ မထူးဖူး
သူ့အကျိုး သူ လုပ်တာပဲ
မြန်မာနိုင်ငံမှာ 4 Freedoms လာ (အာ) သွားတာ
Saudi မှာကြတော့ ၊ ဘာကြောင့် သွား မပြော ရဲ သလဲ
(ရေနံ) ခေတ် မကုန်သေးဖူးလေ
နောက်အနှစ် ၁၀၀ မှာ ရေနံ မလိုတော့ဖူး ဆိုရင်
ဆော်ဒီ တွေ ရေငတ်သေရင် လှည့်တောင်ကြည့်မှာ မဟုတ်ပါဖူး
ဒီမိုကရေစီ ဆိုတာ ရှေ့ ကရုပ်ပြပါ
တရုတ် ကို ပြန် balance လုပ်နေရတာ

တရုတ် စီဂျင်းပင် နဲ့ အိုဘာမား ပြိုင်တူ အရွေးခံ ကြရတယ်
(၄) နှစ်နေရင် ကြည့်ကြပါ
ဘယ် နိုင်ငံ တိုးတက်လာသလဲ ဆိုတာ
ဘယ်နိုင်ငံ ဒေ၀ါလီ ခံရမလဲ ဆိုတာ
အိုဘားမား ကိုရွေးတယ်ဆိုကတည်း က
အမေရိကန် ဟာ ဥရောပ နောက် လိုက်တာပဲ

အာဏါအတွက် တိုင်းပြည် ပိုက်ဆံ သုံးမှာ
အိုဘားမား က (၄) နှစ်မှာ ၅ trillions ဖြုန်းပြီးပြီ
အမေရိကန် ရဲ့ အကြွေး က ၁၆ တြိလျှံ ဒေါ်လာ ရှိတယ်
Debt ကို လျော့ဖို့ မစဉ်းစားကြသေးဖူး
တိုင်းပြည် ဂျောက်နားရောက်နေပြီ ၊ သတိ မရှိကြသေးပါ

၁၉၈၂ စာရေးသူ ရောက်တဲ့ အမေရိကား နဲ့
၂၀၁၂ အမေရိကား ၊ ကွာမှကွာ

မထူးဖူး ၊  ရိပတ်ဖလင်ကင် ရော ဒီမိုကရက် တွေ ဒီပုတ်ထဲက ဒီပဲ ပါပဲ
(မသိ)တဲ့ သူတွေ က အိုဘားမား ၊ အိုဘားမားဖြစ်နေကြတာ
 နောက် (၄) နှစ်ကြာရင် ။ ကြက်ဥ ပုတ်နဲ့ ပေါက်ချင်ကြမှာ
ဒါကြောင့် Ron Paul က US Constitution fails လို့ပြောတာ

စာရေးသူ နားလည်သလောက်
၂၀၀၈ မြန်မာ Constitution ဟာ
၁၉၈၈ အပြီးမှာ
ဒေါက်တာမောင်မောင် ရေးသွားတာကို
ပြန် ထုံးသုတ်ထားတာ
ဒေါက်တာနေ၀င်းမောင် ပြောသွားတာပဲ
ဘယ် Constitution မှ (အသေ) မဟုတ်ဖူး
ပြင်ချင်တိုင်း လည်း (ပြင်)(ပြင်) ချည်း အော်လို့ (မရ)ဖူး
ဘာတွေ ပြင်ချင်တယ် ၊ ဘယ်လို ပညာ ပါပါ approach လုပ်မယ် ဆိုတာကို
(သိ) ဖို့ လိုလိမ့် မယ်ထင်မိတယ်

၂၅% ဆိုတာ သူတို့ စစ်ဗိုလ်တွေကို တရားမဆွဲ နိုင်အောင်
Insurance လုပ်သွားတာပဲ

သူတို့ဖက်ကကြည့် ရင် Argentina မှာလို အဖြစ်မခံ နိုင်ဖူး
ဒါကို နားလည်လို့ မင်ဒယ်လား က အရေးယူမဲ့ အစား
Truth and reconciliation ဆိုပြီး လုပ်သွားတာ
အာဏါအကြောင်း နားလည်တာ
အင်မတန် ပညာ ပါတယ်။ အင်မတန် ဥါဏ်သွားတာ
အာဏါ အပြောင်း အလဲဖြစ်အောင်
အပေးအယူ လုပ်သွားတာ

တူရကီမှာ အစိုးရကို ရွေးချယ်ခွင့်ပေးတယ်
ဒါပေမဲ့ အစိုးရ က လုံခြုံရေးကောင်စီ ရှေ့မှာ
လာလာတွေ့ ရတယ်။
တနည်းအားဖြင့် အစိုးရ ကို စစ်တပ်က ဓါးမိုးထားတာပဲ
အနှစ် (၂၀) ကြာမှ ဒီမိုကရေစီ ကျင့်စဉ် တွေအားကောင်လာမှ
အစိုးရ က စစ်တပ်ကို (ကျော်) ၀ံ့ တယ်

အီဂျစ် ကြတော့ (လူထု) က နိုးကြွ ပြီးသား
ဒါကြောင့် သမ္မတက စစ်ကောင်စီ ကို ဖပ်ပစ်လိုက် ရဲတယ်

လက်ရှိအခြေအနေမှာ အတိုက်ခံတွေတင် မကဖူး
လက်ရှိ စစ်ဗိုလ်လူထွက် တွေတောင် (ကာလုံ) မှာ စစ်တပ်လူက ပိုများတယ်
ဒါ ဗိုလ်ချုပ်မှူး ကြီး အကွက်ဆင်သွားတဲ့ check and balance ပဲ
စည်းကျော်ရင် စစ်တပ် က ၀င်လာမှာ
ဒါက စစ်တပ် နဲ့ဆိုင်တာ

တိုင်းရင်းသားတွေ ဖက်ကို ကြည့်ပြန်ရင်လည်း
လက်ရှိ Constitution ကို
(ဘာနဲ့) ( အစားထိုး) မှာ လဲ ဆိုတာကို စဉ်းစား ပြီး သား ရှိရမယ်
ဥပမာ ဖက်ဒရယ် အော် ရုံ နဲ့ မရ
အားလုံး လက်ခံ နိုင်မဲ့ ဖက်ဒရယ် ဖြစ် ရမယ်
State Rights နဲ့ Federal Rights demarcation ကိုစဉ်းစားပြီး ပြီလား
State-to-State Rights တွေရော
အမေရိကားမှာ Colorado မြစ်ရေခွဲတာ ပြဿနာဖြစ်နေကြတယ်။

ပြည်နယ် က လက်နက်ကိုင်ခဲ့တဲ့ သူတွေကို
ဘယ်လို ကိုင်တွယ်မှာလည်း
၂၀၀၈ မှာ ဒီပြဿနာ ကို မဖြေရှင်း နိုင်ခဲ့
Nepal မှာလည်း ဒီပြဿနာ ကအဓိက လာဖြစ်တာပဲ

ဗိုလ်ချုပ်ခင်ညွန့်တုန်းက လို လက်နက်စွန့်ရင် ပြီးရော
လုပ်ချင်တာလုပ် ဆိုပြီးလုပ်လို့ မရတော့
လက်နက်ရှိတဲ့ ဒီလူတွေ ၊ အရင်လို corrupt ဖြစ်ရင် ဘယ်လို ကိုင်မှာလဲ

8 States မှ …. ခွဲထွက်ခွင့် ရမှ ..ဆိုရင်
ပြဿနာ ကပြီးမှာ … မဟုတ်ဖူး
ဒီတော့ မှ …..
မပြင် ပဲထားတာက ပိုကောင်းလိမ့်မယ်
ဖြစ်နေ..လိမ့်မယ်

Balkanization တော့ အဖြစ် မခံ နိုင်ဖူး
တဖက် ကလည်း ဘင်္ဂါလီ ကုလား တွေ ရန်က ရှိသေးတယ်

အင်မတန် သိမ်မွေ့တဲ့  ခက်ခဲတဲ့ ပြဿနာ တွေပါ

ဒေါ်စု ဒါတွေ နားလည် ပါတယ်။
ဒါကြောင့် သူလည်း အရမ်း မရွှေ့ တာပေါ့

အိုဘားမား ကို လူတွေက လူကြည့်ပြီး ကြိုက် ကြတာ
ပေါ်လစီ ကို ပြေးကြည့် ကြပါဦး
နိုင်ငံရေးမှာ Permanent Alliance / Friend ဆိုတာ မရှိဖူး
Permanent interest ဆိုတာပဲရှိတယ်
ဒါကို မမေ့ကြဖို့လိုပါတယ်

အမေရိကန် တွေနဲ့ ပေါင်းကြည့် ကြပါဦး
နောက် (၃) နှစ် ဆိုရင်
Yankee Go Home ဖြစ်လာကြလိမ့်မယ်
အမေရကန်တွေ ရဲ့ အားနဲချက် က arrogance ပဲ

မြန်မာ တွေ Triangulation ကိုနားလည် ဖို့လိုတယ်။

လောလောဆယ်မှာ American Constitution က
Ideals and Principle မှာကောင်းပေမဲ့
Implementation မှာ (လူ) တွေကြောင့်  (ပေါ်လစီ ) နဲ့ (မူ)
ပျက်စီး ပြီး ၊ အခက်အခဲ ရှိတယ်
နောက်အရေးကြီ တဲ့ အချက် က
American Constitution က Public Representation ကို
အခြေခံတဲ့ အတွက် Legitimacy ရှိပေမဲ့
မဲပေးသူတွေကို မဲ ရအောင် (ဖါး) ရတာကြောင့်
ပြဿနာ ရှိတယ်
ပြီး time limit မရှိတဲ့ အတွက် ၊ ရွေးခံရပြီးရင်
အာဏါ သုံးပြီး (လုပ်စား) တွေဖြစ်ကုန်ရော
တိုင်းပြည် အတွက် ဆိုတဲ့ (မျိုးချစ်စိတ်) ပျောက်ကုန်ရော
American Corruption ကလည်း နဲတာမဟုတ်ဖူး

မြန်မာနိုင်ငံမှာ က ရာထူးရမှ လုပ်ပိုင်ခွင့် ကိုသုံးပြီး Corrupt ဖြစ် (ငွေ) ရှာကြတာ
အမေရိကားမှာ က (ငွေ) ရှာပြီး ရာထူးကို (၀ယ်ယူ) ကြတာ
(မှတ်ချက်။ ရွေးကောက်ပွဲမှာ (ငွေ) မရှိလို့ မရ)
ပြီး မှ အာဏါမက်ပြီး corrupt ဖြစ်ကြတာ။
Lobbyists တွေနဲ့ နိုင်ငံရေးသမား တွေဟာ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ပဲ
တချို့ဆို လင်က လုပ်စားနိုင်ငံရေးသမား ၊ မယားက Lobbyist
အမေရိကန် စနစ်ကို အမြဲတန်းရွေးကောက်ပွဲ လို့ခေါ်ကြတယ်
ရွေးကောက်ပွဲ ပြီးတာနဲ့ နောက်ရွေးကောက်ပွဲ အတွက် ငွေရှာရတာကိုး

တရုတ်က representation မရှိတဲ့ အတွက် Legitimacy မရှိ
ဒါပေမဲ့ efficiency ရှိတယ်
သူလည်း corruption ရှိတယ်
At least သူတို့ က corruption ကို အသိအမှတ် ပြုတယ်
သူတို့လည်း ခေါင်းခဲ နေကြတာပဲ

အမေရိကန်တွေက corruption ကို acknowledge ကို မလုပ်တာ

ပြဿနာ က နှစ်နိုင်ငံလုံ: မှာ
သေသေချာချာ လေ့လလာရင် ပြဿနာ က (representation) ပဲ

အချိန် ရမှ အသေးစိပ် ဆွေးနွေး တင်ပြ ပါ့မယ်

Governance ကိုနား မလည် တဲ့သူတွေသာ
ဒီမိုကရေစီ ဆိုလိုက်တာနဲ့
နတ်ရေကန်ထဲ ဆင်းလိုက် သလို
အားလုံးပြောင်း ကုန်မယ်ထင်ပြီး
ငိုချင်း   ရှည်ကြီးတွေ ငို နေကြတာ

နိုင်ငံရေး ဆိုတာ မြင်တာ ၊ ထင်တာ ထက်  (ရှုပ်) တယ်ဆိုတာကို
နားမလည် ၊ သဘော မပေါက် ကြလို့ပါ
ဗိုလ်မှူးကြီးဟောင်ကြည်မောင်
စကားမှားပြီး Nuremberg ဆိုတာ (သုံး) လိုက်တာနဲ့
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ နဲ့ နိုင်ငံရေး လမ်းကြောင်း ပြောင်းသွားတယ်

အကြောင်းရှာနေတာလည်း ဖြစ်ချင်ဖြစ်မယ်
ကိုယ်က (မမှား) ဖို့လိုတယ်
ရှေ့ တလှမ်း တိုးရင် (အဖြေ) (သို့) (အကာ) (ဒိုင်း) ရှိရမယ်

လက်တွေ့ ကမ္ဘာ ဟာ Utopia စိတ်ကူးယဉ် ကမ္ဘာ မဟုတ်ဖူး ဆိုတာ ကို
နားလည် စေချင်တဲ့ စေတနာ ပါ

လက်လက်မြင် တိုင်း (ရွှေ) လို့ မထင် လိုက်ကြပါနဲ့

(လူ) ရော (မူ) ပါကြည့် တတ်ကြပြီး
(ပေါ်လစီ) ဆိုတာ ကို နားလည်အောင်ကြည့်တတ် ကြပါစေသား

ဘိုဘိုကျော်ငြိမ်း
နိုင်ဝင်ဘာလ (၂၂)ရက် ၂၀၁၂

No comments:

Post a Comment

mr.kyaingtun@gmail.com