Saturday, March 26, 2011
၈၈၈၈ ကျောင်းသား ပေးဆပ်မှု တစိတ်တပိုင်း (၅) by Kyaing Tun on Saturday, March 26, 2011 at 3:39pm
မော်လမြိုင်အကျဉ်းထောင်၊အချိန်ကမနက်(၄)နာရီ၊ထောင်ပိုင်ကြီး၊ထောင်ပိုင်လေး၊ထောင်မှုးကြီး၊ထောင်မှုး၊အရာခံဗိုလ်၊တပ်ကြပ်ကြီး၊တပ်ကြပ်၊တပ်သား၊ စတဲ့ ထောင်ဝန်ထမ်းများ၊အဖြူရောင်ပိတ်ဝတ်စုံဝတ်ထားတဲ့ အကျဉ်းသားဝန်ထမ်းများအပြင်အရပ်ဖက်က တရားရုံးအရာရှိ၊ စစစသုံးလုံးအရာရှိ များ၊ရဲ  အရာရှိများ၊ စစ်အရာရှိများ၊ ဆရာဝန်များ၊ က သူတို့ နဲ့ သက်ဆိုင်တဲ့ မှတ်တမ်းတွေ ပထဦးဆုံးလုပ်ကြတယ်၊လက်ထိပ်တွေ၊ သံကြိုးတွေ
ွဖြုတ်ပြီး၊  ကျုပ်တို့ ကို ထောင်ပုံစံ ဆံပင်ညှပ်ပါတယ်၊ ထောင်ပုံစံဆံပင်ဆိုတာက ဂတုံးပြောင်အောင် ဆံပင်ညှပ်စက်နဲ့ ညှပ်တာပါ၊ ဆံပင် ညှပ်ပြီးတာနဲ့  အ ရပ် ဝတ် ကိုချွတ် ရပြီး အဖြူရောင်ထောင်ပုံစံ အင်္ကျီ၊လုံချည်တွေ လှဲဝတ်ရတယ်၊ ပြီးတော့ အလေးချိန်(၁၆)ပေါင်လောက် လေးတဲ့ထောင်အခေါ် တော့ ခြေ ချင်း လို့ ခေါ်တယ်၊သံခြေချင်းကိုခတ်ပါတယ်၊ပြီးတာနဲ့ ထောင်ပုံစံစသင်ပေးပါတော့ တယ်၊  ထိုင်တဲ့ ပုံစံ၊ မတ်တပ်ရပ်တဲ့ ပုံစံ၊ ပုံစံ ဆိုတာထောင်ထဲမှာနေတဲ့ အချိန် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ စည်းကမ်းပေါ့ ၊ ထောင်ကျရုံးမှာမှတ်ပုံတင်ပြီးတာနဲ့ ကြိုးတိုက်ကိုပို့ ပါတော့  တယ်၊  ကြိုးတိုက်ဆိုတာသေဒါဏ်အမိန်ကျခံရတဲ့ သူတွေကို ထားတဲ့ နေရာဖြစ်ပါတယ်၊ ၆ ပေ×၈ ပေ တိုက်အခန်း ကျဉ်းလေးပါ၊ သေဒါဏ်ကျခံ ရတဲ့ သူတွေ(၆)ဦးကိုတယောက်တခန်းစီထားပါတယ်၊ အဲဒီအခန်းထဲမှာ ဖျာတချပ်၊ စောင်တထည်၊ အညစ် အကျေးစွန့် ဖိုပလပ်စတစ်ခွက် တလုံး၊   ဝတ်စုံအပိုတစုံ၊ ထောင်ဝါဒါ(ထောင်ဝန်ထမ်း)ကအခန်းတံခါးကိုသော့ ခတ်ပြီးပိတ်လိုက်တဲ့  အချိန် ကစပြီးတော့ လောကကြီးတခုလုံးနဲ့ အဆက်အသွယ်ပြတ်သွားပါပြီး၊အခန်း  မျက်နှာကြက်နားမှာ လေဝင်ပေါက်/အလင်းရောင်ရတဲ့  အပေါက် တော့ ရှိပါတယ်၊အဲဒီအပေါက်က နေ့ လား/ညလားဆိုတာသိရ တယ်၊ကြိုးသမား တယောက် ရဲ့ တနေ့ တာအချိန်ဇယားကတော့ မနက်(၇း၀၀)နာရီ   မျက်နှာသစ်/မိလ္လာချ(ကိုယ်စွန့် ထားတဲ့အညစ်အကြေးကိုသတ်မှတ်ပေးထားတဲ့  နေရာမှာသွားပစ်ရတာပါ)/ ဆန်ပြုတ်တခွက် သောက်/(၁၀)မိနစ်၊အခန်းတံခါးကိုတကြိမ်လာဖွင့် တယ်၊မနက်(၉း၀၀)နာရီ ထမင်းကျွေးချိန်၊ညနေ(၃)နာရီရေချိုးချိန်၊အခန်းတံခါတကြိမ်လာဖွင့့်ပါတယ်၊ကြိုးသမားတွေ တဦးနဲ့ တဦးအဆက်အသွယ်မရှိတော့ ဘူး၊ ပြင်ပကထောင်ဝင်စာလာတွေ့ ခွင့် ၊မိသားစုနဲ့ တွေ့ ဆုံခွင့် ၊ဘာဆိုဘာမှမရှိ
ဘူး၊အခန်းကျဉ်းလေးမှာပဲတယောက်ထဲပေါ့ ၊ သေဒါဏ်ချခံရတဲ့ သူဆိုတော့ ဘယ်နေသေရမလဲ၊ ဘယ်လိုသတ်မလဲ၊ရောက်တတ်ရာရာတွေး
နေတာပေါ့ လေ၊ စကားလည်းပြောဖေါ်မရှိ၊ တတ်သလောက်လေးဘုရားကိုအာရုံပြုတာပေါ့ ၊ ဘုရားရှိခိုး၊ ဝင်သက်ထွက်သက်မှတ်တယ်၊ မတည်ငြိမ်တဲ့ စိတ်တွေကိုတည်ငြိမ်မှုရအောင်ကြိုးစားတယ်၊ တခါတလေ ကျန်းမာရေးလေ့ ကျင့် ခန်းတွေလုပ်တယ်၊ အခြားအဖေါ်တွေဘယ်လို
နေလဲသိချင်တယ်၊အိမ်အကြောင်းသိချင်တယ်၊ အိမ်မက်ဆိုးတွေမက်တယ်၊ အခန်းကတိုက်ခန်းဆိုတော့ အေးတဲ့ အထဲ၊ သံခြေချင်းပါခတ်ထား
သေးတယ်၊ အသားနဲ့ အမြဲတမ်းထိကပ်နေတဲ့ သံခြေချင်းအအေးဒါဏ်က ခြေအောက်ပိုင်းကိုထုံကျင်စဖြစ်လာတယ်၊ ဘာမှမတတ်နိုင်တော့ ဘူး၊
ကယ်တင်ရှင်ကိုမျော်လင့် နေတာပေါ့ ၊ သံမန်တလင်းပေါ်မှာ ရက်ရှည်ကြာအိပ်ရတဲ့ အခါကျတော့ အဆုပ်အအေးပတ်တဲ့ ရောဂါ စရခဲ့ တယ်၊
ခုချိန်ထိအအေးဒါဏ်ကိုမခံနိုင်တော့ ဘူး၊ နှာရည်ယိုတတ်တာလည်းအမြဲတမ်းလိုလိုပါပဲ၊ အဆုတ်မကောင်းတော့ လို့ ဖြစ်မယ်ထင်တယ်၊ သေ
ဒါဏ်ဘဝနဲ့ (၃)နှစ် တိုက်ခန်းထဲမှာကြာခဲ့ ပါတယ်၊ (၁၉၉၀၊ ၁၉၉၁၊ ၁၉၉၂၊ ၁၉၉၃၊)။ သေကံမရောက်အသက်ပပျောက်ခဲ့ ဘူး၊ ဘာကြောင့် လဲ
ဆိုတာကို ထောင်ပိုင်ကြီးကရှင်းပြလို့ သိလိုက်ရပါတယ်၊ ၁/၉၃ ကြေညာချက်အရနိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့် ကိုခံစားရလို့ ပါပဲ၊ သေဒါဏ်
မှ အနှစ်(၂၀)သို့ ပြောင်းလဲ သွားတယ်၊ တသက်တကျွန်းသမားတွေက (၁၀)နှစ် ခံစားခွင့် ရပါတယ်၊ ကျုပ်ဘဝမှာတော့ ဝမ်းသာရဆုံးနေ့ တနေ့ က သေဒါဏ်ကလွတ်မြောက်တဲ့ နေပါပဲ၊ ကျုပ်တို့ ကိုသေဒါဏ်တိုက်ခန်းကနေ နှစ်ကြီးသမားတွေနေတဲ့ တိုက်ကြီးကိုပြောင်းလိုက်တယ်၊ ကျုပ်
တို့ အမှုတွဲတွေဖြစ်ကြတဲ့ တသက်တကျွန်းသမားတွေကတော့  သာမန်အကျည်းသားများကို ထားတဲ့  အိပ်ဝင်းဆောင်(ပင်မဆောင်)ကိုပြောင်း
သွားကြပါတယ်၊မော်လမြိုင်အကျဉ်းထောင်ထဲမှာရှိတဲ့ အဆောင်တွေကတော့ ၊ အိပ်ဝင်းဆောင်၊ တိုက်ကြီးဆောင်၊တိုက်ကလေးဆောင်၊ နှစ်ကြီး
ဆောင်၊ အချုပ်ဆောင်၊ဆေးရုံဆောင်၊အလုပ်ဖက်ဆောင်၊ မီးဖိုဆောင်၊ ရိက္ခာဆောင်၊ သီးသန့် ဆောင်(အမှောင်ခန်း/ထောင်တွင်းပြစ်မှုများကို ကျူးလွန်သူများကိုတိုက်ပိတ်အပြစ်ပေးလျှင်ထားသည့် အဆောင်)၊ မိန်းမဆောင်၊ ထောင်ဝါဒါအဆောင်၊ ထောင်ကျရုံးဆောင် တို့ ဖြစ်ပါတယ်၊
တိုက်ကြီးဆောင်ရောက်မှပဲ အမှုတွဲဖြစ်တဲ့ ဆန်နီသိန်း၊ ကျော်ဟိန်း၊ ရန်ကြီးအောင်၊ မြင့် ဦး၊ ဝင်းထူး၊ ကျုပ်ရယ်၊ပြန်တွေ့ ကြတော့ တယ်၊
အဆောင်မှုး ထောင်မှုက ထောင်ဝင်စာတွေ့ ခွင့် ရပြီးလို့ သတင်းကောင်းကြားရလို့ ဝမ်းသာရတယ်၊ မိသားစုတွေ့ လာတွေ့ တဲ့ နေမှာတော့ ဘယ်သူမှ စာကောင်း၊သောက်ကောင်းမရှိကြဘူး၊ ဝမ်းနည်း၊ဝမ်းသာစိတ်တွေနဲ့ ပြန်ယူလာတဲ့ ထောင်ဝင်စာစားစရာအထုပ်ကိုသူငယ်ချင်းတွေ
နဲ့ ဝေဋ္ဌစားကြပါတယ်၊ ထောင်ဝင်စာယူလာရတဲ့ စည်းကမ်းအရ စားစရာတမျိုးကို(၂၅)ကျပ်သားမကျော်ရဘူး၊ တမျိုးကို(၂၅)ကျပ်သားထက် ကျော်ရင်ပေးမယူဘူး၊ ပိုက်ဆံမသွင်းရဘူး၊ စားဆေး၊ထိုးဆေးအမျိုးမျိုးမသွင်းရဘူး၊ ထောင်ဝင်စာတွေ့ ချိန်ကို(၃၀)မိနစ်ပေးတယ်၊ ထောင်ဝင်စာ
နဲ့ ပြောရတယ်၊ အနားမှာလည်းထောင်မှုးတွေ၊ထောင်ဝန်ထမ်းတွေကရှိနေပြီး ဘာပြောသလဲဆိုတာနားထောင်နေကြတယ်၊နိုင်ငံရေးသတင်းမေး
တာ၊နိုင်ငံရေးအကြောင်းမပြောရလို့ တင်းတင်းတားမြစ်ထားတယ်၊ ပြောမိရင်တော့ ထောင်ဝင်စာပိတ်ခံရမယ်၊ တိုက်ကြီးဆောင်မှာရှိတဲ့ အကျဉ်း
သားတွေက တကယ်ရာဇဝင်လူဆိုးတွေဖြစ်တယ်၊နယ်အသီးသီးကလူဆိုးတွေပါ၊နေ့ တိုင်းပြဿနာရှာကြတယ်၊ ဝန်ထမ်းတွေနောက်ကွယ်မှာအ
ကျဉ်းသားအချင်းချင်းအနိုင်ကျင့် ၊ခြိမ်းခြောက်ခြင်းအမျိုးမျိုးရှိတယ်၊ လူသတ်မှု၊ ဓါးမြမှု၊ ခိုးဆိုးလုယက်မှု၊လူသေမှု၊ မီးရို့ မူ၊ရိုက်မှု၊ လိမ်ညာမှု၊ ဝန်
ထမ်းဟန်ဆောင်မှု၊ ခါးပိုက်နှိက်မှု၊မုဒိမ်းမှု၊ လ.ဝ.ကအမှု(နယ်ကျော်မှု)၊စစ်ပြေး၊ လတ်စားမှု၊ နိုင်ငံရေးမှုတွေကတော့  (၅ည)၊ အရေးအခင်း၊ ၁၇(၁)၊  ၁၇(၂)၊  လူမျိုးပေါင်းစုံ၊ အမှုပေါင်းစုံပါပဲ၊ထောင်ထဲမှာအဓိကဖြစ်တဲ့ ပြဿနာတွေက လောင်းကစားပြဿနာ၊ ဗိုလ်လုတဲ့ ပြဿနာ၊ ယောံကျာင်္းအချင်း(အသက်ငယ်၊ရုပ်ချောသူကို)လုချင်းပြဿနာများဖြစ်တယ်၊ ကျုပ်တို့ ကျောင်းသားတွေကတော့  ထောင် အကြောင်းဘာမှ မသိသေးသူဆိုပါတော့ ၊ မနက်တိုင်း အားလုံးတန်းစီပြီး တိုက်တန်းစီးကအလုပ်ခွဲပေးတယ်၊အလုပ်အမျိုးအစားတွေက၊  အဆောင်သန့် ရှင်းရေး၊ တောင်ယာ (စိုက်ပျိုးရေး)၊ မိလ္လာ(ကြင်ကြီး၊ကြင်ငယ်စွန့် နေရာ)၊ရေဆွဲ၊ထမင်းဘုတ်၊ တခါးစောင့် ၊စတာတွေဖြစ်တယ်၊ အဆောင်မှုး ထောင်မှုး
တွေကို တန်းစီတွေက ငွေရှာပေးတယ်၊ အလုပ်ခွဲတဲ့ နေရာမှာ လိုင်းဝင်နိုင်သူ(ပိုက်ဆံပေးနိုင်သူ၊ မြန်မာငွေတစ်သောင်း)ကအလုပ်သက်သာတဲ့ံနေရာတွေမှာထားပြီး၊ ငွေတစ်သောင်းအောက်နည်းပြီးပေးသူများကိုအခြားသက်သာရာနေရာများမှာ ထားပေးကြတယ်၊ အလုပ်နေရာသက်သာ
ဖို့ ကိုတော့ ထောင်မှုးကိုလည်းပေးရ၊ တန်းစီးကိုလည်းပေးရ၊ ဘုတ်ကိုင်(အလုပ်ခေါင်းဆောင်)ကိုလည်းပေးရ၊ အဆင့် ဆင့် ပေးရတာပါ၊ အိမ်က
မိသားစုတွေကလည်း သူတို့ သား၊ယောံကျား၊မောင်နှမတွေတောင်းတဲ့ ငွေကို မရ ရအောင်ရှာရတာပါပဲ၊ ကျုပ်တို့ ကျောင်းသားတွေကတော့ 
မပေးဘူး လို့ တန်းစီးကိုပြောတယ်၊ ခင်ဗျားတို့ ခိုင်းချင်တဲ့ နေရာမှာခိုင်းပါ၊ ကျုပ်တို့ အချင်းချင်းလည်း တလေသံထဲပဲ၊ ဘယ်လောက်ဆိုးတဲ့ လူဆိုးဘဲဖြစ်ဖြစ်၊ဘယ်လောက်မိုက်တဲ့ လူမိုက်ဘဲဖြစ်ဖြစ်၊ သူတို့ အချင်းချင်းသာကန်းကုန်အောင်မိုက်ကြတာပါ၊ နိုင်ငံရေးအမှုနဲ့ ကျတဲ့  သူတွေ ကိုတော့ ထောင်စကားနဲ့ ပြောရင် အထာ(နားလည်မှု) ထားပါတယ်၊ သူကကျုပ်တို့ ကိုအထာထားသလိုကျုပ်တို့ ကလည်း သူတို့ ကိုအပြန်အ လှန်အထာ(မနှောက်ယှက်ခြင်း)ပြန်ထားပေးရပါတယ်၊ ဒီလိုမနေတတ်ရင်တော့ ဗိုက်ထဲကိုချွတ်နဲ့ ထိုးလို့ သေတဲ့ သူ၊ ပေါက်ပြားနဲ့ ခုတ်လို့ သေ
တဲ့ သူ၊ အုတ်ခဲနဲ့ နောက်စေ့ ကိုထုခံရလို့ သေတဲ့ သူ၊ အဲဒီအသေစာရင်းထဲကိုယ်ပါသွားမယ်။
No comments:
Post a Comment
mr.kyaingtun@gmail.com