Wednesday, March 23, 2011

၈၈၈၈ ကျောင်းသား ပေးဆပ်မှု တစိတ်တပိုင်း (၄) by Kyaing Tun on Wednesday, March 23, 2011 at 5:09pm

အရှေ့ တောင်တိုင်းစစ်ဋ္ဌာနချုပ်၊ စစ်ခုံရုံးနဲ့  ဒီနေ့ အမိန့် ချမယ်လို့ သိလိုက်ရတယ်၊ဒီသတင်းကို ကျုပ်တို့ တရားခံ အမှုကိုင်ဒုရဲအုပ်မြင့်လွင် ကပြောပြ  လို့ သိရတယ်၊ မဆလတစ်ပါတီစနစ်ပြုတ်ကျအောင်လုပ်ခဲ့ တဲ့ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကျုပ်တို့ ကိုအသေသတ်ပြစ် ချင်တဲ့ မဆလပါတီက လူကြီးတွေကနောက်ကွယ်ကနေ ကျုပ်တို့ ကျောင်းသားတွေ မှတ်သားလောက်အောင် အပြစ်ပေး ဖို့တွန်းအားပေး ကြတယ်၊ ၊ ည(၈း၀၀)နာရီ၊ နေရာက ပြည်နယ်ကောင်စီရုံးမှာ စစ်တပ်၊ ရဲ လုံခြုံရေးအပြည့်နဲ့ ပါ၊ တရားခံ(၁၃)ဦးက ဆန်နီသိန်း(စက်မှု)၊ ကျော်ခင်(စက်မှု)၊ရန်ကြီးအောင်(ဓါတု)၊ကြိုင်ထွန်း(ပထဝီ)၊ဝင်းထူး၊ကျော်ဟိန်း၊ စန်းကို၊မြင့် ဦး၊ ဦအေးနွဲ(စည်ပင်)၊ဦးသောင်းလွင်၊ ဦးတင်မောင်၊ ဦးသောင်းမြင့် ၊ဦးလုံထော်၊ ဖြစ်တယ်၊ ထွက်ပြေးတရားခံ (၁၂)ဦး က သမန်းကျား၊ ဒစ္စကို၊ကျန်(၁၀)ဦးကို မမှတ်မိတော့ ပါ၊လက်ရှိ  တရားခံ(၁၃)ဦး ထဲမှတဦးဖြစ်တဲ့  လုံထော်ဆိုသူသာလျင်အပြစ်ရှိကြောင်းဝန်ခံတယ်၊ ကျန်သူများ ဘယ်လိုဖြောင့် ချက်ပေးတာ ကိုတော့ မသိပါ၊ အဲဒီအချိန်က နိုင်ငံတော်ငြိမ်ဝတ်ပိပြားရေးမှ တာဝန်ယူထားတဲ့ အချိန်ဖြစ်တယ်၊ စစ်ခုံရုံး ဥက္ကဋ္ဌ က အမိန့် မချခင် ဘာပြောစရာ များရှိသလဲမေးတယ်၊ တယောက်ချင်းစီတွက်ဆိုချက်များကို၊ စစ်ထောက်လှမ်းရေး၊ ရဲ ထောက်လှမ်းရေး၊ မြို့ နယ်တရားရုံးများမှ လာရောက် နားထောင်ပြီး မှတ်တမ်းယူကြတယ်၊အဓိကစွဲတဲ့ အမှုက အရေး အခင်း လူသတ်မှုဖြစ်တယ်၊ တရားလိုကပြည်သူရဲပါ၊ တရားရုံုးမှာတရားလိုရဲ့ စွပ်စွဲချက်တွေမှန်မမှန်ဆိုတာကိုတရားခံဖက်ကရှေ့ နေဋ္ဌားပိုင်ခွင့် အပြင်တရားဥပဒေအရရင်ဆိုင်ဖြေရှင်းဖို့ အခွင့် အရေးကိုတရားခံ တွေကမရ ကြ ဘူး၊ မပေးပဲနဲ့ တဖက်သတ်အမိန့်ချလိုက်တယ်၊ တရားခံ(၁၃)ဦး မှာ(၁၂)ဦးကအပြစ်မရှိကြောင်း အလီဘိုင်ပြတယ်၊ လုံထော်တဦးသာလျှင် ဒီအမှုမှာသူကိုယ်တိုင်သတ်သူဖြစ်တယ်၊ ကျန်တဲ့ သူ(၁၂)ဦးစလုံးဟာဒီအမှုမှာပါဝင်ခြင်း မရှိကြောင်၊ သူမတွေ့ ဘူးကြောင်း၊သူတို့တွေကိုသူမသိ ကြောင်းတရားရုံးမှာပြောပါတယ်၊ တရားရုံး ဥက္ကဋ္ဌ က အခုဖမ်းထားတဲ့ တရားခံတွေဟာ၊ လူသတ်မှုမှာမပါကြောင်းကိုသိတယ်၊ ဒါပေမဲ့လွတ်ပေး လိုက်ရင် သူ့ ထမင်းအိုးကွဲမှာဖြစ်တယ်လို့ ပြောတယ်၊ တရားစီရင်ရေးအမိန့်ကအထက်ကပေးပို့ ထားတဲ့ (ကကကြီး)ချိတ်ပိတ်ထားတဲ့ အတိုင်း
ဖတ်ကြားပေးမှာဖြစ်ကြောင်းပြောပါတယ်။
အမိန့် ချမယ်..ဆိုတဲ့ အသံကိုကြားတော့ နှလုံးခုန်မြန်လာသလိုခံစားရတယ်၊ လက်အစုံကိုနောက်ပြန်လက်ထိပ်ခတ်ထားတဲ့ အပြင် သံကြိုးအ
ရှည်ကြီးနဲ့ တန်းလန်းတွဲချည်ထားသေးတယ်၊ တကယ့် ရာဇဝတ်သားတွေပုံအတိုင်းပါပဲ၊ ဇောချွေးတွေက နဖူးကနေကြနေတယ်၊ ပထမဦးဆုံး
အလှည့် ကျသူကတော့ ၊ ဆန်နီသိန်း၊ သူမတ်တပ်ရပ်ပြီးသူရဲ့ ပြစ်မှုထင်းရှားချက်တွေကိုဖတ်ပြတယ်၊ (သေဒါဏ်ပြစ်ဒါဏ်)၊ သူမတ်တပ်ရပ်ရင်း
ကနေ ဝုန်းကနဲ့ ခုန်ပေါ်လဲကျသွားတယ်၊ ကျုပ်လည်းဒီလောက်ဖြစ်သွားလားအံ့ သြမဆုံးဘူး၊ ပြီးတော့  ရန်ကြီးအောင်(သေဒါဏ်)၊ ကြိုင်ထွန်း(သေဒါဏ်)၊ကျော်ဟိန်း(သေဒါဏ်)၊မြင့် ဦး(သေဒါဏ်)၊ဝင်းထူး(သေဒါဏ်)၊ ကျော်ခင်(တသက်တကျွန်း)၊စန်းကို(တသက်တကျွန်း)၊
ဦးသောင်းလွင်(တသက်တကျွန်း)၊ဦးတင်မောင်(တသက်တကျွန်း)၊ဦးသောင်းမြင့် (တသက်တကျွန်း)၊ဦးအေးနွဲ့ (တသက်တကျွန်း)၊ လုံထော် (၅)နှစ်။
နားထဲမှာတော့ ငိုသံတွေဆူညံသွားတယ်၊ကျုပ်တော့ မျက်ရည်တစက်မှမကျခဲ့ ဘူး၊ ရန်ကြီးအောင်ကိုကြည့် တော့ သူကပြုံးပြီးတော့ ဟား
တိုက်ရယ်မောနေတယ်၊ ကျုပ်ထင်တာတော့ ရန်ကြီးအောင်ချွက်ချင်းရုးသွားတာပဲထင်တယ်၊ ဝင်ထူးကတော့ ပေါက်ကရတွေပြောနေလေရဲ့ 
ဘာတွေပြောနေသလဲမသိဘူး၊သဲသဲကွဲကွဲကြားလိုက်တာတော့ ၊ ခွပ်ဒေါင်းအသဲ၊ဘယ်တော့ မှအရုံးမပေးဘူး၊ဘယ်တော့ မှမကျဆုံးဘူး၊ဘယ်
တော့ မှမသေဘူး၊ မငိုကြနဲ့ ၊မင်းတို့ ယောံကျားတွေမဟုတ်လား၊ပြီးတော့ (ကမ္ဘာမကြေဘူး)သီချင်းကိုသူတယောက်ထဲအော်ဆိုနေတယ်၊ သူ
လည်းချက်ချင်းရုးသွားတာဖြစ်မယ်၊ စစ်သားတွေကလာပြီး ကျူပ်တို့ ကိုခေါ်ထုတ်သွားတယ်၊ အခန်းအပြင်ကိုရောက်တာနဲ့ ပြည်နယ်ကောင်
စီရုံးရဲ့ အပြင်ဖက်မှာလူအုပ်ကြီးက(၁၀၀)ကျော်လောက်ရှိမယ်၊ စစ်တပ်ကလူအုပ်ကြီးကိုလမ်းဖယ်ပေးဖို့ လောစပီကာနဲ့ ပြောနေတယ်၊အပြင်က
လူတွေဟာ ကျုပ်တို့ ဆီကမိသားစုတွေရယ်၊ ကျန်တဲ့ သူက ကျုပ်တို့ လွတ်မြောက်အောင်ပြန်လုဖို့ ကြိုးစားနေတဲ့သူတွေပါ၊ဘယ်သူတွေလဲ၊ ဆိုတာတော့ မသိဘူး၊အချိန်ကည(၉း၃၀)လောက်ရှိမယ်ထင်တယ်၊အဲဒီကနေတဆင့် ကားနဲ့ ထွက်လာတဲ့ လမ်းမှာလူအုပ်ကြီးကခေါ်သံ၊ငိုသံ
သားရေ...မောင်လေးရေ...အကိုကြီးရေ..စသည်ဖြင့် ပေါ့ သက်ဆိုင်ရာနာမည်လေးတွေတပ်ပြီးခေါ်ကြတဲ့ အသံတွေ မိုးပြိုသလိုပါပဲ၊ ခေါ်သံ
လေးနှစ်သံက..ကျုပ်ရဲ့ နာမည်ကိုခေါ်နေတဲ့ အသံပါ၊ကျုပ်မှတ်မိတာပေါ့ ၊ကျုပ်တို့ ကိုသယ်ဆောင်လာတဲ့ အချုပ်ကားကလဲလူအုပ်ကြားထဲမှာ
ဖြေးဖြေးချင်းမောင်းထွက်လာနေတယ်၊ အရှေ့ ကစစ်သားတွေကလည်းလူတွေကိုကားသွားလို့ ရအောင်လမ်းရှင်းပေးနေတယ်၊ ကားရဲ့ အရှိန်က
နှေးရာကနေတဖြေးမြန်လာတယ်၊ ကျုပ်ကိုအင်မတန်ချစ်တဲ့ အကိုကြီး စောလှထွန်းဖြူ ၊ သူရဲ့ အသံမှာ ဒေါသ၊ကြေကွဲဆွေးမြေ့ နေတဲ့ အသံပါနေတယ်၊


ညီလေးရေ..ညီလေးရေ..အခြေအနေဘယ်လိုလဲ..ကားနောက်ကလိုက်ပြေးရင်းမေးတယ်၊နောက်တသံက အသက်(၁၅) နှစ်သာရှိသေးတဲ့ ကျုပ်ရဲ့ ညီမအငယ်ဆုံးလေး၊နန်းစောမြမြ၊ သူအော်သံက အကိုကြီးလို့ ခေါ်ချင်တာပါ၊ဒါပေ မဲခေါ်သံကအဆုံးအထိမကြားရပဲ တဝက်လောက်သာ ကြားရပြီးငိုသံနဲ့ ရောသွားပါတယ်၊လမ်းဘေးဓါတ်မီးတိုင်အလင်းတွေကြောင့် ကားနောက်ကို..ငိုသံတွေနဲ့ လိုက်ပြီး ပူဆွေးရှာကြတဲ့ ကျုပ်တို့ မိသားစုတွေနဲ့ လေးစားလောက်တဲ့ သတ္တိတွေရှိတဲ့ ကျောင်းသားရဲဘော်များကိုမှုန်ဝါးဝါးအလင်းရောင်အောက်မှာမြင်
လိုက်ရပါတယ်၊ သားရေ..သားရေ လို့ ကားနောက်လိုက်ပြီးအော်နေတဲ့..မိန်းမကြီးတယောက်လမ်းပေါ်ကိုပြေးရင်းမှောက်လှဲသွားတယ်၊ ကား
ထဲက..အမေ..အမေ..ကျနော်အမေလှဲကြသွားပြီး..အမေ..အမေ..ကယ်ကြပါအုံး၊ စန်းကိုရဲ့ အမေပါလား၊ ကျုပ်ကို သေဒါဏ်လို့ အမိန့် ချတဲ့ 
အချိန်က ကျုပ်မျက်ရည်မကျခဲ့ ဘူးဗျာ၊ ဒီမြင်ကွင်းတွေကြောင့် ..ဒီအသံတွေကြောင့် ..ကျုပ်ရဲ့ ရင်ထဲမှာအောင့် ကနဲ့ ဖြစ်လာပြီးမျက်ရည်တွေ
ဝေါကနဲ့ ကျခဲ့ ပါတယ်၊ အံတင်းတင်းကြိတ်ပြီးရိုက်ငိုခဲ့ ရပါတယ်၊ကျတဲ့ မျက်ရည်တွေကိုဘယ်သူလာပြီးသုတ်ပေးနိုင်မလဲ၊ ကိုယ်မျက်ရည်
တောင်ကိုယ်မသုတ်နိုင်ဘူးလေ၊ လက်နောက်ပြန်လက်ထိပ်ခတ်ထားတော့ ဘယ်လိုမျက်ရည်သုတ်လို့ ရပါ့ မလဲ၊ ဒီအဖြစ်အပျက်လေးကမိနစ်
ပိုင်းလောက်ဖြစ်ခဲ့ တာပါ၊ဒါပေမဲ့ ကျုပ်တို့ ရင်ထဲမှာတော့ ခုဖြစ်သလို ခံစားရပါတယ်၊ကားကြီးကအဝေးတနေရာကိုရောက်သွားပါပြီး၊ကားကြီးက
အချုပ်ခန်းကိုမပြန်ဘဲသံလွင်မြစ်ကမ်းဖက်ကိုသွားနေရတာလဲ၊နောက်မှ ညတွင်းချင်းမော်လမြိုင်ထောင်ကိုပို့ တာကိုသိလိုက်တယ်၊ မြိုင်ကလေး
တဖက်ကမ်းကိုရောက်တော့စစ်သားတပ်စိတ်တစိတ်၊စစ်ကား(၂)စီး၊လမ်းခရီးလုံခြုံရေးအတွက်အသင့်စောင့် နေတယ်၊ လမ်းတလျှောက်လုံး
ကမ္ဘာမကြေဘူး သီချင်းကို ဆိုသွားကြတယ်၊ မနက်(၄း၀၀)နာရီလောက်မော်လမြိုင်ထောင်ကိုရောက်ခဲ့ ပါတယ်။

No comments:

Post a Comment

mr.kyaingtun@gmail.com