Tuesday, March 8, 2011

၈၈၈၈ ကျောင်းသား ပေးဆပ်မှု တစိတ်တပိုင်း (၃) by Kyaing Tun on Monday, February 28, 2011 at 3:01am

ကျူပ်ရယ်၊စန်းမြင့် အောင်၊ကျော်သူ(၃)ဦးဟာ နားခိုတဲ့ တောင်ယာတဲ့ ကနေ(၃)ရက်မြောက်နေမှာဘဲ ထွက်ခွါခဲ့ကြတယ်၊ ပထမ ဆုံးဖြတ်ခဲ့တဲ့ရွှာက မြဝတီမြို့ မြောက်ဖက်က ထီချားရာ လို့ သိလိုက်ပါတယ်၊ နောက်တရွှာအမည်က  ဝါးစကင်းရွှာ လို့ သိရတယ်၊ ဝါစကင်းရွှာကိုရောက်မှပြည်သူ့ စစ်တွေက ကျူပ်တို့ ကို တားပြီးစစ်တပ်ထောက်လှမ်ရေးလက်ထဲအပ်လိုက်တယ်၊ ကျုပ်တို့ ကံဆိုးပြီးဆိုတာသိလိုက်ပါတယ်၊ ကျုပ်တို့ ကိုစစ်ထောက်လှမ်းရေး(၂၅)ကမြဝတီအချုပ်ထဲ ထိမ်းသိမ်းထားတယ်၊  ကျနော်ကို မစစ်ဆေးခင်ကျော်သူ၊စန်းမြင့် အောင်တို့ ကိုစစ်တယ်၊ သူတို့ အမှန်အတိုင်းပြောလိုက်တော့  ကျုပ်မှာပြောစရာမရှိတော့ ဘူး၊ မြဝတီအချုပ်ထဲ(၁၅)ရက်နေခဲ့ ပြီးတော့ ကျုပ်တို့ ကိုလွတ်ပေးလိုက်တယ်၊ တချိန်လုံးအိမ်ကိုလွမ်းခဲ့တာ ခုတော့ အိမ်ပြန်ရောက်ခဲ့ ပါပြီး၊  အိမ်ပြန်ရောက်တော့ အမေနဲ့ မောင်နှမတွေက ငိုပြီးပွေ့ ဖက် ဆီးကြိုခဲ့ ကြတယ်၊ ကျုပ်လည်း မျက်ရည်ကျခဲ့ ပါတယ်၊အမေက... ဖိုးခွါး..ဘယ်ကိုမှအိမ်ကနေထွက်မသွားပါနဲ့ တော့ နော်လို့ ပြောရှာတယ်၊ သားကိုလွမ်းတယ်၊တပတ်လောက်အိမ်မှာနားနေ လိုက်ရပါတယ်။
ဇွန်လ၊၁၉၉၀၊ စစ်တပ်ထောက်လှမ်းရေးအမှတ်(၂၅)(၅)၊ရဲအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ က မေးမြန်းစရာရှိလို့ ခဏလိုက်ခဲ့ ပါလို့ လာခေါ်ပါတယ်၊ ခဏ လို့ ဆိုတော့ ဒီအချိန်ကစပြီး (၁၆)နှစ် အိမ်နဲ့ ဝေးခဲ့ ပြန်ပါတယ်၊ ( သားကိုခွင့် လွတ်ပါမေမေ၊ သားကအမေနဲ့ အတူမနေချင်လို့ မဟုတ်ဘူး၊အမေကိုနားလည်အောင်ပြောပြချင်တယ်၊အမေကနှလုံးရောဂါသည်၊ မောင်နှမတွေ၊ ပတ်ဝန်းကျင်က ကျနော်နဲ့ ပတ်သက်ပြီအမေကို လိမ်ညာပြီးပြောပေးကြတယ်၊ ကျုပ် ထိုင်းနိုင်ငံ သွားပြီးအလုပ်သွားရှာတယ် ပေါ့ ၊)  ဘားအံအချုပ်ထဲမှာ ချုပ်ထားပြီးစစ်ဆေးခဲ့ တယ်၊အမှုစစ်အိုင်အို မြင့် လွင်၊ အမှတ်(၂၅)၊(၅)၊စစ်ဆေးတဲ့ မေးခွန်းကိုကျုပ်မဖြေနိုင်ခဲ့ ဘူး၊ မသိတာကို ဘယ်လိုပြောမလဲ၊ သူတို့ ကကျုပ်တို့ ကို ကျောင်းသားအဖွဲ့ က ယူဂျီ အဖြစ်ပြန်ဝင်လာပြီး၊ဖေါက်ခွဲ  ဖျက်ဆီးဖို့ တာဝန်ယူထားသူတွေလို့ ထင်နေတယ်၊ မင်းတို့ သိကိုသိရမယ်၊ အသားမနာချင်ဘူးဆိုရင်အမှန်အတိုင်းပြောပါ၊ မေးခွန်းတွေက
(၁)  မေးခွန်း။           ။ ပြည်တွင်းထဲ ပြန်ဝင်လာတဲ့ ယူဂျီများ အမည်စာရင်း။
(၂)  မေးခွန်း။           ။ ယူဂျီတာဝန်ခံအမည်။
(၃)  မေးခွန်း။           ။ ဖေါက်ခွဲ လက်နက်တွေဘယ်မှာဖွက်ထားသလဲ။
(၄)  မေးခွန်း။           ။ ပြည်တွင်းက ယူဂျီ နဲ့ ဆက်သွယ်သူအမည်စာရင်း။

ဝဋ်ကြွေး၊ဘယ်ဘဝကလဲ၊ဒီဘဝမှာတော့ ဘယ်သူကို ဒုက္ခမပေးခဲ့ ဘူးဘူး၊ ကျုပ်အသက် အရေးအခင်းတုန်းကဆို( ၂၆)နှစ်၊ကျုပ်က
ကျောင်းသားတယောက်ပါ၊ နိုင်ငံရေးနားမလည်ဘူး၊ ဘောပင်နဲ့ စာအုပ် ကိုင်ပြီးတော့ နေ အခြေအနေတခုကြောင့်  လူသေနိုင်တဲ့ 
သေနပ်ကိုကိုင်ခဲ့ ရတယ်၊ ဖေါက်ခွဲရေးသင်တန်းလည်းမတက်ခဲ့ ပါဘူး၊ ကျုပ်တို့ ခေတ်တုန်းကလည်း လက်နက်ကိုင်ရတယ်ဆိုတာ
က ကျောင်းသားတွေအားလုံးလက်နက်ကိုင်ရသေးတာမဟုတ်ဘူး၊ သင်တန်းတွေတောင် မပြီးခင် ကျောင်းသားစခန်းတွေကျကုန်တာ
ABSDF ကျောင်းသားအဖွဲ့ ဆိုတာတော့ ကြားဘူးနေတယ်၊ နယ်မြေချင်းဝေးနေတော့ ဒီအကြောင်းတွေမသိဘူး၊မဟာမိတ်လုပ်ပြီးတဲ့ 
ကာလမှာပဲရှိသေးတယ်၊ နိုင်ငံရေးလုပ်ရင်ထောင်ကျမယ်ဆိုတာလည်းမသိဘူး၊အချုပ်၊ထောင် ဆိုတာလည်း ရှိမှန်းတောင်မသိခဲ့ ပါဘူး၊
အထက်ကမေးခွန်းတွေနဲ့ ပတ်သက်ပြီးကျုပ်ဘယ်လိုဖြေနိုင်မှာလည်း၊ ကျုပ်ကို အမျိုးမျိုး ထုနှက်၊စစ်ဆေးခဲ့ ပါတယ်၊ ကျူပ်တယောက်
ထဲမကဘူး၊အချုပ်ထဲမှာပြန်ဆုံရတဲ့ ကျောင်းသားခေါင်းဆောင်တွေက ရန်ကြီးအောင်၊ကျော်ခင်၊ကျော်ဟိန်း၊မြင့် အောင်၊ သန်းချို(ဒေါက်
တာမြင့် ချိုရဲ့ ညီ)၊ဇော်ထွန်း၊ဆန်နီသိန်း၊ဆရာမောင်ချိန်၊ ဆရာရဲချစ်၊ဆရာတင်အေး၊ဦးစန်းမောင်၊ဦးအေးနွဲ့ ၊ဦးဝင်းမြင့် ၊ ဝင်းထူး၊မြင့် ဦး၊ဦး
တင်မောင်၊ဦးသောင်းလွင်၊ဦးသောင်းမြင့် ၊ဦးလုံထော်၊စန်းကို တို့ လည်း ကျုပ်လိုပဲစစ်ဆေးခံရတယ်၊
ဘယ်လိုစစ်ဆေးညင်းပန်းနှိပ့်ဆက်ခဲ့ သလဲဆိုရင်တော့ ၊အမျိုးအစားကိုအမှတ်စဉ်နဲ့ ပြောမှရှင်းလိမ့် မယ်၊
ညင်းပန်းနှိပ့် ဆက်ပုံများ။


(၁) နောက်ကိုလက်ပြန်လက်ထိပ်ခတ်ပြီးသံကြိုးဖြင့် ၁၀ပေလောက်မြင့် တဲ့ ထုထ်တန်းပေါ်ဆွဲတင်တယ်၊ခြေဖျားနဲ့ ကြမ်းပြင်ကို
      ထောက်လို့ မိရုံလေးထားတယ်၊လက်အစုံနောက်ပြန်ဆွဲတင်တော့ နာလိုက်တာဖြင့် မခံစားနိုင်ဘူး၊ ဆွဲတင်လိုက်၊ပြန်လျော့ ပေး
       လိုက်ပါ။
(၂) ရှေ့ ကိုခြေဆင်းပြီးထားတယ်၊လက်ကိုနောက်ပြန်လက်ထိပ်ခတ်ထားတယ်၊ လက်ထိပ်နက်ပတ်သက်ပြီးနဲနဲပြောအုံးမယ်၊လက်ထိပ်
      ကိုကြပ်ကြပ်ခတ်ထားတယ်၊ ရုန်းလေကြပ်လေပ၊ဲ မရုန်းရဲဘူး၊ နာတာမခံနိုင်တော့ လဲရုန်းမိတယ်၊လက်ကောက်ဝတ်မှာပွန်းပဲ့ ပြီးသွေး
      တွေထွက်နေတယ်၊ ရှေ့ ကိုခြေဆင်းထားတဲ့ ခြေသလုံးပေါ်ကိုမျဉ်းလုံးနဲ့ ကြိတ်ပါတယ်၊ခြေသလုံးတွေလည်းပဲ့ ထွက်ပြီးသွေးတွေ
      တယ်၊ ကျုပ်ခြေသလုံးက ခုထိဒါဏ်ရာအမာရွတ်တွေကျန်နေတယ်၊
(၃) လက်ကိုနောက်ပြန်လက်ထိပ်ခတ်ထားတယ်၊ခေါင်းကိုပလပ်စတစ်အိပ်နဲ့ အသက်ရုကျပ်အောင်စွပ်လိုက်တယ်၊ပြီးတော့ ခေါင်းပေါ်
      ကိုရေလောင်းချတယ်၊ မခံစားနိုင်ဘူး၊
(၅) မျက်နာကို လက်သီးနဲ့ ထိုးတယ်၊မျက်နှာတခုလုံးဖူးယောင်နေပြီး၊ခေါင်းကိုနံပါတ်တုတ်နဲ့ ရိုက်လို ကျုပ်ခေါင်း ကွဲသွားတယ်၊ အမာ
       ရွတ်ကခုထိကျန်နေတယ်၊နောက်ကျော်ကိုခြေတောက်နဲ့ ဆောင့် ကန်တယ်၊
(၆) ရှေ့ သို့ လက်နှစ်ဖက်ကို လက်ထိပ်ခတ်ထားတယ်၊လက်ချောင်းခြားထဲကိုခဲတံထည့် ပြီ ဆွဲညစ်တယ်၊

ကျုပ်ခံခဲ့ ရတဲ့ ညင်းပန်းနှိပ်ဆက်ပုံတွေပါ၊ တကြိမ်မကဘူး၊တယောက်ပြီးတယောက်ပဲ၊ကိုယ်အလှည့် ဘယ်တော့ ပြန်ရောက်မလဲဆိုတာ
ကို ဘုရားတနေရတယ်၊စစ်ဆေးချိန်ကာလမှာ ဘယ်သူနဲ့ မှတွေ့ ခွင့် မပေးဘူ။သူတို့ မေးခွန်းကိုအမှန်အတိုင်းသိရင်ပြောမယ်၊မခံနိုင်တော့ ဘူး၊ ဘာမှမသိတာကိုက သူတို့ ကို လိမ်နေတယ်လို့ ထင်နေတယ်၊ တခါခေါ်စစ်လည်း အမှန်အတိုင်းပြောပါ၊မပြောရင်အသားနာလိမ့် 
မယ်၊ဆိုတာကြီးပဲပြောနေတယ်၊ တကယ်အဖြစ်မှန်ကိုဖေါ်ထုပ်တဲ့ နေရာမှာ တရားခံဘယ်သူလဲ၊ဘာလဲ ဆိုတာ သူတို့ ထောက်လှမ်းရေး
တွေသိကိုသိရမယ်၊ လူအများသိထားတဲ့ကိစ္စကို ကျုပ်တို့ ကျောင်းသားတွေက ဘာမှမသိပဲ တရားဖြစ်နေတာ ခံပြင်းမိတယ်၊ ကျုပ်တို့ 
လုပ်ခဲ့ တာဆိုရင်ငြင်းစရာမလိုဘူး၊တရားဥပဒေကပေးတဲ့ အပြစ်ကိုခံရဲပါတယ်၊ ခုတော့ မသိတာကိုသိတယ်လို့ မပြောမချင်းမတရားညင်း
ပန်းနေတာ၊နောက်တိုးလာတဲ့ အမှုတွေကအများကြီး၊ ကျုပ်မသိဘူး၊ကျုပ်မလုပ်ခဲ့ ဘူး။
နောက်ထပ်တိုးလာတဲ့ အမှုများ။
(၁) အရေးအခင်းကာလက ဘားအံမြို့ ကျောင်းသားသပိတ်စခန်းမှာ၊ ရပ်ကွက်ထဲရေတွင်းအဆိပ်လိုက်ခပ်တယ်လို့ ဆိုပြီးတော့  သပိတ်
      အဖွဲ့ က ဖမ်းဆီးစစ်ဆေး ခံရသူ(၆)ဦးကမြို့ လယ်ခေါင်မှာ နေ့ ခင်းကြီး ခေါင်းဖြတ်ပြီးသတ်တဲ့ အမှု၊ဘားအံမြို့ တမြို့ လုံးသိတယ်၊တ
      ချို့ လူတွေကဓါတ်ပုံ ရိုက်ထားတာတွေရှိနိုင်တယ်၊တရားခံအစစ်ကိုဖမ်းမရတော့ ကျုပ် တို့ တရားခံဖြစ်သွားတယ်၊အဲဒီ ပုဒ်မကို အရေး
      အခင်းလူသတ်မူပုဒ်မ(၃၀၂/၁)၊(၃၀၂/၂)၊၁၀၉၊၂၀၁၊ နဲ့  ကျုပ်ကိုဆွဲလိုက်တယ်။
(၂) အရေးအခင်းကာလတုန်းက ကျုပ်တို့ ကျောင်းသားသပိတ်စခန်းမှာ တချို့ ကျောင်းသားတွေ သေနပ်ကိုင်တယ်၊လက်နက်တွေ၊
       ရန်ကုန်ကို ပို့ တယ်၊ ကျုပ် မသိဘူး၊ အဲဒီပုဒ်မက ၁၂(ဃ)၊ ၂၁(မမှတ်မိ)၊
(၂) လက်နက်ကိုင်အဖွဲ့ အစည်းနဲ့ ဆက်သွယ်တယ်၊လက်နက်ကိုင်သောင်းကျန်းသူဖြစ်တယ်၊ဒါကိုတော့ ကျုပ်မငြင်းဘူး၊ပုဒ်မက ၁၇(၁)၊
      ၁၇(၂)။

No comments:

Post a Comment

mr.kyaingtun@gmail.com