Saturday, March 19, 2011
ဘဝတိုက်ပွဲ များ အပိုင်း(၁) by Kyaing Tun on Friday, March 18, 2011 at 9:05pm
အမေရိကန်နိုင်ငံကိုကျနော်ရောက်တာ ၂ နှစ်လောက်ရှိပြီး၊ ကျနော်နေတာက ကယ်လီဖိုးနီယားပြည်နယ်၊ အုတ်ကလန်မြို့ ၊မှာပါ၊ ဒုက္ခသည်ဘဝနဲ့ လာတာမို့ ကျနော်မိသားစုကို I.R.C လို့ ခေါ်တဲ့ ဒုက္ခသည်များကို ကူညီပေးကြတဲ့ NGO အဖွဲ့ က၊  အိမ်ခန်းဋ္ဌားပေးတယ်၊ ပြီးတော့ စရောက်ရောက်ချင်း လ ကစပြီး(၄)ပဲ ထောက်ပံပေးပါတယ်၊ထောက်ပံ့ မူတွေကတော့ ၊ ကျနော်နဲ့ ကျနော်မိန်းမ(၂)ဦးဘဲ ဆိုတော့ ၊ တယောက်ကို ငွေတရာ၊ နှစ်ယောက်ဆိုတော့ ငွေ နှစ်ရာပေါ့ ၊ ပြီးတော့  Foodstamp လို့ ခေါ်တာ တလကို (၂၀၀) ရပါတယ်၊ ထောက်ပံ့ ပေးချိန်မှာတော့ အဆင်ပြေပါတယ်၊ှုI.R.C က အလုပ်ရအောင်ရှာပေးပြီးထောက်ပံ့ မူ မရတော့ တဲ့ နောက်ပိုင်းမှာ ဘဝတိုက်ပွဲ စခဲရတယ်ဆိုပါ တော့ ။
အလုပ်မှာမြဲနေဖို့ အတွက်လိုအပ်ချက်တွေဟာ-
၁။ အင်္ဂလိပ်စကား အနည်းငယ်ပြောနိုင်ရမယ်၊ အင်္ဂလိပ်စာမပြောနိုင်၊ ဘာခိုင်းမှန်းလဲမသိဆိုရင်တော့ အလုပ်ပြုတ်တယ်၊
၂။ အလုပ်ကို ခဏခဏပျက်ရင်အလုပ်ပြုတ်တယ်၊
၃။ အလုပ်ချိန် နောက်ကျရင် အလုပ်ပြုတ်တယ်၊
အလုပ်ပြန်ချိန်မှာတော့ အမြဲတမ်းသတိထားနေရတာက လုယက်ကြတဲ့ လူတွေနဲ့ မတိုးမိအောင်ရှောင်ဖို့ ပဲ၊ ကျနော်နေတဲ့ မြို့ က လူမဲတွေများ
တယ်၊ ဒီလူတွေက ဓါးပြ၊သေနပ်ပြပြီး လုယူတယ်၊ ခုခံတဲ့ သူကတော့ သေပြီးပဲ၊ မြို့ လယ်ခေါင်၊လူတွေအများကြီးကြားထဲမှာ နေရော၊ညပါ လုပ်
ရဲနေကြတာ၊ ဘေးရပ်ကြည့် သူတွေကလည်းကူညီပြီးလုယက်ခံရသူကို ကာကွယ်ပေးဖို့ မပြောနဲ့ မဆိုင်သလိုရပ်ကြည့် နေကြတာပဲ၊ ကျနော်
ကိုယ်တိုင်လည်းညဖက်အလုပ်ကအပြန်မှာ(၂)ကြိမ်လုယက်ခံရတယ်၊ကျနော်ကျတော့ ပြန်ခံချပြစ်လိုက်တယ်၊ ခံရတာကကိုယ်ပါပဲ၊ဘာကြောင့်
လဲဆိုတော့ လူချင်းအကောင်ချင်းကကွာတယ်၊သူ့ တို့ ကနှစ်ယောက်၊ကိုယ်ကတယောက်ဆိုတော့ ဘယ်လိုပြန်ချနိုင်မှာလဲ၊မြန်မာပြည်မှာနေခဲ့ 
တုံးက သိုင်း၊ ကရတေး၊ လက်ဝှေ့ တွေ မသင်ခဲ့ ရကောင်းလားဆိုပြီးတောက်တခေါက်ခေါက်နဲ့ အိမ်ရောက်မှ မိန်းမအရှေ့ မှာ သတ္တိပြရုံပေါ့ ၊
ဖူးဟောင်လာတဲ့ ဒါဏ်ရာတွေကို မိန်းမခမျာ စိုးရိမ်တကြီးနဲ့ ကြပ်ထိုးပေးရှာတယ်၊ မိန်းမကနောက်တခါဆိုပြန်မခုခံပါနဲ ၊တောင်းတာအကုန် ပေးလိုက်လို့  ပြောတယ်၊ တောက်...မြန်မာပြည်မှာဆို ဒီလိုအနိုင်ကျင့် တာမျိုး ဘေးကလူတွေ ရပ်ကြည့် နေကြမှာမဟုတ်ဘူး၊ အိမ်ပြန်ေ၇ာက်
တာပဲ ကံကောင်းတယ် ပြောရမယ်၊ ကျနော်ပြောတာထက်ဆိုးတဲ့ နေရာပါ၊ သေနပ်နဲ့ ပစ်သတ်နေကြတာလဲ မကြာခဏ ဆိုသလိုပါပဲ၊ ငွေကြေး
အခက်အခဲကြောင့် ဒီနေရာကနေပြောင်းဖို့ မဖြစ်သေးတာပါ၊ အလုပ်ကလည်းပင်ပန်းတဲ့ အထဲဒီလိုအခြေအနေတွေကြောင့် အလုပ်ကထွက်ပြီး
နောက်အလုပ်တခုကိုပြောင်းလိုက်တယ်။
ဒုတိယအလုပ်က ပလပ်စတစ်ခွက်လုပ်တဲ့ စက်ရုံပါ၊အလုပ်ချိန်ကညဖက်၊မနက်မှအလုပ်ပြန်ရတယ်၊ ဒီအလုပ်ကပိုပြီးတော့ တောင်ပင်ပန်းသေး
တယ်၊ အိပ်ရေးပျက်တဲ့အတွက် အားတဖြေးဖြေးယုတ်လာတယ်၊ စက်ရုံအလုပ်ဆိုတော့  စက်နဲ့ အပြိုင်လုပ်ရတယ်၊ လူတယောက်က အနည်း
ဆုံးစက်(၃)လုံး၊ တခါတလေကြရင်စက်(၄)(၅)လုံးကိုင်ရတယ်၊ စက်တလုံးမှာ စက်ခဏခဏပျက်လို့ ပြန်ပြင်ပေးရတာ၊ ခွက်ကောင်းမကောင်း
စစ်ပေးရတာ၊ ခွက်တံဆိပ်ကအရောင်တွေကောင်းမကောင်းစစ်ရတာ၊ စက်ကထွက်လာတဲ့ ခွက်တွေကိုကောက်ပြီး ပါကင်ထည့် ရတာ၊ အဲဒီလို
အလုပ်တွေနဲ့  စက်(၃၊၄၊၅)လုံးရတာပါ၊ လူနောက်ကိုကျားလိုက်သလို၊ စက်(၄)လုံးအကွာအဝေးက ကိုက်(၅၀)လောက်ရှိတယ်၊ တညလုံးပြေး
နေရတာကိုတွေးကြည့် ပါ၊ ဒီကြားထဲ စိက်ဓါတ်ကျစရာက အလုပ်ခေါင်းဆောင်က၊ ခဏခဏလာပြီး မြန်မြန်လုပ်ပါ ဆိုတာကြီးပဲ ပြောနေတယ်၊
မခံချင်ဘူးဗျာ၊ တသက်လုံး ဒီလိုမြန်တဲ့ အလုပ်မလုပ်ခဲ့ ဘူးဘူး၊ အိမ်ကမိန်းမမျက်နှာကိုပြန်ကြည့် ပြီး အားတင်းလုပ်ခဲ့ ပါတယ်၊ အလုပ်လုပ်ရင်း
ခါးနာသွားတဲ့ အတွက်အလုပ်ကထွက်လိုက်ပါတယ်၊ မိန်းမက အလုပ်မမြဲတဲ့ ယောံကျာင်္းကိုကြည့် ပြီး သူရှေ့ ရေးအတွက်စိုးရိမ်နေတဲ့ အကြည့် 
နဲ့ ကြည့် မှန်းသိပါတယ်၊ ဘာကြည့် နေတာလဲ၊ မင်းကငါကိုအထင်သေးတာလား၊ ငါလည်းအလုပ်လုပ်တဲ့ နေရာမှာဒီလောက်မနှေးပါဘူးကွာ၊
ခုဟာက လွန်လွန်းအားကြီးနေလို့ ပါ၊ လူကို စက်လိုမျိုးလုပ်ခိုင်းနေတာ၊ ငါသေလောက်အောင်လုပ်ရတဲ့ အလုပ်ကရတဲ့ ငွေ မျိုး မင်းလိုချင်လား
လို့ ဟောက်ပြစ်လိုက်တယ်၊ ကျောင်းသားဘဝက တာဝေး၊တာတို အပြေး မလေ့ ကျင့် ခဲ့ မိတာနောင်တရမိတယ်။
အလုပ်(၂)ခုကထွက်ပြီးနောက်၊ အိမ်ခန်းလခပေးဖို့ ပြဿနာ၊ စားစရိတ်ပြဿနာ၊ အလုပ်မရှိတော့ မိန်းမနေ့ တိုင်းစကားများတာပေါ့ ၊ G.A လို့ 
ခေါ်တဲ့  အလုပ်မရှိခင်စပ်ကြား အိမ်လခကို အစိုးရဆီက ချေးယူတယ်၊ တလကို (၃၅၀)ရတယ်၊ (၆)လ အထိပဲချေးပေးပါတယ်၊ အလုပ်ပြန်လုပ်
တဲ့ အခါကျရင်ပြန်ဆပ်ရတယ်၊ ကောလိပ်ကျောင်းပြန်တက်ဖို့ ကြိုးစားကြည့် ပါသေးတယ်၊ Laney College ဝင်ခွင့် စာမေးပွဲကိုသွားဖြေတော
အင်္ဂစာမှာ Lavel 4 ရ တယ်၊ သချာင်္မှာလည်းအမှတ် ၆၀/၁၀၀ ရတယ်၊ မြန်မာပြည်မှာ ကျောင်းနေတုံးက ကော်လိပ်၊ ဒုတိယနှစ်ထိနေခဲ့ တာဆို
တော့ ၊ Laney College ဝင်ခွင့် စာမေးပွဲ အဆင့်အတန်းက (၁၀)တန်းအဆင့် လောက်ပဲရှိတာပါ၊ ဒါတောင် ကျနော်က အရင်ကလက်ကျန်
လေးလောက်နဲ့ ဘာမှမလေ့ လာဘဲသွားဖြေလိုက်တာပါ၊ ၁၉၈၇ ခုနှစ်က မှတ်ညဏ်မျိုးနဲ့ ဆိုရင် ဘာပြောကောင်းမလဲ၊ ဒီချိန်မှာတော့ အသက်
က(၅၀)နှစ်၊ မှတ်ညဏ်တွေကမကောင်းတော့ ၊နောက်တော့ စိတ်ပျက်စရာကောင်းတာက၊ Residend မဖြစ်သေးလို့ ၊ Finalsial Aid တွေ၊ စာအုပ်ဖိုးတွေ၊ ကျောင်းကအပြန်တနေ့ မှာလူမဲ(၂)ယောက်ကကျနော်ကိုလုယက်ပြန်တယ်၊ ကျနော်ကလမ်းလျောက်ပြန်နေကြပါ၊ကျနော်လွယ်
အိပ်မှာတန်ဖိုးရှိတဲ့ ဟာပါမယ်ထင်လို့ လုပြန်တယ်၊ပိုက်ဆံအိပ်ပါသွားတယ်၊ပိုက်ဆံအိပ်ထဲမှာ၊ ကျနော်ရဲ့  I.D/ Social/ BanK Card ပါသွား
တယ်၊ ကျနော်ပြန်ခုခံတယ်၊ အရပ် ၇ ပေ၊ ပေါင် ၂၀၀ လောက် ရှိတဲ့ လူမဲ(၂)ကောင်ကို ဘယ်လိုနိုင်မလဲ၊ ဒီတခါလည်းခံလိုက်ရပြန်ပါတယ်၊
လုပြီးပြေးကုန်တယ်၊ ၉၁၁ ချက်ချင်းဖုန်းခေါ်တယ်၊ ရဲကချက်ချင်းလိုက်မလာဘူး၊ လုယက်သူတွေ မှာသေနတ်ပါသလားမေးတယ်၊ဘယ်နေရာ
လဲ၊ ဖုန်းမပိတ်လိုက်ပါနဲ့ ပြောပြီး၊ မိနစ်(၅၀)လောက်မှာရဲကားရောက်လာပါတယ်၊ ကျနော်မှာရသွားတဲ့ ဒါဏ်ရာတွေကိုစစ်ဆေးပြီးပြန်သွားကြ
တယ်၊လုယက်သူတွေက Bank Card နဲ့ ငွေ (၄၀၀)ဖိုးထုတ်ယူသုံးသွားကြတယ်၊ Bank Card ကိုချက်ချင်းပိတ်လိုက်တာတောင်ငွေ (၄၀၀) ဖိုးဘယ်လိုထုတ်သုံးသွားကြသလဲမသိဘူး၊ တော်ပါတော့  ၉၁၁ ရယ်၊ စိတ်ချလို့ မရတဲ့  Bank ရယ် လို့ ပြောချင်တယ်။
No comments:
Post a Comment
mr.kyaingtun@gmail.com