ဒီအကြောင်းတွေကို မေ့ ပြစ်လိုက်ချင်တယ်၊ ဒါပေမဲ့  သူတို့ က(၈၈၈၈ အရေးအခင်းတွင်ကျဆုံးသွားသောကျောင်းသား ရဲဘော်များ) ဒီသမိုင်းကြောင်းကို ရေးပေးဖို့ ကျုပ်ကို ပြောနေသလို ခံစားနေရလို့ ရေးတော့ မယ်လို့ ဆုံးဖြတ်လိုက်တယ်၊ လွန်ခဲ့ တဲ့  ၁၀ နှစ်ကအဖြစ်တွေပါ၊ သူတို့ အတွက်မှတ်တမ်းလေးအဖြစ်ထားခဲ့ တယ်ဘဲဆိုပါတော့ ။၁၉၈၈ ခုနှစ်၊သြဂုတ်လ၊လောက်မှာ၊
ကျနော် ဒုတိယနှစ၊် ပထဝီဘာသာနဲ့ကောလိပ်တက်နေတယ်၊ကျနော်တို့မြို့ကော်လိပ်ကျောင်းသား
များကဦးဆောင်ပြီး အရေးအခင်းစဖို့ ၊မော်လမြိုင်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်ကသူငယ်ချင်းများက စည်းရုံးရေးဆင်းလာကြတယ်၊ ကျနော်တို့  သူငယ်ချင်းတွေ စုပြီး အရေးအခင်းစဖို့ ဆွေးနွေးတိုင်ပင်ခဲ့ ကြတယ်။အရေးအခင်းစဖို့ ကျောင်းသားခေါင်းဆောင်(၉)ဦးဟာ၊ လက်မောင်းသွေး တွေဖေါက်၊ သစွာ ရေတွေသောက်ပြီး ကျိန်ဆိုသစွာဆိုခဲ့ တယ်၊အဲဒီနေ့ ရက် တွေကစပြီးအိမ်ပြန်မအိပ်ဖြစ်တော့ ပါဘူး၊ ထောက်လှမ်းရေး တွေကလည်းကျုပ်တို့ (၉)ဦးကို အပူတပြင်းလိုက်ရှာဖမ်းဖို့ ကြိုးစားပြီးတယ်၊ ကျုပ် တို့ ကနေ့ ဖက် ပုန်းနေပြီး ညဖက် လှုပ်ရှားတယ်၊ ကျုပ်တို့ မိသားစုကိုလည်း ပါတီ၊ကောင်စီ လူကြီးများက အရေးအခင်း မလုပ်ဖို့ ၊ကိုယ် သားသ္မီးတွေကို ထိမ်းသိမ်းဖို့ ဖိအားပေးတယ်လေ၊ ကျုပ် တို့ မိသားစုတွေမှာတော့ စိုးရိမ်တကြီး နေ့ ရောညပါ ရှာနေကြတာကို သူငယ်ချင်းတွေကပြောလို့ ပြန်သိတယ်၊ကျုပ် တို့ ကောလိပ်ကျောင်းက ကျောင်းအုပ်ကြီး နဲ့  မော်ကွန်းထိန်းပါ မကျန်ဘူး ၊ကျုပ်တို့ က ဘယ်သူနဲ့ မှအတွေ့ မခံတော့ ဘူး၊ နေ့ ဖက်ဆို အရေးအခင်း ဒိုင်တို စာရွက်ပေါ် နိုးဆော်စာတွေရေး၊ (တော်တော်ခက်ခက်ခဲခဲပါပဲ)၊ ၂ ပေ မီးကျောင်းနဲ့ စာပုံနိုပ်တာကို အဲဒီကစ သိခဲ့ ရတယ်၊ ညဖက်ဆို နေရာအနံ့  လိုက်ဖြန့် တယ်၊ ၈`၊ ၈ ၊ ၈၈ ။ရက်နေ့ မြန်မာတပြည်လုံးအရေးအခင်း၊ သပိတ်မှောက်မယ်ကုန်သွားတယ်၊ထမင်းတောင်မစားကြပါဘူး၊ အံသြစရာကောင်းတယ်၊ အဲဒီတုန်းက အဟာရသိဒ္ဓိ တကယ်ပြီးခဲ့ တယ်၊ မစား၊မအိပ် နေနိုင်တယ်၊သပိတ်ဘယ်လို့ စမလဲ ဆိုတာဘဲနေ့ စဉ် ဆွေးနွေးနေရင်း အဖြေမရကြဘူး၊ ဒီကနေ့ ညမှာသပိတ်စမယ် လို့ ဆုံးဖြတ်လိုက်ကြတယ်၊
ရန်ကုန်ဖက်မှာတော့ စနေကြပြီး၊ ကျုပ်တို့ ဖက်မှာစရတာခက်တယ်၊ နေ့ ရော ညပါ ထောက်လှမ်းရေး၊ ပါတီကောင်စီက မျက်ခြေမပြတ် စောင့် ကြည့် နေတယ်၊ ပြည်နယ်ကျောင်းသားသမဂ္ဂ ၊ မြို့ နယ်ကျောင်းသားသမဂ္ဂ၊ ဖွဲ့ စည်းကြတယ၊် ကျုပ်ကို မြို့ နယ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ အဖြစ်တာဝန်ပေးခဲ့ ကြတယ်။ကျုပ်တို့ မြို့ မှာ ၈၈၈၈ အရေးအခင်း
ဖြစ်အောင်ဦးဆောင်ခဲ့ တဲ့ ကျောင်းသားခေါင်းဆောင်တွေကတော့ 
(၁) ကျော်ခင် (စက်မှုတက္ကသိုလ်၊ တတိယနှစ်၊ရန်ကုန်)
(၂) ဆန်နီသိန်း (စက်မှုတက္ကသိုလ်၊ တတိယနှစ်၊ရန်ကုန်)
(၃) လှစိုး (မော်လမြိုင်တက္ကသိုလ်၊တတိယနှစ် )
(၄) ထွန်းအောင် (မော်လမြိုင်တက္ကသိုလ်၊တတိယနှစ် )
(၅) ရန်ကြီးအောင် (မော်လမြိုင်တက္ကသိုလ်၊တတိယနှစ် )
(၆) အောင်လင်း (မော်လမြိုင်တက္ကသိုလ်၊တတိယနှစ် )
(၇) ဗခန့် စိုး (မော်လမြိုင်တက္ကသိုလ်၊တတိယနှစ် )
(၈) ကြည်စိုး (မော်လမြိုင်တက္ကသိုလ်၊တတိယနှစ် )
(၉) စော ကြိုင်ထွန်း ( ဘားအံကော်လိပ်၊ဒုတိယနှစ် )
(၁၀) စ ဗိုလ်ဝင်း (မော်လမြိုင်တက္ကသိုလ်၊တတိယနှစ် )
(၁၁) စောသန်းထူး ( မော်လမြိုင်တက္ကသိုလ်၊တတိယနှစ် )
(၁၂) ပဲတီ ( မော်လမြိုင်တက္ကသိုလ်၊တတိယနှစ် )
(၁၃) အောင်ခိုင်ကြည် (မော်လမြိုင်တက္ကသိုလ်၊တတိယနှစ် )
(၁၄) ကျော်လေးသွယ် (ဆေးတက္ကသိုလ်၊တတိယနှစ်၊ရန်ကုန်)
တို့ ဖြစ်ကြတယ်၊
(မှတ်ချက်။ ။ ကျန်သောကျောင်းသား ခေါင်းဆောင်များရှိပါသေးသည်၊မမှတ်မိတော့ ပါ ၊ )
ကျုပ်တို့ သပိတ်စခန်းဖွင့် လိုက်တယ်၊ ဘုရားကြီးဝင်း တခုမှာပါ၊ သပိတ်ကို ဦးဆောင်ပေးကြတဲ့  ဦးဆောင်ကော်မီတီတွေကတော့ ၊
(၁) ဦးစန်းမောင် (စစ်မှုထမ်းဟောင်း)
(၂) ဦးစိုးမြင့် 
(၃) ဆရာ ဦးယုနွယ် ( အ.ထ.က(၁) )
(၄) ဒေါက်တာမြင့် ချို
(၅) ဦးအေးနွဲ့  ( စည်ပင်သာယာရေး)
(၆) ဆရာမောင်ချိန်
(၇) ဦးစောထွဋ်
(မှတ်ချက်။ ။ကျန်ရှိသော သပိတ် ဦးဆောင်သူများကို မမှတ်မိတော့ ပါ။)
ဦးဆောင်ကော်မီတီရဲ့ ညွန်ကြားမှုအောက်မှာ ကျုပ်တို့ သပိတ်ကို ဦးဆောင်ခဲ့ ကြတယ်၊ လူတန်းစားပေါင်းစုံသပိတ်ကိုပူးပေါင်းပါဝင်လာကြတယ်၊ ကျောင်းသား လူငယ်၊ အစိုးရ ဝန်ထမ်း ၊
ရဟန်း၊ စသည့် တို့ ဖြစ်ကြတယ်၊ ကျုပ်တို့ ကျောင်းသားတွေက သမဂ္ဂတွေဖွဲ့ ကြတယ်၊
ပြည်နယ်ကျောင်းသားသမဂ္ဂ နှင့်  မြို့ နယ်ကျောင်းသားသမဂ္ဂ ကို အထက်တန်း၊ကော်လိပ်နှင့် တက္ကသိုလ်ကျောင်းသား/သူများက မဲထည့် ပြီး ရွေးချယ်ခဲ့ ကြတယ်၊ပြည်နယ်ကျောင်းသားသမဂ္ဂ
ဖွဲ့ စည်းပုံမှာတော့ ၊
(၁) ကျော်ခင် ဥက္ကဋ္ဌ
(၂) ဆန်နီသိန်း ဒု-ဥက္ကဋ္ဌ ( ရိက္ခာ ၊ တာဝန်ခံ )
(၃) ထွန်းအောင် အတွင်းရေးမှူး
(၄) ရန်ကြီးအောင် အဖွဲ့ ဝင် ၊ ( ဆက်သွယ်ရေးတာဝန်ခံ )
(၅) လှစိုး အဖွဲ့ ဝင် ( စည်းရုံးရေး တာဝန်ခံ )
(၆) စော ကြိုင်ထွန်း အဖွဲ့ ဝင် ( ထောက်ပံ့ ရေး တာဝန်ခံ )
(ရ) စောသန်းထူး အဖွဲ့ ဝင် ( ဘဏ္ဍာ ရေး တာဝန်ခံ )
(ဂ) အောင်လင်း အဖွဲ့ ဝင် ( လုံခြုံရေး တာဝန်ခံ )
(၉) ကြည် စိုး အဖွဲ့ ဝင် ( ကျန်းမာရေး တာဝန်ခံ )
(၁၀) ပဲ တီ အဖွဲ့ ဝင် ( သတင်း/ပြန်ကြားရေး )
(၁၁) ဗခန့် စိုး အဖွဲ့  ဝင် ( ။ )
(၁၂) စ ဗိုလ်ဝင်း အဖွဲ့ ဝင် ( စာရင်းစစ် )
(၁၃) အောင်ခိုင်ကြည် အဖွဲ့ ဝင် ( စာရင်းစစ် ) တို့ ဖြစ် တယ်။
မြို့ နယ်ကျောင်းသားသမဂ္ဂ ဖွဲ့ စည်းပုံ မှာတော့ ၊
(၁) စောကြိုင်ထွန်း ဥက္ကဋ္ဌ
(၂) မြင့် အောင် ဒု-ဥက္ကဋ္ဌ (ကျွေးမွှေး/ချက်ပြုက်ရေးတာဝန်ခံ)
(၃) လှစိုး အတွင်းရေးမှူး
(၄) စော သန်းထူး အဖွဲ့ ဝင်
(၅) ( မမှတ်မိ ) အဖွဲ့ ဝင်
(၆) ။ ။
(၇) ။ ။
(ဂ) ။ ။
(၉) ။ အဖွဲ့ ဝင်၊ တို့ ဖြစ်တယ်။
သပိတ်တပ်ဦးမှာ ကျုပ်တို့  ဖွဲ့ စည်းပုံပါအတိုင်း တာဝန်ကိုယ်စီခွဲဝေယူပြီး လုပ်ခဲ့ ကြတယ်၊ဌာနဆိုင်ရာေ
တ်ာတော်များများ အလုပ်တာဝန်တွေ ရပ်ဆိုင်းသွားတယ်၊ သပိတ်တပ်ဦးက အချို့ နေရာတွေမှာ တာဝန်
ယူလိုက်ရတယ်၊ဘယ်လိုနေရာလဲ ဆိုတော ၊့  ရိက္ခာဆန်ရရှိဖို့  နဲ့ ဈေးနှုန်းချိုသာစွာ လူထုကိုပြန်ပြီး
ဝေဌရောင်းချဖို့  ၊ သပိတ်စခန်းတခုလုံးအတွက် လည်း ကျွေးမွေး၊ချက်ပြုတ်ရတယ်၊ လုံခြုံရေး
ကိစ္စတွေ၊ ကျောင်းသားခေါင်းဆောင်တွေတယောက်နဲ့ တယောက် တွေတော့ တွေ့ ကြပါတယ် ၊
တာဝန်ပိုင်းနဲ့ ဆိုင်လို့ ပြောရမဲ့ ကိစ္စတွေ၊ အစည်းအဝေးအချိန်တွေကလွဲပြီးတော့၊အဲဒီ အချိန်
ကတည်းက မတွေ့ ကြတော့ ဘူး၊ ကိုယ်တာဝန် နဲ့ ဆိုင်သလောက်ဘဲ သိတော့ တယ်၊ အစားမမှန် ၊
အအိပ်မမှန်ကြတော့ ဘူး၊ ဒီ နေရာကနေဘဲကျုပ်တာဝန်ပိုင်း ကိုဘဲ အတိုချုပ်ပြီးတော့ ပြောမယ်၊
(၁) ပါတီ၊ကောင်စီ ဆိုင်းဘုတ်တွေကို လိုက် ဖြုတ်ချတယ်၊
(၂) သမဝါယမဆိုင်များမှ စားသောက်ကုန်များ( ဆန်၊ ရိက္ခာခြောက်)များကို ဆိုင်တာဝန်ခံများထံမှတဆင့် လက်မှတ်ထိုးထုတ် ယူတယ်၊
(၃) အစိုးရဆန်ဂိုဒေါင်များမှ ဆန်များကို ဂိုဒေါင်မှူးများထံမှတဆင့် လက်မှတ်ထိုးထုတ်ယူတယ်၊
(၄) သပိတ်တပ်ဦးမှ ဖမ်းဆီး၍ချုပ်နှောင်ထားသောသူများကို ထမင်း/ဟင်း စား၊မစား သွားစစ်ဆေးတယ်၊
( သပိတ်တပ်ဦးက ဖမ်းထားတဲ့ သူတွေ(၆)ယောက်ရှိတယ်၊ ကျုပ်သွားစစ်ဆေးတဲ့ အချိန်မှာ လုံခြုံရေးအဖွဲ့ ကစစ်ဆေးနေ တာတွေ့ ရတယ်၊ ကျုပ်တို့ မြို့ ၊ ရပ်ကွက်ထဲက ရေတွင်းထဲကို
အဆိပ်လိုက်ခပ်တယ် အတွက်လုံခြုံရေးတွေကဖမ်းမိပြီးသပိတ်တပ်ဦးဆီပို့ ထားတာလို့ သိရတယ်၊ စစ်ဆေးချိန်တွေ့ ရတာတခုက ဒီလူ(၆)စလုံးဟာ အံဩလောက်အောင်တူနေတဲ့ အချက်တွေ
ကိုတွေရတယ်၊ နေ့ တိုင်း ထိုးနှက်/ရိုက်ပုတ်/ကန်ကျောက် လည်းမနာတတ်ဘူး၊ ခံနိုင်တယ်၊ သူတို့ မျက်
လုံးတွေက နီရဲပြီး ဘီလူးတွေလို လူကိုမျက်ထောင့် နီနဲ့ ကြည့် နေတယ်၊ မေးတာကိုတခွန်းမှပြန်
မဖြေဘူး၊ ငအ တွေလို ဖြစ်နေတယ်၊ကောလဟလ သတင်း ကြားတာက ဒီလူတွေဟာ
ဦးနေဝင်း သ္မင်္ီး စန္ဒာဝင်းက ဆေးတမျိုးထိုးပြီး ဒီလို ခိုင်း တာဖြစ်တယ်၊ ဒီလူတွေကို ဖမ်းမိတဲ့  အစမှာ သပိတ်တပ်ဦးက မြို့ မရဲစခန်းကို သွားအပ်တယ်၊ ရဲစခန်းက လက်မခံဘူး၊
ရဲစခန်းကလက်မခံတော့  စစ်တပ်ကိုသွားအပ်တယ်၊ စစ်တပ်ကလည်းလက်မခံဘူး) ဒီ(၄)မျိုးကိုအဓိက
ကျုပ်လုပ်ခဲ့ တယ်၊ ပြီးတော့ ကျုပ်နဲ့ ကျော်လေးသွယ်ကို သံတောင်မြို့ နယ် သွားပြီး စည်းရုံးရေးဆင်းဖို့ တာ ဝန်ပေးလာတဲ့ အတွက် သွားကြတယ်၊ ပထမဆုံး ပဲခူးမြို့ သပိတ်စခန်း၊ကျောင်းသားခေါင်းဆောင် ကိုဇော်မင်း၊ ကိုမိုးဟိန်း၊ကိ မောင်မောင်ကြီး၊ တို့ နဲ့ တွေ့ ခဲ့ တယ်၊ ပြီးတော့ သနပ်ပင်မြို့ သပိတ်စခန်း
၊ကျောင်းသားခေါင်းဆောင်( မမှတ်မိ)၊
ပြီးတော့ တောင်ငူသပိတ်စခန်း၊ကျောင်းသားခေါင်းဆောင်၊(မမှတ်မိ)၊ သံတောင်မြို့ သစ်၊ သံတောင်မြို့ သပိတ်စခန်း။ကျောင်း သားခေါင်းဆောင်၊စော မာမူထော ၊တို့ နဲ့ တွေ့ ခဲ့ တယ်၊အရေး
အခင်းကာလအတွင်းသပိတ်စခန်းမှာထက်နယ်ထွက်ပြီးစည်းရုံးရေးဆင်းနေရတ့အချိန်ကပိုများတယ်၊သပိတ်စခန်း
မှာအနေနဲတယ်သံတောင်မြို့ စည်းရုံးရေးသွားပြီးမှအပြန် သပိတ်စခန်းကိုပြန်ရောက်တဲ့ ညမှာပဲ (စစ်တပ်မှ အာဏာသိမ်း)တဲ့  သတင်းကိုကြားရတယ်၊ကိုကျော်ခင်မှ ကျုပ်ကိုနောက်တရက်မှာပဲေ
ကျာင်းသားတချို့ ကိုဦးဆောင်ပြီးနယ်စပ်ကိုထွက်ပြေးတိမ်းရှောင်ဖို့ ပြောတယ်၊ ကျုပ်နဲ့ ကျောင်းသားေ
ခါင်းဆောင်ကျော်လေးသွယ်၊ကျောင်းသားခေါင်းဆောင်၊ထှနျးအောငျ၊သီဟ၊ဗခနျ ့စိုး၊အောင်နိင်
၊စဗိုလ်ဝင်း၊ကျန်သူများမမှတိမိ၊(၁၀)ဦး ကို နောက်ပိုင်းမှထွက်လာမဲ့ ကျောင်းသားအများစုတို့ 
အဆင်ပြေဖို့ အတွက် နယ်မြေခံ ကေအန်ယူခေါင်းဆောင်များနှင့် ချိတ်ဆက်ဖို့  ကျုပ်တို့ ဖြတ်သွားမဲ့ လမ်းကြောင်းတွေ အားလုံးမှာ စစ်တပ်ကပိတ်ဆို့ ထားပြီးသားဖြစ်နေတာကို အံဩစွာတွေ့ ရတယ်
၊ရွှေဂွန်းရွာ ဘုန်းကြီးကျောင်းတနေ့ နားတယ်၊ ဘုန်းကြီးကအားလုံးအဆင်ပြေအောင်စီစဉ်ပေး
ပါတယ်၊ရွှေဂွန်း မှ ကျောင်းသားခေါင်းဆောင် ၊ ဇော်မင်းနိုင်၊အခြားခေါင်းဆောင်များ(မမှတ်မိ)၊တို့ မှ ရှေ့ ဆက်ရမဲ့ ခရီးလမ်းကြောင်းကို ဦးဆောင်ကြပါတယ်၊ တဆင့် ခရီးက ကပ္ပလီရွာ၊(နေ့ ဘက်အိပ်၊
ညဖက်ခရီးထွက်)၊ ခြေလျင်ခရီးဆိုပါတော့ ၊မှောင်မှိက်နေတဲ့ ညမျိုးမှာမီးမပါ၊လက်နှိပ်မီးမ
ပါပဲရှေ့ ကလူကိုအမှီလိုက်ရတယ်၊ဒီလိုခရီးဘယ်တုံးကမှမသွားဘူးတော့ခက်ခက်ခဲခဲပါပဲ၊ လမ်းပြကိုတော့ ချီးကျူးမိပါတယ်၊ကွမ်းသါသါလေးဝါးရင်း၊မင်းတို့သွားတာနှေးနေတယ်၊သူသွားတဲ့အတိုင်းမသွားရင်မိုး
လင်းပြီး၊ စစ်တပ်စခန်းတခုကိုမကျော်နိုင်ဘဲဖြစ်တော့ မယ်တဲ့ ၊မိုးမလင်းခင်အဲဒီစစ်တပ်စခန်း
တခုကိုကျော်ရမယ်၊အမြန်လျောက်တဲ့ ၊ ကျုပ်စိတ်တိုမိတယ်၊ကျုပ်တို့ လမ်းခရီးဟာမြေပြန့် မဟုတ်ဘူး
၊တခါခါ လယ်ကွင်းကြီးကိုဖြတ်၊တခါခါ ရင်ဘတ်လောက်ရေရောက်တဲ့ ချောင်းကိုကူးဖြတ်၊
တခါခါတောင်ကုန်းကလေး၊လယ်ကစဉ်းရိုပေါ်မှာလျှောက်ရတာအခက်ဆုံး၊ခဏခဏေ
ခြချော်ကျတယ်၊တကိုယ်လုံးလဲရွှံဗွက်တွေနဲ့ တခါခါရှေ့ ကလူကိုမမြင်တော့လို့ အသံနဲနဲချဲ့ ပြီးအော်ခေါ်မိတယ်၊အသံနဲနဲထွက်လာရင်လမ်းပြက စစ်တပ်ပျွိုင့် ကင်းတွေကကြားပြီးအားလုံးသေ
ကုန်မယ်တဲ့ ၊ဖမ်းမှာမဟုတ်ဘူး၊ပစ်သတ်မှာတဲ့ ၊ဒီလိုအချိန်မျိုးဟာမဲမဲမြင်တာနဲ့ ပစ်မိန့် ပဲ
လို့ ပြောတယ်၊လမ်းပြကသူနောက်ကိုဘာမှမမြင်ရတဲ့ အထဲအမှီလိုက်ခိုင်းတယ်၊ လိုက်မမှိတော့ လို့ အော်ခေါ်လဲမကြားဘူး၊ နားလေးတယ်လို့ သူ့ အကြောင်းသိတဲ့ ဇော်မင်းနိုင်ကပြောတယ်၊
မင်းတို့ ဆီမှာနားမလေးတဲ့ လမ်းပြမရှိဘူးလားလို့ စိတ်တိုတိုနဲ့ မေးလိုက်တယ်၊ ရှိတဲ့ သူတွေက
နွားဆွဲတက်ကုန်ပြီး၊ လမ်းပြတွေထဲမှာဒီလူကရွှာမှာအတော်ဆုံးဆိုပဲ၊ လမ်းခရီးမှာ(၂)နေ့ နားပြီး၊နောက်တနေ့ မနက်မှာပဲ ခလဲ့ ဒေးစခန်းကိုရောက်တယ်၊ရောက်ရောက်ချင်းပါပဲ ကေအန်ယူ
မှတာဝန်ရှိသူများနဲ့ ပြောဆိုပြီး နောက်ပိုင်းမှာရောက်လာမဲ့ ကျောင်းသားတွေအတွက်လိုအပ်
တာများကိုစီစဉ်ထားတယ်၊ ကေအန်ယူအရာရှိတွေက ဗိုလ်မှူးလားမှူး၊ဗိုလ်ကြီးလွယ်မှူး၊ပဒို ဒေးဗစ်တော၊ပဒိုအောင်ညွန့် သိန်း၊ဗိုလ်သိန်းတန်၊ဗိုလ်လှငွေ၊ဗိုလ်မှူး ထွန်းကြိုင်၊ဗိုလ်မှူးဂျော်န၊ီ
ဗိုလ်မှူးဂျော်ဖြူ၊ဗိုလ်စိုးဝင်း(မွတ်ဆလင်တပ်ဦး)၊ဗိုလ်ရင်ဖေ၊တပ်ကြပ်ကြီး ဆာလောလ၊ကျန်သော
အရာရှိအချို့ နာမည်များကိုမမှတ်မိတော့ပါ၊ရိက္ခာဆန်များ၊ငပိ၊ငရုပ်သီး၊ကြက်သွန်၊
ငါးသေတ္တာ၊အမဲသားဆီသွပ်ဘူး၊လက်နက်ခဲယမ်းများ၊အဝတ်အထည်၊စောင်၊ ပထမဦးဆုံးရောက်တဲ့ ကျုပ်တို့ ကစီစဉ်ထားကြတယ်၊နောက်(၂)ရက်မှာကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့ ရန်ကြီးအောင်တို့ အဖွဲ့ ရောက်လာကြတယ်၊ကျုပ်တို့ ကျောင်းသားခေါင်းဆောင်တွေက၊ရန်ကြီးအောင်
၊ကျော်လေးသွယ်၊မြအောင်၊ဗိုလ်ဝင်း၊ပဲတီ၊ကြည်စိုး၊အောင်လင်း၊ဗခန်.စိုး၊ထွန်းအောင်၊ကျန်
သောသူများကိုမမှတ်မိတော့ ၊ လှိုင်းဘွဲမြို့ ကဆိုရင် ရှေ့ နေငွေဝင်း၊ခိုင်တင့် စိုး၊၊ကျန်သူများကိုမမှတ်
မိတော့၊ရွှေဂွန်းရွှာကဆိုရင် ဇော်မင်းနိုင်၊ကျန်သူများကိုမမှတ်မိတော့ ၊မော်လမြိုင်အဖွဲ့ ၊ရန်ကုန်အဖွဲ့ က
ဆိုရင် အောင်ဟိန်း၊ရှေ့ နေအာယု၊ကိုကို၊ကျော်သူရ၊ကျန်သူများကိုမမှတ်မိတော့ ၊ကျုပ်တို့ စခန်းကိုေ
ရာက်လာတဲ့ သူအားလုံးပေါင်း(၅၀၀)လောက်ရှိတယ်၊ စခန်းအမည်ကိုတော့ (ကျောင်းသား၊လူငယ် ဒီမိုကရက်တစ်တပ်ဦး)(ခလဲ့ဒေးစခန်း)၊လို့ အမည်ကိုရွှေးချယ်ကြတယ်၊ စခန်းတာဝန်ခံများကိုေ
ရွှးချယ်ဖွဲ့ စည်းတဲ့ အခါကျတော့ကျုပ်ကို စခန်းတာဝန်ခံ၊ တပ်ရင်းမှူး တာဝန် ယူခဲ့ ရတယ်၊ပထမ
ဦးဆုံးဖွဲ့ စည်းပုံကတော့ အောက်ဖေါ်ပြတဲ့ အတိုင်းဖြစ်ပါတယ်၊
ကျောင်းသား၊လူငယ်ဒီမိုကရက်တစ်တပ်ဦး(Students and Youths Democratic Fronts)
၁။ စောကြိုင်ထွန်း စခန်းတာဝန်ခံ ( ဥက္ကဋ္ဌ ၊ တပ်ရင်းမှူး၊ စစ်ရေးတာဝန်ခံ )
၂။ ငွေ ဝင်း စခန်းတာဝန်ခံ ( ဒု- ဥက္ကဋ္ဌ ၊ နိုင်ငံရေး တာဝန်ခံ )
၃။ အောင်ဟိန်း ဒု-တာဝန်ခံ ( ဒု-တပ်ရင်းမှူး )
၎။ ခိုင်တင့် စိုး ( ဘဏ္ဍာရေးမှူး )
၅။ ( မမှတ်မိ )
၆။ ( ။ )
၇။ ( ။ )
၈။ ( ။ )
၉။ ( ။ )
၁၀။ ( ။ )
၁၁။ ( ။ )
(လူဦးရေ၊အမည်များမမှတ်မိတော့ ပါ)၊
ဦးတင်မောင်ဝင်းတို့ အဖွဲ့ လာရောက်ကူညီတယ်၊နယ်မြေခံ ကေအင်ယူအဖွဲ့ကတော့ဆန်၊စားသောက်
စရာ ရိက္ခာတို့ ကိုကူညီတယ်၊ကျုပ်မှာနားရတဲ့ အချိန်မရဘူး၊ စခန်းတခုလုံးရဲ့ အရေးကိစ္စတွေကို
ကေအင်ယူအရာရှိထံ တင်ပြဆွေးနွေးရတယ်၊တဖက်မှာလည်းစခန်းအစည်းအဝေဲးပြန်လုပ်ရတယ်၊
ခရီးထွက်ရတယ်၊ဒီလိုနဲ့ ဘဲ လူပန်းစိတ်ပန်း၊အစားအအိပ်မမှန်၊ တော့ ဌက်ဖျားစတက်တော့ တာပဲ၊ ဌက်ဖျားရောဂါဆိုတာကအိပ်ရာထဲလှဲသွားတာမျိုးမဟုတ်ဘူး၊ တနေ့ ကိုတချိန်တက်တယ်၊ကျုပ်ဆိုရင်နေ့ လည်(၁)နာရီမှာပုံမှန်အဖျားတက်နေတယ်၊ အဖျားတက်တော့ မယ်ဆိုရင်မျက်လုံးတွေပူလာတယ်၊
ကိုယ်တွေပူလာတယ်၊အပူချိန်၁၃၀ လောက်ရှိတယ်၊ ကြားဘူးတာတော့ အပူချိန် ၁၀၀၊၁၀၃ ဆိုရင်
စိုးရိမ်ရတယ်၊အဖျားရှိနေရင် အချဉ်မစားရဘူး၊ငန်းဖမ်းပြီးသေတတ်တယ်ပေါ့ ၊ ဌက်ဖျားဖြစ်ဘူးတဲ့ သူက သူဒီလိုလုပ်ရတယ်ဆိုပြီးတော့ ကျုပ်ကို သံပုရာသီးနဲ့ငရုပ်သီးမိုးမျော်သုတ်ထားတာကိုအတင်းစား
ခိုင်းတယ်၊ပြီးတော့  အဖျားတက်နေတဲ့ အချိန်ကိုယ်အပူချိန် ၁၃၀လောက်ရှိနေတာကို သောင်းရင်း
မြစ်ထဲ ရေကူးခိုင်းတယ်၊ အစမှာတော့ သက်သာသလိုလိုနဲ့ အဖျားကပျောက်မသွားဘူး၊ဆေးရုံသွားတော့ ဆေးစားရတယ်တနေ့ ကို(၃)ကြိမ်၊တခါကိုဆေး(၆)လုံး၊သောက်ပြီး ရင်အရက်မှူးသလိုဖြစ်နေတယ်၊ ဖျားနေလည်းမနားရပါဘူး၊အစည်းအဝေးတွေကိုတက်နေ
ရတယ်၊ အဲဒီအချိန်ကကျုပ်တို့ စခန်းနားကို နအဖစစ်တပ်က ချဉ်းကပ်လာနေပြီး၊ တိုက်ပွဲအကြီးအ
ကျယ်ဖြစ်နေတဲ့ နေရာက၊ကျုပ်တို့ စခန်းရဲ့ မြောက်ဖက်မှာဆို မဲသဝေါ၊ အံ့ကျော်ကုန်း
၊ခွေးအိပ်တောင် ဒေသတဝိုက်၊တောင်ဖက်မှာဆို မဲလ၊ဝမ်းခါ၊ကျုပ်က လက်နက်ခဲယမ်းရရှိဖို့ ကိစ္စတွေ၊ မဲသရောတိုက်ပွဲကိုစစ်ကူပေးဖို့ ကိစ္စတွေအပူတပြင်းလုပ်ရတယ်၊ ကျုပ်တို့ စခန်းက လက်နက်အဆင်သင့် မဖြစ်သေး၊စစ်ရေးသင်တန်းတောင်မစရသေးပါဘူး၊ကျောင်းသား ခေါင်းဆောင် ရန်ကြီးအောင်တို့ အဖွဲ့ ၊တပ်စိပ် ကတော့ ခလဲ့ ဒေးကိုရောက်ကတည်းကလက်နက်အစုံအလင်နဲ့ တွေ့ ရတယ်၊ သူတို့ တပ်စိပ်ကို မဲသရော စစ်ကူပေးပို့ လိုက်တယ်၊အဲဒီတပ်စိပ်မှာရန်ကြီးအောင်
၊အောင်လင်း၊ပဲတီ၊ ၊စဗိုလ်ဝင်း၊ကြည်စိုး၊(ကျန်သူကိုမမှတ်မိတော့ )ကျုပ်လဲ မဲနယ်ပလောကို လက်နက်ခဲယမ်းရရှိဖို့ အတွက်ခရီးထွက်တယ်၊တပတ်လောက်အကြာမှာစခန်းကိုပြန်ရောက်တယ်၊ ဗိုလ်ချုပ်မြ ကိုယ်တိုင်နဲ့ ဆွေးနွေးခဲ့တယ်၊ မကြာခင်လက်နက်တပ်ဆင်ပေးမယ်လို့ ပြောတယ်၊စခန်းကိုပြန်ရောက်တာနဲ့ ကေအန်ယူတပ်ကြပ်ကြီးဆာလောလ ကို ဗိုလ်မှူးလားမူး
ကအခြေခံစစ်သင်တန်း၊အေကေ၊ကာဘိုင်၊ အေအာရာ၊လက်နက်ငယ် ဖြုတ်၊တပ်၊ပစ်ခပ်နည်းများကို စပြီးသင်ကြားကြပါတယ်၊ကျောင်းသားတပ်ခွဲမှူး ဝေလင်းဇင်၊ဒုတပ်ခွဲမှူး(မမှတ်မိ)၊တပ်စုမှူးဖိုးစောကြီး၊
တပ်စုမှူးများ၊တပ်စိပ်မှူးများ(မမှတ်မိတော့ပါ)ကျုပ်တို့ ရဲဘော်တွေအားလုံးအစားအသောက်ေ
ကာင်းကောင်းမစားရဘူး၊ တနေ့ တနေ့  ငါးသေတ္တာနဲ့ ဌက်ပျော်ပင်၊အစားဆင်းရဲ၊အနေဆင်း
ရဲကြတယ်၊ ကျုပ်လည်းအတူတူပါပဲ၊ကျုပ်တို့ စခန်းကို သေ့ ဘော်ဘိုးကျောင်းသားစခန်းမှ ကိုယ်စာလှယ်
အဖွဲ့  အတွင်းရေးမှူး(၁) ကိုကိုဦးနဲ့ ဇာနည်၊ ရှဖီ တို့ ရောက်လာတယ်၊ မဟာမိတ်၊တပ်ပေါင်းစည်းဖို့ လာဆွေးနွေးတယ်၊အဲဒီတုန်းက သစ်ဘောဘိုးစခန်းမှာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်၊ အတွင်းရေးမှူး ကိုလှအောင် လို့သိလိုက်တယ်၊ ကိုကိုဦးတို့ အဖွဲ့ D.A.B အစည်းအဝေးတက်ဖို ၊့မဲဆောက်အပြန်မှာသူတို့ နဲ့ ကျုပ်ရယ်၊ဇော်မင်းနိုင်ရယ်(၂)ဦး လိုက်သွားတယ်၊D.A.B အစည်းအဝေးတက်ဖို့ ရယ်၊နောက်ကိစ္စတခုက ကျုပ်တို့ စခန်းအတွက် ဦးတင်မောင်ဝင်းပေးဝေခဲ့ တဲ့အဝတ်အစား တွေ၊ စောင်တွေသွားယူဖို့ ပါ၊မဲဆောက်ရောက်တော့ ဗိုလ်မှူးစိုးစိုး အိမ်မှာ ကိုကိုဦးတို့ နဲ့ အတူ D.A.B အစည်းအဝေး လုပ်ဖို့ ကိစ္စတွေကို ဆွေးနွေးကြတယ်၊ခလဲ့ ဒေးစခန်း ဝါးဘိုးတောမှာစပြီးတိုက်ပွဲစဖြစ်တယ်၊
အဲဒီတိုက်ပွဲမှာကျောင်းသားခေါင်းဆောင်အောင်လင်း နဲ့ ပဲတီ ၊တို့ ကျဆုံးသွားတယ်၊
ကျောင်းသားခေါင်းဆောင်ကိုကျော်ခင်၊ ကိုကျော်ဟိန်း၊ ဒေါက်တာမြင့် ချိုတို့ နောက်ပိုင်း သေ့ ဘော်ဘိုးစခန်းကနေ ခလဲ့ ဒေး စခန်းကိုပြောင်းလာကြတယ်၊မဲတလစေခနျးရနျသူထိုးစဈ
ဆင်းဆင်ပါတယ်၊မဲတလေစခန်းကျသွားပါတယ်၊မဲတလေစခန်းကျဲပြီးမော်ဖိုးကေစခန်း

ကိုပြောင်းခဲ့ တယျ၊မော်ဖိုးကေစခန်းကိုလည်းရန်သူ စတက်နေပါပြီး၊မော်ဖိုးကေ စခန်းတာဝန်ခံ ဗိုလ်မှူးချုပ်မောင်မောင်၊တပ်ရင်းမှူး၊ဗိုလ်မှူးဖါးကလိုး၊ဗိုလ်လှဖေ၊ဗိုလ်ကြီးရင်ဖေ၊ဗိုလ်ကြီးအေးဦး၊ဗိုလ်
ကျားရွှေ၊ မွတ်ဆလင်တပ်ဦးကဗိုလ်စိုးဝင်း၊တို့ နဲ့ ကျုပ်တို့ တပ်စိပ်၊ကျုပ်တို့ တပ်စိပ်မှာပါတဲ့ သူတွေက၊ ကျုပ်ရယ်၊ခင်ဇော်ဦး၊ ဝဏ္ဏစိုး၊ငြိမ်းငြိမ်းအောင်၊မြအောင်၊ကေအန်ယူတပ်ကြပ်စေးဟဲ
၊ကေအန်ယူရဲဘော်သလူးဒီး၊ ကေအန်ယူတပ်ကြပ်စေးနေဘွိုင်း၊ကျော်ဝင်း၊စန်းမြင့်အောင်၊ဗညား၊
နှပ်ချီး(ခ)ကျော်သူတို့ ဖြစ်တယ်၊မော်ဖိုကေစခန်း၊ နာမည်ကျော်ခံတပ်စခန်းဖြစ်တယ်၊ အချိန်က ၁၉၉၀ ဇန်နဝါရီ မှ မတ်လအတွင်း၊ ဇန်နဝါရီလမှာကတည်းက နအဖ စစ်တပ်၊နဲ့ ထိပ်တိုက် ရင်ဆိုင်ထားတယ်၊
တဖက်နှင့် တဖက် လက်နက်ကြီးပစ်ခပ်စမ်းသပ်နေကြတယ်၊နအဖ တပ်က မော်ဖိုးကေ စခန်းနဲ့ ကီလိုမီတာ(၃၀)လောက်ဝေးတဲ့  ၉၂၈ တောင်ကုန်း၊ အပေါ်စီးကနေ လက်နက်ကြီးမျိုးစုံနဲ့ ပစ်ခပ်တယ်၊ လက်နက်ကြီးအမျိုးအစားက၊ ၁၀၅ မမ၊ ၁၂၀ မမ၊ ၈၁မမ၇၅ ရော်ကက်လောင်ချာ၊ တူးအင့် မမ၊ ပွိုင့် (၅) စက်သေနပ်၊ အရေအတွက် ကိုတော့ မသိဘူး၊ နေ့ တိုင်းလိုလို ပစ်လိုက်၊ရပ်လိုက်ပါပဲ၊ကျုပ်တို့ 
ဘက်မှာတော့  ၈၁ မမ၊ တူးအင့် ၊ ၇၅ ရော်ကက်လောင်ချာ၊ RPG-7၊ RPG-5၊ ဒါပဲရှိပါတယ်၊ လက်နက်ကြီးအင်အားခြင်းအများကြီးကွာတယ်၊တချိန်လုံးနှင်းကျပြီးပိတ်မှောင်နေတယ်၊ တဦးနဲ့ တဦးကို ကိုက်(၅၀)လောက်ကွာရင်မမြင်တော့ ဘူး၊ လူအင်အားကတော့ နအဖ စစ်တပ်က
တပ်မ၊တပ်ရင်းပေါင်းအင်အားထောင်ချီတယ်၊ ကျုပ်တို့ ဘက်မှာတော့ လူအင်အား(၁၀၀)လောက်ပါပဲ၊ စစ်အတွေ့ အကြုံများတဲ့ ကေအန်ယူစစ်ဗိုလ်၊စစ်သားတွေကို ဒီတိုက်ပွဲမှာ ချီကျုးမိတယ်၊
တုန်လှုပ်ခြောက်ခြားမူ မရှိ၊ ကြောက်စိတ်မရှိကြဘူး၊ ကျုပ်တို့ ကျောင်းသားစစ်သားတွေ
ကိုတော့ ကိုယ်အနားကို လက်နက်ကြီးကျမယ်ဆိုရင် အသံက ဝီးဝီးမည်မယ်
၊အမြန်ဆုံးမြေပြင်မှာဝပ်ခိုင်းတယ်၊ ကိုယ်နဲ့ အဝေးကိုကျော်သွားတဲ့ အခါ လေချွန်သံလို ရွှိးရွှိး ကြားမယ်၊
ကိုယ်အနားကို လက်နက်ကြီးတလုံးကျပြီးရင်အနဲဆုံး(၃-၄)လုံးကျတတ်တယ်၊ထပြီးမပြေးနဲ့ ပေါ့ ၊ ကျုပ်တို့ မှာသူတို့ သင်ပေးတဲ့ အတိုင်းကျင့် သုံးခဲ့ တယ်၊ တဖြေးဖြေး လက်နက်ကြီးလာတာကိုမကြောက်တော့ ဘူး၊ ဒီလိုနဲ့ ဘယ်နေ့ နအဖ စစ်တပ်တွေမော်ဖိုကေစခန်းကိုတက်သိမ်းမလဲဆိုတဲ့ စိုးရိမ်စိတ်တွေလွမ်းမိုးနေတယ်၊အရင်နေ့ တွေ့ ထက်တိုးတိုးပြီးတဖက်နဲ့ တဖက်ပစ်ခပ်တာတွေ များလာ
ပါတယ်၊ မော်ဖိုကေ ထိပ်တိုက် ဖုတ်ထဲမှာ နေရင်း အချိန်တွေကုန်ခဲ့ ပါတယ်၊ ဖုတ် မြေကြီးအောက်တွင်း
ကွန်ကရစ်ဖြင့် အခိုင်အမာဆောက်လုပ်ထားသည့် နေရာဖြစ်ပြီး ရန်သူလက်နက်ကြီးကျလျှင်ခံနိုင်သည့် နေရာဖြစ်သည်)၊ အစားမမှန်၊အိပ်ချိန်မရှိ၊ ဖုတ်တလုံးမှာ စက်သေနပ်တလက်၊အရံ စက်သေနပ် တလက်၊ (၂)လက်၊ အကူပစ်ခပ်သူ(၂)ဦး၊ ဆက်သွယ်ရေးတဦး၊ ကျဉ်ဆံဖြည့် သူတဦး၊အနဲဆုံး(၄)ဦးရှိတယ်၊ ကွပ်ကဲအမိန့် ကိုနောက်တန်းကဗိုလ်မှူးချုပ်မောင်မောင်ကပေးပါတယ်၊ ထိပ်တိုက်ကွပ်ကဲမူတွေကို တပ်ရင်းမှူး ဗိုလ်ဖားကလိုး၊တပ်ရင်းမှူးဗိုလ်လှဖေ၊ ဗိုလ်ကြီး ရင်ဖေ၊ဗိုလ်ကြီးအေးဦး၊ ၊မွတ်ဆလင်တပ်ဦးဗိုလ်စိုးဝင်း၊ဗိုလ်ကြီးကျားရွှေ၊လက်နက်ကြီးဗိုလ်သိန်းနွယ်၊လက်နက်ကြီးဗိုလ်စေးနေ
ဘွိုင်းတို့ ဖြစ်တယ်၊အခြားအရာရှိများ ကိုတော့နာမည်မသိပါ။၁၉၉၀၊မတ်လ(ရက်မမှတ်မိ)၊
ကမ္ဘာကျော်မော်ဖိုးကေစခန်းကို နအဖ စစ်တပ်စခန်းသိမ်းတိုက်ပွဲစပါပြီး၊စခန်းမကျမှီ (၇)ရက်ေ
လာက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပါတယ်၊နေ့ရောညပါပဲ၊နအဖတပ်တွေဖက်ကအကျအဆုံးများပါတယ်၊
နအဖ တပ်ရင်းတွေ တရင်းပြီးတရင်းကျဆုံးတယ်ထိပ်တိုက်မှာလူသေအလောင်းတွေထပ်နေတယ်
၊လူသေအပုတ်နံ့ တွေကနံ့ ဆော်နေတာပဲ၊ ကျုပ်တို့ ကိုကိုက်အစိတ်လောက်၊ရန်သူကိုမြင်ရတော့ မှပစ်ခိုင်းတာလေ၊ နအဖတပ်တွေကညာသံပေးတက်လာတယ်၊ ဝီဆီသံတွေကဆူညံနေတယ်၊မတက်ခင် လက်နက်ကြီးတွေနဲ့၉၂၈ကုန်းကနေလှမ်းပစ်ပေးတယ်၊လက်နက်ကြီးအပြစ်ရပ်တာနဲ့ လူအုပ်ကြီး
မဲမှောင်နေအောင်တက်လာတယ်၊ကျုပ်တို့ ဘက်ကမီးစလှိုက်တွေတယောက်ကကွန်ထရိုပေးတယ်
၊တခါတက်လာရင်တခါပစ်ချလိုက်တယ်၊တခါပစ်ချလိုက်ရင်မဲမှောင်နေတာအားလုံးကုန်သွားတယ်၊ကျုပ်တို့ ဘက်မှာလူ(၁၀၀)လောက်နဲ့ ခံစစ်တိုက်နေတာ၊ ရန်သူမတက်ခင်ကတည်းကမော်ဖိုးကေစခန်းတဝိုက်ကို စည်းလေးတပ်သံဆူးကြိုးတွေနဲ့ ခြားထားတယ်၊ အထပ်တိုင်းမှာ မြေမြုပ်မှိုင်းတွေအပြည့် ၊ ရန်သူဖက်ကလက်နက်ကြီးနဲ့ မှိုင်းတွေကိုပစ်ခပ်ဖျက်ဆီးတယ်၊ဒါပေမဲ့ မပျက်တဲ့ မှိုင်း
တွေကအများကျန်နေတယ်။

No comments:
Post a Comment
mr.kyaingtun@gmail.com