Tuesday, March 8, 2011
၈၈၈၈ ကျောင်းသား ပေးဆပ်မှု တစိတ်တပိုင်း (၂) by Kyaing Tun on Sunday, February 20, 2011 at 1:08pm
အပြင်းထန်ဆုံးတိုက်ပွဲနောက်ဆုံး(၄)ရက်ရဲ့ ပထမနေ့  မှာပေါ့ ၊ နအဖ ဖက်က လက်နက်ဆန်းတွေသုံးလာတယ်၊  ကိုယ်တိုင် ခံစားရတဲ့ လက္ခဏာပြတာက ခေါင်းမှုးလာတယ်၊ မျက်လုံးတွေပူပြီးအမြင်မှုန်ဝါးလာတယ်၊ ရေငတ်တယ်၊ အသက်ရု ဖို့ ခက်လာတယ်၊ အရင်နေ့ တွေမှာ
ဒီလိုမဖြစ်ခဲ့ ဘူး၊ လေယာဉ်နဲ့ ဗုန်းကြဲတယ်၊ လေယာဉ်ထိပ်မှာအနီရောင်ပါတာတော့ တွေ့ တယ်၊ ကျုပ်တို့ ထိပ်တိုက်မှာဖုတ်(၂၀)ကျော်ရှိတယ်၊
တဖုတ်နဲ့ တဖုတ်က ကိုက်(၂၅)လောက်ကွာတယ်၊ဆက်သွယ်ရေးတူးမြောင်းတွေနဲ့ ဆက်သွယ်ထားတယ်၊ ပထမနေ့မှာဖုတ်(၃)လုံးကျသွား တယ်၊နေ့ ရောညပါ မနားတမ်းတိုက်ပွဲဖြစ်နေတယ်၊ကျုပ်တို့ မှာ ထမင်းခြောက်နဲ့ ရေ ပဲစားနေရတယ်၊လက်နက်ကြီးကနောက်တန်းရှေ့ တန်း
ဆက်သွယ်ရေးလမ်းပေါ်တရစပ်ကျနေလို့ ရိက္ခာလမ်းကြောင်းပြတ်နေတယ်၊
ဒုတိယနေ့ ၊ ကျသွားတဲ့ ဖုတ်(၃)လုံးကိုပြန်ယူနိုင်ခဲ့ တယ်၊ကျုပ်တို့ ဖက်က လက်နက်ကြီးပစ်အားမကောင်းဘူး၊ လက်နက်ကြီးကျည်ကကုန်
သွားလိုက်၊ ရောက်လာလိုက်၊ရပ်လိုက်၊ပစ်လိုက်နဲ့ နအဖ စစ်တပ်ကလက်နက်ကြီးကျတာတော့ မိုးရွှာသလိုပါ၊ ကျုပ်နားတော့ ဖြင့် လေထွက်
ပြီးကြားရတာ မသဲကွဲတော့ ဘူး၊ နာကသွေးတွေထွက်လာနေတယ်၊စက်ထဲကလည်းဆဲသံ၊ပြောသံတွေဆူညံနေတယ်၊နအဖ တပ်က နားလိုက်
တက်လာလိုက်လုပ်နေတယ်၊ တက်လာပြီးဆိုရင်ဝီစီသံတွေကဆူညံသွားတယ်၊ နှင်းကွဲ ဆလိုက်မီးကိုတယောက်က ကွန်ထရိုပေးတယ်၊ မီးထိုး
တာနဲ့ မဲမဲမြင်တာနဲ့ ပစ်တော့ တာပဲ၊နအဖ တပ်တွေ့  စည်းရိုး(၃)ထပ်လောက်မှာပဲရပ်နေတယ်၊ဆက်မတိုးနိုင်ကြပါဘူး၊
တတိယနေ့ ၊ ဝီစီသံကြားလို့ မှေးကနဲ့ အိပ်ပျော်ရာကနေလှန့်နိုးတယ်၊ နအဖတပ်က တကိုယ်စာ သစ်လုံးအပိုင်းတွေဖြတ်ပြီး အကာအကွယ်ယူ
ပြီးတက်လာနေပါလား၊ လက်နက်ငယ်ပစ်တာ လျော့ ပြီး လက်ပစ်ဗုံးနဲ့ ပစ်ရပြန်တယ်၊ RPG-5 ၊ RPG-7 တွေနဲ့ ပစ်တော့ ရပ်သွားကြတယ်၊ ကျုပ်တို့ ဖုတ်ကမော်ဖိုကေ စခန်းရဲ့ ဘယ်ဖက်ခြမ်းမှာပါ၊ ညာဖက်ခြမ်းက ဖုတ်တွေ(၆)လုံးကျပြန်ပြီးလို့ စက်ထဲကကြးရပြန်တယ်၊ကျသွားတဲ့ 
ဖုတ်ကိုပြန်လုတယ်၊ မရသေးဘူး၊ စက်ထဲကနေစစ်ကူတောင်းတယ်၊ ကွန်မန်ဒိုပေးဖို့ ၊ စစ်ကူကတော်တော်ကြာရောက်မလာဘူး၊ လက်နက်
ကြီးကျလာပုံကတော့ ၊ အော်တို စက်သေနပ် ပစ်သလိုပါ၊ နအဖတပ်တွေ လက်နက်ကြီးပစ်တာ မဆိုးဘူးလို့ ပြောနိုင်တယ်၊ ကျုပ်တို့ အပြင်ကို
ထွက်ချိန်မရဘူး၊လက်နက်ကြီးအပစ်ရပ်တာနဲ့  နောက်တခါလာပြန်ပြီးဟေ့ လို မှတ်ပါတော့ ။
နောက်ဆုံးနေ့ ၊ကျုပ်ဘေးက ကျောင်းသားရဲဘော် စောကျော်ဝင်း အာ့ ကနဲ့ အော်ပြီးကျသွားတယ်၊ သူထိချက်ကခေါင်းကို သွေးတွေပန်းထွက်
နေတယ်၊ သူကိုဆွဲထူလိုက်တယ်၊ အမေ..အမေ..လို့ နှစ်လုံးဘဲကြားလိုက်တယ်၊ သူဇက်ကြိုးသွားပြီး၊ နအဖ တပ်ကအသေခံပြီးတော့ ကိုတက်
လာနေတယ်၊ ရဲဘော်ကျော်ဝင်းအတွက် အံကြိတ်ပြီး၊ သေနပ်ကိုတင်းတင်းဆုပ်ပြီး ကျည်တဘောက်ပြီးတဘောက် ပစ်လိုက်တယ်၊ အေကေ
ကျည်တဘောက်မှာ ကျည်ဆံ ၃၁ တောင့် ရှိတယ်၊ ကျည်တပုံးမှာတော့ ကျည်ဆံ ၄၅၀ တောင့် ရှိတယ်၊ အော်တို ပစ်နေတာကျည်တဘောက်
ကို တမိနစ် ပဲ၊ မဲကနဲ တက်လာတဲ့ ရန်သူတွေ ပစ်မလောက်ဘူး၊တပ်ကြပ် စေးဟဲ ကျသွားပြန်ပြီး စက်ထဲကကြားတယ်၊ ရန်သူကို ပစ်တာအားမ
ရလို့  RPG-7 နဲ့ ဖုတ်ပေါ်ကတက်ပြီးမတ်တပ်ရပ်ပစ်တာ လို့ စက်ထဲ ကကြားတယ်၊ ကေအင်ယူ ရဲဘော်တွေ သတ္တိရှိပုံများ ကျုပ်မြင်ရကြားရ
တာတွေက အံသြစရာပါ၊
နအဖ တပ်က စခန်းသိမ်းတိုက်ပွဲအတွက်အသေခံပြီး တက်နေတယ်၊သေနပ်သံ၊လက်နက်ကြီးသံ၊လေယာဉ်ပေါ်ကစက်သေနပ်သံများ၊လူအင်
အား၊လက်နက်အင်အား အဆမတန်ကွာတယ်၊ ကျုပ်တို့ ဘက်က စစ်ကူတောင်းသံ စက်ထဲကကြားတယ်၊ ကေအန်ယူဗဟိုသ/ဝ/ခ မှ ကွန်
မန်ဒိုတွေ ရောက်လာတယ်၊ကျသွားတဲ့ ဖုတ်တွေ ကွန်မန်ဒိုအဖွဲ့ ကပြန်ယူနိုင်ခဲ့ တယ်၊ စစ်ကူတွေ ယိုးဒယားကမ်းမှာအများကြီးရောက်လာတယ်၊
လည်ကို ပိုင်းပြီး ပစ်နေတယ်၊ စစ်ကူတက်ဖို့ မလွယ်ဘူး၊
ဒါပေမဲ့ ခံစစ်အနေအထားကကောင်းတုန်းမှာပဲရှိပါသေးတယ်၊ ဗိုလ်မှူးချုပ်မောင်မောင်က မော်ဖိုးကေစခန်းက ဆုတ်ခွါဖို့ အမိန့် ပေးနေပါပြီး၊ စက်
ထဲကနေ ဆဲသံ၊ဆိုသံတွေ ဆူညံသွားပါတယ်၊ တပ်ရင်းမှူး ဗိုလ်မှူး ဖားကလိုး နဲ့  သူရဲ့ ရဲဘော်များက မဆုတ်ဘူး၊ အသေခံတိုက်မယ်လို့ 
ပြန်ပြောတယ်၊ ကျုပ်က ဗိုလ်ကြီးအေးဦးအနားမှာရှိနေလို့ စက်ထဲက ဘာပြောတယ်ဆိုတာကိုသိနေတာပါ၊ကျုပ်က ကရင်ဘာသာစကား၊ ပိုး၊
စကော ၂ မျိုးလုံးကို နားလည်တယ်၊ သူ့ တို့ စကောကရင် ဘာသာစကားနဲ့ ပြောကြပါတယ်၊ ဖူးကဲ...ဖူးကဲ ခေါ်သံ၊ (ဖူးကဲ ။    ။ဗိုလ်မှူးချုပ်
မောင်မောင် ရဲ့  စက်အမည်)၊ဗိုလ်ချုပ်မြ ကိုယ်တိုင်တိုက်ပွဲကို ကွပ်ကဲအမိန့် ပေးနေတယ်လို့ ကြားတယ်၊ အမှန်တကယ်ပြောရင်တော့ မော်
ဖိုးကေစခန်း နအဖ တက်သိမ်းလို့ မရခဲ့ ပါဘူး၊ ကျုပ်တို့ အားလုံး ကြေကွဲဝမ်းနည်းစွာနဲ့ ဆုတ်ပေးလိုက်လို့ ပါပဲ၊
မဆုတ်ပေးခင် နာရီပိုင်းလောက်မှာပဲ မော်ဖိုးကေစခန်းကို သိပ်ချစ်ရှာတဲ့ ၊ ဆုတ်မိန့် ပေးတာကို မဆုတ်နိုင်ဘူး၊အသေခံတိုက်မယ်၊ ငါသေမှ
မော်ဖိုးကေ ကို မင်းတို့ ရမယ်၊ ဆိုတဲ့  မော်ဖိုးကေစခန်း တပ်ရင်းမှူး ဗိုလ်မှူးဖားကလိုး အသက်ပေးခဲ့ တယ်၊ သူရဲ့  ရဲဘော်တွေငိုယိုပြီးသူတို့ 
ချစ်တဲ့ တပ်မှူးနဲ့ နေရာလေးကို ရန်သူလက်ထဲ ပေးလိုက်ရပါတယ်၊ ကျုပ်တောင်မှ လပိုင်းလောက်ပဲ နေလိုက်ရတယ်၊ ကျုပ်လဲဘာကြောင့် များ ဝမ်းနည်းစိတ်ဖြစ်ရသလဲ၊
မနက်(၆)နာရီ ၊ မော်ဖိုးကေစခန်းကို မှန်ဘီးလူးနဲ့ လှမ်းကြည့် မိတယ်၊ မြန်မာအလံတော်ကလေထဲမှာတလူလူလွင့် နေပါတယ်၊ ကမ္ဘာကျော်
နာမည်ကြီး မော်ဖိုးကေစခန်းတိုက်ပွဲ၊ ကျဆုံးသူ၊ဒါဏ်ရာရသူစာရင်းမှာတော့ ၊ သေဆုံးသူ (၅)ဦး၊ ကျောင်းသားရဲဘော် စောကျော်ဝင်း (ဘားအံ
မြိဲု့ ) အပါအဝင်၊ တပ်ကြပ် စေးဟဲ(ရှိုးကလိုးရွာ)မော်ဖိုးကေစခန်း တပ်ရင်းမှူးဗိုလ်မှူး ဖားကလိုး၊ ဒါဏ်ရာရသူ(၂၅)ဦး ဖြစ်တယ်။
မော်ဖိုးကေစခန်းကျတော့ မဲလစခန်းကို ကျုပ်တို့ ရောက်သွားတယ်၊ မဲလစခန်းမှာလည်းနအဖ တပ်တွေ တက်လာနေပြီး၊ တိုက်ပွဲဖြစ်နေပြီး။
ဗိုလ်လှဖေက သူတပ်သားအချိုနဲ့ တွဲပြီး မဲလရှေ့ တန်းကို( နောက်တန်းနဲ့ ရှေ့ တန်းနေရာက(၁၀)မိုင်လောက်ပဲဝေးမယ်၊) ကျုပ် တို့ ရိက္ခာပို့ တဲ့ 
တာဝန်ပေးတယ်၊ ရိက္ခာပို့ တဲ့ လမ်းကြောင်းကိုလည်းလက်နက်ကြီးကျနေတယ်၊ လေယာဉ်နဲ့ လည်းဗုံကြဲတိုက်ခိုက်တယ်၊ ရိက္ခာပို့ ပေးတာဆို
တော့ ရှေ့ တန်းပို့ တာနဲ့ စာရင်တော်သေးတာပေါ့ ၊ လက်နက်ကြီးနဲ့ လေယာဉ် (၂)မျိုးဘဲ သတိထားရတယ်၊ ကျောင်းသားအဖွဲ့ ကဆိုရင်
ကျော်သူ၊ စန်းမြင့် အောင်၊ မောင်နိုင်၊ကျော်သန်း၊ ကပ္ပလီ၊ တင်သန်း၊အောင်မိုးဇော်(ရန်ကုန်)၊ (၇)ယောက်ဘဲကျန်တယ်၊ ခင်ဇော်ဦး၊ဝဏ္ဏစိုး၊
ငွေဝင်းတို့ ရိုးခလိုးရွာမှာကျန်နေမယ်ထင်တယ်၊ သူတို့ ပါမလာကြတော့ ဘူး၊ မော်ဖိုးကေစခန်းက ကေအန်ယူရဲဘော်တွေကိုလည်း မဲလ၊ ဝမ်းခ
ကိုခွဲ ပို့ ကြတယ်၊ဝမ်းခ မှာလည်းတိုက်ပွဲ အကြီးအကျယ်ဖြစ်နေပြီး။
မဲလစခန်းကျပြီးနောက်တပတ်မှာပဲ ဝမ်းခါ့ စခန်းကိုစစ်ကူသွားရတယ်၊ဝမ်းခစခန်းတာဝန်ခံများဖြစ်တဲ့ ဗိုလ်မှူးတော်လာ၊ဗိုလ်မှူး သန်းအောင် ထံ
သတင်းပို့ တယ်၊ ဝမ်းခါ့ တိုက်ပွဲကနေ့ ရောညပါ ဆက်တိုက်ပဲ၊ကျုပ်တို့ တပ်စိပ်ကို ကေအန်ယူမှ ဗိုလ်ဘိလပ် ဦးဆောင်တယ်၊ ဝမ်းခစခန်းကို
လေယာဉ်နဲ့ ဗုံကြဲတိုက်ခိုက်တယ်၊ ခံစစ်တိုက်ပွဲ သက်သက်မဟုတ်ပဲ၊ နအဖ တပ်တွေနဲ့ ရောထွေးနေတဲ့ ဧရိယာထဲမှာ ထိုးစစ်တိုက်ပွဲပါ ဝင်ကူ
ပေးရတယ်၊ ကျုပ်တို့ ကျောင်းသားတွေက ပြီးခဲ့ တဲ့  မော်ဖိုးကေ၊ မဲလ၊တိုက်ပွဲတွေမှာပင်ပန်းခဲ့ တဲ့ အတွက်နောက်တန်းကိုပြန်အနားယူချင်ကြ
တယ်၊ ကျုပ်လည်း ဌက်ဖျားတက်နေတယ်၊နောက်တန်းပြန်ဖို့ အခြေအနေကမလွယ်သေးဘူး၊ ကျုပ်တို့ နေနေရတဲ့ နေရာက နအဖ တပ်တွေနေ
ရာယူထားတဲ့ ကြားမှာဖြစ်နေတယ်၊အတည်တကျနေရာ မဟုတ်ပဲ လှုပ်ရှားစစ်ဆင်ရေး နဲ့ ရန်သူရိက္ခာလမ်းကြောင်းများကိုကြားဖြတ်တောက်
ဖို့ ဖြစ်တယ်၊ ရန်သူတပ်နဲ့ ထိပ်တိုက်သွားတိုးတဲ့ တနေ့ မှာ၊ ကျုပ်တို့ တပ်စိပ် ဆုတ်ပြေးခဲ့ တယ်၊ ကိုယ်လွတ်ရုံးပြေးရလို့ လူစုကွဲသွားတယ်၊
ဗိုလ်ဘိလပ်နဲ့ တခြားရဲဘော်တွေကဝမ်းခါ့ စခန်းဖက်ကိုပြန်ရောက်ခဲ့ တယ်၊ ကျုပ်နဲ့ ကျောင်းသားရဲဘော် ကျော်သူ(ခ)နှပ်ချီး၊ စန်းမြင့် အောင်
တို့ က လမ်းပျောက်နေတယ်၊ တိုက်ပွဲဖြစ်တဲ့ ဝမ်းခါ့ စခန်းနဲ့ တဖြေးဖြေးဝေးလာတာကိုတော့ သိတယ်၊ သေနပ်သံတွေက သဲ့ သဲ့ လေးဘဲကြား
ရတော့ တယ်၊ ကျုပ်ကတော့ ဘယ်နေရာရောက်နေလဲဆိုတာမသိတော့ ဘူး၊ တောင်ကုန်းတွေ၊ ရှိုမြောင်ချိုင့် ဝှမ်းတွေ၊ချောင်းတွေ ဖြတ်ရင်း
ပြောင်းဖူး တောင်ယာခင်းတခုကို ရောက်ခဲ့ တယ်၊ ယာတဲပိုင်ရှင်မတွေ့ ဘူး၊ သိပ်မဝေးတဲ့ နေရာမှာတော့ ရွာရှိမယ်ဆိုတာတော့ သိတယ်၊ထမင်း မစားရတာ(၂) ရက်ရှိပြီးဆိုတော့ ပြောင်းဖူးအစိမ်းဘဲ ချိုးစားကြတယ်၊တောင်ပေါ်ကရင်ယာတဲမှာပဲ (၂)ရက်လောက်နားနေကြတယ်၊ ယာတဲမှာ
တွေ့ တဲ့ အရပ်ဝတ် င်္အကျ၊ီလုံချည် တွေနဲ့ စစ်ယူနီဖောင်းတွေကိုချွတ်လှဲလိုက်တယ်၊ စစ်ယူနီဖောင်းနဲ့  လက်နက်တွေကိုတောင်ကြားတနေရာ
သွားဖွက်ထားလိုက်တယ်၊ တကယ်လို့  နအဖ တပ်နဲ့ တွေလို့  ကျောင်းသားရဲဘော်တွေမှန်းသိရင်၊လက်နက်တွေကိုတွေ့ ပြီး ထုနှက်၊ပစ်သတ်
မှာမို့ လို့ ပါ၊ ကျုပ်ကတော့ ဌက်ဖျားတွေတက်ပြီး ဘာမှမစီစဉ်၊ မစဉ်းနိုင်တော့ ဘူး၊ ကျော်သူနဲ့ စန်းမြင့် အောင်တို့ တို့ ရဲ့ အစီအစဉ်တွေဖြစ်တယ်
No comments:
Post a Comment
mr.kyaingtun@gmail.com