Sunday, December 2, 2012

“ လင်းလက်ခွင့်မရခဲ့သော ကြယ်ပွင့်လေးများ၏ အနာဂတ်မျှော်မှန်းချက်” By –ကိုတိုး(ချင်းတွင်း)

Saw Phyo Lay shared Monywa Times's photo.
“ လင်းလက်ခွင့်မရခဲ့သော ကြယ်ပွင့်လေးများ၏ အနာဂတ်မျှော်မှန်းချက်”
By –ကိုတိုး(ချင်းတွင်း)
                အညာဒေသ၏ ရာသီဥတုအပူရှိန်အောက်တွင် ဘေလ်ထုပ်စ စူပါအိတ်ကြီးများကို ကိုယ်စီထမ်းပိုး လျက်အုပ်စုဖွဲ့ကာ တစ်လမ်းဝင် တစ်လမ်းထွက် ဗူးခွံ၊ ပုလင်ခွံများလိုက်လံကောက်ယူနေသူ အသက် ၉နှစ်မှ ၁၂ နှစ်အရွယ်ထိ ကလေးငယ်များကို နေ့စဉ်မြင်တွေ့ကျရသည်။ 
             “ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်းကြားနိုင်ရေးစီမံကိန်း” ကြီးသည် ၎င်း ကလေး ငယ်များနှင့် မသက်ဆိုင်သလိုဖြစ်နေရချင်းမှာ ကျားရဲရာကြမ္မာမငြိုးနိုင်သည့် အဖြစ်ပင်ဟု ဆိုရပေတော့မည်။ မြင်မိသူတိုင်းကတော့ ကံကြမ္မာကိုရိုးမယ်ဖွဲ့ပြီး အနာဂတ်မျိုးဆက်သစ်၏ လူ့စွမ်းအားအရင်းအမြစ်များအတွက် ရင်မအေးဖြစ်နေကြရသည်။
 အဆိုပါ မြင်ကွင်းတွင်ဖော်ပြပါ ကလေးငယ်များအနက် မုံရွာမြို့၊ သလ္လာအမှတ်( ၉ ) ရပ်ကွက်နေ အသက် ၁၁ အရွယ် အကိုဖြစ်သူနှင့် အသက် ၉ နှစ်အရွယ် ညီမဖြစ်သူ မောင်နှမ နှစ်ယောက်တို့၏ အနာဂတ်မျှော် မှန်းချက်များကား …
   “ သားကျောင်းလိုက်မယ်လို့ အဖေကိုပြောတော့ ပိုက်ဆံအများကြီးရှိမှ ကျောင်းကလိုက်လို့ရတာတဲ့ ။ သား ကျောင်းလိုက်ဖို့ဆိုပြီး အဖေက မြေကျင်းလိုက်တူးတယ်။ သံတွေရဖို့တူးတာပါ ။ မြေကျင်းပိပြီး အဖေက သေသွား တယ်။ အမေက ညီမလေးနဲ့ အိမ်မှာရှိနေခဲ့တာပါ..”  ဟု လွန်ခဲ့သော ၅ နှစ်ခန့်က ဖခင်ဖြစ်သူ သေဆုံးခဲ့ရပုံ မိသားစု လေးရဲ့ဘ၀ပြိုပျက်ခဲ့ရပုံကို အရွယ်နဲ့မလိုက် ဆိုနင့်ကြေကွဲစွာ မျက်ရည်များဝဲလျက် ပြောပြနေသော မောင်ငြိမ်း ချမ်း(အမည်ရင်းမဟုတ်ပါ)၏ မျက်ဝန်းအစုံသည် ညီမလေးဖြစ်သူအား တစ်ချက်ဝှေ့၍ကြည့်လိုက်သည်။ 
          ပတ်ဝန်ကျင်၏ ပြောပြချက်များအရ လွန်ခဲ့သော ၅ နှစ်တာကာလခန့်က မုံရွာတက္ကသိုလ်ကျောင်းဝင်း၏ အနောက်မြောက်ဘက်အရပ်တွင်တည်ရှိသော အင်္ဂလိပ်ခေတ် စစ်ကျန်းသံတိုသံစ ပစ္စည်းများမြုတ်နှံထားရာနေရာ တွင် သံတိုသံစများတူးဖော်ရောင်းချ၍ မိသားစုစားဝတ်နေရေးနှင့် သားဖြစ်သူ ကျောင်းလိုက်နိုင်ရေးအတွက်  ဖခင်ဖြစ်သူက ရုန်းကန်ရာဖွေရင်း  မြေပြိုကျ၍ တွင်းပိသေးဆုံခဲ့ရသည်ဟု သိခွင့်ရပြန်သည်။ 
        “ အဖေ သေသွားပြီးတော့ သားက ကိုရင်ဝတ်တယ်။ စာဖတ်တတ်ချင်လို့ဝတ်တာပါ ။ အဖော်တွေက ကျောင်း လိုက်နေပြီလေ .. သားလည်းကျောင်းလိုက်ချင်တယ်။ ပိုက်ဆံအများကြီးရအောင် ရေဗူးခွံတွေ၊ ပုလင်းခွံတွေလိုက် ကောက်ပြီးရောင်းတယ် ။ ဘုန်းကြီးသိရင် ရိုက်မှာကြောက်လို့ အိမ်ပြန်နေခဲ့တာ။ အိမ်းရောက်တော့ အမေက လူထွက်ခိုင်တယ်” ဟု မောင်ငြိမ်းချမ်းက လက်ရှိအလုပ်အကိုင်ထဲသို့ စတင်ဝင်ရောက်လာခဲ့ပုံကို ရှင်ပြပြော ဆိုသည်။ 
         အသက် ၄၀ ၀န်းကျင်ခန့်တွင် မီးရပ်ကျိုးရောဂါဖြင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုနည်းပါးခြင်းဝေဒနာခံစားနေရသူ က လေးနှစ်ယောက်၏မိခင် မောင်ငြိမ်းချမ်း၏ အမေဖြစ်သူမှာ အညာဒေသသို့ လွန်ခဲ့သော ၁၅ နှစ်ခန့်က ဆယ်နှစ့် ပွဲဈေးသည်ဘ၀ဖြင့် ရောက်ရှိလာခဲ့ရာ မွေးချင်းတော်စပ်သူတစ်ဦးတစ်ယောက်မျှ ယင်းဒေသတွင်မရှိ ကြောင်း သိရသည်။ 
         “မိဘတွေက ပွဲဈေးသည်တွေလေ ။ ဈေးရောင်းလာရင်း မုံရွာမှာ ကလေးတွေဖအေနဲ့ အိမ်ထောင်ကျခဲ့တာ။ အခုတော့ မိဘတွေနဲ့ အဆက်အသွယ်မရတာ အငယ်မလေး ငယ်ငယ်ကတည်းကပါ” လက်တုန်ခေါင်းရမ်းစွာ ဖြင့် မောင်ငြိမ်းချမ်း၏ မိခင်ဖြစ်သူက ပြောပြသည်။ 
       “ကျွန်မတို့အိမ်ကို ဧည့်သည်ဆိုတာ မလာဘူးတော့ ဧည့်ဝတ်မကျေရင်ခွင့်လွတ်ကျပါတော်” ဟု အားနာကြီးသော မျက်ဝန်းအစုံဖြင့်ကြည့်ကာ အိုကေ အမှတ်တံဆိပ်ပါ စက္ကူဂျပ်ဖာကိုဖြန့်ခင်းပေးရင်း “ ထိုင်ကျပါ တော်” လို့ ဧည့်ခံစကားများကို ဖော်ရွေစွာဖြင့် ဆိုပြန်သည်။ 
       ခြေသလုံးအရွယ်ခန့်လုံးပတ်ရှိပြီး အမြင့်အားဖြင့် ၇ ပေထက်မပိုသော အဝေရာသားများကို ခေါင်တိုင်နှစ်လုံး အဖြစ်စိုက်ထူကာ ထီးရိုးဝါးတစ်လုံးအား ခေါင်တန်းအဖြစ်အသုံးပြုလျက် တစ်ဘက်အနီ တစ်ဘက်အပြာ အရောင် နှစ်ရောင်ကျောခြင်းကပ်ထားသည့် ခပ်နွမ်းနွမ်းပလပ်စတစ်မိုးကာစလေးတစ်ချပ်ကို ခေါင်တန်းပေါ်တင်၍ဖြန့်မိုး ထားသည်။ ထင်းရှုးသေတ္တာတစ်လုံးနှင့် သားမိသုံးယောက် လူးလွင့်အိပ်နိုင်သော အကျယ်အ၀န်းရှိသည့် တဲအိမ် ကလေးမှာ မောင်ငြိမ်းချမ်းတို့၏ မိသားစုလေး ခိုကိုးရာ အရိပ်စစ်နေရာတစ်ခုပင်ဖြစ်သည်။ 
      “အရင်တုန်းကတော့ သူ့များကွမ်းခြံမှာ အစောင့်လုပ်ရင်း နေစရာအတွက်မပူခဲ့ရဘူး။ ကွမ်းခြံပိုင်ရှင်က သူ့ခြံကိုရောင်းလိုက်တယ် ..” ဟု ၎င်း တဲအိမ်ပိုင်ရှင်ဖြစ်သူ မောင်ငြိမ်းချမ်း၏မိခင်က ယင်းကဲသို့ ဆက်လက်၍ ပြော ပြသည်။
          နေ့စဉ် မနက် ၇ နာရီဝန်းကျင်ခန့်တွင် မိခင်ဖြစ်သူက အိပ်ယာမှထကာ နေအိမ်တဲလေး၏ အနောက်ဘက် ထောင့်စွန်းတစ်နေရာရှိ ထနောင်ပင်အောက်တွင် မြေကျင်းတူးမီးဖိုပေါ်၌ အဖုံးမျက်နှာပြင်တစ်ခုလုံး အဖုအထစ် ပေါင်းများစွာပါရှိသော ကျက်ခိုးစွဲမတတ် ဖင်မဲနေသည့် စလွယ်ဝင်ဒန်အိုးလေးကိုတည်ကာ မိသားစုသုံးယောက် ၏ အဟာရဖြည့်တင်းနိုင်ရေးအတွက် ထမင်းချက်ပြုတ်ရပြန်သည်။
          “ ချက်ဟင်းရောင်းတဲ့ ဆိုင်တွေမှာ ဟင်းပေါင်းဆိုတာရောင်းတယ်။ တစ်ရာဖိုးဝယ်ရင် ညမနက်စားလောက် တယ်ဆိုတော့ ကျွန်မက ထမင်းတစ်အိုးပဲချက်ရတာပါ “  အသက်ဆက်ရုံသက်သက်ဖြင့် ချက်ပြုတ်စားသောက် ရခြင်းသည် မောင်ငြိမ်းချမ်းတို့ မောင်နှမနှစ်ယောက် မြို့တွင်းတလျောက် လှည့်လယ်ကောက်ယူစုဆောင်း၍ ရရှိသော ဗူးခွံ၊ ပုလင်းခွံများ တစ်နေ့ရောင်းရငွေ တစ်ထောင့်လေးငါးခြောက်ရာ ငွေလေးဖြင့်ရပ်တည်နေရခြင်း ပင်ဖြစ်သည်။ 
            မောင်ငြိမ်းချမ်း ကဲသို့သော ဗူးခွံ၊ ပုလင်းခွံများ လိုက်လံကောက်ယူနေသူ ကလေးငယ်များသည် မြို့တွင်း ရှိ နေရာအနှံ့အပြားသွားလာ၍ လိုက်လံရှာဖွေကောက်ယူစုဆောင်ကျရသည်။ ၎င်း ကလေးငယ်များသည် မိမိတို့ လိုက်လံကောက်ယူရရှိသော ပစ္စည်းများအား မြို့တွင်းရှိ နီစပ်ရာအ၀ယ်ဒိုင်များတွင် ၀င်ရောက်ရောင်းချ၍ မိသား စုဝင်ငွေအတွက် တစ်ဖက်တလှမ်းမှ  ရှာဖွေပေးနေရသူများဖြစ်ကြောင်းသိရသည်။ 
          “သားကျောင်းမလိုက်ချင်တော့ဘူး။ အမေနဲ့ညီမလေးအတွက် ပိုက်ဆံတွေအများကြီးရအောင် အလုပ် လုပ်ချင်တယ် ။ ပိုက်ဆံတွေရမှ သားလည်းကျောင်းလိုက်နိုင်မှာ ဗျ ..” ဟု မောင်ငြိမ်းချမ်း၏ စကားသံကို ငေးငိုင်စွာဖြင့်နားစွန့်နေလေသူက သူ၏မိခင်ပင်ဖြစ်သည်။ 
      လက်ချုပ်ချုပ်၍ နေရာအချို့ကိုဖာထေးထားသော အပွင့်ရိုက်သရက်ထည် လုံချည်အ၀ါနုရောင်နှင့် ရိပ်ပန်းစ မီးခိုးရောင် လက်စကဘလောက်အင်္ကျီခပ်နွမ်းနွမ်းလေးကိုဝတ်ဆင်ထားသူ မောင်ငြိမ်းချမ်း၏ မိခင်ဖြစ်သူ ဘေး တစ်ဘက်တစ်ချက်တွင် ပျစ်ပျစ်လေးထိုင်နေသူ သားသမီးနှစ်ယောက်၏ ပခုံပေါ်တွင်မိခင်ဖြစ်သူလက်က သိုင်ဖက်တင်လျက် “ မိဘတိုင်းရဲ့မျှော်လင့်ချက်ဟာ သားသမီးတွေဖြစ်ရပါတယ်တော် ..။ ကျွန်မ ကလေး တွေရဲ့ဘ၀ အနာဂတ်မှာ လင်းလက်နိုင်တဲ့ကြယ်တွေဖြစ်စေချင်ပါတယ် ..။ ဒါပေမဲ့ ကျောင်းပညာရေဆိုတာ ဒီဘ၀အတွက်တော့ ကျွန်မတို့နဲ့ ဝေးရတော့မယ် ထင်ပါရဲ့တော် ..” ဟု မျက်ရည်စများစီးကျကာပြောဆိုပြနေသော မိခင်တစ်ယောက်၏ မေတ္တာတရားသည် စနစ်တစ်ခု၏ ပြဌာန်းချက်များကြောင့် ဖြစ်ပေါ်လာခဲ့ရသော စိတ်ဒဏ်ရာများကို မာန်းပြည်အစက်စက်ဖြင့် စိမ့်ယိုထွက် နေတော့သည်အလား ထင်မြင်မိရပြန်သည်။ 
       အထက်မြန်မာပြည်၏ မြေပေါ်မြေအောက် သယံဇတပစ္စည်းများ အမြှောက်အများထွက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီးသည် မောင်ငြိမ်းချမ်းတို့မိသားစုလေး အခြေစိုက်နေထိုင်ရာဒေသဖြစ်သည်။ ကန်ရေသောက်၍ မွဲခြောက် နေသောဒေသမဟုတ်။ သစ်မျိုးစုံ၊ကျောက်မီးသွေး၊နှင့်အခြားသောထွက်ကုန်ပစ္စည်းများအား ချင်းတွင်းမြစ်ကြောင်း မှတဆင့် နေ့စဉ်  သယ်ယူထုတ်ဆောင်လျက်ရှိရာ ကုန်စည်ကူးသန်းရောင်းဝယ်ရေးများနှင့် အထူးပင်စည်ကား လျက်ရှိသည့်မြို့ ကြီးတစ်မြို့ဖြစ်သည်။ 
      “ တိုင်းဒေသကြီးက ချမ်းသာကြွယ်ဝသလောက် မြို့ထဲမှာလည်း အခုလို ဗူးခွံ၊ ပုလင်းခွံ လိုက်ကောက်နေတဲ့ ကလေးတွေက တစ်နေ့တခြားများ များလာရပါတယ်” ဟု မုံရွာဘူတာကြီးအနီးရှိ သုံးဘီဆိုင်ကယ် အငှားယာဉ် မောင်းနင်းသူတစ်ဦးက ပြောပြသည်။ 
          “ လူသားအချင်းချင်း တာဝန်ယူလိုမှုကင်းမဲ့တဲ့စကားတွေနဲ့  အဲ့ဒီကလေးငယ်တွေရဲ့ ဘ၀ကို လူတွေကအ ရောင်ဆိုးကျတယ်။ အဲ့ဒီကလေးတွေက အကျင့်ကောင်တာမဟုတ်ဘူး။ ခိုးချင်တယ် လစ်ချင်တယ် လို့လည်း ပြောလိုက်ရော လူတော်တော်များများက ကလေးတွေကို အမြင်မကြည်ဖြစ်ကုန်ကျရောလေ..” ဟု အဆိုပါ သုံးဘီဆိုင်ကယ် ဒရိုက်ဘာက ဆက်လက်၍ ပြောပြသည်။ 
        ဘုရားနီဘုရား၏ အရှေ့တောင်ဘက် သံလမ်းဈေးအခွန်လွတ် အမှိုက်ပုံတွင် မောင်ငြိမ်းချမ်းတို့လုပ်ကိုင် လျက်ရှိသော အလုပ်များကဲသို့ လုပ်ကိုင်နေသူ ထန်းတောရပ်ကွက်နေ ကလေးငယ်အချို့၏ပြောပြချက်မှာ” သားတို့ကို အမှိုက်ကောက်တဲ့လူကြီးတွေက အမြဲတန်းငေါက်တယ်။ ပြီးတော့မောင်းထုတ်တယ်။ သားတို့က အမှိုက်ပုံ ထဲက သူများတွေပစ်ထားတာပဲကောက်ယူတာပါ ” ဟု ဆိုပြန်သည်။
              မြို့လယ်လမ်းဘေးနေရာများနှင့် လမ်းမကြီးအချို့ပေါ်၌ ညဦးပိုင်းခပ်စောစောအချိန်တွင် မြို့နေလူ တန်းစားကြီးများက အမှိုက်လာ၍စွန့်ပစ်တတ်ကျသည်။ အသုံးမလိုတော့သည့်အတွက် အပြီးအပိုင်စွန့်ပစ်လိုက် သောအမှိုက်များကြားတွင် စားဝတ်နေရေးအတွက် အသုံးတည့်ရန် မွေနှောက်ရှာဖွေနေသူများက အမှိုက်ပုံရှိသည့် နေရာတိုင်းမှာပင်ရှိနေသည်ကို မြင်တွေ့နိုင်ပြန်သည်။ 
        “ ဂလုပ် ..ဂလုပ်လိုက်ကောက်နေတဲ့ ကလေးတွေကို လူတွေကအထင်အမြင်သေးစွာနဲ့ ဆက်ဆံကျတယ်။ အချို့ဆိုရင်အလကားနေရင်း ငေါက်ငမ်းဆဲဆိုကြိမ်းမောင်းတာတောင်ရှိတယ်။ လူတွေရဲ့အမြင်မှာရော ကလေးတွေရဲ့အမြင်မှာရော အပြန်အလှန် Back see  တွေဖြစ်ကုန်နေပြီ ။ ဒါ အနာဂတ်အတွက် မလိုလားအပ်တဲ့ လက္ခဏာတစ်ခုဖြစ်တယ် ..”  ဟု ပန်းပုဆရာကြီး ဦးစိုးတင့် ဆိုသူက ကလေးငယ်များ၏ဘ၀သရုပ်ကို ထုဆစ်ပုံ ဖော်ကာ မှတ်ချက်ပြု ပြောကြားသည်။ 
      အဆိုပါ မြင်ကွင်များနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာရေကြောင်း ဥပဒေပါမောက္ခ(အငြိမ်းစား) ဆရာဦး ကျော်ညွန့်ရေးသားသည့် “ ဆင်ရဲခြင်းကို တိုက်ဖျက်ခြင်း” ဆိုသောစာအုပ်ပါ အချက်အချို့ကို သတိတရဖြစ်မိရ သည်။ ယင်း စာရေသူက “တိုင်းနိုင်ငံအချို့ ဆင်ရဲတွင်းနက်နေရခြင်း၏ အဓိကအကြောင်းအရင်း (၁၁)ချက်ရှိတယ်” ဟု ထောက်ပြပြောဆိုသည်။ ၎င်းအချက်များမှာ …
၁။  မိမိနိုင်ငံနှင့်လိုက်လျောညီထွေးမှုရှိသော ပညာရေးမူဝါဒများကို မချမှတ် မကျင့်သုံးနိုင်ခြင်း။
၂။ မိမိနိုင်ငံနှင့် လိုက်လျောညီထွေးဆက်စပ်မှုမရှိသော စီးပွားရေးမူဝါဒများကို လိုက်နာကျင့်သုံးလျက်ရှိနေခြင်း။
၃။ လက်ဝဲကြီးအုပ်စီးပွားရေးစနစ် ဆက်လက်၍ ရှင်သန်ကြီးထွားနေခြင်း။ လွတ်လပ်သောစီးပွားရေးဈေးကွက် အစစ်အမှန်များမရရှိပဲ လုပ်ငန်းရှင်လက်တဆုပ်စာက နိုင်ငံစီးပွားရေးတွင် လက်ဝဲကြီးအုပ်နေခြင်း။ 
၎။ ကုန်စည်များသယ်ယူပို့ဆောင်ပေးရန် လုံလောက်ပြည့်စုံသော လမ်းပန်းဆက်သွယ်မှုမရှိခြင်း။ 
၅။   စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူလူထုအများစုက ကြွေးမြီးထူပေါကာ နလန်မထနိုင်အောင် ဆင်ရဲနေရခြင်း။
၆။  ငွေကြေးစီမံခန့်ခွဲမှုအားနည်းနေ၍ ငွေကြေးဖောင်းပွမှု အလွန်တရာမြင့်မားနေခြင်း။
၇။ အရေးတကြီးသုံးစွဲရန် မလိုအပ်သောကိစ္စရပ်များတွင် ငွေအလုံးအရင်းကြီးမားစွာ သုံးစွဲနေခြင်း။
၈။ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ထိုက်သင့်သည့်ငွေကြေးပမာဏကို သုံးစွဲသင့်သလောက်မသုံးစွဲခြင်း။  
၉။ လူထုကျန်းမာရေးအား အပြည့်အ၀ ပံ့ပိုကူညီထောက်မှုမပြုနိုင်ခြင်း။
၁၀။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များတွင် ပြည်သူများအကြားမမျှတသော အကျိုးခံစားခွင့်များကို  လူတစ်စုကသာ သီးခြားခံစားရယူနေခြင်း။
၁၁။ အဂတိလိုက်စားခြင်း ကိုယ်ကျိုးစီးပွားရှာဖွေခြင်း ဥပဒေစည်ကမ်းများကိုကြိမ်ဖန်များစွာချိုးဖောက်နေခြင်း ကြောင့် နိုင်ငံကြီးအချို့ဆင်ရဲတွင်းများနက်သထက်နက်နေရခြင်ဖြစ်ကြောင်း  သုတေသနပြုချက်များအရ တွေ့ရှိရ သည်ဟု ဆိုသည်။ 
       မောင်ငြိမ်းချမ်းကဲသို့ နေ့စဉ်ဘ၀တွေကိုပုံဖော်နေရသူ ကလေးငယ်များစွာမြင်တွေ့နေရသည်။ ယင်းဖော်ပြပါ အချက်(၁၁)ချက်နှင့် အဆိုပါ ကလေးငယ်များ၏ဘ၀ကို ညီမျှခြင်းထိုး၍ အဖြေရှာမိသော် အနာဂတ်မျှော်မှန်း ချက်များအတွက် လင်းလက်ခွင့်ရနိုင်တော့မည်လော(၀ါ) လင်းလက်ခွင့်မရခဲ့သော ကြယ်ပွင့်လေးများဖြစ်နေတော့ မည်လော …။
“ လင်းလက်ခွင့်မရခဲ့သော ကြယ်ပွင့်လေးများ၏ အနာဂတ်မျှော်မှန်းချက်”
By –ကိုတိုး(ချင်းတွင်း)
အညာဒေသ၏ ရာသီဥတုအပူရှိန်အောက်တွင် ဘေလ်ထုပ်စ စူပါအိတ်ကြီးမ
ျားကို ကိုယ်စီထမ်းပိုး လျက်အုပ်စုဖွဲ့ကာ တစ်လမ်းဝင် တစ်လမ်းထွက် ဗူးခွံ၊ ပုလင်ခွံများလိုက်လံကောက်ယူနေသူ အသက် ၉နှစ်မှ ၁၂ နှစ်အရွယ်ထိ ကလေးငယ်များကို နေ့စဉ်မြင်တွေ့ကျရသည်။

၂။ မိမိနိုင်ငံနှင့် လိုက်လျောညီထွေးဆက်စပ်မှုမရှိသော စီးပွားရေးမူဝါဒများကို လိုက်နာကျင့်သုံးလျက်ရှိနေခြင်း
၃။ လက်ဝဲကြီးအုပ်စီးပွားရေးစနစ် ဆက်လက်၍ ရှင်သန်ကြီးထွားနေခြင်း။ လွတ်လပ်သောစီးပွားရေးဈေးကွက် အစစ်အမှန်များမရရှိပဲ လုပ်ငန်းရှင်လက်တဆုပ်စာက နိုင်ငံစီးပွားရေးတွင် လက်ဝဲကြီးအုပ်နေခြင်း။
၎။ ကုန်စည်များသယ်ယူပို့ဆောင်ပေးရန် လုံလောက်ပြည့်စုံသော လမ်းပန်းဆက်သွယ်မှုမရှိခြင်း။
၅။ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူလူထုအများစုက ကြွေးမြီးထူပေါကာ နလန်မထနိုင်အောင် ဆင်ရဲနေရခြင်း။
၆။ ငွေကြေးစီမံခန့်ခွဲမှုအားနည်းနေ၍ ငွေကြေးဖောင်းပွမှု အလွန်တရာမြင့်မားနေခြင်း။
၇။ အရေးတကြီးသုံးစွဲရန် မလိုအပ်သောကိစ္စရပ်များတွင် ငွေအလုံးအရင်းကြီးမားစွာ သုံးစွဲနေခြင်း။
၈။ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ထိုက်သင့်သည့်ငွေကြေးပမာဏကို သုံးစွဲသင့်သလောက်မသုံးစွဲခြင်း
၉။ လူထုကျန်းမာရေးအား အပြည့်အ၀ ပံ့ပိုကူညီထောက်မှုမပြုနိုင်ခြင်း။
၁၀။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များတွင် ပြည်သူများအကြားမမျှတသော အကျိုးခံစားခွင့်များကို လူတစ်စုကသာ သီးခြားခံစားရယူနေခြင်း။
၁၁။ အဂတိလိုက်စားခြင်း ကိုယ်ကျိုးစီးပွားရှာဖွေခြင်း ဥပဒေစည်ကမ်းများကိုကြိမ်ဖန်များစွာချိုးဖောက်နေခြင်း ကြောင့် နိုင်ငံကြီးအချို့ဆင်ရဲတွင်းများနက်သထက်နက်နေရခြင်ဖြစ်ကြောင်း သုတေသနပြုချက်များအရ တွေ့ရှိရ သည်ဟု ဆိုသည်။
မောင်ငြိမ်းချမ်းကဲသို့ နေ့စဉ်ဘ၀တွေကိုပုံဖော်နေရသူ ကလေးငယ်များစွာမြင်တွေ့နေရသည်။ ယင်းဖော်ပြပါ အချက်(၁၁)ချက်နှင့် အဆိုပါ ကလေးငယ်များ၏ဘ၀ကို ညီမျှခြင်းထိုး၍ အဖြေရှာမိသော် အနာဂတ်မျှော်မှန်း ချက်များအတွက် လင်းလက်ခွင့်ရနိုင်တော့မည်လော(၀ါ) လင်းလက်ခွင့်မရခဲ့သော ကြယ်ပွင့်လေးများဖြစ်နေတော့ မည်လော …။

No comments:

Post a Comment

mr.kyaingtun@gmail.com