တခါတလေ စဉ်းစားမိတာက မရှက်တတ်တဲ့သူတွေ အုပ်ချုပ်တဲ့ တိုင်းပြည်လားပေါ့။
ဇိုမီးက မှတ်ပုံတင်တော့ တိုင်းရင်းသားလူမျိုး (၁၀၁)ပါးထဲမှာ
ဇိုမီးမပါလို့ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ပယ်ချတယ်။ ဇိုမီးက တင်းခံတော့
ပြန်ထည့်ပေးရတယ်။ ဒါဆို လူမျိုး (၁၀၂)ပါးဖြစ်ရမှာပေါ့။ ဇိုမီးမရှိခင်ကလည်း
(၁၀၁)ဘဲ။ ဇိုမီးကို ထပ်တိုးပြီးလဲ (၁၀၁)၊ ခပ်ပြောင်ပြောင်ဘဲ။ ဒါဆို
လူမျိုး (၁၀၁)ပါးဆိုတာက ဘာအဓိပ္ပါယ်လဲ၊ ဘာကြောင့်စွဲနေရတာလဲ မေးစရာဖြစ်တယ်။
(၁၀၁)ပါးသော ထီးဆောင်းမင်းတွေက ပဏ္ဍာကြို့ရတဲ့ စကြာဝတေးမင်း
ပုံစံဖမ်းနေတာများလား။ ဒီမိုကရေစီခေတ်လေ။ ဘွရှင်မင်းတြားကြီးဆိုတာ
မြတ်သိန်းထွန်းဘဲ ရှိတော့တာကို။ ရူးလဲ ရူးပါ့ဗျာ။
၁၉၇၄ဖွဲ့စည်းပုံအတွက် ၁၉၇၂ အစိုးရ ထုတ်ပြန်ချက်အရ လူမျိုး (၁၄၄)ကနေပြီး
၁၉၈၉မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်က မာရှယ်လောနှင့်
လူမျိုး(၁၃၅)ဖြစ်စေသတည်းဆိုပြီး
ပါးစပ် အမိန့်ထုတ်လိုက်တယ်။ လူတွေကလဲ ဒို့တိုင်းရင်းသား
လူမျိုး(၁၃၅)မျိုးကွဆိုပြီး လက်ခမောင်းတွေ ခတ်ကြ။ ဘယ်လိုလုပ်
(၁၃၅)မျိုးဖြစ်လာရတယ်ဆိုတာကို မသိ။ လေ့လာရမှန်းလဲ နားမလည်။
ဗိုလ်စောမောင်မှာ လုပ်ခွင့် မရှိတာလဲ ဂရုမစိုက်။ လူမျိုးနာမည်တွေ
ထပ်နေတာကော၊ လူမျိုးတစ်မျိုးတည်းကို ဟိုတောင်နေတာနဲ့
ဒီတောင်နေတာကိုလိုက်ပြီး အစိပ်စိပ် အမွှာမွှာ ခွဲပစ်လိုက်တာလဲ အရေးမထား။
ဒါလား တိုင်းရင်းသားအရေးကို အလေးထားတဲ့ ပြည်ထောင်စု။
လူမျိုး
(၁၄၄)သတ်မှတ်တုန်းကဖြစ်ဖြစ်၊ လူမျိုး (၁၃၅) သတ်မှတ်တုန်းကဖြစ်ဖြစ်
ဘယ်ပြည်သူ၊ ဘယ်တိုင်းရင်းသားမှ သဘောထားခံယူတာ မရှိခဲ့ဘူး။ သို့သော် ဒါက
စစ်အာဏာရှင်တွေ လက်ထက်မို့လို့ ထားပါတော့။
အခု
ဒီမိုကရေစီအစိုးရဆို။ ဒါဆို လွှတ်တော်ကြီးဘေးချိတ်လို့ လူမျိုး
(၁၀၁)မျိုးဆိုပြီး လူမျိုး(၁၃၅)ထဲက (၃၄)မျိုးကို ဘယ်သူ့အာဏာနှင့် လူမသိ
သူမသိ မျိုးဖြုတ်လိုက်သလဲ။ ဒီလို လုပ်ချင်တိုင်းလုပ်ဖို့ ၂၀၀၈ဖွဲ့စည်းပုံက
ဘယ်သူ့ကို အာဏာပေးထားသလဲ။ ဇိုမီး ပြန်ထည့်တော့လည်း
လူမျိုး(၁၀၁)ပါးဆိုတာကြီးကို ဆက်ကိုင်ထားဖို့အတွက် ဇိုမီးကို နေရာပေးဖို့
နောက်လူမျိုးတစ်မျိုးကို ထပ်သတ်လိုက်ပြန်တယ်။ ဒါလောက်တောင် ပုံပျက်ပန်းပျက်
ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ တိုင်းရင်းသား အရေးကိုလဲ တိုင်းရင်းသားဆိုတဲ့
ဘယ်တိုင်းရင်းသားကမှ ပါးစပ်တောင် မဟ။ ကန့်ကွက်ဖို့က အဝေးကြီး။
တစ်ကယ်တော့ အာဏာရှင်ချည်းဘဲ အပြစ်မတင်ကြမယ်ဆိုရင် မှန်မယ်မထင်ပါဘူး။
ဒို့လူမျိုးတွေကလဲ အပေါ်ကနေ ထင်ရာလုပ်တတ်တဲ့ အာဏာရှင်မျိုး မရှိရင်တောင် ဟာတာတာကြီးဖြစ်ပြီး နေတတ်ကြမယ် မထင်ပါဘူး။
— with Ye Yint Nge and 19 others.
တခါတလေ စဉ်းစားမိတာက မရှက်တတ်တဲ့သူတွေ အုပ်ချုပ်တဲ့ တိုင်းပြည်လားပေါ့။
ဇိုမီးက မှတ်ပုံတင်တော့ တိုင်းရင်းသားလူမျိုး (၁၀၁)ပါးထဲမှာ ဇိုမီးမပါလို့ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ပယ်ချတယ်။ ဇိုမီးက တင်းခံတော့ ပြန်ထည့်ပေးရတယ်။ ဒါဆို လူမျိုး (၁၀၂)ပါးဖြစ်ရမှာပေါ့။ ဇိုမီးမရှိခင်ကလည်း (၁၀၁)ဘဲ။ ဇိုမီးကို ထပ်တိုးပြီးလဲ (၁၀၁)၊ ခပ်ပြောင်ပြောင်ဘဲ။ ဒါဆို လူမျိုး (၁၀၁)ပါးဆိုတာက ဘာအဓိပ္ပါယ်လဲ၊ ဘာကြောင့်စွဲနေရတာလဲ မေးစရာဖြစ်တယ်။ (၁၀၁)ပါးသော ထီးဆောင်းမင်းတွေက ပဏ္ဍာကြို့ရတဲ့ စကြာဝတေးမင်း ပုံစံဖမ်းနေတာများလား။ ဒီမိုကရေစီခေတ်လေ။ ဘွရှင်မင်းတြားကြီးဆိုတာ မြတ်သိန်းထွန်းဘဲ ရှိတော့တာကို။ ရူးလဲ ရူးပါ့ဗျာ။
၁၉၇၄ဖွဲ့စည်းပုံအတွက် ၁၉၇၂ အစိုးရ ထုတ်ပြန်ချက်အရ လူမျိုး (၁၄၄)ကနေပြီး ၁၉၈၉မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်က မာရှယ်လောနှင့် လူမျိုး(၁၃၅)ဖြစ်စေသတည်းဆိုပြီး
ပါးစပ် အမိန့်ထုတ်လိုက်တယ်။ လူတွေကလဲ ဒို့တိုင်းရင်းသား
လူမျိုး(၁၃၅)မျိုးကွဆိုပြီး လက်ခမောင်းတွေ ခတ်ကြ။ ဘယ်လိုလုပ်
(၁၃၅)မျိုးဖြစ်လာရတယ်ဆိုတာကို မသိ။ လေ့လာရမှန်းလဲ နားမလည်။
ဗိုလ်စောမောင်မှာ လုပ်ခွင့် မရှိတာလဲ ဂရုမစိုက်။ လူမျိုးနာမည်တွေ
ထပ်နေတာကော၊ လူမျိုးတစ်မျိုးတည်းကို ဟိုတောင်နေတာနဲ့
ဒီတောင်နေတာကိုလိုက်ပြီး အစိပ်စိပ် အမွှာမွှာ ခွဲပစ်လိုက်တာလဲ အရေးမထား။
ဒါလား တိုင်းရင်းသားအရေးကို အလေးထားတဲ့ ပြည်ထောင်စု။
လူမျိုး (၁၄၄)သတ်မှတ်တုန်းကဖြစ်ဖြစ်၊ လူမျိုး (၁၃၅) သတ်မှတ်တုန်းကဖြစ်ဖြစ် ဘယ်ပြည်သူ၊ ဘယ်တိုင်းရင်းသားမှ သဘောထားခံယူတာ မရှိခဲ့ဘူး။ သို့သော် ဒါက စစ်အာဏာရှင်တွေ လက်ထက်မို့လို့ ထားပါတော့။
အခု ဒီမိုကရေစီအစိုးရဆို။ ဒါဆို လွှတ်တော်ကြီးဘေးချိတ်လို့ လူမျိုး (၁၀၁)မျိုးဆိုပြီး လူမျိုး(၁၃၅)ထဲက (၃၄)မျိုးကို ဘယ်သူ့အာဏာနှင့် လူမသိ သူမသိ မျိုးဖြုတ်လိုက်သလဲ။ ဒီလို လုပ်ချင်တိုင်းလုပ်ဖို့ ၂၀၀၈ဖွဲ့စည်းပုံက ဘယ်သူ့ကို အာဏာပေးထားသလဲ။ ဇိုမီး ပြန်ထည့်တော့လည်း လူမျိုး(၁၀၁)ပါးဆိုတာကြီးကို ဆက်ကိုင်ထားဖို့အတွက် ဇိုမီးကို နေရာပေးဖို့ နောက်လူမျိုးတစ်မျိုးကို ထပ်သတ်လိုက်ပြန်တယ်။ ဒါလောက်တောင် ပုံပျက်ပန်းပျက် ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ တိုင်းရင်းသား အရေးကိုလဲ တိုင်းရင်းသားဆိုတဲ့ ဘယ်တိုင်းရင်းသားကမှ ပါးစပ်တောင် မဟ။ ကန့်ကွက်ဖို့က အဝေးကြီး။
တစ်ကယ်တော့ အာဏာရှင်ချည်းဘဲ အပြစ်မတင်ကြမယ်ဆိုရင် မှန်မယ်မထင်ပါဘူး။
ဒို့လူမျိုးတွေကလဲ အပေါ်ကနေ ထင်ရာလုပ်တတ်တဲ့ အာဏာရှင်မျိုး မရှိရင်တောင် ဟာတာတာကြီးဖြစ်ပြီး နေတတ်ကြမယ် မထင်ပါဘူး။
— with Ye Yint Nge and 19 others.ဇိုမီးက မှတ်ပုံတင်တော့ တိုင်းရင်းသားလူမျိုး (၁၀၁)ပါးထဲမှာ ဇိုမီးမပါလို့ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ပယ်ချတယ်။ ဇိုမီးက တင်းခံတော့ ပြန်ထည့်ပေးရတယ်။ ဒါဆို လူမျိုး (၁၀၂)ပါးဖြစ်ရမှာပေါ့။ ဇိုမီးမရှိခင်ကလည်း (၁၀၁)ဘဲ။ ဇိုမီးကို ထပ်တိုးပြီးလဲ (၁၀၁)၊ ခပ်ပြောင်ပြောင်ဘဲ။ ဒါဆို လူမျိုး (၁၀၁)ပါးဆိုတာက ဘာအဓိပ္ပါယ်လဲ၊ ဘာကြောင့်စွဲနေရတာလဲ မေးစရာဖြစ်တယ်။ (၁၀၁)ပါးသော ထီးဆောင်းမင်းတွေက ပဏ္ဍာကြို့ရတဲ့ စကြာဝတေးမင်း ပုံစံဖမ်းနေတာများလား။ ဒီမိုကရေစီခေတ်လေ။ ဘွရှင်မင်းတြားကြီးဆိုတာ မြတ်သိန်းထွန်းဘဲ ရှိတော့တာကို။ ရူးလဲ ရူးပါ့ဗျာ။
၁၉၇၄ဖွဲ့စည်းပုံအတွက် ၁၉၇၂ အစိုးရ ထုတ်ပြန်ချက်အရ လူမျိုး (၁၄၄)ကနေပြီး ၁၉၈၉မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်က မာရှယ်လောနှင့် လူမျိုး(၁၃၅)ဖြစ်စေသတည်းဆိုပြီး
လူမျိုး (၁၄၄)သတ်မှတ်တုန်းကဖြစ်ဖြစ်၊ လူမျိုး (၁၃၅) သတ်မှတ်တုန်းကဖြစ်ဖြစ် ဘယ်ပြည်သူ၊ ဘယ်တိုင်းရင်းသားမှ သဘောထားခံယူတာ မရှိခဲ့ဘူး။ သို့သော် ဒါက စစ်အာဏာရှင်တွေ လက်ထက်မို့လို့ ထားပါတော့။
အခု ဒီမိုကရေစီအစိုးရဆို။ ဒါဆို လွှတ်တော်ကြီးဘေးချိတ်လို့ လူမျိုး (၁၀၁)မျိုးဆိုပြီး လူမျိုး(၁၃၅)ထဲက (၃၄)မျိုးကို ဘယ်သူ့အာဏာနှင့် လူမသိ သူမသိ မျိုးဖြုတ်လိုက်သလဲ။ ဒီလို လုပ်ချင်တိုင်းလုပ်ဖို့ ၂၀၀၈ဖွဲ့စည်းပုံက ဘယ်သူ့ကို အာဏာပေးထားသလဲ။ ဇိုမီး ပြန်ထည့်တော့လည်း လူမျိုး(၁၀၁)ပါးဆိုတာကြီးကို ဆက်ကိုင်ထားဖို့အတွက် ဇိုမီးကို နေရာပေးဖို့ နောက်လူမျိုးတစ်မျိုးကို ထပ်သတ်လိုက်ပြန်တယ်။ ဒါလောက်တောင် ပုံပျက်ပန်းပျက် ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ တိုင်းရင်းသား အရေးကိုလဲ တိုင်းရင်းသားဆိုတဲ့ ဘယ်တိုင်းရင်းသားကမှ ပါးစပ်တောင် မဟ။ ကန့်ကွက်ဖို့က အဝေးကြီး။
တစ်ကယ်တော့ အာဏာရှင်ချည်းဘဲ အပြစ်မတင်ကြမယ်ဆိုရင် မှန်မယ်မထင်ပါဘူး။
ဒို့လူမျိုးတွေကလဲ အပေါ်ကနေ ထင်ရာလုပ်တတ်တဲ့ အာဏာရှင်မျိုး မရှိရင်တောင် ဟာတာတာကြီးဖြစ်ပြီး နေတတ်ကြမယ် မထင်ပါဘူး။
No comments:
Post a Comment
mr.kyaingtun@gmail.com