Wednesday, December 19, 2012

မိုးကောင်းမြို့ ကျောင်းသားများ ကြက်ဆူသီးစားမိ၍ ဆေးရုံတင်ထားရ 2012-12-19

Zaw Lin shared Aye Chan Mon's photo.
.မိုးကောင်းမြို့ ကျောင်းသားများ ကြက်ဆူသီးစားမိ၍ ဆေးရုံတင်ထားရ

2012-12-19

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးဒေသ မရမ်းကျေးရွာ အထက်တန်းကျောင်းက ပထမတန်းနဲ့ ဒုတိ...ယတန်းကျောင်းသား အယောက် ၂၀ ကျော်ဟာ ဒီကနေ့လည် ၁၂ နာရီ နေ့လည် ကျောင်းဆင်းချိန်မှာ ကျောင်းရှေ့မှာစိုက်ထားတဲ့ ကြက်ဆူသီး များကို စားမိတဲ့အတွက် မူးဝေအော့အန်ပြီး နမ္မတီးတိုက်နယ်ဆေးရုံမှာ ဆေးကုသပေးနေရတယ်လို့ သိရှိရပါတယ်။

အသက် ၇ နှစ်နဲ့ ၈ နှစ်အရွယ် ကျောင်းသားငယ်တွေ အဲသလို ဆေးရုံတင်လိုက်ရတာနဲ့ ပတ်သက်ပြီး မရမ်းကျေးရွားမှာနေထိုင်သူ တစ်ဦးက RFA ကို အခုလိုပြောပါတယ်။

" ကျောင်းထဲမှာစိုက်ထားတဲ့ ကြက်ဆူသီးစားမိလို့ အဆိပ်ဖြစ်ပြီး တိုက်နယ်ဆေးရုံမှာ တင်ထားရတယ်၊ မေ့နေတဲ့သူ သုံးယောက်၊ လေးယောက်လောက်ပါတယ်၊ အကုန်လုံးက ခေါင်းမထောင်နိုင်ပဲလေးနေကြတယ်၊ အုပ်ချုပ်ရေးမှူးက နောက်ကနေလိုက်သွားတယ်"

ကျောင်းသားငယ်များရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ နမ္မတီးတိုက်နယ် ဆရာဝန်ကြီး ဦးအောင်နိုင်ဝင်းက ဒီလိုရှင်းပြပါတယ်။

" လောလောဆယ်ဆေးရုံးတင်ထားရတာ ၂၄ ယောက်ရှိတယ်၊ အခြေအနေကောင်းပါတယ်၊ ကြက်ဆူသီးစားမိလို့ မူးမယ်၊အန်မယ် သူ့လက္ခဏာက၊ အခြေအနေကိုစောင့်ကြည့်ရမှာပေါ့"

ဆေးရုံတင်ထားရတဲ့ ကလေးငယ်တွေကို နမ္မတီးမြို့က ကုသိုလ်ဖြစ်လူမှုကူညီရေး အသင်းကနေပြီး ကူညီပေးဖို့စီစဉ်နေတယ်လို့ အဲ့ဒီအသင်းက ဦးဝင်းဘိုက ပြောပါတယ်။

မရမ်းအထက်တန်းကျောင်းမှာရှိတဲ့ ကြက်ဆူပင်တွေဟာ ၂၀၀၅ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးမှာ မစိုက်မနေရ စိုက်ခိုင်းချိန်တုန်းက စိုက်ပျိုးထားတဲ့အပင်တွေလို့ ဒေသခံတွေကဆိုပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

အေးချမ်းမွန်မှ  ခေတ်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : ခေတ်သတင်း
‎.မိုးကောင်းမြို့ ကျောင်းသားများ ကြက်ဆူသီးစားမိ၍ ဆေးရုံတင်ထားရ

No comments:

Post a Comment

mr.kyaingtun@gmail.com