ဖက်ဆစ်တော်လှန်ရေးလို့ ဆိုလိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ရဲဘော်သုံးကျိပ်တို့အကြောင်း၊ ဗမာ့တပ်မတော် အကြောင်း၊ တိုက်ပွဲများအကြောင်း အစရှိသည့်တို့ကိုသာ ရေးသားခဲ့ကြ၊ ပြောဆိုခဲ့ကြပါတယ်။ ပြည်သူလူထုအနေနဲ့ ဖက် ဆစ်တို့ကို တော်လှန်လိုစိတ်ရှိလာအောင်၊ ဖက်ဆစ်တို့ရဲ့ အတွင်းသရုပ်နဲ့ သူတို့ရဲ့ အကျင့်စရိုက်တွေကို ပြည်သူလူထု နားလည်လာအောင်၊ တော်လှန်ရေးသဘောတရာကို သိရှိလာအောင် ဟောပြောပို့ချမှု၊ စနစ်တကျစည်းရုံးတတ်မှု၊ တော် လှန်တတ်မှုတို့ကို ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အကြောင်းတွေကို ရေးသားဖော်ပြမှုဟာ အင်မတန် နည်းပါးနေပါတယ်။ တကယ်တော့ စစ်ရေးဆိုတာ နိုင်ငံရေးလက်အောက်ခံပါပဲ။ စစ်ရေးကိုဦးဆောင်သွားတာ နိုင်ငံရေး ပါပဲ။ ၁၉၄၅ ခုနှစ်မှာ ပြည်သူလူထုတရပ်လုံး ပါဝင်ဆင်နွှဲခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးကြီးမှာ ပြည်သူလူထုကို ဖက်ဆစ် ဆန့်ကျင်ရေး သဘောတရားတွေးကို နားလည်လာအောင်၊ စနစ်တကျတော်လှန်တတ်လာအောင် နိုင်ငံရေးနည်းအရ စည်းရုံးပို့ချလမ်းညွန်ပြခဲ့တဲ့ သခင်ဗဟိန်းရဲ့ လှုပ်ရှားဆောင်ရွက်မှုများကို ဖော်ပြလိုက်ပါတယ်။
သခင်ဗဟိန်းကို စစ်ကိုင်းခရိုင် အင်းဝမြို့မှာ မြန်မာသက္ကရာဇစ် ၁၂၇၉ ခုနှစ် ဝါဆိုလဆန်း ၉ ရက် ဗုဒ္ဓဟူးနေ့ တွင် အဘ ပွဲစားကြီးဦးမှင်၊ အမိပွဲကတော် ဒေါ်ဒေါ်ဦးတို့မှ ဖွားမြင်ခဲ့ပါတယ်။ ငယ်စဉ်အခါက အင်းဝမြို့မူလတန်းကျောင်းမှ လေး တန်းအောင်မြင်ခဲ့ပြီး မန္တလေးမြို့ အမျိုးသားအထက်တန်းကျောင်းကနေ အင်္ဂလိပ်မြန်မာ ဆယ်တန်းစားမေးပွဲကို အင်္ဂ လိပ်၊ မြန်မာစာ၊ ရာဇဝင် ဘာသာရပ်များနဲ့ ဂုဏ်ထူးဆွတ်ခူး အောင်မြင်ခဲ့ပါတယ်။ အထက်တန်း ကျောင်းသား ဘဝက တည်းက ကျောင်းသားများရဲ့ ချစ်ကြည်လေးစားမှုကိုခံရပြီး ပေါ်ပေါက်လာသမျှ ကျောင်းသားအရေးတော်ပုံများမှာ ရှေ့ တန်းကနေ မားမားမတ်မတ် ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ ဆယ်တန်းအောင်မြင်ပြီးတဲ့နောက် မန္တလေးမြို့ စိုက်ပျိုးရေး ကောလိပ်သိပ္ပံကျောင်းကို ပြောင်းရွှေ့ပြီးပညာသင်ကြားခဲ့တယ်။
အိုင်အေစာမေးပွဲမှာ မြန်မာတနိုင်ငံလုံး ပထမရပြီး ပါဠိ ဘာသာ ဂုဏ်ထူးဆွတ်ခူးခဲ့ပါတယ်။ အိုင်အေ အထက်တန်းပညာများကို သင်ကြားနေစဉ် မန္တလေးမြို့ စိုက်ပျိုးရေး ကော လိပ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။ မြန်မာသက္ကရာဇ် ၁၂၉၈ ခုနှစ်မှာ ကိုဗဟိန်းတယောက် ရန်ကုန်တက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။ ဘီအေအောက်တန်းပညာကို သင်ကြားနေစဉ် ရန်ကုန် တက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။ ဘီအေအောက်တန်းပညာကို သင်ကြားနေစဉ် ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရခဲ့ပါတယ်။
မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်မှာ အထက်မြန်မာနိုင်ငံ ရေနံမြေမှာ လူတန်းစားတိုက်ပွဲ အသွင်ကူးပြောင်းပြီး ရေနံမြေ အလုပ်သမားသပိတ်ကြီး ဖြစ်ပွားခဲ့တယ်။ ရန်ကုန်ကို ချီတက်အရေးဆိုအောင်ပွဲခံနိုင်ရေးအတွက် ကိုဗဟိန်း ခေါင်းဆောင် တဲ့ ကျောင်းသားတွေက ဝင်ရောက်ကူညီခဲ့ပါတယ်။ အဲဒီလို ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် ကိုဗဟိန်းကို မကွေးမြို့ ရေနံ မြေ အလုပ်သမားသပိတ်တပ်သားများကို တရားဟောနေစဉ် “မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရ မယ်” လို့ ရဲရဲတောက်စကား ပြောကြားခဲ့ပါတယ်။ ကိုဗဟိန်း ပြောခဲ့တဲ့အတိုင်းပါပဲ၊ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီး ပေါ် ပေါက်လာပြီး သပိတ်မီးဟား တနိုင်ငံလုံး မီးဟုန်းဟုန်းတောက်သွားတဲ့အထိ ပြန့်ပွားသွားခဲ့ရပါတယ်။
၁၃ဝဝ ပြည့် အရေးတော်ပုံကြီး ပြီးဆုံးသွားတဲ့အခါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ညီလာခံကြီးတခုကို ကျင်းပ ခံကြတယ်။ အဲဒီ ညီလာခံကြီးက ကိုဗဟိန်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးကောင်တင် မြှောက်ခဲ့တယ်။ ဒါပေမဲ့ ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေး အခြေအနေတို့ကြောင့် ဘီအေအထက်တန်း စာမေးပွဲကို မဖြေဆိုနိုင်တော့ဘဲ ဒို့ဗမာအစည်းအရုံးအတွင်းသို့ ဝင်ရောက်ခဲ့ပြီး သခင်အမည်ကိုခံယူကာ သခင်ဗဟိန်း ဖြစ်လာခဲ့တယ်။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အခါ မြေအောက် တော်လှန်ရေးလုပ်ငန်းများကို ခေါင်းဆောင်ပြီး ပြည်သူ့ အရေးတော်ပုံစာတမ်း၊ မီးပွားစာစောင်၊ ဗမာ့တော်လှန်မှုစာတမ်းများကို လျှို့ဝှက်ရေးသားထုတ်ဝေခဲ့တယ်။ များမကြာမီနယ်ချဲ့အစိုးရရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရပြီး မန္တလေးထောင် ပွင့်သွားတော့မှ သခင်ဗဟိန်းလည်း လွတ်မြောက်လာ ခဲ့ရတယ်။ ထောင်မှလွတ်မြောက်လာပြီးတဲ့နောက်မှာ သခင်ဟိန်းဟာ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။ သခင်ဗဟိန်းဟာ တဖက်ကလည်း ဂျပန်ခေတ် ဗမာအစိုးရအဖွဲ့ဝင်နိုင်ငံရေးဝန်ကြီး သခင်နုရဲ့ လက် အောက်မှာ ဒုတိယအတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့တယ်။
ဂျပန်ခေတ်ကာလတွင် ရန်ကုန်မြို့ ဂွတ္တလစ်ရပ်ကွက်ရှိ ဒို့ဗမာ ဆင်းရဲသားအစည်းအရုံး ဋ္ဌာနချုပ်ရုံးသည် ဖက်ဆစ်စနစ် ဆန့် ကျင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အကောင်းဆုံးနေရာဌာနတခုပါပဲ။ တို့ဗမာဆင်းရဲသားအ စည်းအရုံးဆိုတာ သခင်ကိုယ်တော်မှိုင်း၊ သခင်မြ ခေါင်းဆောင်သော တို့ဗမာအစည်းအရုံး၊ သခင်ထွန်းအုပ်၊ သခင်ဗစိန် ခေါင်းဆောင်သော တို့ဗမာအစည်းအရုံးနှင့် ဒေါက်တာဘမော် ခေါင်ဆောင်သော ဆင်းရဲသားဝံသာ နုအဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ပါပဲ။ ဂျပန်ခေတ်၏ တခုတည်းသော တရားဝင် နိုင်ငံရေးဖွဲ့အစည်းဆိုရင် မမှားပါဘူး။
ဒို့ဗမာ ဆင်းရဲသားအစည်းအရုံးဌာနချုပ်သို့ သခင်ဗဟိန်းသည် မကြာခဏလာလေ့ရှိပြီး ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်း များကို ဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်ခဲ့တယ်။ သခင်မြအိမ်မှအပြန် တညတွင် ဒို့ဗမာဆင်းရဲသား အစည်းအရုံးဌာန ချုပ်သို့ ရောက်လာခဲ့ပြီး ဖက်ဆစ်တို့၏ဒဏ်ကို လူတွေ မခံမရပ်နိုင်ဖြစ်နေကြကြောင်း၊ အရှေ့ရိုးမရှိ ကရင်လူထုမှာ ဖက် ဆစ်တို့၏ ညှဉ်းပန်းနှိပ်စက်မှုကို အလူးအလိမ့် ခံနေရကြောင်း၊ တပ်မတော်တွင်း၌လည်း တိုင်းအသီးသီးတွင် ဖက်ဆစ် ဆန့်ကျင်ရေး စိတ်ဓာတ်များ၊ တော်လှန်လိုသော စိတ်ဓာတ်များ ပေါက်ကွဲလုဆဲဆဲ ဖြစ်နေကြကြောင်း လူကြီးတွေက လည်း အဲဒီအခြေအနေကို သိရှိခဲ့ကြပြီး အချင်းချင်း ညှိနှိုင်းလို့ရတန်သလောက် ရခဲ့ပြီးဖြစ်ကြောင်း၊ တောင်ငူနယ်က အ ခြေအနေကိုသိချင်ကြောင်း လာရောက်မေးမြန်းခဲ့ပြီး တောင်ငူဘက်ကို ဆင်းဖို့စီစဉ်ခဲ့တယ်။
တောင်ငူဘက်သို့ မဆင်းမီ သခင်ဗဟိန်းဟာ သူ့ရဲ့ ဇနီးသည်မခင်ကြီးနဲ့ သခင်ဗသိန်းတင်တို့ကို ခေါ်ယူပြီး ကွမ်းခြံကုန်း မြို့နယ် အင်ဂလုံးရွာကလေးသို့ သွားရောက်ခဲ့တယ်။ အဲဒီရွာကလေးမှာ သခင်စိုးနဲ့ အခြားရဲဘော်များကို တွေ့ဆုံခဲ့ပြီး ရက်ပေါင်း ၂ဝ ကျော် သဘောတရားရေးရာသင်တန်း တက်ခဲ့ကြတယ်။ ရန်ကုန်ပြန်ရောက်ပြီး ၁၅ ရက်ခန့်အကြာ သူနေ ထိုင်သော သခင်နုနေအိမ်မှ သူတို့လင် မယားနှစ်ယောက်ဟာ ဖက်ဆစ်တော်လှန်ရေးအတွက် တောင်ငူနယ်ဘက်ကို ထွက်ခဲ့ကြတယ်။
ပဲခူးမြို့ စံပြတပ်ရင်းမှာ ၁၉၄၄ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အစည်း အဝေးက ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကို အဝေးက ဖက်ဆစ်တိုက်ဖျက်ရေ ပြည်သူ့လွတ်လပ် ရေးအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီအဖွဲ့ချုပ်ကြီးက ဖက်ဆစ်တော်လှန်ရေး နီးကပ်လာချိန်မျာ ဖက်ဆစ်တို့ကို တော်လှန် တိုက်ခိုက်ရန်အတွက် တော်လှန်ရေးစစ်တိုင်းများကို သတ်မှတ်ပြီး တိုင်းအလိုက် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်များကို ရွေးချယ်သတ်မှတ်ခဲ့တဲ့ အခါ တိုင်း (၁) ပြည်၊ သာယာဝတီ၊ ဟင်္သာတအရှေ့အတွက် စစ်ရေးခေါင်းဆောင်အဖြစ် ဗိုလ် ချုပ်အောင်ဆန်းကို သတ်မှတ်ခဲ့ပြီး နိုင်ငံရေးခေါင်းဆောင်အဖြစ် ရွေးချယ်သတ်မှတ်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အလိုက် ဖက်ဆုံး အဖြစ် သခင်ဗဟိန်းကို ရွေးချယ်သတ်မှတ်ခဲ့တယ်။
သခင်ဗဟိန်းတို့ လင်မယား ဖက်ဆစ်တော်လှန်ရေးအတွက် တောင်ငူဘက်သို့ လျှို့ဝှက်ဆင်းလာခဲ့အချိန်က ၁၉၄၄ ခုနှစ် သြဂုတ်လဆန်းပိုင်း ဖြစ်ပါတယ်။ သခင်ဗဟိန်းတို့လင်မယားဟာ ကိုထွန်းလှိုင်၊ မသန်းမြင့်အမည်နှင့် ကိုရောင်ဖျောက်နေ ခဲ့ကြတယ်။ မော်လမြိုင်မှ ရောက်လာသော ကုန်သည်လင်မယားအသွင်နှင့် ဖက်ဆစ်တော်လှန်ရေးအတွက် တောင်ငူ နယ်တဝိုက်တွင် လှုပ်ရှားဆောင်ရွက်ခဲ့ကြတယ်။ ဖက်ဆစ်တို့၏ ဖိနှိပ်မှုအောက်မှာ မျက်စိကန်း၊ နားကန်း ဖြစ်နေတဲ့ လူ ငယ်လူရွယ်တွေကို မျက်စိပွင့်၊ နားပွင့် ဖြစ်စေခဲ့တယ်။ ဖက်ဆစ်လက်အောက်မှ လွတ်မြောက်ဖို့အတွက်ထွက်ရပ်လမ်းကို ရစေခဲ့တယ်။ ဖက်ဆစ်တော်လှန်ရေးအတွက် အတွေးအခေါ်မြော်မြင်ရေး သဘောတရားသစ်၊ တရားမှန်များကို အခြေခံ ပြီး စည်းရုံးနိုင်ခဲ့တယ်။ အဲဒီအတွက် သင်တန်းများကို မရပ်မနားပို့ချခဲ့တယ်။
သင်တန်းများမှာ သခင်ဗဟိန်း ပို့ချခဲ့တဲ့ ဘာ သာရပ်တွေကတော့…
- လွပ်လပ်ရေးကြေညာစာတမ်း ၁ နှင့် ၂
- တော်လှန်ရန် စိုင်းပြင်ကြစို့
- ကရင်-ဗမာသွေးစည်းရေး
- စစ်၏ နည်းသစ်များ
- လျှို့ဝှက်ရေးကို မည်သို့ကျင့်သုံးမည်နည်း
စသော စာတမ်းများဖြစ်ကြတယ်။
သခင်ဗဟိန်းဟာ ကျောင်းသားခေါင်းဆောင်တယောက်၊ အလုပ်သမားခေါင်းဆောင်တယောက် ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့ သူ့မှာ စစ်ရေးအတွေ့အကြုံ လုံးဝမရှိလို့ စစ်ရေးကို ခေါင်းဆောင်နိုင်လိမ့်မယ်လို့ သူ့ရဲ့လုပ်ဖော်ကိုင်ဘက်များက လုံးဝ မ ထင်ခဲ့ကြဘူး။ ဒါပေမဲ့ သခင်ဗဟိန်းပို့ချတဲ့ “စစ်၏ နည်းသစ်များ” သဘောတရားဟာ အရင်းရှင်စစ်ရေးနဲ့ ဖြောင့်ဖြောင့် ကြီးဆန့်ကျင်နေတဲ့ ပြည်သူ့စစ်အခြေခံသဘောတရားများ၊ ပြောက်ကျား စစ်ဆင်ရေးနည်းများ ဖြစ်ကြတယ်။ အရင်တုန်း က မကြားဘူး၊ မသိဘူးကြတဲ့ စစ်ရဲ့သဘောတရားသစ်များ၊ နည်းပညာသစ်များ ဖြစ်ကြတယ်။
ဖက်ဆစ်တော်လှန်ရေးကာလအတွင်း ရရှိခဲ့တဲ့ ပြည်သူ့စစ်ပွဲရဲ့ အောင်ပွဲရလဒ်များဟာ သခင်ဗဟိန်းပို့ချခဲ့တဲ့ “စစ်၏ နည်း သစ်များ” ရဲ့ အကျိုးဆက်များပဲ ဖြစ်ကြတယ်။ သခင်ဗဟိန်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံဟာ မင်းသားဟန် နုနုနယ်နယ်ပင် ဖြစ်တယ်။ တကယ့်လက်တွေ့မှာတော့ သခင်ဗဟိန်း ဟာ မင်းသားမဟုတ်တော့ဘဲ ကြမ်းတမ်းတဲ့စစ်ရေးကို နိုင်နိုင်နင်း နင်း ခေါင်းဆောင်မှုပေးနိုင်စွမ်းရှိတဲ့ စစ်ရေးခေါင်းဆောင်တယောက် ဖြစ်ခဲ့တယ်။ အဲဒီအချက်ကို တောင်ငူခရိုင် ပြောက် ကျားတိုက်ပွဲများက သက်သေပြခဲ့တယ်။
သခင်ဗဟိန်းရဲ့ နောက်ထပ်အောင်မြင်မှုတခုကတော့ သူကိုတိုင် ပြုစုရေးသား ပြီး သင်ကြားပို့ချခဲ့တဲ့ “ကရင်-ဗမာ သွေးစည်းရေး” စာတမ်းပါပဲ။ ဒီစာတမ်းကတော့ သမိုင်းဝင်စာတမ်းတစောင်ပဲ ဖြစ် တယ်။ အဲဒီစာတမ်းကြောင့် အရှေ့ရိုးမမှာ ကရင်-ဗမာ ညီညွတ်ရေးသာမက လူမျိုးစုံညီညွတ်ရေး အင်အားကောင်းခဲ့ တယ်။ အဲဒီအချက်ကို အရှေ့ရိုးမမှာရှိတဲ့ ကရင်လူမျိုးအကြီးအကဲများ၊ လူထုများက ကောင်းစွာသိရှိနားလည်ခဲ့ကြတယ်။ ပဲခူးရိုးမမှာ ကရင်-ဗမာ ချစ်ကြည်ရေးဟာ သခင်ဗဟိန်းရဲ့ ကြိုးပမ်းမှုကြောင့် ခိုင်မြဲခဲ့တယ်။ သခင်ဗဟိန်းရဲ့ ချစ်ကြည်ရေး ခေါင်းဆောင်မှု သဘောတရားကိုကြားရရုံနဲ့ ကရင်လူထုက သခင်ဗဟိန်းကို လေးစားခဲ့ကြတယ်။ လူကိုယ်တိုင်တွေ့တဲ့ အခါ ချစ်ခင်နှစ်သက်ကြတယ်။ အချို့က ထူးထူးကဲကဲကို ချစ်ခင်ခဲ့ကြတယ်။
သခင်ဗဟိန်းဟာ ဖက်ဆစ်တော်လှန်ရေး အင်အားစုများကို တော်လှန်ရေး သဘောတရားများသင်ကြားပေးခဲ့တယ်။ အဲဒီ သဘောတရားဟာ လူထုကို ချုပ်ကိုင်မိတာနဲ့အမျှ တော်လှန်တဲ့ အင်အားစုကြီးတရပ် ဖြစ်ပေါ်လာခဲ့ရတယ်။ အထက်ပါ သဘောတရားကို ယုံကြည်သက်ဝင်တဲ့ သခင်ဗဟိန်းအနေနဲ့ ဖက်ဆစ်တော်လှန်ရေး သဘောတရားများကို တောင်ငူခ ရိုင်တခုလုံး နေရာအနှံ့အပြား မရပ်မနားပို့ချခဲ့တယ်။ စိုက်ပျိုးရေး ညောင်ပင်သာရွာ၊ စစ်တောင်းကမ်းပါးရှိ မွေတွင်းရွာ၊ ပဲခူးရိုးမ ကျီးမနိုးချောင်းဖျားစခန်း၊ ဆင်ပချပ်ရွာ၊ ပဲခူးရိုးမ ကျီးမနိုး ချောင်းဖျားစခန်း၊ ဆင်ပချပ်ရွာ၊ ကြူအင်းရွာ၊ စစ် တောင်းကမ်းပါးရှိ သရက်တောရွာ၊ ဘွားအေစုရွာ၊ ဘုမ္မတီးတောင်ခြေရှိ မြောက်ငိုကုန်းရွာ အစရှိတဲ့ရွာများဟာ သခင်ဗ ဟိန်း သဘောတရားပို့ချရာနေရာများ ဖြစ်ခဲ့ကြတယ်။
သခင်ဗဟိန်းစခန်းမှာ ဆင်ပချပ်ရွားအနီး တောင်ခြေတွင်ရှိခဲ့တယ်။ အဲဒီနေရာဟာ ပြောက်ကျားတပ်များ ရဲ့ ဗဟိုဌာနချုပ်ပဲ ဖြစ်ပါတယ်။ အဲဒီနေရာကစပြီး ဖက်ဆစ်များကို အလစ်ဝင်စီးဖို့ စီစဉ်ခဲ့တယ်။ အဲဒီနေရာကနေပြီး ဖက်ဆစ်ဆက်သွယ်ရေးလမ်းဖြစ်တဲ့ ကားလမ်းများ၊ မီးရထားလမ်းများကို ဖြတ်တောက် ပစ်ရန် အမိန့်ပေးခဲ့တယ်။ အဲဒီနေရာကနေပြီး တော်လှန်ရေးလုပ်ငန်းများကို ညွန်ကြားခဲ့တယ်။
၁၉၄၅ ခုနစ် မတ်လ ၆ ရက်နေ့ညမှာ ဗိုလ်မှူးဗထူးဟာ ဖြူးမြို့နယ် ကြူအင်းရွာမှာ သခင်ဗဟိန်းနဲ့ လျှို့ဝှက် တွေ့ဆုံခဲ့ တယ်။ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲမည့်ဆဲဆဲမှာ ဗိုလ်မှူးဗထူးဟာ သခင်ဗဟိန်းကို ခက်ခက်ခဲခဲ လာရောက်တွေ့ဆုံ ခဲ့ပြီး တော်လှန်ရေးကိစ္စများကို အသေးစိတ် ဆွေးနွေးခဲ့ကြတယ်။ အထက်ဗမာပြည် တိုင်းမှူးတဦးဖြစ်တဲ့ ဗိုလ်မှူးဗထူး အနေနဲ့ သခင်ဗဟိန်းကို ဤမျှအထိ တန်ဖိုးထားလေးစားပြီး လာရောက်တွေ့ဆုံခြင်းပဲ ဖြစ်တယ်။ အဲဒီလို တွေ့ဆုံပြီး ၂ ရက်အကြာ မတ်လ ၈ ရက်နေ့မှစတင်ပြီး ဗိုလ်မှူးဗထူးခေါင်းဆောင်တဲ့ ဗမာ့တပ်မတော်အနေနဲ့ ဖက်ဆစ်ဂျပန်တို့ကို စ တင် တော်လှန်ရေး စာစောင်တွေဟာ အဆက်မပြတ်ထွက်ခဲ့ကြတယ်။
ဖက်ဆစ်တော်လှန်ရေးမှာ အသေးစိတ်လုပ်ငန်းများကို ရေးခဲ့တယ်။ ကရင်-ဗမာ သွေးစည်းရေး လုပ်ငန်းများကိုလည်း ရေးသားခဲ့တယ်။ အဲဒီစာတမ်းဟာ ဗမာလူမျိုးများအပေါ်မှာ တင်ရှိနေတဲ့ ကရင်လူမျိုးများရဲ့သံသယကို ရှင်းစေခဲ့တယ်။ အိန္ဒိယနိုင်ငံမှ သခင်သိန်းဖေ (သိန်းဖေမြင့်) လေထီးနဲ့ချပေးတဲ့ စာအုပ်များအနက် “ပြင်သစ်ပြည် လွတ်လပ်ရေးတိုက်ပွဲ” ကို ဘာသာပြန်ခဲ့တယ်။ စာအုပ်ဘာသာပြန်ပုံမှာ သူက အင်္ဂလိပ်စာ အုပ်ကိုကြည့်ပြီး ဗမာလိုတောက်လျှောက်ဖတ်သွားခဲ့ တယ်။ မောင်မြင့် ဆိုတဲ့ ရဲဘော်က လက်ရေးတိုနဲ့ ရေးခဲ့တယ်။ ဖယောင်းစက္ကူပေါ်မှာ စာရှည်ပြန်ရေးပြီး စာကူးစက်နဲ့ လှည့်ခဲ့တယ်။ အဲဒီလိုနဲ့ပဲ ဗမာပြန်စာအုပ်များ ဖြစ်လာခဲ့ကြတယ်။
လီနင်ရေး “အစိုးနှင့် တော်လှန်ရေး” စာအုပ်ကို ဘာ သာပြန်ပြီး သဘောတရားရေးအခြေခံရှိသော ရဲဘော်များကို သင်တန်းပေးခဲ့တယ်။သခင်ဗဟိန်းဟာ အလုပ်များကို မရပ်မနားလုပ်ကိုင်ခဲ့တယ်။ စစ်ရေးစစ်ရာများးကို အချိန်တိုင်းစီမံနေခြင်း၊ စာတမ်းများကို အဆက်မပြတ်ရေးနေခြင်း၊ နိုင်ငံရေးမှာ သခင်သန်းထွန်းနဲ့ အဆက်မပြတ်အမြဲတိုင်ပင်နေခြင်း၊ တော်လှန်ရေးကိစ္စအရပ် ရပ်ကို အခြားနေရာဒေသမှာရှိတဲ့ ရဲဘော်များနဲ့ အဆက်မပြတ် ဆက်သွယ်နေခြင်း စတဲ့တခုပြီးတခု ထပ်နေတဲ့ အလုပ် တွေကြားမှာ နစ်မြုပ်ခဲ့တယ်။ အလုပ်တွေဟာ သူ့ကိုယ်သူ ခံနိုင်ရည်ရှိသည်ထက် အဆပေါင်းများစွာ ဖိစီးခဲ့တယ်။ အစား အသောက်မကောင်း၊ အားရှိသော ကောင်းမွန်သော အစားအစာများကိုလည်း မစားရ၊ အအိပ်အနေလည်း မမှန်ခဲ့ဘူး။ မိုးရွာတဲ့အခါမှာ နေထိုင်တဲ့ တဲအိမ်က မလုံတဲ့အတွက် ထထိုင်နေရပေါင်းများနေခဲ့တယ်။ သခင်ဗဟိန်းရဲ့ အသားမှာ ဝါထိန်နေခဲ့တယ်။ သူ့ဘေးနားမှာ သူ့ချစ်ဇနီးမရှိ။ ကာဘိုင်သေနတ်တလက်သာ ရှိခဲ့တယ်။ အဲဒီ ကာဘိုင်သေနတ်ဟာ သူ့ အဖော် ဖြစ်နေတယ်။
တော်လှန်ရေးသဘောတရားဟာ ဖက်ဆစ်တော်လှန်ရေးအတွက် “အား” တခုဆိုတာကို ယုံကြည်တဲ့ သခင်ဗဟိန်းဟာ “ဂျူးရင်းအားချေပချက်” “လုဒွစ်ဖြူးဝါးဘက်” အစရှိသော ကျမ်းများကို ထန်းတပင်မြို့နယ် သရက်တန်း၊ ဂွအိုင် အရှေ့ ဘက်မှာရှိတဲ့ ယာတဲများမှာ ဘာသာပြန်ခဲ့တယ်။ အဲဒီကျမ်းများကို အခြေပြုရင်း ပြည်သူ့စစ်သဘောတရားကို သခင်ဗဟိန်း က အသက်ပါပါ ထူထောင်ပေးခဲ့တယ်။ မြန်မာ့ရေမြေနဲ့ ကိုက်ညီတဲ့ ပြောက်ကျားစစ်၏ နည်းသစ်များကိုလည်း ပြု စုခဲ့တယ်။
(၁) အင်အားကြီးသော ရန်သူကို ချေမှုန်းရာတွင် ပြည်သူ့ပြောက်ကျား မပါလျှင် မပြီးနိုင်ချေ
(၂) ပြောက်ကျားစစ်သည် လူထုများ၏စစ်ဖြစ်သည်။
(၃) ပြည်သူ့ပြောက်ကျား၏စစ်ကို ဆင်နွှဲနိုင်ရန် မြန်မာနိုင်ငံတွင် ကျေးလက်ကို အခြေခံရန်လိုသည်။
(၄) တိတိကျကျအားဖြင့် လယ်သမားထုနှင့် လူမျိုးစုများကို အခြေခံ၍ ဖော်ထုတ်ရန်လိုသည်။
(၅) ပြောက်ကျားစစ်တွဲဖက်မှုမရှိဘဲ ဗမာ့တပ်မတော်က အောင်ပွဲမဆင်နိုင်။
(၆) ပြည်သူလူထုကို စစ်အမြင်အရ စည်းရုံးလေ့ကျင့်တိုက်ပွဲသွင်းရမည်။
(၇) ပြည်သူကို လက်နက်တပ်ဆင်ရဲရမည်။ (ရန်သူ့လက်နက် ဒို့လက်နက်၊ တိုက်ရဲသူ လက်နက်ကိုင်စေရမည်။)
(၈) တိုက်ပွဲအတွင်း တပ်ကိုစည်းရုံးဖွဲ့စည်း။ (တပ်ခွဲစည်းရုံးနိုင်သူ ခွဲမှူး ဖြစ်သည်။)
(၉) ပြည်သူလူထု၏စွမ်းရည်ကို ချွန်းဖွင့်ပေးရမည်။
(၁၀) ဂျပန်ဖက်ဆစ်ချေမှုန်းရေး ပြောက်ကျားစစ်ပွဲကို လူထုပွဲတော်အဖြစ် ဆင်နွှဲလျှင် မုချအောင်ရမည်။
အထက်ဖော်ပြပါ အကြောင်းအရာတို့ဟာ ပြောက်ကျားစစ်ရဲ့ နည်းသစ်များဖြစ်ကြတယ်။ အဲဒီနည်းသစ်များကို သခင်ဗ ဟိန်းက ပြုစုပို့ချပေးခဲ့တယ်။ အရင်ဦးဆုံး စည်းရုံးရေးမှူးများကို သဘောတရားရေးအရး အခြေခံ၍ သင်တန်းများ ပို့ချခဲ့ တယ်။ ဖက်ဆစ်ဂျပန်တို့ဟာ အမြင်အားဖြင့် အင်အားကြီးမားတယ်။ ဒါပေမဲ့ ဖက်ဆစ်တို့ရဲ့ ဒီမိုကရေစီကင်းမဲ့သော လက္ခ ဏာ၊ လူထုဆန့်ကျင်သော လက္ခဏာတို့ကြောင့် ဖက်ဆစ်တို့ကို လူထုက ထောက်ခံမှုမရှိဘူး။ မထောက်ခံရုံမျှမက အုံကြွ ဆန့်ကျင်မည်မှာ မလွဲဧကန်ဖြစ်တယ်။
လူထုကို ဖက်ဆစ်စိုးမိုးလာချိန် ကြာညောင်းလာတာနဲ့အမျှ တနေ့တခြား ပြင်းထန် လာရမည်မှာ ရှောင်လွှဲမရသောအချက်ပဲ ဖြစ်တယ်။ မြန်မာတိုင်းရင်းသားပြည်သူများ စည်းရုံးကြမယ်၊ နိုးကြားထကြွကြ မယ်ဆိုရင် ဖက်ဆစ်တို့ဟာ လူထုနဲ့ကင်းကွာပြီး အထီးကျန်ဖြစ်လာနိုင်တယ်။ ဒါကြောင့် လူထုရဲ့ ချေမှုန်းခြင်းကို ခံရနိုင် တယ်။ ဖက်ဆစ်တို့ရဲ့ စိုးမိုးမှု အောက်မှာ လူထုတိုက်ပွဲမျိုးကို ဆင်နွှဲရန်မှာ မဖြစ်နိုင်ဘူး။ လူထုတိုက်ပွဲနည်းကို ကျင့်သုံးပါ က ချေမှုန်းခံရမည်သာဖြစ်တယ်။ ဖက်ဆစ်လက်အောက်ကနေ လွတ်မြောက်ရန်နည်းလမ်းမှာ ပြည်သူလူထုက စည်းရုံး ထကြွပြီး လက်နင်ကိုင်ပုန်ကန်သောနည်း၊ ပြောက်ကျားစစ်ဆင်သော နည်းကသာလျှင် တခုတည်းသော နည်းလမ်းဖြစ် တယ်။ အထက်ဖော်ပြပါ သဘောတရားကို သင်တန်းများမှာ အလေးထားပို့ချခဲ့တယ်။
စည်းရုံးရေးမှူးများက အဲဒီ တော်လှန်ရေးသဘောတရားကို ခံယူမိတာနဲ့ ယုံကြည်ချက် ပြင်းပြလာကြတယ်။ အားတက် လာကြတယ်။
အဲဒီလို ယုံကြည်အားတက်လာတာနဲ့အမျှ ခရိုင်အတွင်း မြို့နယ်ခေါင်းဆောင်များကို သဘောတရားရေး သင်တန်းများ ဆက်လက်ပို့ချခဲ့တယ်။ တော်လှန်ရေးကာလမှာ တော်လှန်ရေးသင်တန်းတိုင်းဟာ လျှို့ဝှက်ရေး အခြေခံ ပေါ်မှာ ဖွင့်လှစ်ခဲ့ကြရတယ်။ အဲဒီအခါတုန်းက လျှို့ဝှက်ရေးကျင့်သုံးရန်မှာ ထိပ်တန်းလိုအပ်ချက်ပဲ ဖြစ်တယ်။ ဖက်ဆစ် ဂျပန်များ၊ စစ်ပုလိပ် (ကင်ပေ) များ၊ ဖက်ဆစ်တို့၏လက်ပါးစေ ဗမာဖောက်ပြန်ရေးသမားတို့ဟာ သူတို့အုပ်စိုးမှုကို အ တိုက်အခံပြုမယ့် အင်အားစုများကို ဖော်ထုတ်ဖို့ နေ့မအား ညမအား လိုက်လံထောက်လှမ်းလျက်ရှိခဲ့တယ်။ တနေရာရာမှ လျှို့ဝှက်မှု ပေါက်ကြားသွားပြီဆိုရင် တနွယ်ငင်တစင်ပါ နှိပ်ကွပ်ခံရတတ်တယ်။ ဒါကြောင့် လျှို့ဝှက်ထိမ်းသိမ်းမှုဟာ အ သက်တမျှအရေးကြီးတယ်။ သခင်ဗဟိန်းက လျှို့ဝှက်ရေးထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး အတွေ့အကြုံများကို အခြေခံလျက် စားတမ်းတခုပြု စုခဲ့တယ်။ “လျှို့ဝှက်ရေးကို မည်သို့ကျင့်သုံးမည်နည်း” စာတမ်းဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ အ လွန်အရေးပါတဲ့ လျှို့ဝှက်လက်စွဲတခု ဖြစ်ခဲ့တယ်။
တောင်ငူခရိုင်တော်လှန်ရေးဋ္ဌာနချုပ်ဟာ သခင်ဗဟိန်းနဲ့ ခွဲခွာမရခဲ့ဘူး။ သခင်ဗဟိန်းရှိ တဲ့နေရာဟာ ခရိုင်ဌာချုပ်ဖြစ်ပြီး ခရိုင်ဋ္ဌာနချုပ်ဆိုရင် သခင်ဗဟိန်း ရှိမှဖြစ်တယ်။ တော်လှန်ရေးအတွက် ပြင်ဆင်စအချိန်မှာ ဖြူးမြို့နယ် စစ်တောင်းကမ်းပါး မှာရှိတဲ့ ကမ်းနားဘန်းလောင်းရွာမှာ လယ်ယာဦးကြီးမောင်နှံ ဦးစံဖြေ၊ ဒေါ်သန်းညွန့် ဇနီးမောင်နှံတို့ နေထိုင်ခဲ့ကြတယ်။ သူတို့အိမ်ဟာ နှစ်ထပ်တိုက်ခံဖြစ်ပြီး သူတို့မှာ သားတို့မှာ သားသမီးမရှိကြဘူး။ အဲဒီအိမ်မှာ သခင်ဗဟိန်းတို့ လင်မယား ဟာ ကိုထွန်းလှိုင်၊ မသန်းမြင့်အမည်နဲ့ လျှို့ဝှက်နေထိုင်ခဲ့ကြတယ်။ သဘောတရားရေးစာတမ်းများကို အဲဒီအိမ်ကြီးရဲ့ အ ပေါ်ထပ်မှာ လက်နှိပ်စက်ရိုက်ပြီး စာကူးစက်နဲ့ မူပွားခဲ့ကြတယ်။ လက်နှိပ်စက်ရိုက်ရင် လက်နှိပ်စက်သံကို ရွာတွင်း ဘေး အိမ်များက ကြားနိုင်တယ်။ အဲဒါကြောင့် လက်နှိပ်စက်ရုက်သံမကြားရအောင် လက်နှိပ်စက်ကို မွေ့ရာပေါ်မှာ တင်ရိုက်ရ တယ်။ မွေ့ရာပေါ်မှာတင်ရိုက်လို့ အသံအနည်းငယ် တိုးသွားခဲ့တယ်။ တချိန်တည်းမှာ အိမ်ပေါ်က လက်နှိပ်စက်ရိုက်တာ နဲ့ အိမ်အောက်က စကောအတွင်းမှာ ပဲစေ့တွေကို ပုလင်းနဲ့ လှိမ့်ပေးရတယ်။ ပဲစေ့ကို ပုလင်းနဲ့ လှိမ့်တဲ့အသံနဲ့ လက်နှိပ် စက်သံ ရောသွားပြီးလက်နှိပ်စက်သံ ပျောက်သွားခဲ့တယ်။ အဲဒီလို လက်နှိပ်စက်ရိုက်နေတုန်းမှာ ပဲကို ပုလင်းနဲ့လှိမ့်ပေးရ တဲ့ အလုပ်က ချွေးဒီးဒီးကျအောင် ပင်ပန်းလှပါသည်။ အဲဒီတာဝန်ကို ဦးစံဖြေရဲ့ဇနီး မသန်းညွန့်က မမောမပန်း အမြဲတမ်း ထမ်းဆောင်ခဲ့တယ်။ ဒါဟာ ဖက်ဆစ်တော်လှန်ရေးမှာ ပြည်သူလူထုရဲ့ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်လိုက်တဲ့ သာဓကပါပဲ။
တောင်ငူခရိုင်ကို သခင်ဗဟိန်းရောက်ရှိလာခဲ့ပြီး သဘောတရားအရ၊ လက်တွေ့အရ ကိုယ်ဖိရင်ဖိ ခေါင်းဆောင်နိုင်ခြင်း ကြောင့် ဖက်ဆစ်ဆန့်ကျင်ရေးသဘောတရားဟာ လူထုအတွင်း နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်ပျံ့နှံ့လာခဲ့တယ်။ တော်လှန်ရေး အင်အားသစ်တရပ် ဖြစ်ပေါ်တိုးပွားလာခဲ့တယ်။ လူငယ်လူရွယ်များ၊ အမျိုးသမီးများအတွင်းမှ ခေါင်းဆောင်များကို မွေး ထုတ်နိုင်ခဲ့တယ်။ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းတိုင်းဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်ကိုင်ရခြင်း၊ အချိန်ကိုလု၍ လုပ်ကိုင်ရ ခြင်းတို့ကြောင့် နိုင်ငံရေးသင်တန်းကို တနေ့လျှင် ၁၂ နာရီအထိ အချိန်ယူသင်ကြားခဲ့ရတယ်။ သင်တန်းနေရာကိုလည်း ဖက်ဆစ်သူလျှိုတို့ရဲ့အန္တရာယ်ကြောင့် တနေရာမှာ ၁ဝ ရက် ၁၅ ရက် အလွန်ဆုံးဖွင့်ပြီးတာနဲ့ တနေရာပြီးတနေရာ ရွှေ့ ပြောင်းဖွင့်လှစ်ခဲ့ကြတယ်။ အဲဒါကြောင့် သင်တန်းနေရာအသစ်များကို ကြိုတင်ပြီး အစီအစဉ်တကျ ပြင်ဆင်ထားကြရ တယ်။ တနေ့လျှင် ၁၂ နာရီလုံးလုံး နိုင်ငံရေးလေ့လာရခြင်းဟာ မလွယ်ကူလှဘူး၊ ပင်ပန်းလွန်းလှတယ်။ ကျန်းမာရေးကို လည်း ထိခိုက်စေတယ်။ ဒါ့ကြောင့်သင်တန်းတက်နေစဉ်ကာလအတွင်း တနေ့ကိုနှစ်ကြိမ် အဆောက်အအုံအတွင်းမှာ ကျန်းမာရေးလေ့ကျင့်မှုကို ပြုလုပ်ကြရတယ်။
သခင်ဗဟိန်း ရောက်ရှိခဲ့ပြီး သဘောတရားရေးသင်တန်း အနှံ့အပြား ပေးစွမ်းနိုင်မှုကြောင့် နိုင်ငံရေးသင်တန်းတက်ပြီး ရောဂါဝေဒနာဖိစီးခြင်းကို ခံနေခဲ့ရတယ်။
သခင်ဗဟိန်းဟာ တောင်ငူခရိုင် စစ်ရေးတာဝန်ခံဖြစ်သလို ဇေယျဝတီ၊ ဖြူး၊ ကညွတ်ကွင်းနယ်များရဲ့ တိုက်ခိုက်ရေး တာ ဝန်ခံလည်း ဖြစ်ခဲ့တယ်။ ဖက်ဆစ်တို့ကို တော်လှန်တိုက်ခိုက်ရာမှာ ထင်ရှားတဲ့ တိုက်ပွဲများကတော့ ကွင်းချောင်းဝ တိုက် ပွဲ၊ ရှမ်းကုန်းတိုက်ပွဲ၊ ယင်းတိုက်စိမ့်တိုက်ပွဲ၊ ရေအိုးစင်တိုက်ပွဲ၊ ဆင်ပချပ်တိုက်ပွဲများပဲ ဖြစ်ကြတယ်။ တောင်ငူပြောက်ကျားတို့၏ အောင်ပွဲကို အောက်ပါစာရင်းဇယားအရကြည့်ရင် သိသာထင်ရှားပါတယ်။
တိုက်ပွဲကာလ-ဧပြီလ ၂ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ။
ရန်သူအကျအဆုံး ၇၁၅၉ ယောက်
ရန်သူဒဏ်ရာရ ၂၇၇၃ ယောက်
သုံ့ပန်း ၅၃၈ ယောက်
မိမိဘက်မှ
ကျဆုံး ၆၇ ယောက်
ဒဏ်ရာရ ၆၅ ယောက်
သိမ်းဆည်းရမိသော လက်နက်များ
အမြောက် ၂ လက်နှင့် အမြောက်ဆန်များ
အင်္ဂလိပ်၊ ဂျပန်၊ ဂျာမနီလက်နက်မျိုးစုံ ၂၉ဝဝ လက်။
ဝိုင်ယာလက်စက် တစုံ၊ တယ်လီဖုန်းကိရိယာများ၊ မှန်ပြောင်းနှင့် ဆေးပစ္စည်းများ၊ စစ်မြင်းများ ဆင်များ စသည်တို့ကို သိမ်းပိုက်ရှိခဲ့ကြတယ်။
ဖက်ဆစ်တော်လှန်ရေးမှာ တောင်ငူပြောက်ကျားများရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါကြောင်း သမိုင်းက သက်သေခံ နေပါတယ်။ အဲဒီလို ဖက်ဆစ်တော်လှန်ရေးမှာ တောင်ငူပြောက်ကျားတို့ရဲ့ အောင်ပွဲအလီလီ ဆင်နိုင်ခြင်းဟာ.
(၁) အမျိုးသားစည်းလုံးညီညွတ်မှုကို အထွတ်အထိပ်ရောက်အောင်မြှင့်တင်နိုင်ခဲ့ခြင်း
(၂) လူထု၏ အစွမ်းအစကို ဖော်ထုတ်နိုင်ခဲ့ခြင်း
တို့ကြောင့်ဖြစ်ပါတယ်။
လူထုကြီးစည်းရုံးလာမိသည်နှင့်အမျှ ဖက်ဆစ်တိုက်ဖျက်ရေးကို မိမိတို့ မလုပ်မဖြစ်သော အလုပ်အဖြစ် သဘောပေါက် လာကာ လူထုက ဖက်ဆစ်တို့ကို ကိုယ့်အစွမ်းကိုယ့်အစနဲ့ တော်လှန်ခဲ့ကြခြင်း ဖြစ်တယ်။ လူထုတော်လှန်ရေးကြီးတခု ဖြစ်ခဲ့တယ်။ လူထုကိုစည်းရုံး၊ လူထုရဲ့ စွမ်းရည်ကိုမြှင့်တင်၊ လူထုအောင်ပွဲကိုရယူ အစရှိတဲ့ လူထုနဲ့ပတ်သက်တဲ့ လှုပ်ရှားမှု၊ လူထုနဲ့ပတ်သက်တဲ့ အောင်မြင်မှုတို့ကို တောင်ငူခရိုင်မှာ ရယူနိုင်ခဲ့ခြင်းဟာ ဖက်ဆစ်တော်လှန်ရေးနဲ့ပတ်သက်တဲ့ သ ဘောတရားတွေကို လူထုက အသက်စွန့်လုပ်ကိုင်လာအောက် ဆောင်ရွက်ခဲ့တဲ့ သခင်ဗဟိန်းရဲ့ ဆောင်ရွက်ချက်ကြောင့် ဆိုရင် လုံးဝမမှားနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သမိုင်းကလက်ခံနေလို့ ပါပဲ။
အောင်မြင့်ဦး (မဟာဝိဇ္ဇာ)
ရနံ့သစ်၊ ၂၀၁၂ မတ်လ
(နေ့သစ်)
No comments:
Post a Comment
mr.kyaingtun@gmail.com