Monday, December 24, 2012

နောက်ဆုံးရ ကချင်သတင်းတိုများ December 25, 2012 post by Myitkyina blog news

Khin Mgoo shared ခေတ်သတင်း's photo.
နောက်ဆုံးရ ကချင်သတင်းတိုများ

December 25, 2012 post by Myitkyina blog news

ဒီဇင်ဘာလ(၂၄)ရက် မနက်(၂)နာရီခွဲအချိန် မိုးမောက်မြို့မှ ယာဉ်(၂၃)စီးဖြင့် ချီတက်လာသော အင်အား (၄၀၀)ကျော်ပါ စစ်ကြောင်းသည် မနက်(၆)နာရီခွဲတွင် ဒေါ့ဖုန်းယန်သို့ ရောက်ရှိကာ၊ ယင်းမှတဆင့် တိန်လုံ (Ting Lung)ကျေးရွာသို့ ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။

ယခုအချိန်တွင် KIO ဗဟိုဌာနချုပ်ကို ထိုးစစ်ဆင်ရန်အတွက် မြန်မာအစိုးရတပ်ဖွဲ့ဝင် အင်အား(၂၀၀၀)ခန့် လိုင်ဇာဘက်သို့ စစ်ဦးလှည့်ထားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၂၄)ရက် ည(၇)နာရီအချိန်မှစတင်ကာ လွန်ခဲ့သည့်(၂)ရက်က မြန်မာအစိုးရတပ်ဖွဲ့က ၁၂၀ မမ (၂)လက် လာရောက်ဖြန့်ကျက်ထားသော မန်ဆိုင်း(Man Sai)မှနေ၍ KIA တပ်ဖွဲ့များရှိရာ မန်ဂေါ်ကောင် (Mangau Kawng)သို့ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၂၄)ရက် ညနေ(၅)နာရီအချိန်တွင် ၀ိုင်းမော်မြို့နယ်၊ မလိယန်မှ ဆက်လက်ချီတက် ထိုးစစ်ဆင် လာသော ခလရ(၂၁) ခမရ(၃၈၈)တပ်ဖွဲ့ကို KIA လှုပ်ရှားတပ်ရင်း(၂၅၅)တပ်ဖွဲ့တို့က ကနွယ်အင်ခွပ် (Kanoi Nhkrut)စခန်းမှ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရဌာနများ၊ မြန်မာအစိုးရစစ်တပ်ရင်းများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တို့သည် လျှပ်စစ်မီးဖြတ်တောက်မှုကို ကြိုတင်ပြင်ဆင်ထားသည့်အနေနှင့် မီးစက်၊ လောင်စာဆီများကို လွန်ခဲ့သည့် အပတ်မှ တိတ်တဆိတ်စီမံမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၂၄)ရက်နေ့ စစ်ယာဉ်(၂၁)စီးဖြင့် ဒေါ့ဖုန်းယန်မှ သိန်လုံ(Ting Lung)သို့ ချီတက်လာသော တပ်မ(၈၈)ဟု ယူဆရသော စစ်ကြောင်းကို ဘန်ကောမူ(Ban Kau Mu)အနီး ဟန့်တားတိုက်ခိုက်ရာ အစိုးရစစ်သား(၂)ဦး ကျဆုံးပြီး (၉)ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

KIO ဗဟိုဌာနချုပ်သို့ ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ပါဝင်သည့် မြန်မာအစိုးရတပ်ဖွဲ့ဝင်များအား KIA တံဆိပ်ပါ စစ်ယူနီဖောင်း ကို ထုတ်ပေးထားကြောင်း သိရှိရသည်။
Jade Land

No comments:

Post a Comment

mr.kyaingtun@gmail.com