Tuesday, December 18, 2012

သမိုင်းအော်သံ ကြားနေရပြီ. . .

Cho Tu Zal
about an hour ago ·

သမိုင်းအော်သံ ကြားနေရပြီ. . .

လက်ရှိ မြန်မာပြည်ရဲ့အခြေအနေဟာ အင်မတန်ကြီးမားလှတဲ့ ရောဂါဝေဒနာဆိုးကြီး ငြိတွယ်စွဲကပ်နေသလို ခွဲစိတ်ဖြတ်တောက်ကုသမှ ကို သက်သာပျောက်ကင်းရမယ့် အခြေအနေမျိုးပါ။
ဒါကို နာမှာကြောက်လို့ ဆိုပြီး၊ ဆေးထည့်ပေးလိုက်၊ အနာအကျင်ကိုက်ခဲပျောက်ဆေးလေးသောက်ခိုင်းလိုက်လုပ်နေရင်တော့ အနာပွားသည်ထက်ပွား၊ ကြီးသည်ထက်ကြီးလို့ လုံးပါးပါးရလိမ့်မယ်။

ဒီလောက်ထိ အဘက်ဘက် က ယိုယွင်းနေတာကိုတောင် ဒီအချိန်မှာ မတရားတဲ့ လုပ်ရပ်တွေကို နောက်မဆုတ်မပြုပြင်ဘဲ၊ ရသလောက် မှိန်းပြီး အိတ်ထဲထည့်ဖို့
ကြိုးစားနေတဲ့ လူတစုနဲ့၊ အဲဒါကို သိသိကြီးနဲ့ မြိုသိပ်ဖို့လိုတယ် ဆိုတဲ့ ဇွတ်ရင်ကြားစေ့ရေး လမ်း ခင်နေတဲ့ နိုင်ငံရေးသမားတွေနဲ့ တော့ တိုင်းပြည်မှာ
အုံကြွမှုကြီးကြီး ကြီးတခု မလွဲမသွေဖြစ်သွားနိုင်ပါတယ်။
ဒီတခါဖြစ်ရင် တပ်ထဲမှာကို ဖြစ်မယ်၊
အဲဒီလို ဖြစ်ရင် တိုင်းပြည်ကြီး အစိတ်စိတ်အမွှာမွှာ ပျက်စီးခြင်းငါးပါးနဲ့ ပျက်စီးသွားနိုင်တယ် လို့ ကျနော်တော့ မြင်ပါတယ်။

ဒီလို အခြေအနေဆိုးကြီး မဖြစ်စေဖို့၊
နှစ်ဘက်ခေါင်းဆောင်တွေဟာ လက်ရှိပကတိအခြေအနေမှန်ကို အရှိအတိုင်း လက်ခံပြီး၊
ကမ်းကုန်အောင် မတရား၊ မမျှတ ဖြစ်နေတဲ့ အခြေအနေတွေကို အမြန်ဆုံးပြင်ဆင်
ပြောင်းလဲသင့်ပြီ။

ကချင်ပြည်မှာ တပ်မတော်သားတွေ နေ့စဉ်နဲ့အမျှ တဖွဲဖွဲ ကျလို့နေတယ်။
တကယ်တမ်း စီမံကိန်းမှန်သမျှ ဟာ စစ်ဗိုလ်ချုပ်တွေရဲ့ သား၊ တူ၊ သမီး၊ သားမက်၊ ချွေးမ တို့ရဲ့ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနောက်ခံတွေဖြစ်နေတယ်။

စစ်ဗိုလ်ချုပ်ကြီးတိုင်း နန်းတော်တမျှ ခမ်းနားလှတဲ့ အိမ်ကြီးတွေမှာ ဘီယာသောက်မပျက်၊ အရက်သောက်မပျက်၊ ဂေါက်ရိုက်မပျက်၊ သူတို့သားသမီးတွေရဲ့ သောင်းကျမ်းမှုအပုပ်နံ့မျိုးစုံဟာ ဟိုက သည်က သတင်းတွေ ထွက်လို့၊
ဗီယက်နမ်ကျခါနီး အခြေအနေလို
ကူမင်တန်ကျခါနီးအခြေအနေလို
အာဏာနဲ့ လက်နက်နဲ့ ကိုယ်ကျိုးစီးပွားတည်ဆောက်မှု တွေကို လုပ်နေတယ်။

ဒီအချိန်မှာ စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေ ကို ပြဌာန်းထားသေးတယ်။
ဒီဥပဒေဟာ သူတို့အကျိုးစီးပွားအတွက် ရပ်ထဲ၊ ရွာထဲက ကျနော်တို့ပြည်သူတွေရဲ့ သားသမီးတွေ၊ တူတူမတွေ၊ ညီငယ်၊ ညီမငယ်တွေကို
အချိန်မရွေး ခွေးဆွဲသလို ဆွဲပြီး သူတို့အကျိုးစီးပွားအတွက် ကျနော်တို့ တိုင်းရင်းသားတွေနဲ့ အချင်းချင်း ပြန်သတ်ခိုင်းဖို့ အဓမ္မစေခိုင်းခွင့်ကို လုပ်လိမ့်မယ်။

တပ်ထဲမှာ နေ့စဉ်နဲ့အမျှ တဖြုတ်ဖြုတ်သေနေတဲ့ အရာရှိငယ်တွေဟာ
သာမန်ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ အရာရှိလေးတွေချည်းပဲ၊
ဘယ်ဗိုလ်ချုပ်ကြီးတွေရဲ့ သားတွေ၊ တူတွေ မှ မပါဘူး။
မကြာသေးမီက ပြိုင်ကားမောင်းကြတဲ့သူတွေ၊
မကြာသေးမီက လမ်းပေါ်က လူကို ဆင်းရိုက်ကြတဲ့သူတွေ
မကြာသေးမီက အမျိုးကောင်းသမီးလေး တဦးကို လိမ်ညာလက်ထပ်ပြီး ပစ်ထားခဲ့တဲ့ ၀န်ကြီးသားတွေ. ..

သူတို့သားသမီးတွေက ဒီလို တိုင်းပြည်မှာ ထင်တိုင်းကျဲသောင်းကျမ်းနေတဲ့အချိန်မှာ
ကျနော်တို့ပြည်သူတွေထဲက တပ်မတော်သားလူငယ်လေးတွေကို စစ်မြေပြင်တွေပို့ပြီး တဖြုတ်ဖြုတ်သေခိုင်းနေတယ်။

ဒီလောက် ပျက်စီးယိုယွင်းနေတဲ့ တိုင်းပြည်ကို
ဒါတွေမပြင်ဘဲ ပြုပြင်ဦးမတဲ့လား။

ဒီလောက်နာတာရှည် ရောဂါကြီးဖြစ်နေတာကို ဆေးမြီးတိုနဲ့ ကုရမတဲ့လား။

Revolution
Revolution
Revolution. . .

ရောမပါလီမန်ကြီးက . . . .War . . .War. . . War. . .လို့
အော်ခဲ့တာကို မြင်ယောင်မိတယ်။

မတရားတာတွေကို ချက်ခြင်း လက်ငင်းပြေလည်အောင် အချိန်မဆိုင်း
မပြင်ပေးရင်
သမိုင်းက ကို တောင်းဆိုလာလိမ့်မယ်။

မတရားမှုတွေ ရှိနေသေးသရွေ့ "တော်လှန်ရေး" က ရှိနေဦးမယ်။

တော်လှန်ရေး နည်းနဲ့ ဆိုရင် တိုင်းပြည်နာမယ်၊
မနာစေ့ချင်
ပြင်စရာ ရှိတာတွေ အမြန်ပြင်ဖို့ လိုတယ်။
နိုင်ငံရေးသမားတွေကလည်း ဒါတွေကို အာဏာပိုင်တွေကို ရဲရဲထောက်ပြဖို့လိုပါလိမ့်မယ်။

ဒီလောက် လူတွေ သေနေတဲ့ စစ်ပွဲကို လျစ်လျူရှုမပြောဘဲနေတာ၊
ဒီလောက် မမျှမတ တည်ဆောက်ထားတဲ့ စီးပွားရေးစီမံကိန်းတွေကို
မသိချင်ယောင်ဆောင်ပေးနေတာဟာ

နိုင်ငံရေးသမားတွေ တာဝန်မကျေတာပဲ။

ချိုတူးဇော်
ဘိုးဘွား အမွေအနှစ်များကို ရောင်းစားတတ်ရုံမျှဖြင့် …
စေ့စေ့တွေးလျှင် အလွန် ရင်နာစရာ ကောင်းလှသည်။ လွတ်လပ်ရေးရပြီး အနှစ်ခြောက်ဆယ် ကျော် ကြာပြီးနောက် ကမ္ဘာကြီးနှင့် ယှဉ်တွဲ ရှုမြင်လိုက်သောအခါ မြန်မာနိုင်ငံသည် တိုးတက် ဖွံ့ဖြိုးမှု အနိမ့်ဆုံး အဆင့်အတန်းမှာ ထိပ်ဆုံးနား ရောက်နေသည်ကို မြင်ရလေသည်။ သယံဇာတ အမွေအနှစ်များ ပေါကြွယ်လှ...
By: ပြည်သူ့ခေတ်

No comments:

Post a Comment

mr.kyaingtun@gmail.com