Monday, December 24, 2012

သမိုင်းရန်ကြွေးဆပ်ဖို့ သာရှိပါတော့သည်။

Zaw Myo Lwin and Khin Mgoo shared N'gun Ja Wa's status update.
လူမျိုးကြီးစစ်ဝါဒစွဲကိုင်သော လက်တစ်စုပ်စာလူတန်းစားတရပ်ကြော
င့် ကချင်နှင့်လူမျိုးကြီးဝါဒီ တို့ နှင့်ပေါင်းစီးရေး မဖြစ်နိင်တော့ပီ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါးစပ်ကတဖွဖွ ပြောနေသော်ညားလည်း လက်တွေ့ မှာ မြန်မာစစ်ဝါဒီတို့ လက်နက်အင်အား အားကိုးပီးဖြေရှင်းဖို့ လုပ်ဆောင်နေသောကြောင့်ဖြစ်သည်။ သမိုင်းရန်ကြွေးဆပ်ဖို့ သာရှိပါတော့သည်။

(ကချင်မျိုးချစ်စစ်သည်ဟောင်းတစ်ဦး ရေးထားသောစာမူကို မူရင်းအတိုင်းတင်ပြလိုက်ပါသည်။)

"Kachin civil society, religious groups တွေသာမက KIO ခေါင်းဆောင်များမှ ဗမာ့သတ်မတော် ဖက်မှစတင်ပြီး အနိုင်ကျင့်တိုက်ခိုက် လာသည့် အချိန် 2012 June/July အတွင်း စစ်အင်အားကို အားကိုးပြီး နိုင်ငံေ၇းပြဿနာ ကိုစစ်ေ၇းနည်းဖြင့်အသုံးမပြုပါ၇န် အကြိမ်ကြိမ်ညှိနှိုင်း တင်ပြခဲ့ ကြသော်လည်း၊ ဗမာ့သတ်မတော် ခေါင်းဆောင်များနှင့် သိန်းစိန်အစိုး၇ နားမ၀င်ခဲ့ကြပါ၊ KIA/KIO နှင့် ဗမာအစိုး၇တို့ အနှစ်(၅၀)ကျော် တိုက်ခဲ့ကြသည့် ခါးသီးသော သမိုင်းအတွေ့ အကြုံများကိုလည်း လက်ရှိ မင်းအောင်လှိုင် - သိန်းစိန် အစိုး၇ အနေနဲ့ မည်သို့  အဓိပ္ပါယ်ဖေါ်(INTERPRET) ယူကြသည် ကိုလည်း နားမလည်နိုင်ပါ၊ ယခုထိ အပြောတမျိုး လက်တွေ့ တမျိုး လုပ်နေသော ဗမာ့သတ်မတော် ၏ ထိုးစစ်ကိုကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင် - သိန်းစိန်အစိုး၇ဟာ ကချင်အမျိုးသား များ၇ဲ့  political equality (နိုင်ငံေ၇း တာတူညီမျှေ၇း) တောင်းဆိုနေမှုတွေကို တကြော့ ပြန် မ၇မက ရိုက်ချိုး မယ်ဆိုတဲ့ အသွင် လုံးဝဆောင်နေပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ၁၄၇က် တိုက်ပွဲမှာ ဗမာတပ်ဖက်က အနည်းဆုံး အင်အား(၅၀၀) ကျော်နဲ့  ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတခုဖြစ်ပါတယ်၊ အဲဒီစစ်ကြောင်းက စစ်ဦးကျိုးသလိုဖြစ်သွားတော့ ဗမာသတ်မတော် ခေါင်းဆောင်တွေ မခံချိမခံသာ ဖြစ်နေမယ် ဆိုတာ သံသယ ပွားစ၇ာ လိုမယ် မထင်ဘူး၊ ခုလဲဘဲ ဒီထိုးစစ်အတွက် နည်းဗျူဟာ အမျိုးမျိုး ညဏ်နီညဏ်နက်တွေနဲ့  စစ်ဆင် နေတဲ့အချိန် “ငါသွားမယ့်လမ်းမှာ ၇ပ်မနေနဲ့  တိုက်ပစ်လိုက်မယ်” ဆိုတဲ့စာဟာ သံခင်း တမန်ခင်း လေသံမဟုတ်မှန်း လူတိုင်းခန့် မှန်းနိုင် ပါတယ်၊

ဒီစစ်ပွဲ၇ဲ့  အခြေအနေကို လေ့လာ၇င် ဗမာသတ်မတော်ဖက်က အကြီးအကျယ် ရှုံးနေပြီ ပြီဆိုတာ အထင်အရှား တွေ့ နိုင်ပါတယ်။

၁။ စစ်ခွေးတွေ လုပ်တဲ့ Blog တခု Myanmar Express ဆိုလား .. အဲဒီမှာေ၇းတာမှန်၇င် .. KIA အယောက် ၂၀၀၀ တိုက်ပွဲမှကျတယ် ဆိုတော့ ဗမာသတ်မတော်ဖက်က ၂၀၀၀၀ ကျော် ဂန့် ပြီ ဆိုတာကို အလိုလို ၀န်ခံကြသလို ဖြစ်သွားပြီ။(real ground situation – 1:10)
၂။ တိုက်ပွဲ အေ၇အတွက် ၂၀၀၀ကျော် အတွက် သူဌေးနိုင်ငံဖြစ်တဲ့ ဗမာ့စည်းကမ်းရှိသော ဒီမိုကေ၇စီနိုင်ငံတော်ကြီးက ကျခံမဲ့ ငွေပမာဏက $1.7 billion (est.) ရှိနေပြီဖြစ်သည်။
၃။ ထစ်ကနဲဆို စစ်တပ်အားကိုး ဗိုလ်ကျ အနိုင်ကျင့်တဲ့ အတွေးအခေါ်ကြောင့် နဂိုကမှ မခိုင်တခိုင် တိုင်း၇င်းသား စည်းလုံးညီညွတ် ယုံကြည်မှု ပို၍ ပျက်စီးသွားသည်၊ ကချင်နှင့် လုံးဝပျက်စီးသွားပြီ ဖြစ်သည်။
၎။ စစ်မဖြစ်ခင် KIA/KIO အပေါ်ထောက်ခံမှု အခြေအနေမှာ ကချင်အမျိုးသားအားလုံး၏ ၆၅% ခန့်  သာရှိနေ၇ာမှ ယခုအချိန်တွင် ၉၇% သော ကချင်လူထု၏ ထောက်ခံမှု၇ရှိစေသည် သာမက ကချင်အမျိုး သားများ၏ သမိုင်းတွင်မကြုံဖူးသော စည်းလုံးညီညွတ်မှုကို ဖြစ်စေသည်။
၅။ ဤစစ်ပွဲကြီးကြောင့် မင်းအောင်လှိုင် - သိန်းစိန် တို့ သည် အာဏာရှင် နေ၀င်းကို ကျော်လွန်ကာ ကချင်အမျိုးသား တို့ ၏သမိုင်း၌ အဆိုးဝါးဆုံး အပြစ်မဲ့ကချင်ပြည်သူလူထုကို သတ်ဖြတ်နှိပ်စက်ခဲ့ သော ဗမာအမျိုးသား ခေါင်းဆောင်(၂)ဦး အဖြစ် ကမ္ဘည်းတင်ခဲ့ပြီဖြစ်သည်။

မတ၇ာအနိုင်ကျင့်စော်ကားမှုကို တွန်းလှန်နေသော ကချင်အမျိုးသားများ၏ နိုင်ငံေ၇း တာတူညီမျှမှု အခွင့်အေ၇း အတွက် တောင်းဆိုနေမှုတို့ ကို ဘယ်ပုဂ္ဂိုလ်၊ မည်သည့်အစိုး၇မျှ ရိုက်ချိုးတားဆီး နိုင်ကြမည်မဟုတ်ပါ၊ KIA လိုင်ဇာဌာနချုပ် ဆိုတာ ကချင်အမျိုးသားတို့ ၇ဲ့  ပန်းတိုင်မဟုတ်ပါ၊ လိုင်ဇာမြို့ ကျဆုံးကောင်းကျဆုံးလိမ္မည်၊ ဗမာသတ်မတော် အနေဖြင့် ယခုကဲ့သို့  စစ်ေ၇းနည်းဖြင့်သာ ဖြေရှင်းတတ်သော အလေ့အထကြောင့် ကချင်တို့ ၏ တော်လှန်ေ၇းကို ပို၍ ပို၍ ကြီးမားအောင် လုပ်ပေး နေခြင်းသာဖြစ်ကြောင်း တင်ပြ အပ်ပါသည်။

အညတြ ကချင်စစ်သည်ဟောင်း တစ်ဦး
24 December 2012"

No comments:

Post a Comment

mr.kyaingtun@gmail.com