Wednesday, December 19, 2012

ရဲစခန်းနဲ့ ဓမ္မာရုံ မခွဲတတ်တဲ့ကောင်က၊ လူ့အခွင့်အရေးကာကွယ်မယ်တဲ့

ရဲစခန်းနဲ့ ဓမ္မာရုံ မခွဲတတ်တဲ့ကောင်က၊ လူ့အခွင့်အရေးကာကွယ်မယ်တဲ့

တခါတလေ ကျတော့ မြန်မာပြည်ထဲမှာ လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ပြောနေတဲ့သူတွေကို လူလို နေဘူးလို့လားလို့ မေးကြည့်ချင်တယ်။ ပြီးတော့ တိုင်းပြည်ကို ချစ်ပါတယ် ချစ်ပါတယ် ပြောနေတဲ့ သူအချို့ကိုလည်း မင်းတို့ သိပ်ချစ်တဲ့ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရတွေက မင်းတို့ကို ဘယ်လို ပြုစု ပျိုးထောင်ပေးခဲ့လဲလို့ မေးချင်တယ်။
အခုဆို လွတ်လပ်ရေး ရတာ နှစ်ပေါင်း ၆၄ ပြည့်တော့မယ်။ လွတ်လပ်ရေးရတဲ့ နှစ်မှာ မွေးတဲ့သူတွေဟာ မြန်မာပြည်က ပင်စင်သက်နဲ့ တွက်ကြည့်မယ်ဆိုရင် ပင်စင်ရတာတောင် ၄ ကျော်သွားပြီ။ ခေတ် အဆက်ဆက် စစ်တပ်နဲ့ မပေါင်းတဲ့ ရိုးရိုးသားသား ရှာဖွေစားသောက်နေတဲ့ သူတွေ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင် ကျော်လွှားခဲ့ရသလဲဆိုတာ သက်ကြီးရွယ်အိုတွေကို မေးကြည့် အကြောက်အလန့်နဲ့ နေခဲ့ရတာ အားလုံးပြည့်စုံတယ် ထား စိတ်မချမ်းသာ ကိုယ်ချမ်းသာနဲ့ သူတို့ အသက်ရှင်ခဲ့ရတာ။
လူ့အခွင့်အရေး ပြောတဲ့သူ အချို့ အခု သွေးရူးသွေးတန်းနဲ့ စစ်အစိုးရ အကြိုက် လိုက်အော်နေတယ် ဘာတဲ့ ကေအိုင်အို က ပစ်တာ အပြစ်မဲ့ အရပ်သား တွေ ထိတယ်။ ရဲစခန်းဆိုတာ စစ်အစိုးရရဲ့ ယန္တရားလား၊ အရပ်သားတွေ ခိုလှုံတဲ့ ဓမ္မါရုံလားဆိုတာကို အရင်ဆုံး ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုပါလိမ့်မယ်။ ဓမ္မာရုံနဲ့ ရဲစခန်း ဒီလောက်တောင် မသိဘဲနဲ့ ကျနော်က လူ့အခွင့်အရေးကာကွယ်တဲ့သူပါလို့ ပြောရင် ဘပြောင် ကေ ညှပ်ပြီး နှလုံးစက်ပါ သွင်းထားလိုက်တော့။ 

စစ်အစိုးရသတ်မှတ်ထားတဲ့ တိုင်းကြီး ၇ တိုင်း၊ ပြည်နယ် ၇ ခု ကိုကြည့်၊ ပြီးရင် နောက်တိုးတဲ့ နေပြည်တော်ပါ ပေါင်း ဘယ်နေရာမှာဖြစ်ဖြစ် ပြည်သူတွေ ငတ်နေတယ်။ ပြည်နယ် ၇ ခု စလုံးရဲ့ နယ်စပ်တွေကိုကြည့် ဒုက္ခသည် စခန်းတွေ ၀န်းရံထားတယ်။ အဲဒီ ဒုက္ခသည် စခန်းတွေမှာ နေတဲ့ မြန်မာနိုင်ငံသားတွေမေးကြည့် သူတို့ ပြည်နယ်ကို ဘယ်သူတွေ လာဖျက်ဆီးလဲဆိုတာ။ ဘယ်လူ့အခွင့်အရေးက ကောင်တွေ လာပြီး ကိုယ့်မြန်မာပြည်သားတွေ အသက်ဘေးက ထွက်ပြေးနေရတာ လာ ကာကွယ်ပေးသလဲလို့။ ဒုက္ခသည် စခန်းမှာ နိုင်ငံခြားသားတွေ လာကူညီတာတောင် ဗမာ့ မုဒိန်းတပ်မတော်က လာမီးရှို့တာတွေ ကြားဖူးလားလို့။ အခု ရခိုင်ပြည်နယ်မှာ အရေး အခင်းတွေ ဖြစ်နေတယ် ရခိုင်လူမျိုးတွေ ကိုယ်တိုင် ဘင်္ဂလားဒေခ့်ျမှာ ဒုက္ခသည်တွေအဖြစ် နေ နေရတာ ဘယ် စစ်အစိုးရက ပြန်ခေါ်မယ်ပြောဘူးလဲ။
ကိုယ့်ကိုယ်ကိုယ် လူ့အခွင့်အရေး သမားလို့ ပြောချင်ရင် လူလိုမနေဘူးတောင် လူစိတ်တော့ အရင်ဝင်အောင် စဉ်းစားထားဦး။ တိုင်းပြည်ချစ်တယ် သိပ်မပြောနဲ့ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူတွေဟာ သူများနိုင်ငံမှာ သူများတန်းတူနေ၊ သူများတန်းတူ အလုပ်လုပ်မယ်ဆိုရင် အတတ်ပညာရှင်တွေကလွဲပြီး မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ကုန်ကုန်ပြောရင် ဂျပန်မှာနေတဲ့ ဘယ်ကောင်မှ အိမ်ကို ပိုက်ဆံပြန်မပို့နိုင်ဘူး။ ချွေးနှဲစာနဲ့ ရှာထားတဲ့၊ တရက်ကို ၁၆ နာရီလောက် အလုပ်လုပ်ပြီးရှာထားတဲ့ ပိုက်ဆံတောင် အိမ်ပြန်ပို့တဲ့ အခါ စစ်အစိုးရက နိုင်ငံခြားမှာလည်း သူတောင်းစားသားသမီးများနှင့် မယားငယ်များ ကောင်းစားရေးအခွန်၊ အမြီးဖြတ် ခေါင်းဖြတ် အလယ် ငါပိုင်တယ်ဆိုပြီး ငါးကြင်းခွဲတဲ့ မြေခွေး လုပ်တာကို ဘယ်သကောင့်သား လူ့အခွင့်အရေးကာကွယ်တဲ့ကောင်တွေက ပြောဘူးလဲ။ နောက်ဆို ရဲစခန်းနဲ့ ဓမ္မာရုံတောင် မခွဲတတ်ဘဲနဲ့ လူ့အခွင့်အရေး ကာကွယ်မယ် ကာကွယ်မယ် ပြောမဲ့အစား ကျနော့်ကို သိန်းစိန်နဲ့ အပေါင်းပါများက ခိုင်းလို့ပါဆိုရင် သနားတဲ့သူရှိဦးမယ်လို့ အကြံပြုလိုက်ပါတယ်။

No comments:

Post a Comment

mr.kyaingtun@gmail.com