Wednesday, December 19, 2012

တိုင်းပြည်ဖြိုခွဲတဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်းသာ ဖြစ်တယ်။(စာကို သေသေချာချာ ဖတ်ပြီးမှ ဝေဖန်ဆဲဆိုပါ။)

တိုင်းပြည်ဖြိုခွဲတဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်းသာ ဖြစ်တယ်။(စာကို သေသေချာချာ ဖတ်ပြီးမှ ဝေဖန်ဆဲဆိုပါ။)

တခါတခါကျတော့ တိုင်းပြည်ပြိုကွဲမှာ စိုးလို့ ဆိုတဲ့စကားလုံးကို တကမ္ဘာလုံးမှာ ရှိတဲ့ဘာသာစကားတွေကနေ မြန်မာပြည်အတွက် မသုံးဖို့ တားမြစ်ချင်တယ်။ သမိုင်းမသိဘဲ ပင်လုံစာချုပ်အကြောင်းတွေ လျှောက်ပြောနေတယ်။ဘာတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းပြည်မပြိုကွဲရေး။ ပင်လုံ စာချုပ်မှာ ပါဝင်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဆိုတာကလည်း ဗိုလ်ချုပ်အောင်ဆန်း နဲ့ ပါတ်သက် ရာ ပါတ်သက်ကြောင်း တွေချည်းပဲ။ ဥပမာ ပေးရမယ်ဆိုရင် ကရင်မှာ ကရင့်ခေါင်းဆောင် အစစ် စောဘဦးကြီး၊ မန်းဘဇံ မပါဘူး။ ဒီလိုပဲ တခြားလူမျိုးစုတွေရဲ့ ခေါင်းဆောင်အစစ်တွေမပါဘူး။ တိုင်းပြည် ဖြိုခွဲမဲ့သူ တို့ရန်သူ ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းကို တရားခံလုပ်လိုက်ပေါ့။ ဗိုလ်ချုပ်အောင်ဆန်းပဲ တိုင်းရင်းသားတွေကို ကတိပေးခဲ့တာ ကျနော်တို့နဲ့ ၁၀ နှစ်လောက်တွဲလုပ်ကြည့်ပါ။ မကြိုက်ရင် မကျေနပ်ရင် ခွဲပေါ့တဲ့။ အခုတော့ ခင်ဗျားတို့ စစ်ခေါင်းဆောင်ချင်းကျ အပြစ်မပြောဘဲ၊ ကျနော်တို့ တိုင်းရင်းတွေကို လာပြောနေတော့ ခင်ဗျားတို့လဲ ဒီပုတ်ထဲက ဒီစုန်းပြူးက ပိုမာတယ်လို့ ပြောရမလို ဖြစ်နေပြီ။

ဘာတဲ့ အင်္ဂလိပ်အခက် ဗမာအချက်။ ဟုတ်တယ် ဗမာတွေ အချက် ဖြစ်သွားတယ်။ ဗမာတွေ သိပ်မရှိတဲ့ မြစ်ဝကျွန်းပေါ်ဒေသတောင် ဧရာဝတီတိုင်းဆိုပြီး ဗမာတွေ သိမ်းသွားတယ်။ ကရင်တွေ အနေများတဲ့ ပဲခူးဒေသ လည်း ပဲခူးတိုင်း ဖြစ်သွားတယ်။ ဒါတောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ လက်သင့်တဲ့သူတွေပါတဲ့ ပင်လုံက ၁၀ နှစ်ပဲ ပေါင်းကြည့်ပါ၊ တွဲကြည့်ပါလို့ စာချုပ် ချုပ်ခဲ့တယ်။ အခု ခင်ဗျားတို့ ပေးထားတဲ့ ပြည်နယ် ၇ ခုကို တိုင်းရင်းသားတွေက ခင်ဗျားတို့ မလိုချင်လို့ ကျန်ခဲ့တဲ့ ကျနော်တို့ဒေသလေးမှာ အေးအေးဆေးဆေး နေပါရစေ၊ ကိုယ့်လူမျိုး ကိုယ်စောင့်ရှောက်ပါရစေ၊ လာပြီး အနိုင့်အထက် မကျင့်ပါနဲ့။ ခင်ဗျားတို့ တောင်းတဲ့ အခွန်အခလည်း ပေးပါမယ် ဆိုတာတောင် စစ်အာဏာရှင်က လူ့အလိုက် နတ်မလိုက်နိုင် ဆိုသလို၊ နတ်ပါ -င်ပိတ်ပြေးရအောင် တောင်းတော့ ပြဿနာတွေ တက်တော့တာပေါ့။ ကိုယ့်အိမ်ကို သူများပေးထားရပြီး တောထဲမှာ တဲထိုးနေရတဲ့ ဘ၀မှာတောင် အနိုင်ကျင့်ခံရတဲ့ တိုင်းရင်းသားတွေကို ခင်ဗျားတို့ နဲနဲပါးပါး စာနာ ကြည့်ဦး။ အခုတော့ သမတကြီး ကောင်းလှပါရဲ့ ဦးဝီရသူ ပြောလို့ စကားမဆုံးသေးဘူး ဘုရားသားတော် ပြည်သူ့ရဟန်းတွေ ဘာတွေ ဖြစ်ကုန်ပြီလဲ။ ၂၀၁၂ စကားနဲ့ ပြောရမယ်ဆိုရင် ဘယ်မှာလဲ တရားဥပဒေ စိုးမိုးရေး၊ ဘာလုပ်နေလဲ တရားဥပဒေ စိုးမိုးရေးကော်မတီ လို့ပဲ မေးရတော့မယ်။

No comments:

Post a Comment

mr.kyaingtun@gmail.com