Sunday, December 23, 2012

“ဘာမှ ဖြစ်မလာမယ့် ၂၀၁၅ ကြီးကို မျှော်မှန်းပြီး အစိုးရဘက်က ကာဆီးကာဆီး လုပ်နေတာဟာ ဒီမိုကရေစီသမားတွေရဲ့ ညီညွတ်ရေးကို ပျက်စီးစေပါတယ်။ ယုံကြည်မှုတွေ ပျက်ပြားစေပါတယ်။”

KhingKhing Su shared Lun Swe's photo.
“ဘာမှ ဖြစ်မလာမယ့် ၂၀၁၅ ကြီးကို မျှော်မှန်းပြီး အစိုးရဘက်က ကာဆီးကာဆီး လုပ်နေတာဟာ ဒီမိုကရေစီသမားတွေရဲ့ ညီညွတ်ရေးကို ပျက်စီးစေပါတယ်။ ယုံကြည်မှုတွေ ပျက်ပြားစေပါတယ်။”

စစ်အာဏာရှင်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို ညစ်ကို ညစ်မှာပါ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာတောင် ကြိုတင်ပြီး ညစ်ချင်ညစ်ပါမယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲစနစ်ကို ပြင်ပြီး ကြိုညစ်တာမျိုး လုပ်ချင်လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ရွေးကောက်ပွဲမှာ ညစ်မှာပါ။ ဒီချုပ်ကို လွှတ်တော်ထဲမှာ နေရာတချို့ ပေးပါလိမ့်မယ်။ ဒါပေမယ့် အစိုးရဖွဲ့ခွင့် ပေးမှာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါဘူး။ ဖြစ်ခွင့်မပေးပါဘူး။ အခြေခံဥပဒေကို ပြင်မပေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သာ မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီထဲက တယောက်ယောက်ကိုလည်း အစိုးရဖွဲ့ခွင့်၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ ဒီချုပ်ပါတီတွင်မဟုတ်၊ ကြံ့ဖွံ့မဟုတ်တဲ့ ဘယ်ပါတီကိုမှလည်း အစိုးရဖွဲ့ခွင့်၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ အဲသလို မဖြစ်အောင် နည်းမျိုးစုံ သုံးပြီး ညစ်ဦးမှာပါ။ အဘက်ဘက်က တားဆီးတဲ့ကြားထဲက ဖြစ်ခဲ့ရင် အာဏာတောင် သိမ်းပါလိမ့်မယ်။

စဉ်းစားကြည့်ပါ။ တခြားပါတီတခုခုက သမ္မတဖြစ်ပြီး အစိုးရဖွဲ့ခွင့်ရရင် ဘာတွေဖြစ်သွားမလဲ။ သူတို့ ဖုံးထားသမျှတွေ ပေါ်ကုန်မှာပဲ။ သူတို့လုပ်ထားတဲ့ နျူကလီးယားစီမံကိန်းဆိုတာတွေ လူသိကုန်မယ်။ ဦးပိုင်ကုမ္ပဏီ လုပ်ထားတာတွေ လူသိကုန်မယ်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လုပ်ထားတာတွေ လူသိကုန်မယ်။ တိုင်းရင်းသားတွေ အပေါ်ကျူးလွန်ထားတဲ့ ပြစ်မှုတွေ လူသိကုန်မယ်။ ၁၉၈၈ မှာ ကျူးလွန်ထားတာတွေ၊ ၂၀၀၇ မှာ ကျူးလွန်ထားတာတွေ လူသိကုန်မယ်။ နိုင်ငံပိုင် ဓာတ်ငွေ့တွေ၊ ရေနံတွေ၊ သတ္တုတွေ၊ သစ်တောတွေ အားလုံး ခိုးဝှက်ထားတာတွေ လူသိကုန်မယ်။ ဒါမျိုးကို သူတို့ အဖြစ်မခံပါဘူး။ ဒီလိုအခြေအနေမျိုးသာ မလွဲမရှောင်သာ ရင်ဆိုင်ရမယ်ဆိုရင် ဘီလူးခေါင်းပြန်ဖော်ဖို့လည်း ဝန်လေးမှာ မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ ဘဝပေးအခြေအနေပါ။ အကုသိုလ်နဲ့ အကြောင်းယှက် ပေါင်းဖက်ထားတဲ့ သူတို့ရဲ့ ဘဝပေး အခြေအနေတွေပါ။

ဒါတွေကို မေ့ထားပြီး စစ်အာဏာရှင်တွေဟာ အမှန်တကယ် ပြုပြင်ပြောင်းလဲမှု လုပ်လာလိမ့်မယ်၊ နောင်တရလာလိမ့်မယ်၊ အမြင်မှန်ရလာလိမ့်မယ်လို့ တွေးတာဟာ စစ်အာဏာရှင်တွေရဲ့အကြောင်းကို ကောင်းကောင်း နားမလည်လို့ စိတ်ကူးယဉ်နေတာသာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ စိတ်ကောင်းရှိတာ မရှိတာ၊ ကြောက်တာ မကြောက်တာ စတဲ့ လူ့ရဲ့ စိတ်ခံစားချက်တွေအပေါ်မှာ တည်မှီပြောင်းလဲနိုင်တယ်လို့ ထင်နေတဲ့ စိတ်ကူးယဉ်မျှော်မှန်းချက်တွေပါ။

ဘာမှ ဖြစ်မလာမယ့် ၂၀၁၅ ကြီးကို မျှော်မှန်းပြီး အစိုးရဘက်က ကာဆီးကာဆီး လုပ်နေတာဟာ ဒီမိုကရေစီသမားတွေရဲ့ ညီညွတ်ရေးကို ပျက်စီးစေပါတယ်။ ယုံကြည်မှုတွေ ပျက်ပြားစေပါတယ်။

http://www.drlunswe.blogspot.com/2012/12/blog-post_3847.html

ဓာတ်ပုံ - ခွန်ဒီးယမ်
“ဘာမှ ဖြစ်မလာမယ့် ၂၀၁၅ ကြီးကို မျှော်မှန်းပြီး အစိုးရဘက်က ကာဆီးကာဆီး လုပ်နေတာဟာ ဒီမိုကရေစီသမားတွေရဲ့ ညီညွတ်ရေးကို ပျက်စီးစေပါတယ်။ ယုံကြည်မှုတွေ ပျက်ပြားစေပါတယ်။”

စစ်အာဏာရှင်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို ညစ်ကို ညစ်မှာပါ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာတောင် ကြိုတင်ပြီး ညစ်ချင်ညစ်ပါမယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲစနစ်ကို ပြင်ပြီး ကြိုညစ်တာမျိုး လုပ်ချင်လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ရွေးကောက်ပွဲမှာ ညစ်မှာပါ။ ဒီချုပ်ကို လွှတ်တော်ထဲမှာ နေရာတချို့ ပေးပါလိမ့်မယ်။ ဒါပေမယ့် အစိုးရဖွဲ့ခွင့် ပေးမှာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါဘူး။ ဖြစ်ခွင့်မပေးပါဘူး။ အခြေခံဥပဒေကို ပြင်မပေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သာ မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီထဲက တယောက်ယောက်ကိုလည်း အစိုးရဖွဲ့ခွင့်၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ ဒီချုပ်ပါတီတွင်မဟုတ်၊ ကြံ့ဖွံ့မဟုတ်တဲ့ ဘယ်ပါတီကိုမှလည်း အစိုးရဖွဲ့ခွင့်၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ အဲသလို မဖြစ်အောင် နည်းမျိုးစုံ သုံးပြီး ညစ်ဦးမှာပါ။ အဘက်ဘက်က တားဆီးတဲ့ကြားထဲက ဖြစ်ခဲ့ရင် အာဏာတောင် သိမ်းပါလိမ့်မယ်။

စဉ်းစားကြည့်ပါ။ တခြားပါတီတခုခုက သမ္မတဖြစ်ပြီး အစိုးရဖွဲ့ခွင့်ရရင် ဘာတွေဖြစ်သွားမလဲ။ သူတို့ ဖုံးထားသမျှတွေ ပေါ်ကုန်မှာပဲ။ သူတို့လုပ်ထားတဲ့ နျူကလီးယားစီမံကိန်းဆိုတာတွေ လူသိကုန်မယ်။ ဦးပိုင်ကုမ္ပဏီ လုပ်ထားတာတွေ လူသိကုန်မယ်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လုပ်ထားတာတွေ လူသိကုန်မယ်။ တိုင်းရင်းသားတွေ အပေါ်ကျူးလွန်ထားတဲ့ ပြစ်မှုတွေ လူသိကုန်မယ်။ ၁၉၈၈ မှာ ကျူးလွန်ထားတာတွေ၊ ၂၀၀၇ မှာ ကျူးလွန်ထားတာတွေ လူသိကုန်မယ်။ နိုင်ငံပိုင် ဓာတ်ငွေ့တွေ၊ ရေနံတွေ၊ သတ္တုတွေ၊ သစ်တောတွေ အားလုံး ခိုးဝှက်ထားတာတွေ လူသိကုန်မယ်။ ဒါမျိုးကို သူတို့ အဖြစ်မခံပါဘူး။ ဒီလိုအခြေအနေမျိုးသာ မလွဲမရှောင်သာ ရင်ဆိုင်ရမယ်ဆိုရင် ဘီလူးခေါင်းပြန်ဖော်ဖို့လည်း ဝန်လေးမှာ မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ ဘဝပေးအခြေအနေပါ။ အကုသိုလ်နဲ့ အကြောင်းယှက် ပေါင်းဖက်ထားတဲ့ သူတို့ရဲ့ ဘဝပေး အခြေအနေတွေပါ။

ဒါတွေကို မေ့ထားပြီး စစ်အာဏာရှင်တွေဟာ အမှန်တကယ် ပြုပြင်ပြောင်းလဲမှု လုပ်လာလိမ့်မယ်၊ နောင်တရလာလိမ့်မယ်၊ အမြင်မှန်ရလာလိမ့်မယ်လို့ တွေးတာဟာ စစ်အာဏာရှင်တွေရဲ့အကြောင်းကို ကောင်းကောင်း နားမလည်လို့ စိတ်ကူးယဉ်နေတာသာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ စိတ်ကောင်းရှိတာ မရှိတာ၊ ကြောက်တာ မကြောက်တာ စတဲ့ လူ့ရဲ့ စိတ်ခံစားချက်တွေအပေါ်မှာ တည်မှီပြောင်းလဲနိုင်တယ်လို့ ထင်နေတဲ့ စိတ်ကူးယဉ်မျှော်မှန်းချက်တွေပါ

ဘာမှ ဖြစ်မလာမယ့် ၂၀၁၅ ကြီးကို မျှော်မှန်းပြီး အစိုးရဘက်က ကာဆီးကာဆီး လုပ်နေတာဟာ ဒီမိုကရေစီသမားတွေရဲ့ ညီညွတ်ရေးကို ပျက်စီးစေပါတယ်။ ယုံကြည်မှုတွေ ပျက်ပြားစေပါတယ်။

http://www.drlunswe.blogspot.com/2012/12/blog-post_3847.html

ဓာတ်ပုံ - ခွန်ဒီးယမ်

No comments:

Post a Comment

mr.kyaingtun@gmail.com