Hla Htay shared Aye Maung's photo.
ရခိုင်လူမျိုးနှင့် မြန်မာစာ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာNovember 29th, 2012 .
ရခိုင်လူမျိုးနှင့်မြန်မာစာ ဟူသော ဆောင်ပါးသည် ရခိုင်လူမျိုးနှင့်။ မြန်မာစာ မည်သို့ မည်ပုံ ဆက်စပ်နေသည်ကို သိရှိနိုင်ကြစေရန် ရည်ရွယ် ချက်ဖြင့် ဤဆောင်းပါး ကို ရေးသား ရခြင်း ဖြစ်ပါသည်။ ရခိုင်လူမျိုးနှင့် မြန်မာစာ မြန်မာစာနှင့် ရခိုင်လူမျိုး ကိုမည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် မြန်မာစာကို ရခိုင်လူမျိုးတို့က မိမိတို့၏ ကိုယ်ပိုင်စာပေ´´ အနေဖြင့် အသိအမှတ်ပြု ထားသောကြောင့် ဖြစ်၏။
မြန်မာနိုင်ငံတွင် မြန်မာစာဟု သတ်မှတ်ခံ ထားရသော ´အက္ခရာစာပေ´´ ကို ရခိုင်လူမျိုးတို့က မိမိတို့၏ ´´ရခိုင်စာဟူ၍သာ သိနေကြပါသည်။ စာပေကို ရေးသားသည့် အခါ၌ ရခိုင်စကား အပြောအသုံး အနှုန်းဖြင့် ရေးသားခြင်း၊ စာပေအသုံးအနှုန်းဖြင့် ရေးသားခြင်းဟူ၍သာ ခွဲခြားထား သည်။ အက္ခရာ စာပေအနေဖြင့်မူသည် အက္ခရာသည် စာပေဖြင့်သာရေ သားနေကြခြင်း ဖြစ်ပါ သည်။ ယင်းစာ အမျိုးအစားကို ရခိုင်တို့က ´ရခိုင်စာ´(သို့မဟုတ်) ရက္ခ၀ဏ အက္ခရာ´ ဟုအမည် ပေးကာ ခေါ်ဝေါ်သ မှုပြုနေကြသည်ကိုလည်း တွေမြင်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် လူမျိုး ပေါင်း´၁၃၅´ မျိုးရှိကြသည့်အနက်´ မြန်မာစာ အရေးအသားကို မည်သည့်လူမျိုးတို့ က´ရှေ့ဦးစွာ စတင်ရေး သား´ခဲ့ကြသည်ကို လေ့လာစူးစမ်းဖို့ အချိန်တန်ပြီဟု စာရေး သူယူဆပါသည်။
အကယ်၍ အဖြေမှန် ထွက်ရှိခဲ့ပါလျှင်လည်း အားလုံး သဘောထားကြီးစွာဖြင့် လက်ခံ အတည်ပြု ပေးကြဖို့ကိုလည်း အနူးအညွတ် မေတ္တာရပ် ခံလိုပ်သည်။ မြန်မာနိုင်ငံအတွင်း၌ကား ရှေ့က ရခိုင်လူမျိုးတို့တွင် ´ရခိုင်စာ´၊ မွန်လူမျိုးတို့ တွင်´မွန်စာ´၊ ပြူ(ပျူ) လူမျိုးတို့ တွင် ´ပြူ(ပျူစာ)´ ဟူ၍ ကိုယ်ပိုင် စာပေအသီးသီး ရှိခဲ့ကြသည်အနက်သည် ဆောင်းပါးသည် ´မွန်နှင် ပျူစာ´ကို လေ့လာဆန်းစစ်မှု မပြုတောပဲ´မြန်မာစာဟု သတ်မှတ်ခံထားရ သော´ရခိုင်စာ´ကိုသာ နှစ်ဖက် နှိုင်းယှဉ်၍ ဝေဖန်သုံးသပ်တင်ပြသွားမည်ဖြစ်ပါ
အထောက်အထားရှိတိုင်း အကျယ်တ၀င့် တင်ပြဖို့ဆိုသည်မှာ မဂ္ဂဇင်းက စာမျက်နှာနေရာ ပေးနိုင် သည် မဟုတ်ပါ။ ရခိုင်နှင်မြန်မာ ခေတ်ပြိုင်မှုကိုရှာကြည့်ခြင်း မြန်မာစာပေ´ကို ရေးသား နေကြ သည့်´ရခိုင်လူမျိုးနှင့် မြန်မာလူမျိုး´´တို့၏ ခေတ်ပြိုင်အချိန်ကာလကိုရှာကြည့်
ပုမင်း အင်းတောင်ညောင်ရမ်းနောင် ကုန်းဘောင် ခုနစ်ဆက်´´ဟူသောသင်္ကေတ သံပေါက် ကဗျာအရ မြန်မာလူမျိုးတို့တွင် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊
ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် ဟူ၍ခေတ်(၆)ခေတ် ထွန်းကားခဲ့သည်ကို တွေရှိရပါသည်။
ရခိုင်လူမျိုးတို့တွင်လည်း ဒွါရာဝတီခေတ်၊ ဝေသာလီခေတ်၊ ဓည၀တီခေတ်(ပ၊ဒု၊တ)ခေတ် ၊ဝေသာ လီကျောက်လှေကားခေတ်၊ လေးမြိုခေတ်၊ မြောက်ဦး(ပ၊ဒု၊တ)ခေတ်ဟူ၍ ခေတ်(၆)ခေတ် ထွန်း ကားခဲ့သည်ကို တွေ့ရှိနိုင်သည်။ သို့သော်အချိန်ကာလ ကြာမြင့်ပုံခြင်းတော တူနိုင်မည်မဟုတ်ပါ။ ယင်းတို့အနက် မြန်မာတို့၏ ပုဂံခေတ်နှင့် ရခိုင်တို့၏ လေးမြိုခေတ်မှာ ခေတ်ပြိုင်ဖြစ်ကြ၏။ မြန်မာတို့ ဘက်ကပုဂံ၏ထင်ရှား သော´ရာဇကုမာရ် ကျောက်စာခေါ်မြစေတီ ကျောက်စာ´´ကို ခိုင်မာသောအထောက် အထားအဖြစ်တင်ပြမှာဖြစ်ပြီး၊ ရခိုင်တို့ဘက်က စစ်တွေမြို့ ခေါင်းလောင်း ကျောင်းတိုက်ရှိ လေးမြို့ခေတ်´ရခိုင် ဘုရင်မင်းရင်ဖြူ´သွန်းလုပ်ပူဇော
မြန်မာတို့၏ ပုဂံခေတ်..
ကြာ၊ မိုး၊ အံ၊ ပုဂံ တည်´ဟူသောဆောင်ပုဒ်အရ ပျဉ်ပြားမင်း (အေဒီ-၈၄၆ မှ ၈၇၈)ထိသည် ယခုလက်ရှိ ပုဂံမြိုကို တည်ချိန်မှာ ကောဇာ-၂၁၁-ခု၊ ခရစ်အေဒီ ၈၄၉ ခုဖြစ်၏၊
ပုဂံ ပျက်ချိန်ကား´စောမွန်နစ်မင်း´(ေ
ကွမ်းဆော် ကြောင်ဖြူမင်း(အေဒီ-၉၆၄-၉၈၆) ၄င်းနောက် ကျည်စိုးမင်း(အေဒီ-၉၈၆-၉၉၂) ၄င်းနောက် စုက္ကတေမင်း (အေဒီ-၉၉၂-၁၀၁၇) ၄င်းနောက် အနော်ရထာမင်း(အေဒီ-၁၀၄၄-၁၀၇၇) လက်ထက်မှ ထေရ၀ါဒ ဗုဒ္ဒသာသနာကို မွန်ရဟန်းတော် ရှင်အရဟံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ရ၏။ ယင်းအချိန်ထိ ´ပုဂံ´၌ ´မြန်မာစာ´´ဟူသောအရေးအသားမရှိသေ
ယင်း မြစေတီ ဘုရားကျောက်စားကား ပုဂံခေတ် ကျောက်စာများအနက် ´ရှေ့အကျဆုံး ကျောက်စာ´ဖြစ်၏။ မြစေတီကျောက်စာကို သာသနာတော် သက္ကရာဇ် ၁၆၅၇၊ ကောဇာ-၄၇၅-ခု (ခရစ်အေဒီ- ၁၁၁၃)တွင် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။ ယင်းအချိန်ထိ ပုဂံ၌´ပြူလူမျိုး´ တို့ရှိနေသေးသည်ကိုတွေ့ရ၏။
ရခိုင်တို့၏ လေးမြိုးခေတ်
ရခိုင်တို့၏လေးမြို့ခေတ်သည် အေဒီ ၈၁၈ မှ ၁၄၃၀ ထိကြာမြင့်ခဲ့သည်ကိုတွေ့ရှိရ၏။ လေးမြို့ခေတ်ဆိုသည်မှာ အဉ္စနနဒီမြစ်၏ ၀ဲယာ၌ ပဉ္စာမြို့ ပုရိန်မြို့ နေရဉ္စ၇ာ တောင်ငူမြို့
လောင်းကြက်မြို့ဟူ၍ မြို့လေးမြို့ တည်ရှိခဲ့သည်ကို အကြောင်းပြု၍ ´လေးမြိုခေတ်´ ဟုခေါ် တွင်ခဲ့ခြင်းဖြစ်သည်။ မြန်မာတို့၏ ပျဉ်ပြားမင်းသည် ယခုလက်ရှိ ´ပုဂံမြို့´ ကိုမတည် ဆောက်ရသေးမီ(၃၁)နှစ်အလိုက လေးမြို့ခေတ် ရခိုင်ဘုရင် ´ခေတ္တသင်မင်း´ သည် ပဉ္စာမြို့´ ကို
သာသနာ၁၃၆၂ ခု၊ ကောဇာ ၁၈၀-ခု၊ (အေဒီ-၁၈၁) တွင် တည်ဆောက်ထာပြီးဖြစ်နေပါသည်။
ရခိုင်တို့၏လေးမြိုခေတ်´ခေတ္တသင်
ဝေသာလီကျောက်လှေကားခေတ် (အေဒီ-၃၂၇-မှ ၈၁၈ထိ) တွင် လည်းကောင်း တတိယဓည၀တီခေတ်(ဘီစီ-၅၆၉ မှ အေဒီ ၃၂၆ ထိ) တွင် ၄င်း ထေရ၀ါဒဗုဒ္ဒသာသနာနှင့်အတူစာပေယဉ်
ယင်းတိုအနက် လေးမြို့ခေတ် (အေဒီ-၈၁၈-မှ ၁၄၃၀ထိ) ပဉ္စာမြိုတည်´ခေတ္တသင်မင်း´မှ(၃)ဆ
ဘုရင်မင်းရင်ဖြူ´ လက်ထက် (အေဒီ-၈၄၃ မှ ၈၇၃ ထိ) အေဒီ ၈၄၇တွင် သွန်းလုပ်ပူဇော်ခဲ့သော ဗုဒ္ဒဆင်းတုတော်
(ဥာဏ်တော်အမြင့် ၁ပေ ၂.၃ လက်မ၊ ယခုအခါစစ်တွေမြို၊ ခေါင်းလောင်းကျောင်းတိုက်တွင် ကိန်းဝပ်လျှက်ရှိသည်၊။) ၏
´စမ္မခဏ်းကမ္မညာ်းစာ´ ကိုသာ ရခိုင်စာပေဘက်က ခိုင်မာသော အထောက်အထား တစ်ခုအနေဖြင့် တင်ပြသွားမည်ဖြစ်ပါသည်။
ဘုရားဆင်းတုတော် စမ္မခဏ်ကမ္မည်းစာ
အဆိုပါဘုရား၏ စမ္မခဏ်စာမှာ ယခုခေတ်´မြန်မာစာ´ဟုသတ်မှတ်ခံထာ
´သက္ကရာဇ် ၉၊ကဆုန်လဆန်း ၆ရက်၊ တနင်္လာ၅ါးနာရီကျော်သော..ရောက်…ကြ
ဟူ၍ ရေးထိုးထားပါသည်။
အထက်ဖေါ်ပြပါဘုရား၏´စမ္မခဏ်ကမ္မည်း
သက္ကရာဇ် ၂၀၉၊ ကဆုန်လဆန်း ၆ရက်၊ တနင်္လလာနေ့ ၅ နာရီကျော်သော (အချိန်) ရောက်(သောအခါ) ကြေးသွန်းအပ်သည်။ ငါမင်းရင်ဖြူကောင်းမှု ဘုရားကို ပဉ္စလောဟာဖြင့်(သွန်းလုပ်)ပြီးပြ
မြန်မာလူမျိုးနှင့်မြန်မာစာ
မြန်မာသမိုင်းဆရာများက မြန်မာသည်´ပြူလူမျိုး´ ကဆင်းသက်လာသူများဟုခံယူထားကြ၏။ ယင်းသို့ဆိုလျှင် အဘယ်ကြောင့်မြန်မာတို့သည် ´ပြူစာ´ကို မိခင်စာပေအဖြစ် ရပ်တည်အောင်မဆောင်ရွက်နိုင်ကြခဲ
မြစေတိကျောက်စာ၌ ပါရှိသော ´မြန်မာစာ´ ကိုမြန်မာသမိုင်းဆ၇ာများက ´ပျူစာကဆင်းသက်လာသောစာ´ဟုထင်မြင
အမှန်ကယင်း´ပြူစာနှင့်မွန်စာ´နှ
အမှန်က ´မြစေတီကျောက်စာ´၌ပါရှိသော ´မြန်မာစာ´သည် ´ပြောင်းလဲလာသောစာ´ မဟုတ်ပဲ´ရောက်ရှိလာသောစာ´ဟုဆိုမ
အဖြေမှန်ကိုသိရှိလိုပါက
လေးမြိုးခေတ်၊ ပဉ္စာမြို့(၁၂) ဆက်မြောက်မင်းဘီလူးကို အေဒီ-၁၀၆၈တွင်´၀ရောင်းငှက်အသင်္ခယ
ပုဂံခေတ်ကျောက်စာများ၌ ပါရှိနေသော အချို့စကားလုံးများသည် ရခိုင်လူမျိုးတို့၏ နေ့စဉ်သုံး ဝေါဟာရများဖြစ်နေကြောင်း အောက်ပါစကားလုံးများကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။
၁။ ကြာသပတိယ်နိယ်၊
၂။ သုကြာိနိယ်၊
၃၊ လှိယ်၊
၎၊ ရိတ်မှုတ်၊
၅။ အတုမဟါသော၊
၆၊ ခြုပ်မ၊
၈၊ အစ်ကို၊
၉၊အစ်မ၊
၁၀၊ ပန်စင်၊
၁၁၊ ကခြီသည်၊
၁၂၊ ပညာမဟိယ်သော၊
၁၃၊ အလှုပိယ်လိုဝ်သော၊
သင်္ဃတိုဝ်၊
ဤယ်သူ၊
ပတ္တမြာစာတီ၊
လှုခ၏၊
ခြီလက်၊
ခြိယ်ဆယ်ရိယ်၊
လက်ဆိရယ်၊
မပ္လုရကြောင်ဆိုဖီလတ်၊
နိယ်ရလိယ်၏၊
အသရိယ်ဟိသော၊
ခရိုန်
စသောဝေါဟာရများကို ယနေ့ခေတ် မြန်မာတိုပြောဆိုနေကြသေးလား? ဟုမေးလျှင် ပြောဖို့မဆိုထားနှင့် အဓိပါယ်ကို သိရှိအောင်မနည်း ကြိုးစားကြရမည်ဟုထင်ပါသည်။
အဓိပါယ်ကို-၁၁၁၃ ခုတွင် ရေးထိုးခဲ့သောမြန်မာတို့၏ ရှေ့အကျဆုံးဖြစ်သည့် မြစေတီကျောက်စာထက် လေးမြို့ခေတ် အေဒီ-၈၄၇ ခုတွင် ရခိုင်ဘုရင် မင်းရင်ဖြူ သွန်းလုပ်ပူဇော်ခဲ့သော ကောင်းမှုတော်ဘုရား၏ စမ္မခဏ်ကဗ္မည်းစာက နှစ်ပေါင်း(၂၆၆) နှစ်စော၍ ရှေ့ကျနေကြောင်း သိရှိရပါသည်။
ထို့ကြောင့်´မြန်မာနိုင်ငံတွင် မြန်မာစာအရေးအသားကို မည်သည့်လူမျိုးတို့က ရှေ့ဦးစွာစတင်ရေးသားခဲ့ကြပါသနည
ဟူသော အမေးဖြစ်ပေါ်ခဲ့လျှင် ဤဆောင်ပါးစာတမ်းက အထိုက်အလျှောက် အဖြေပေးနိုင်လိမ့်မည်ဟုယူဆပါသည်
နိဂုံးချူပ်အနေဖြင့်ဆိုရသော်
´ရခိုင်လူမျိုးနှင့်မြန်မာစာ´ မှာ မည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။
စကားပြောဟန်ရေးနည်းနှင့်စာ အသုံးရေးနည်းသာ ခြားနားချက်ရှိနေသည်။ စာပေအက္ခရာမှာ အတူတူပင်တည်း။ သို့ဖြစ်၍ ယနေ့ မျက်မှောက်ခေတ် ´မြန်မာစာ´ ဟုသတ်မှတ်ခံထားရသော ´ရခိုင်စာ´ ကို ရခိုင်လူမျိုးတို့က မိမိတို့၏ ´ကိုယ်ပိုင်စာပေ´ဖြစ်ကြောင်းအကြ
´ရခိုင်စာပေ´အဖြစ်မှန်ပေါ်ပေါက်ပ
ဒွါရာဝတီ အသျှင်ကုသလ
(ကိုးကားသောကျမ်းများ)
၁။ မြစေတီကျောက်စာ။။လှသမိန်
၂။ ပုဂံခေတ်နိုင်ငံရေးသမိုင်း။။ဒေါ
၃။တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ။။ဒေါက်တာ သန်းထွန်း
၎။ကျောင်းသုံးမြနမာရာဇ၀င်။။ဦးဘ
၅။မင်းရင်ဖြူကောင်းမှုတော်ဘုရားစ
၆။ သာသနာလင်္ကာရစာတမ်း။(မူဟောင်း) မဟာဓမ္မသင်္ကြ
၇။ရွေဘိုနိဒါန်း။ဇယသခ်ယာ
၈။ဒွါရာဝတီ-အသျှင်ကုသလမှတ်စု တို့ကိုမှီငြိမ်း၍ ကူးယူဖော်ပြထားပါသည်။
အသျှင်ရက္ခိတ၀ံသ ( မြီပုံ )
အားလုံးသူကို သိစေချင်လို့ မျှဝေပေး(မျှဝီပီး)လိုက်ပါသည်
No comments:
Post a Comment
mr.kyaingtun@gmail.com