Monday, December 17, 2012

သဲပွင့်ငယ်လေး ကျွန်တော် Posted by AF in ဆောင်းပါးများ, နိုင်ငံရေးရာ သတင်း


မြန်မာနိုင်ငံသည် ဗြိတိသျှ လက်အောက်မှ လွတ်မြောက်ဖို့ ကြိုးစားနေဆဲ ကာလကပင် အိန္ဒိယ နိုင်ငံနှင့် ဆက်နွှယ်မှုရှိခဲ့သည်။ ဗြိတိသျှ လက်အောက်ခံဘဝမှာ အိန္ဒိယမှ တစ်ဆင့် အုပ်ချုပ်ခံရသော စနစ်အရ အိန္ဒိယနှင့် ကူးလူးဆက်ဆံ မှုရှိခဲ့သည်။ တို့ဗမာအစည်းအရုံးမှာ လူငယ်သခင်များ တက်ကြွစွာ လှုပ်ရှားကြသည်နှင့် အိန္ဒိယ ကွန်မြူ နစ် ပါတီနှင့်ဆက်သွယ်မှုရသည်။ အချုပ်အားဖြင့် စဉ်းစားလျှင် အိန္ဒိယ ကွန်မြူနစ်ပါတီမှ ခေါင်းဆောင် တစ်ဦးဖြစ်သူ မစ္စတာပူ(ရ်)နန္ဒူ ဒတ်စ်ဂုပတားသည် ၁၉၃၉ ခုနှစ်၊ သြဂုတ်လတွင် ရန်ကုန်မြို့သို့ ရောက်လာသည်။ ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ကွန်မြူနစ်ပါတီက လာပ်စည်းအဖြစ် လျှို့ဝှက်ဖွဲ့စည်းသည်။ ကလာပ် စည်းတွင် (၁) သခင် အောင်ဆန်း (အထွေထွေ အတွင်းရေးမှူး)၊ (၂) သခင်စိုး (လူထု ခေါင်းဆောင်)၊ (၃) ရဲဘော်ဂိုရှယ် (စည်းရုံးရေးမှူးနှင့် လျှို့ဝှက် လုပ်ငန်း)၊ (၄)သခင် ဗဟိန်း (ကျောင်း သားစည်းရုံးရေး)၊ (၅) သခင်လှဖေ (ဘဏ္ဍာရေးမှူး)၊ (၆) ရဲဘော် နာ့ထ်(စာကြည့်တိုက်မှူး) ဟူ၍ တာဝန်ယူ ဖွဲ့စည်းခဲ့ကြသည့် သမိုင်းသည် အထင် အရှားရှိခဲ့ပါ ၏။

ထို့နောက် ဗိုလ်ချုပ်အောင် ဆန်းသည် မဟတ္တမဂန္ဒီကို လေး စားသည်။ ဘန်ဒေါင်းညီလာခံတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေး မူကြီးငါးရပ်ကိုချမှတ်စဉ်က လည်း သခင်နုနှင့်မစ္စတာနေရူးတို့ ပါဝင်ခဲ့ကြသည်ကို ယခုတိုင်အမှတ် တရရုပ်တုများထားရှိဆဲဖြစ်သည်။ သည့်နောက် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်တွင်လည်း မစ္စအင်ဒီရာ ဂန္ဒီနှင့် နိုင်ငံရေးဆွေးနွေးဖက် ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၊ အင်ဒရာဂန္ဒီ၊ ချူအင်လိုင်း၊ လီကွမ် ယူ၊ ဆူဟာတို စသည့်ပုဂ္ဂိုလ်များ သည် နိုင်ငံရေးသံယောဇဉ်ကြီးမား သူများ ဖြစ်ခဲ့ကြပေသည်။ တန်းတူ ရည်တူ အဆင့်ရှိကြပါသည်။ လွတ်လပ်ရေးကြိုးပမ်းမှု ကာ လမှစ၍ လွတ်လပ်ရေးရရှိပြီး ထိန်း သိမ်းရသောကာလအထိ နှစ်ပေါင်း များစွာမြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံ တို့သည် အစိုးရချင်းလက်တွဲခဲ့ကြပါသည်။ ဒေသတွင်းနိုင်ငံရေး၊ ကမ္ဘာ့ နိုင်ငံရေးတို့တွင် လက်တွဲပါဝင်ခဲ့ကြ သည်။ ပူးပေါင်းခဲ့ကြသည်။ ညှိနှိုင်း ခဲ့ကြသည်။
သို့သော်။ ထိုသို့သော်သည် အရေးကြီး လှသော ‘သို့သော်’ဖြစ်ပါ၏။ မြန်မာ့နိုင်ငံရေး ဇာတ်ခုံတွင် အလှည့်အပြောင်းကြီး တစ်ခုသည် ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။   တို့အရေးလှုပ်ရှားမှုကြီးသည်   မြန်မာပြည်တွင် ပြင်းထန်စွာ ရိုက်ခတ် ခဲ့ပါ၏။ ၁၉၈၈ ခုနှစ်အရေးအခင်းမှစ ၍ ၁၉၉ဝ ရွေးကောက်ပွဲကြီး ပြီး သောအချိန်မှာ ရှေးအဆက် ဆက် က လက်ချင်းဆက်ခဲ့သော မြန်မာ နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့ ချိတ် ဆက်  ထားသောလက်များ မမြဲသောအခြေ အနေရောက်လာသည်။  နဝတအစိုးရဆန့်ကျင်သူတို့ အိန္ဒိယနိုင်ငံအတွင်းသို့ ကူးဝင်သွား သည်။ အိန္ဒိယအစိုးရမှ လက်ခံ ထားသည်။ ထောက်ပံ့ထားသည်။ ဒီမိုကရေစီကိုအရိုးစွဲနေသော နိုင်ငံ အဖြစ် ကြွေးကြော်ထားသည့် အလျောက် မြန်မာအစိုးရအပေါ် ဆက်ဆံရေး ပြောင်းလာသည်။ ဒီမိုကရေ စီလိုလားသူများကို အားပေးသည်ဟု အချို့ကဆိုကြသည်။ ထိုအချိန်က ထိုင်းနိုင်ငံတွင်း သို့   ပြေးဝင်သူတွေရှိခဲ့သော်လည်း ထိုင်း-မြန်မာအစိုးရချင်း ဆက်ဆံမှု ပုံစံ မပြောင်းခဲ့။ အိန္ဒိယ-မြန်မာ ဆက်ဆံရေးက ပြောင်းလာသည်။ သံတမန်ဆက်ဆံရေး ဆက်လက် ထားရှိသော်လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနအချင်းချင်း Bilateral Relation အရှိန်တန့်လာခဲ့သည်။
ထိုအချိန်က ကျွန်တော်သည် ဘန်ကောက်မြို့တွင် သံအမတ်ကြီး တာဝန်ထမ်းဆောင်လျက် ရှိသည်။ ၁၉၉၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်တော်သည်  မြန်မာနိုင်ငံသို့ ပြန်လာပြီး   နိုင်ငံခြားရေးဝန်ကြီး ဌာနတွင် ဒုတိယဝန်ကြီး တာဝန် ထမ်းဆောင်ရပါသည်။ ထိုအချိန်ကျမှ နှစ်နိုင်ငံဆက် ဆံရေးလှုပ်လာသောအချိန်နှင့် ကြုံ ရပါတော့သည်။ တိုက်ဆိုင်မှုဟု ဆိုရပါမည်။ အိန္ဒိယအစိုးရပြည်ပရေးရာ ဝန်ကြီးဌာန အတွင်းဝန် (သူတို့နိုင်ငံ တွင် ဒုတိယဝန်ကြီးမရှိ)မစ္စတာ ဒစ်ရှစ်သည် ကျွန်တော်၏ဖိတ်ကြား ချက်ကို လက်ခံကာ ၁၉၉၃ ခုနှစ် မတ်လတွင် လာရောက်လည်ပတ် သည်။ နယ်စပ်ကိစ္စများ၊ စီးပွား ရေးကိစ္စများ၊ နှစ်နိုင်ငံဆက်ဆံရေး ကိစ္စများ ဆွေးနွေးကြသည်။ အိမ်နီးချင်းနိုင် ငံ ချင်း ဆက်ဆံရေး တင်း မာရန်မသင့်ကြောင်း ပြင်ဆင်တွေး ခေါ်လာသည်။ ထို့နောက် အိန္ဒိယ အစိုးရမူဝါဒ ပြောင်းလဲလာမှုကြောင့် နိုင်ငံခြားရေး ဒုတိယဝန်ကြီးဖြစ်သော ကျွန်တော့်အား တရားဝင် ဖိတ်ကြားသည်။ ကုန်သွယ်ရေး ဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဌာန၊   ဆောက်လုပ်ရေးဝန်ကြီးဌာန တို့မှ ကိုယ်စားလှယ်များ ပါဝင်သော ချစ်ကြည်ရေးအဖွဲ့အဖြစ် ၁၉၉၄ ခုနှစ်ဇန်နဝါရီလတွင် သွားရောက်ခဲ့ ပါသည်။
၁၉၈၈ ခုနှစ်မှ စ၍ ထားရှိသော သူတို့အစိုးရသဘောထား ပြောင်း လဲလာသောအချိန်ဖြစ်ကြောင်း သိ သာလာသည်။ ၁၉-၁-၁၉၉၄ ရက် မှ ၂၂-၁-၁၉၉၄ ရက်အထိ ကျွန် တော့် ခရီးစဉ်အတွင်း နွေးထွေးစွာ ကြိုဆိုသည်။ ကျွန်တော့်အား ဝန်ကြီးလေး ပါးက လက်ခံတွေ့ဆုံပါသည်။ သာ မန်တွေ့ဆုံခြင်းမဟုတ်။ ၄င်းတို့ အစိုးရ သဘော ထား ပြန်လည်သုံး သပ်၍ ပြုပြင်မှုရှိကြောင်း ပြော ကြသည်။ အိမ်နီးချင်းနိုင်ငံ အစိုးရ အချင်းချင်းဆက်ဆံရေး ခိုင်မြဲမှု အရေးကြီးကြောင်း နှစ်ဖက်စလုံး မှသဘောရကြ ပါသည်။ နှစ်နိုင်ငံ ဆက်ဆံရေးသာမက ဒေသတွင်းနိုင်ငံရေး၊ ပထဝီနိုင်ငံ ရေးအရလည်း ၄င်းတို့အစိုးရက ပြန်လည် သုံးသပ်ကြသည်ထင်ပါ၏။ ပြောဟန်ဆိုဟန်က အရိပ်အ ယောင်ပြသည်။ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒင်းနက်ရှ်ဆင်း၊ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးနှင့် စီမံကိန်းရေးဆွဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စတာ မူကာဂျီ ၊နိုင်ငံခြားရေးဌာန Minister Of State မစ္စတာဘာတီယာနှင့် ကာကွယ်ရေး ဝန်ကြီးဌာန Minister Of State မစ္စတာမာလီ ကာဂျွန်တို့ နှင့်တွေ့ဆုံ၍ အချိန်ယူ   ဆွေးနွေး ခွင့် ရခဲ့ပါသည်။
ကျွန်တော့်အား ဖိတ်ကြား သော နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်မစ္စတာဒစ်ရှစ်နှင့်ဆွေး နွေးရာမှာတော့ ၄င်းတို့အစိုးရ ပေါ်လစီကို ပြန်လည်သုံးသပ်ကြ ကြောင်း ပွင့်ပွင့်လင်းလင်း သိခွင့်ရ ခဲ့ပါတော့သည်။ မူလရေးဆွဲထားသော အစီ အစဉ်အရ နယူးဒေလီမြို့တွင် ဝန် ကြီးများနှင့်တွေ့ဆုံပြီး ၂၂-၁-၁၉၉၄ ရက်မှစ၍ နယ်သို့ထွက်၍ ဗုဒ္ဓ ဂယာစသည့် ဘုရားဖူးခရီးစဉ်ဖြစ် နေပါသည်။ ထို့ကြောင့် နယ်သို့ ခရီးထွက်နေသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဘီစီဂျိုရှီအား ပြန်ခေါ်၍ ၂၁-၁-၁၉၉၄ ရက်ညနေမှာ ကျွန်တော်နှင့် တွေ့ပေးရန် ဝန်ကြီးချုပ်က ညွှန်ကြားပါလေတော့သည်။ ထို့ကြောင့် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ဦးစီးချုပ်နှင့်တွေ့ရသည်။ နှစ်နိုင်ငံ တပ်မတော်ချင်း  ရင်းနှီးမှု ရရှိရေး၊ အပြန်အလှန်ကူညီရေး မှအစ နယ်စပ်ဒေသရှိ သောင်းကျန်းမှု နှိမ်နင်းရေး ကိစ္စများပါ ဆွေးနွေးရပါသည်။ ကျွန်တော်သည် ကံကောင်း သူဖြစ်ပါ၏။
၁၉၈၈/၁၉၉ဝ ကာလမှစ၍ နှစ်နိုင်ငံဆက်ဆံရေး တုံ့နှေးသွား သောအခြေအနေ၊ မြန်မာ-တရုတ် ဆက်ဆံရေး အခြေအနေ၊ မြန်မာ -ထိုင်းဆက်ဆံရေးအခြေအနေ၊ တခြားအာဆီယံနိုင်ငံများနှင့် ဆက် ဆံမှုအခြေအနေများနှင့် ¤င်းတို့ရပ် တည်ခဲ့မှုကို ပြန်လည်သုံးသပ်ဟန် တူပါသည်။ ¤င်းတို့ဘက်မှ ပေါ်လစီ ပြောင်းလဲမှုဟူသော စကားကို သေသေချာချာပြောပါသည်။ ကာကွယ်ရေး ဦးစီးချုပ်ကို နယ်မှ ပြန်ခေါ်ကာ ကျွန်တော်နှင့် တွေ့ဆုံစေသော အစီအစဉ်က ထူး ခြားပါသည်။ ဆက်ဆံရေး ခလုတ်ကို ကျွန်တော်နှိပ်ခွင့်ရခဲ့ပါသည်။ ထိုနှစ်၊ ထိုအချိန်မှစ၍ မြန်မာ-အိန္ဒိယဆက် ဆံရေး ပုံမှန်ပြန်ဖြစ်ခဲ့ရပါပြီ။ ၁၉၉၄ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ ယခင် အစိုးရနှင့် ဆက်ဆံခဲ့သည်။ ယနေ့ ဒီမိုကရေစီဖော်ဆောင် နေသော သမ္မတကြီးဦးသိန်းစိန် အစိုးရလက်ထက်မှာ ဆက်ဆံရေး ပိုကောင်းလာသည်။ ယခုနှစ် မေလ ၂၈ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ သုံးရက်ကြာ ခရီးစဉ်အဖြစ်လာ ရောက် လည်ပတ်ခဲ့ပါသည်။ မြန် မာ-အိန္ဒိယ နှစ်နိုင်ငံ လုံခြုံရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင် ရေးကဏ္ဍများအပါအဝင် သဘော တူညီချက် ၁၂ ချက်ကို လက်မှတ် ရေးထိုးခဲ့ကြသည်အထိ ဆက်ဆံရေးတွေ   ကောင်းလာနေကြောင်း တွေ့ရပါသည်။
နှစ်ပေါင်းများစွာ ဒီမိုကရေစီ စနစ်ကို တစိုက်မတ်မတ်ကျင့်သုံး ခဲ့သော အိန္ဒိယနိုင်ငံသည် နိုင်ငံရေး အတွေ့အကြုံရင့်ကျက်နေပါ ပြီ။ ဒေသတွင်းနိုင်ငံရေးကို မည်သို့   ခြေလှမ်းလှမ်းသင့်ကြောင်း ကောင်း စွာသိသောနိုင်ငံဟု ကျွန်တော်က ခံယူပါသည်။ ယခုလည်း အိန္ဒိယမှာနေ အိန္ဒိ ယမှာပညာသင်ခဲ့သော သံအမတ်ကြီး ဒေါ်ခင်ကြည်၏ သမီး ဒေါ် အောင်ဆန်းစုကြည်သည် မိမိနိုင်ငံ ကဲ့သို့ ကျွမ်းဝင်နေပြီဖြစ်သော အိန္ဒိ ယနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ခရီး ရောက်မဆိုက်ပင် သတင်းသမား များအား သူမက   ပြောကြားခဲ့ သော စကားကို ရုပ်သံလိုင်းများက လွှင့်သည်။ အင်တာနက်တွေ၊ ဖေ့စ်ဘွတ်တွေမှ တင်သည်။ သူမ ကတော့ စေတနာနှင့်သတိပေး စကားပြောကြားဟန် တူသည်ဟု ကျွန်တော်က ယူဆထားချင်ပါသည်။
”အားပေး ထောက်ခံသင့် တာတွေကို အားပေးထောက်ခံနေ တဲ့အချိန်မှာ အလွန်အမင်းအကောင်း မြင်မနေပါနဲ့။ ဘာကြောင့်လဲ ဆိုတော့ အဲဒါကအကူအညီမဖြစ်လို့ပါ။ အလွန်အကျူး အကောင်းမြင်နေ ရင် ဘာတွေမှားနေလဲ၊ ဘာတွေမှန် နေလဲ ဆိုတာကို လျစ်လျူရှုမိမယ်။ ဒါဆို အမှားတွေ ထပ်ဖြစ်လာလိမ့် မယ်”ဟု ပြောခဲ့သည်။ too much optimistic ဟူ၍ အင်္ဂလိပ်လို သုံးခဲ့သည်ဟု ကြားလိုက်မိသည်။ သည်အပြောကြောင့် မြန်မာနိုင်ငံ သားအချို့က သို့လောသို့လော တွေးကြပါမည်။ ဒီလိုပြောတာ ကြားလိုက် သလား၊ ဘယ်လို သဘောရသလဲဟု ကျွန်တော့်ကို မေး သူလည်း ရှိသည်။ ကျွန်တော်ကတော့ အကောင်း မြင်တတ်ပါသည်။ ယခုတစ်နှစ်ခွဲ ကျော်ကျော် ဦးသိန်းစိန်အစိုးရ လျှောက်သောလမ်းသည် ဦးတည် ချက်မှန်နေပြီ။ အနှောင့်အယှက် အဖျက်အဆီးမရှိ၊ ပယောဂမရှိ၊ ပကတိမြန်မာ့အရေး မြန်မာတွေပဲ တွေးပြီး ဦးတည် ချက်မပျောက် တက်ညီလက်ညီ ချီတက်ကြလျှင် မြန်မာပြည်ကြီး တိုးတက်ရမည် အမှန်ဟု ယုံပါသည်။ ကျွန်တော်ယုံသလို သူတို့က လည်း ယူဆမိသဖြင့်   နောင်အစိုး ရ၊ နောက်အစိုးရတွေကို မစောင့် ဘဲ ယခုနှစ် မေလကလာ၍ လက်မှတ်တွေထိုးသွားခဲ့ခြင်းသာ ဖြစ်ပါ၏။ ရှေ့သို့ရှေ့သို့ ပို၍ပို၍ ကောင်း လာစရာတွေကို အိန္ဒိယအစိုးရက ကြိုတင်မြင်တွေး မျှော်မှန်းထားပြီး သားဖြစ်မည်မှာ ဧကန်မုချဟုသာ ပြောလိုက်ချင်မိရပါတော့သည်။
မောင်ဆွေသက်

No comments:

Post a Comment

mr.kyaingtun@gmail.com