Zaw Lin and Zaw Myo Lwin shared ဦး ယဉ်ကျေး's photo.
{{{ ပြောပါရစေဦး မယ်တတ်ပ တို့ရေ }}}****************************
****************************
ပြောပြန်လျင်လည်း ယဉ်ကျေး လွန်ရာကျမယ် ။
လွှတ်တော်ကြီးမှာ ပြည့်တန်ဆာ အရေး ဆွေးနွေးမယ် ဆိုတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ၊ စိတ်ထဲကမှာတော့ ကလိကလိ ဖြစ်သွားတာတော့ အမှန်ပါ ။
ဒီထက် အရေးကြီးတာတွေ ဆွေးနွေးစရာတွေ အများကြီး ရှိပါလျက်နဲ့ ဘယ်နှယ့်ဗျာ ။ ဘုရားရှင် လက်ထက်က ဇာတ်နိပါတ်တောင် ထည့်ပြီး အရေးတော်
ကို တွေးမျှော်လိုက်ပုံက အတော်လေး ဂွကျကျ ကြီးပါဗျာ ။ အမှောင်လောက ဇာတ်ကို ဒီလို အတွေးမျှော် တိုက်ပွဲဝင်မယ် ဆိုတော့ ကဲ စဉ်းစားသာ ကြည့်ကြ
ပါ ။ ပြည့်တန်ဆာများ သမဂ္ဂ ထူထောင်လာမလား မတွေးရဲလောက်အောင်ပါပဲ ကွယ်ရို့ ။ ဒီလို မယောင်ရာဆီလူးမယ့် အစား အခြား အမျိုးသမီးထု အတွက်
ကောင်းရာ ကောင်းကြောင်း အကျိုးရှိမယ့် ဥပဒေလေးများ မစဉ်းစား အဖြေ မရှာနိုင် ကြတော့လို့ များလား ။ အဓိက မြန်မာအမျိုးသမီးတွေ ပြည့်တန်ဆာ လမ်း
ကြောင်းပေါ် ဘာကြောင့် ရောက်သွားကြရသလဲ (သို့) ပြည့်တန်ဆာ လမ်းကြောင်းပေါ်က အမျိုးသမီးတွေကို ဘယ်လို ပညာပေးပြီး ဒီလုပ်ငန်းနှင့် အသက်မွေး
ဝမ်းကြောင်းပြုနေကြတာက လွတ်ထွက်သွားရအောင် အမျိုးသမီးကာကွယ် စောင်ရှောက်ရေး အသင်းတွေ ၊ အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ
ကျယ်ပြန့်လာရအောင် လုပ်ဆောင်ဖို့ ကြိုးစားပေးဖို့ ၊ ဆောင်ရွက်ပေးဖို့ လွှတ်တော်မှာ အဆိုတင်သွင်းတယ်ဆိုလျင် ဟုတ်သလိုလို ရယ်ပါ ။ ထားပါတော့ဗျာ
ခေတ်ကလ အရ ၊ စနစ်ပြောင်းလို့( သို့ ) ခေတ်ဟောင်းက ဇာတ်ကွက်တွေနှင့် မြန်မာ့ အမျိုးသမီးလေးတွေ ဇာတ်နာနေကြတာ မရှိလို့လား ၊ မဟုတ်လို့လား
ဆိုတော့ ဟုတ်သင့်သလောက် ဟုတ်ပါတယ် ။ မှန်သင့်သလောက် မှန်ပါတယ် ။ ကျုပ်တို့ ခေတ်ကထက် စာလျင် ခုခေတ်က ပြည့်တန်ဆာမိန်းကလေးတွေ ပိုပြီး
များလာတာကတော့ လက်သင့်ခံသင့်သလောက် လက်ခံပေမယ့် ၊ လုံးဝ ဥဿုံ ဒီကိစ္စက အစိုးရ ၊ ကျပ်တည်း လာကြတဲ့ စီးပွားရေး ၊ ခေတ်စနစ် မကောင်းမှုကြောင့်
ဆိုပြီး ကံသေ ကံမ ပြောလို့မရပါ ။ လူတွင်ပါမှ နွားကျားကိုက်တယ် လို့ ဆိုရိုးရှိခဲ့သလို ၊ ရုပ်ဝတ္ထုတွေရဲ့ တပ်မက်မှုနောက်လိုက်ရင်းက မလိုလားအပ်တဲ့ မှောက်
မှားမှုတွေ ၊ အလိမ်ခံရမှုတွေ ၊ လူမျိုးခြား ဘာသာခြားတွေ သော်လည်းကောင်း ၊ မိမိတို့ လူမျိုးထဲမှသော်လည်းကောင်း နှမသားချင်း မစာမနာ ကိုယ်ကျိုးရှာမှုတွေ ၊
သွေးဆောင် ဖျားယောင်းမှုတွေကို မလွန်ဆန်နိုင်ကြတာတွေက ရာခိုင်နှုန်း ၆၀ ကျော်လောက်ကို ရှိပါတယ် ။ ဒီတော့ အခ်ျိန်အနေ အချိန်အခါကလည်း ကြပ်တည်း
နေတယ် ၊ သွေးဆောင်သူတွေကလည်း ရှိနေမယ် ဆိုလျင် မိန်းကလေးတွေ ဘဝပျက်ဖို့က ၉၀ % သေချာသွားပါပြီ ။ အဘယ်ကြောင့်ဆိုသော် မိန်းကလေး တွေ
ဆိုတာ ရုပ်ဝတ္တုကို ခေတ်အဆက်ဆက် တက်မက်ကြပါတယ် ။ သူများတန်းတူ ဝတ်ချင် စားချင် ၊လှချင် ပချင် ကြပါတယ် ၊ ခုခေတ်ကြီးမှာက မီဒီယာမျိုးစုံ ၊ ကြော်
ငြာမျိုးစုံ ၊ လိုချင်တပ်မက်စရာ ပစ္စည်းအသစ်အဆန်းတွေက ၊ တံဆိပ်မျိုးစုံတွေက ပေါများလာတာနှင့် အမျှ မိမိ ဝင်ငွေနှင့် မမျှ မိမိစိတ်စေရာကို မလိုက်နိုင်လောက်
အောင် များပြားလွန်းလှပါတယ် ။ ထို့အတူ ယောကျာင်္းလေး အသုံးအဆောင်တွေက အစ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ဆွဲဆောင်နိုင်မှုက အံ့မခန်း ဖြစ်ရတာပါ ။
ခုခေတ် ငွေကြေး ရှားပါးလာတာနှင့် လိုချင်တပ်မက် စရာ ပေါများလာတာတွေ မမျှတက အဓိက အကြောင်းအရင်း ဖြစ်မယ်ထင်ပါတယ် ။ သို့ပေမယ့် အခြားတစ်ဖက်
မှာ နိစ္စဒူဝ လွန်စွာကြပ်သပ်ပြီး အသက်အန္တရာယ် အတွက်တောင် စိတ်မချရတဲ့ မြန်မာပြည်က လိုင်းကားတွေကို တိုးဝှေ့စီးပြီး တစ်လ လုပ်ခ လစာ ၃ ၊ ၄ သောင်း
ဝန်းကျင်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့ မိန်းကလေးတွေက ပိုများမယ်လို့တော့ ထင်ပါတယ် ။ ၎င်းမိန်းကလေးတွေ ကလည်း သူများတန်းတူ နေထိုင်ဝတ်စားချင်ကြမှာ
မလွဲပါဘူး ။ ပြည့်တန်ဆာ ဖြစ်ရတဲ့ မိန်းကလေးတွေမှာ ၁၀၀ မှာ ၁၀၀ လုံး မိဘကို လုပ်ကြွေးနေကြတာ ၊ ဝမ်းရေး အခက်အခဲကြောင့် ပြည့်တန်ဆာ မလုပ်ချင်ပဲ လုပ်
ရတာပါ ဆိုပြီး ပြောမှာ မလွဲပါဘူး ။ ဒီတော့ ၎င်းတို့ အနေအထိုင် အသွားအလာ ၊ သုံးစွဲလိုမှုကို ဖုံးကွယ်ချင်ရုံ သက်သက်နဲ့ ပြောဆိုနေကြတာပါ ။ ပြောပါရစေဦး ၊
အချို့မြို့သစ်တွေမှာ ဆိုလျင် ည အတော်လေးမိုးချုပ်တော့ မှ အိမ်ပြန်ရောက်ကြတဲ့ ကလေးတွေ ရှိပါတယ် ။ ဒီတော့ ရွှံ့တွေ ၊ ဗွက်တွေနဲ့ နေပူမိုးရွာ မရှောင် မိဘ
လုပ်သူတွေက မှောင်နှင့် မဲမဲထဲက ကိုယ့် သမီး ပြန်လာတဲ့ အချိန်ကို ကားဂိတ်က လာစောင့်နေရတဲ့ မိဘတွေ အတော်များများကို တွေ့ဖူးကြမှာပါ ။ ဒီလို မိဘတွေ
က နေ့မှာ သက်ဆိုင်ရာ အလုပ်ကိုယ်စီလုပ်ရင်း သားသမီးပြန်မလာသေးလို့ မနားရသေးပါဘူး ။ ဆိုလိုတာကတော့ မိသားတစ်စုမှာ ခက်ခဲတဲ့ ဝမ်းရေးအတွက် အတူ
တူ ရုန်းကန်နေကြရတာလေ ။ သူတို့ မှာ သားသမီး မဟုတ်တာကို လုပ်ခွင့်ပေးပြီး သားသမီး လုပ်စာကို ထိုင်စားမယ့် စိတ်ဓါတ် မရှိလို့သာ ခုလိုစောင့်ရှောက်နေကြ
တာ မဟုတ်ပေဘူး လားဗျာ ။ နိုင်ငံနှင့် အဝှမ်းမှာ လူတိုင်းလိုလို ဝမ်းရေးအတွက် အခက်အခဲ အကြပ်အတည်းတွေ ဆုံနေကြတဲ့ ခေတ်မှာ ထိုမိန်းကလေးတွေမှ ပိုပြီး
ဇာတ်မနာ နေသင့်ဘူး ၊ ပိုမို ခက်ခဲပြမနေသင့် ဘူးလို့ထင်ပါတယ် ။ ဒီလိုပဲ အများစုဖြစ်တဲ့ မြန်မာ အမျိုးကောင်း သားသမီးတွေဟာ အခက်အခဲ အတွက် ဘဝကို အ
လွယ်တကူ အရှုံးအပေးပဲ ရင်ဆိုင်ကျော်ဖြတ်နေကြတဲ့ အချိန်မှာ သူတို့ဟာလည်း လွယ်ကူတဲ့ လမ်းကို မလျှောက်လှမ်းသင့်တာ အမှန်ပါပဲ ။ အလွယ်လမ်း လိုက်မိလို့
လူလိမ် လူညာနှင့်တွေ့ ဗဟုသုတ မပြည့်စုံလို့ လူကုန်ကူးသမားတွေ ရဲ့ စားကျက်ဖြစ် ။ လူမျိုးခြား ဘာသာခြားတွေရဲ့ မက်လုံးပေမှုတွေ အောက် ရောက်ခဲ့ကြတဲ့
သာဓကတွေကို ပြန်လည် စမ်းစစ်သင့်ပါတယ် ။ ဆိုတော့ မြန်မာနိုင်ငံမှာ ဘဝ အာမခံချက် မရှိဘူး ဆိုပြီးတော့ နိုင်ငံခြားမှာ စွန့်စားကြည့်ကြမယ်ဆိုပြီး အတွေးတွေ
ဝင်လာကြတယ် ။ ဒီတော့ နိုင်ငံခြားသွားဖို့ကို ဇာတ်လမ်းဖော်ရပြီ ဆိုတဲ့နေရာမှာ လူကုန်ကူးသမားတွေ အကြိုက် ဖြစ်လာရတာ မဆန်းပါဘူး ။ ဒီတော့ နိုင်ငံခြားကို
ရောက်ပြီ ထားပါတော့ လွယ်ကူသွားကြပြီလား ။ မလွယ်ကူပါ ။ ပိုပြီး ဇာတ်နာစရာတွေ ၊ ပိုပြီး အခြေအနေဆိုးတွေက မရုန်းထွက်နိုင် ဘဝတွေ ဖြစ်လာကြရပြီပေါ့ ။
အချို့ တကယ် လုပ်ငန်းရှင်တွေက လိုအပ်လို့ ခေါ်ယူတဲ့ အလုပ်သမတွေ ရှိပြီး ကောင်းမွန်တဲ့ လုပ်ငန်းခွင်မှာ နေကြရတဲ့ သူတွေရှိပါရဲ့ ။ သူတွေတွေလည်း ထင်သ
လောက်တော့ သက်သာလှတာ မဟုတ် ၊ လွန်စွာပင်ပန်းဆင်းရဲ ခံပြီးမှ ရလာတဲ့ ငွေကို အိမ်ကို ပို့နိုင်တာ တခါတရံရယ်ပါ ။ ဒီလို အလုပ်သမလေးတွေကို အယောင်ပြ
ပြီး လူကုန်ကူးသမားတွေက လှည့်ပတ်ကာ မြန်မာမိန်းကလေးတွေကို ဖျားယောင်းနေကြတာကို သတိချပ်ဖို့ လိုမည်ထင်ပါတယ် ။ ပထမ ယိုးဒယားလို နိုင်ငံမျိုး ၊ တရုတ်
ပြည်နယ်စပ်လို နေရာမျိုးတွေမှာ ဇိမ်ခန်းယဉ်ကျေးမှုတွေဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရှိနှင့်ပြီးသားတွေပါ ။ အဲဒီနေရာတွေမှာ မြန်မာ ရွှေမှ မဟုတ်ပါဘူး၊
နိုင်ငံတကာမှ အဖြူတွေ ၊ အနီတွေ ၊ အနက်တွေ ၊ မလေးတွေ ၊ အင်ဒိုတွေ ၊ ဖိလစ်ပိုင်တွေ ထိုင်ဝမ်တွေ စတဲ့ တိုးတက်တဲ့ နိုင်ငံတွေက ဇိမ်မယ်တွေ သူ့အစုနဲ့သူ ရှိနေကြပါတယ် ။
ဒီလိုနေရာမျိုးမှာ တရားဝင်ဆိုတာ ဘာမှ မရှိဘူးဗျ ။ ဒီတော့ ထိုနိုင်ငံ နယ်စပ်တွေကို သွားမယ်လို့ ဆုံးဖြတ်ချက်ချမိတဲ့ သူတွေဟာ အနည်းဆုံးတော့ ဒေသန္တရဗဟုသုတ
ကို အနည်းငယ်လေးလောက်တောင် မသိကြဘူးဆိုတာကတော့ ယုံရခက်ကြီးပါ ။ မသိဘူးဆိုလျင်တောင် ဒီလိုနေရာမျိုးမှာ မပျော်ပိုက်လျင် ခုခေတ်မှာ ရုန်းထွက်ပြီး လွတ်
လာကြတဲ့ သူတွေ မကြာခဏဆိုသလို လူမှုကွန်ယက်တွေမှာ တွေ့နေကြပါပဲ ။မယ်ဆိုင်မှာ ယောကျာင်္း လုပ်သူက မိန်းမလုပ်တဲ့သူ လိင်ဖျော်ဖြေတဲ့နေရာကို ကလေးထိန်း
ရင်း လိုက်ပို့ပြီး စောင့်တယ်ဆိုတာတွေ ၊ ဒီလို ပြည့်တန်ဆာ လုပ်ငန်းနှင့် နာမည်ကျော်နေသော နိုင်ငံတွေမှာမှ မျှော်လင့်ချက်ကို အရောင်တင်ချင်တဲ့ အမှားတွေကို နောင်
တမရပဲ ၊ အမှောင်လောကကို သာယာနေကြတဲ့ သူတွေ ၊ ရည်ရွယ်ချက်ရှိရှိ ထိုအလုပ်ကို လုပ်ကိုင်လို၍ သွားချင်သူတွေ နှင့်အခြား ကံအကြောင်းမလှလို့ ဘဝနာခဲ့ရတဲ့သူတွေ ၊
ဒီလို တဏှာတောမှာ အလွယ်မလိုက်ပဲ ကောင်းရောင်းကောင်းဝယ် ဈေးရောင်းပြီး လုပ်စားနေကြတဲ့ မြန်မာနိုင်ငံသားတွေ ၊ စက်ရုံ အလုပ်ရုံတွေမှာ နဖူးကချွေး ခြေမကျအောင် လုပ်နေကြတဲ့
မြန်မာ မိန်းကလေးတွေကို ခွဲခြားပြီး ပြောလျှင် ပိုမို အဓိပ္ပါယ်ရှိကြမယ် ထင်မိပါတယ် ။ ဒီလိုမှ မဟုတ် အခြေအမြစ် မရှိပါပဲ ဖြန့်ဝေစာလိုလို မြန်မာ အမျိုးသမီးဟု ယူဆ ရသော ဓါတ်ပုံကို မြန်မာလူမှု ကွန်ယက်တွေမှာ ဖြန့်နေကြခြင်းဟာ မည်သည့်အကျိုးသက်ရောက်မည် ဆိုတာကို သဘောပေါက်ကြစေချင်ပါသည် ။ ဆိုလိုသည်မှာ မြန်မာနိုင်ငံတွင်း
တွင် ခက်ခဲမှုတွေကို ရင်ဆိုင်ပြီး ရုန်းကန်နေကြတဲ့ အမျိုးကောင်း သားသမီးတွေ ၊ နောက်ပြီး နိုင်ငံရပ်ခြားမှာ အကြောင်းအမျိုးမျိုးကြောင့် စီးပွားရှာ ပညာရှာနေသော အမျိုး
ကောင်း သားသမီးတွေ မှာလည်း အများစု ဖြစ်ပါတယ် ။ ယိုးဒယား ၊ တရုတ်နယ်စပ် စသည့် ရာဂရပ်ဝန်းတွေမှာ ကျင်လည်နေကြသော လိင်လုပ်သားတွေမှာ ယခင်ကတည်းက
ရှိနှင့်ပြီးသား လူနည်းစု အသိုက်အဝန်းဖြစ်ပေသည် ။ ရန်ကုန်မှာ အသစ် ၊ မန္တလေးမှာ က အဟောင်း ၊ မြန်မာမှာ အဟောင်း ၊ နိုင်ငံခြားရောက် အသစ် ဇာတ်လမ်းတွေက ထို
ရာဂ စက်ဝန်း ၊ ရာဂ သံသရာ အတက်အဆင်း လူပျက်တွေပြောသလို ကြက် သီချင်း ၊ ဌက် သီချင်း ပင် ။ လူကုန်ကူးသမားတွေရဲ့ ကုန်ကြမ်းရှာမှုတွေကို ကမ္ဘာကတောင်
တိုက်ဖျက်မှုပြီး လုပ်ဆောင်လာခြင်း အကြောင်းမှာ မြန်မာ မိန်းကလေးတွေချည်း သီးသန့် သားကောင်ဖြစ်နေရခြင်း မဟုတ်ကြောင်းကို မြင်တွေ့ရမှာပါ ။ ယခုလို လူမှုကွန်ယက်
ပေါ်တွင် ယိုးဒယားနိုင်ငံမှ မြန်မာအမျိုးသမီးများ ဆိုပြီး ရေးသားထားရာတွင် ၊ နိုင်ငံတွင်းမှ အမျိုးသမီးများ အတုခိုးမှားနိုင်စရာ အကြောင်းအချက်တွေ ၊ လိင်ရောင်းစားပြီး အသက်
မွေးဝမ်းကြောင်း ပြုရာတွင် ချစ်သူရည်းစားတွေကိုတောင် အိမ်တစ်ဆောင် မီးတပြောင်ထားနိုင်နေကြောင်း ၊ မိသားစုကို ပြန်လည်ထောက်ပံ့နေနိုင်ကြောင်း ၊ မိမိလင်ယောကျာင်္းက
တောင် သဘောမျှစွာ လိင်ရောင်းစားခွင့် ပြုထားကြောင်း ၊ အကွပ်မဲ့ပြီး လွန်စွာလွတ်လပ် ပျော်ရွှင်ဖွယ်ရာဘဝများ ဖြစ်အောင် ဇောင်းပေးဖော်ပြထားတာ တွေ့ရမှာပါ ။ ၎င်းအပြင် မြန်မာနိုင်ငံ
တွင်းမှာ လူ့အခွင့်အရေး ဆုံးရှုံးပြီး လွန်စွာခက်ခဲပြီး ခုပဲ ခွက်ဆွဲပြီးတောင်းစားရမည် ပုံလိုလို ၊ အစိုးရအား တိုက်ခိုက်သယောင်ယောင် နှင့် မြန်မာ့လူမှုဘဝတွေကို နိမ့်ချပြီး ရေးသား
သွားခြင်း ဖြစ်ပေသည် ။ ထို့နောက် အစိုးရ၏ လူတိုင်းသိ စနစ်ဆိုးတွေကို ထောက်ပြဝေဖန်မှုတွေကြောင့် အချို့သဘောပေါက်လွဲကာ ကိုယ်တိုင်ဖြန့်ဝေမိလျက်သား ဖြစ်ရပြီး ကိုယ့်
အနောက် ဝါးရင်းတုတ်ကို မမြင်ဖြစ်ရပါတော့သည် ။ ဒါ့အပြင် ယခု လွှတ်တော်သို့ လိင်မှုဆိုင်ရာ လုပ်ငန်းအား တရားဝင် ခွင့်ပြုချက်တောင်းခံရန် အဆိုတင်သွင်း ခြင်းမှာ မီးလောင်
ရာ လေပင့်သကဲ့သို့ ပြည်ပ မထွက်နဲ့ ပြည်တွင်းမှာ လုပ်စားကြလို့ မပြောရုံတမည်ပဲ ရှိပါတော့သည် ။ ရောဂါဘယကို အကြောင်းပြခြင်းသည် ခိုင်လုံသော အကြောင်းပြချက်ဟု မဆို
နိုင်ပါချေ ။ အကယ်၍သာ လိင်လုပ်ငန်း လုပ်ဆောင်နေသော နိုင်ငံများတွင် ကူးစက်ရောဂါ ရမှု ကင်းစင်သွားပြီ ဆိုလျှင်တော့ မပြောတတ်ပါ ။ သို့ပေမယ့် ထိုထို နိုင်ငံကြီးများတွင်ပင်
ကူးစက်ရောဂါများ ရရှိနေကြသည်သာ ဖြစ်သောကြောင့် ဤ အဆိုသည် လွန်စွာ မလျော်ညီပါပေ ။ ကိုယ်ပိုင်အသိစိတ် ကိုယ့်ဆန္ဒတွေကိုသာ ထိန်းသိမ်းကြမည် ဆိုလျင် ကူးစက်
ရောဂါ မဖြစ်နိုင်ပါ ။ အရက်သေစာ သောက်စားပြီး မူးလို့အကြောင်းပြမည် ဆိုလျှင်လည်း ၊ ကမ္ဘာပေါ်တွင် မည်သို့ပေါ်လာမှန်းမသိသော သူရာသေရည်ကို သောက်သုံးပြီး မူးနေသော မည်သူ
သူမှ မစင်ကို ကောက်စားသည်ဟု အာဒံ ဧဝ ခေတ်ကတည်းက ရာဇဝင် မရှိကြောင်း မှတ်ကြပါလေ ။ ဒီတော့ ကိုယ့်ပစ္စည်း ကိုယ်ထိန်းခြင်းက အကောင်းဆုံးဖြစ်ပြီး မထိန်းနိုင်ပါက
ယခုခေတ်တွင် ခေတ်မှီ အကာအကွယ်တွေ ပေါများနေခြင်းကို လစ်လျူမရှုသင့်ပါ ။ ထို့အပြင် ပြည့်တန်ဆာ အခွန်ကိစ္စသည်ကား အပြောလွယ်ပေမယ့် အလုပ်ခက်သော အမှောင်
လုပ်ငန်းဖြစ်သောကြောင့် မည်သို့မျှ အကျိုးရှိမည် မဟုတ်ပဲ ၊ ဘဝအခက်အခဲကို တန်ဖိုးရှိရှိ ရင်ဆိုင်နေကြသော မိန်းကလေးများအတွက် လက်နက်ချ ချင်စဖွယ် ၊ အတုမြင် အတတ်
သင်ချင် စဖွယ် ၊ အငြိမ်မနေ စိန်ပေတို့ စာရင်းဝင် လူငယ်လူရွယ်လေးတွေ လက်တည့်စမ်းချင်စဖွယ် မယောင်ရာဆီလူးနေကြမယ့် အရေးကို ဆိုမည့်အစား ကိုယ့်ရရှိထားတဲ့ နေရာ
နှင့် သင့်တော်သော ယဉ်ကျေးမှုနှင့် လျော်ညီသော မြန်မာအမျိုးသမီး စောင့်ရှောက်ရေး ၊ပညာပေးရေး ၊ မျိုးရိုးဇာတိ မပျောက်ပျက်ရေး အဆိုတွေကိုသာ တင်သွင်းသင့်ပါကြောင်း ။ ။
စာကြွင်း ။ ။
နိုင်ငံခြားတွင် အခက်အခဲများ ၊ နှိပ်စက်မှုဒဏ်များ ၊ အကူအညီ မဲ့မှုများ ၊ ဘဝပျက်ခဲ့ ရမှုများ ၊ လူ့အခွင့်အရေး ဆုံးရှုံးမှုများကို
မခံစားနိုင်၍ မိမိကိုယ်ကို သတ်သေသွားကြသော အမျိုးသမီးငယ်များ မကြာခဏဆိုသလို ၊
တွေ့မြင် ခံစားပြီး သံဝေဂ နိုင်ကြပါစေ ။ ။
ဦးယဉ်ကျေး ။ ။ ၂၅ ၊ ၁၂ ၊ ၂၀၁၂ ။
No comments:
Post a Comment
mr.kyaingtun@gmail.com