ကိုဖိုးဖြူ ဖေ့စ်ဘုတ်မှ ရှယ်ပါသည်။
Valinnat
Ko Phoe Phyu merkittiin henkilön Kyaw Naing Win kuvaan. — seuranaan Anyar Thar ja 26 muuta.
“ ဒေါ်အောင်ဆန်းစုကြည် ဘာလဲ၊ ဘယ်လဲ ” ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အနောက်တိုင်း ခရီးစဉ်တွေမှာတော့ ဦးသိန်စိန်အစိုးရကို ကောင်းပြီကောင်းရဲ့နဲ့ ကောင်းသလိုပြောခဲ့ပြီးမှ နိုဝင်ဘာလ အိန္ဒိယခရီးစဉ်မှာ
တော့
. . 'မြန်မာနိုင်ငံနဲ့ ပတ်သက်၍ The Hindu သတင်းစာ၏ မေးမြန်းမှုကို
ဖြေကြားရာတွင် စိတ်ပျက်တယ်ဆိုတဲ့ စကားထက်တောင် ပိုဆိုးတယ်' လို့
မှတ်ချက်ချခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် အလွန်အကျွံ အကောင်းမမြင်ရန်လည်း
အိန္ဒိယအစိုးရကို သတိပေးခဲ့ပါတယ်။' အခု ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး
သုံးသပ်ပြောဆိုရာမှာတော့ စိတ်ပျက်တယ်ဆိုတဲ့ စကားထက်တောင် ပိုဆိုးတယ်ဆိုတဲ့
အခြေအနေတွေကို ဖာထေးဖုံးဖိ ပြောဆိုသွားပါတယ်။ ဥပမာ ပတ်ဝန်းကျင် ပျက်စီးတာဟာ
အခုမှ မဟုတ်ဘူး။ နည်းနည်းနှစ်နဲ့ကြာပြီ။ (ဆိုလိုတာက ၀မ်ပေါင်ကုမ္ပဏီကြောင့်
မဟုတ်ဘဲ အရင်ကတည်းက ပျက်စီးနေတာ) 'ဦးပိုင်လီမီတက်ဆိုတာလည်း ဦးပိုင်နဲ့
ဆက်စပ်နေတယ်ဆိုတော့ ကျွန်မ တို့ ဒီကိစ္စတွေကို ချဉ်းကပ်တဲ့အခါမှာ
သဘောထားကြီးကြီးနဲ့ နောက်ဆုံးကျတော့ အမျိုးသားရင်ကြားစေ့ရေးကို
ဦးတည်ပြီးတော့ပဲ ချဉ်းကပ်မယ် ' သဘောထားကြီးပါ။ သည်းခံပါ၊ စိတ်ရှည်ပါ၊
နိုင်ငံကြီးသား ပီသပါဆိုတာတွေကို ပြည်သူတွေကိုပဲ ပြောနေတာဖြစ်ပြီး
'၀မ်ပေါင်နဲ့ဦးပိုင်' ဘက်ကိုတော့ မြှားဦးတောင် မလှည့်ရဲခဲ့ရှာဘူး။
'စီမံကိန်းရပ်သွားအောင် လုပ်ပေးနိုင်တဲ့ အခြေအနေ မရှိပါဘူး' လို့လည်း
ဆိုတယ်။ 'နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် နှစ်နိုင်ငံကြားထဲမှာ
ယူထားတဲ့ သဘောတူညီချက်တွေကို လေးစားရမယ်၊ လိုက်နာရတယ် '
“လက်ပန်းတောင်းတောင် စီမံကိန်းကို သဘောတူညီချက် စာချုပ်ဖြင့်
လုပ်ဆောင်နေသည်ကို နားလည်ထားရမယ်” ' ဒီကြေးနီစီမံကိန်းပြီးတဲ့ နောင်အနှစ်
၃၀ မှာလည်း ဒေသခံတွေဟာ ပြည့်ပြည့်စုံစုံနဲ့ ရပ်တည်နိုင်ဖို့ကို
ကြည့်ပြီးလုပ်သွားမယ်' ဒေါ်စုပြောခဲ့တာတွေကို စိစစ်ကြည့်လိုက်ရင်
ဦးပိုင်နဲ့ ၀မ်ပေါင်တရုတ်ကုမ္ပဏီဘက်က မသိမသာ ရပ်တည်ပြောဆိုနေကြောင်း
တွေ့ရပါတယ်။ ပြည်သူလူထုကြီးနဲ့ ရဟန်းသံဃာတွေ တောင်းဆိုနေတဲ့
'ကြေးနီစီမံကိန်းကြီး လုံးဝရပ်ဆိုင်းပစ်' ဆိုတဲ့ ပဲ့တင်သံကို ဒေါ်စုဆီမှာ
မတွေ့ခဲ့ရပါဘူး။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့
၆-၁၂-၂၀၁၂ က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သတင်းစာ
ရှင်းလင်းပွဲမှာ - 'လက်ရှိအချိန်မှာ ကျွန်မအနေနဲ့ ဘယ်သူ့ကိုမှ
အပြစ်ရှိတယ်လို့ မသတ်မှတ်သေးပါဘူး။
စုံစမ်းစစ်ဆေးပြီး အဖြေပေါ်မှ
ဘယ်လိုအပြစ်ရှိတယ်ဆိုတာကို ထုတ်ဖော်ပြမှာ ဖြစ်ပါတယ်' တဲ့။
ဆေးရုံပေါ်မှာသံဃာတွေ အတုံးအရုံး၊ မီးလောင်ဗုံးသင့်၊ ဒုက္ခတွေ
တစ်နင့်တစ်ပိုးနဲ့ ဒီလောက်အကြမ်းဖက် ဖြိုခွင်းခဲ့တာကိုတောင်
အပြစ်ရှိတယ်လို့ မသတ်မှတ်သေးပါဘူးဆိုတော့ ဒေါ်စုရဲ့သဘောထားက ရှင်းနေပါပြီ။
'ပြည်သူအားလုံး ကျေနပ်မယ့် အဖြေမျိုးထွက်နိုင်မှာ မဟုတ်ပါဘူး' လို့လည်း
ဒေါ်စုက ကြိုတင်ဝန်ခံ အဖြေပေးလိုက်ပါပြီ။ ဒီတော့ ပြည်သူလူထုကြီးအနေနဲ့
ကိုယ့်အားကိုယ်ကိုးဖို့သာ အဓိက ကိုယ့်ဘ၀ ကိုယ့်ကြမ္မာကို ကိုယ်တိုင်သာလျှင်
ဖန်တီးရမယ်ဆိုတာ ပိုပြီးတော့ သဘောပေါက်သင့်ပါပြီ။ လက်ပံတောင်းတောင် အရေးဟာ
သူ့ဒေသကွက်ကွက်ကလေးရဲ့ အရေးမဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ ပြည်သူလူထု၊
အမျိုးဘာသာသာ သနာအရေး အရာအားလုံးရဲ့ ဆုံချက်ပြဿနာကြီး ဖြစ်လာခဲ့ပါပြီ။
လက်ပံတောင်းတောင်ကို ကာကွယ်စောင့်ရှောက်ခြင်းဟာ အမျိုးဘာသာ သာသနာနဲ့
နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းလည်း ဖြစ်ပါတယ်။
လက်ပံတောင်းတောင်ရဲ့ ခါးသည်းပြီး အကျည်းတန်တဲ့ နေ့ညများအတွက်
ချိုမြိန်လှပသော ဘ၀သစ်ကို ပြန်ရပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
10.12.12 ရက်ထုတ် Weekly Eleven ဂျာနယ်မှာ ဆောင်းပါးရှင်
မောင်းသွေးချွန်ရေးသားထားသော “ သည်မီးတာ ဘယ်တကိန်းမှာမှ ငြိမ်းပါ့မယ်လို့ ”
ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။ မှတ်ချက် ။ ။ကောက်နုတ်ဖော်ပြထားသော
အကြောင်းအရာများသည် စားရေးသူ၏ အာဘော်ဖြစ်ပြီး ကျွန်တော် အနေနှင့်
သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာဖြစ်စေ၊
အနုတ်လက္ခဏာဖြစ်စေ ထူးခြားသောအသွင်တစ်ခုဆောင်နေပါက သူငယ်ချင်းများ သတိပြုမိစေလို၍ ပြန်လည်ကိုးကားဖော်ပြခြင်း ဖြစ်ပါသည်။
“ ဒေါ်အောင်ဆန်းစုကြည် ဘာလဲ၊ ဘယ်လဲ ”
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အနောက်တိုင်း ခရီးစဉ်တွေမှာတော့ ဦးသိန်စိန်အစိုးရကို ကောင်းပြီကောင်းရဲ့နဲ့ ကောင်းသလိုပြောခဲ့ပြီးမှ န
ိုဝင်ဘာလ အိန္ဒိယခရီးစဉ်မှာတော့ . . 'မြန်မာနိုင်ငံနဲ့ ပတ်သက်၍ The Hindu သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားရာတွင် စိတ်ပျက်တယ်ဆိုတဲ့ စကားထက်တောင် ပိုဆိုးတယ်' လို့ မှတ်ချက်ချခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် အလွန်အကျွံ အကောင်းမမြင်ရန်လည်း အိန္ဒိယအစိုးရကို သတိပေးခဲ့ပါတယ်။'
အခု ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး သုံးသပ်ပြောဆိုရာမှာတော့ စိတ်ပျက်တယ်ဆိုတဲ့ စကားထက်တောင် ပိုဆိုးတယ်ဆိုတဲ့ အခြေအနေတွေကို ဖာထေးဖုံးဖိ ပြောဆိုသွားပါတယ်။
ဥပမာ ပတ်ဝန်းကျင် ပျက်စီးတာဟာ အခုမှ မဟုတ်ဘူး။ နည်းနည်းနှစ်နဲ့ကြာပြီ။ (ဆိုလိုတာက ၀မ်ပေါင်ကုမ္ပဏီကြောင့် မဟုတ်ဘဲ အရင်ကတည်းက ပျက်စီးနေတာ) 'ဦးပိုင်လီမီတက်ဆိုတာလည်း ဦးပိုင်နဲ့ ဆက်စပ်နေတယ်ဆိုတော့ ကျွန်မ တို့ ဒီကိစ္စတွေကို ချဉ်းကပ်တဲ့အခါမှာ သဘောထားကြီးကြီးနဲ့ နောက်ဆုံးကျတော့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ပဲ ချဉ်းကပ်မယ် '
သဘောထားကြီးပါ။ သည်းခံပါ၊ စိတ်ရှည်ပါ၊ နိုင်ငံကြီးသား ပီသပါဆိုတာတွေကို ပြည်သူတွေကိုပဲ ပြောနေတာဖြစ်ပြီး '၀မ်ပေါင်နဲ့ဦးပိုင်' ဘက်ကိုတော့ မြှားဦးတောင် မလှည့်ရဲခဲ့ရှာဘူး။
'စီမံကိန်းရပ်သွားအောင် လုပ်ပေးနိုင်တဲ့ အခြေအနေ မရှိပါဘူး' လို့လည်း ဆိုတယ်။
'နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် နှစ်နိုင်ငံကြားထဲမှာ ယူထားတဲ့ သဘောတူညီချက်တွေကို လေးစားရမယ်၊ လိုက်နာရတယ် '
“လက်ပန်းတောင်းတောင် စီမံကိန်းကို သဘောတူညီချက် စာချုပ်ဖြင့် လုပ်ဆောင်နေသည်ကို နားလည်ထားရမယ်”
' ဒီကြေးနီစီမံကိန်းပြီးတဲ့ နောင်အနှစ် ၃၀ မှာလည်း ဒေသခံတွေဟာ ပြည့်ပြည့်စုံစုံနဲ့ ရပ်တည်နိုင်ဖို့ကို ကြည့်ပြီးလုပ်သွားမယ်'
ဒေါ်စုပြောခဲ့တာတွေကို စိစစ်ကြည့်လိုက်ရင် ဦးပိုင်နဲ့ ၀မ်ပေါင်တရုတ်ကုမ္ပဏီဘက်က မသိမသာ ရပ်တည်ပြောဆိုနေကြောင်း တွေ့ရပါတယ်။ ပြည်သူလူထုကြီးနဲ့ ရဟန်းသံဃာတွေ တောင်းဆိုနေတဲ့ 'ကြေးနီစီမံကိန်းကြီး လုံးဝရပ်ဆိုင်းပစ်' ဆိုတဲ့ ပဲ့တင်သံကို ဒေါ်စုဆီမှာ မတွေ့ခဲ့ရပါဘူး။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ၆-၁၂-၂၀၁၂ က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ - 'လက်ရှိအချိန်မှာ ကျွန်မအနေနဲ့ ဘယ်သူ့ကိုမှ အပြစ်ရှိတယ်လို့ မသတ်မှတ်သေးပါဘူး။ စုံစမ်းစစ်ဆေးပြီး အဖြေပေါ်မှ ဘယ်လိုအပြစ်ရှိတယ်ဆိုတာကို ထုတ်ဖော်ပြမှာ ဖြစ်ပါတယ်' တဲ့။
ဆေးရုံပေါ်မှာသံဃာတွေ အတုံးအရုံး၊ မီးလောင်ဗုံးသင့်၊ ဒုက္ခတွေ တစ်နင့်တစ်ပိုးနဲ့ ဒီလောက်အကြမ်းဖက် ဖြိုခွင်းခဲ့တာကိုတောင် အပြစ်ရှိတယ်လို့ မသတ်မှတ်သေးပါဘူးဆိုတော့ ဒေါ်စုရဲ့သဘောထားက ရှင်းနေပါပြီ။ 'ပြည်သူအားလုံး ကျေနပ်မယ့် အဖြေမျိုးထွက်နိုင်မှာ မဟုတ်ပါဘူး' လို့လည်း ဒေါ်စုက ကြိုတင်ဝန်ခံ အဖြေပေးလိုက်ပါပြီ။
ဒီတော့ ပြည်သူလူထုကြီးအနေနဲ့ ကိုယ့်အားကိုယ်ကိုးဖို့သာ အဓိက ကိုယ့်ဘ၀ ကိုယ့်ကြမ္မာကို ကိုယ်တိုင်သာလျှင် ဖန်တီးရမယ်ဆိုတာ ပိုပြီးတော့ သဘောပေါက်သင့်ပါပြီ။ လက်ပံတောင်းတောင် အရေးဟာ သူ့ဒေသကွက်ကွက်ကလေးရဲ့ အရေးမဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ ပြည်သူလူထု၊ အမျိုးဘာသာသာ သနာအရေး အရာအားလုံးရဲ့ ဆုံချက်ပြဿနာကြီး ဖြစ်လာခဲ့ပါပြီ။ လက်ပံတောင်းတောင်ကို ကာကွယ်စောင့်ရှောက်ခြင်းဟာ အမျိုးဘာသာ သာသနာနဲ့ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းလည်း ဖြစ်ပါတယ်။ လက်ပံတောင်းတောင်ရဲ့ ခါးသည်းပြီး အကျည်းတန်တဲ့ နေ့ညများအတွက် ချိုမြိန်လှပသော ဘ၀သစ်ကို ပြန်ရပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
10.12.12 ရက်ထုတ် Weekly Eleven ဂျာနယ်မှာ ဆောင်းပါးရှင် မောင်းသွေးချွန်ရေးသားထားသော
“ သည်မီးတာ ဘယ်တကိန်းမှာမှ ငြိမ်းပါ့မယ်လို့ ”
ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။
မှတ်ချက် ။ ။ကောက်နုတ်ဖော်ပြထားသော အကြောင်းအရာများသည် စားရေးသူ၏ အာဘော်ဖြစ်ပြီး ကျွန်တော် အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာဖြစ်စေ၊ အနုတ်လက္ခဏာဖြစ်စေ ထူးခြားသောအသွင်တစ်ခုဆောင်နေပါက သူငယ်ချင်းများ သတိပြုမိစေလို၍ ပြန်လည်ကိုးကားဖော်ပြခြင်း ဖြစ်ပါသည်။

မှတ်ချက် ။ ။ကောက်နုတ်ဖော်ပြထားသော အကြောင်းအရာများသည် စားရေးသူ၏ အာဘော်ဖြစ်ပြီး ကျွန်တော် အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာဖြစ်စေ၊ အနုတ်လက္ခဏာဖြစ်စေ ထူးခြားသောအသွင်တစ်ခုဆောင်နေပါက
No comments:
Post a Comment
mr.kyaingtun@gmail.com