Friday, June 19, 2020

မွန်သမိုင်း တပိုင်းတစ-

မွန်သမိုင်း တပိုင်းတစ-
မြန်မာနောက်ဆုံးဘုရင်တို့ နိဂုဏ်းချုပ်သော မြောက်ပိုင်းအမာခံဒေသမှ မြောက်မြားစွာသော ဗမာလူမျိုးစုလူထုသည် ၁၉၀၀ ခု
နှစ်မှအစပြု၍ ဗြိတိသျှတို့ အုပ်ချုပ်ရာ တောင်ပိုင်းဒေသသို့ စတင်ရွှေ့ပြောင်းလာကြသည်။ လူဦးရေနဲပါးသော တောနက်များကိုခုတ်
ထွင်ရှင်းလင်းခါ လယ်ယာစိုက်ပျိုးကြသည်။ မူလဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်လွမ်းခြုံနေထိုင်လျှက်ရှိသည့် ဒေသခံ မွန်နှင့် ကရင်များနှင့်အပြိုင် ဒေသကိုစတင်လွှမ်းခြုံ နေထိုင်လာကြသည်။ အထက်မှဗမာပြည်သူလူထုသည် အင်္ဂလိပ်အုပ်ချုပ်သောအောက်နယ်သို့ အလုံးအရင်းပြောင်းရွှေ့ လာကြခြင်းမှာ အထက်မြန်မာပြည်တွင် သစ်တောပြုန်းတီးရာမှ မိုးခေါင်ရေရှားသဖြင့် လယ်ယာ ကောင်းစွာမစိုက်ပျိုးနိုင်တော့သည်ကတကြောင်း၊ အင်္ဂလိပ်ပိုင်အောက်ပြည်အောက်ရွာတွင် မူရင်းရာသီဥတုနှင့်သဘာဝမိုးလေ၀သအခြေအနေများကောင်းသည့်အပြင် မြေသြဇာလဲ အလွန်ကောင်းသည်ဖြစ်၍တကြောင်း၊ အဂ်လိပ်အစိုးရနှင့် အရှေ့ အိန္ဒယကုပ္မဏီက ဒေသထွက်ဆန်စပါးများကိုနိုင်ငံခြားဈေးကွက်သို့ ထုတ်ကုန်အဖြစ်အလျှံပယ် ရောင်းထုတ်နိုင်သည်ကတကြောင်းတို့ ကြောင်းဖြစ်သည်။
၁၈၂၆ ခုနှစ်မှ ၁၈၇၂ အထိ တနင်္သာရီတိုင်း လူဦးရေမှာ ၇ သောင်းမှ ၂၅၇,၄၀၄ အထိတိုးလာသည်။ ၁၈၅၅ မှ ၁၈၇၂ အထိ ပဲခူးတွင် လူဦးရေ ၈၇,၇၄၂မှ ၁,၆၆၂,၀၅၈ သို့ တိုးလာပြီး မုတ္တမတွင် ၂၀၅,၉၁၃ ဦးတိုးလာသည်။



ဗြိတိသျှ စတင်အုပ်ချုပ်သော ပထမနှစ်တွင် ဒေသတည်ငြိမ်ဧချမ်းလုံခြုံမှုကိုထိမ်းသိမ်းနိုင်သဖြင့် တနင်္သာရီတိုင်းဆန်စပါးထွက်နှန်း ၃၄% တိုးတက်လာခဲ့သည်။ ထိုခေတ်တွင် မြန်မာပြည်သည် အာရှတိုက်၏ စပါးကျီကြီးတခုအဖြစ် နိုင်ငံတကာ၏အသိအမှတ်ပြုမှုခံရသည်။
တနသာင်္ရီ မွန်တိုင်းဆန်ထုတ်ကုန်သည် ၁၈၅၅တွင် တန်ချိန် ၁၆၂,၀၀၀ ရှိခဲ့ရာမှ ၁၉၀၅-၀၆တွင်နှစ်တွင်
တနှစ်လျင် တန်ချိန် ၂သန်းကျော်ထုတ်လုပ်တင်ပို့ နိုင်ပြီး ၁၉၂၀မှစ၍ တန်ချိန် ၃သန်းကျော်နှစ်စဉ် နိုင်ငံခြားသို့ တင်ပို့ သည်။
လေးစားလျှက်
အဂ္ဂ

(မှတ်ချက်)  ၁၉၀၀ မတိုင်မီက မြန်မာပဒေသရာဇ် ကွက်ကျားလွမ်းမိုးသော အောက်ပိုင်းတိုင်းဒေသတွင် မြန်မာပဒေသရာဇ်တပ်များနျှင့် မွန် ပျေက်ကျားများအကြား ဖြစ်ပွားနေသော စစ်ပွဲများကြောင့် သာမန်ပြည်သူများအဖို့ အခြေစိုက်နေထိုင်ရန် လုံခြုံ အေးချမ်းမှုမရှိသေးပေ။ မြန်မာလူထုသည် မြန်မာမင်းများ၏အုပ်ချုပ်မှုနှင့်နီးစပ်သော အထက်ပိုင်း(ယခုအနေအထားအရ အလယ်ပိုင်းတိုင်း) တွင်သာ နေထိုင်ကြခြင်းဖြစ်သည်။ ထို့အတူ မွန်အရပ်သားများသည်လည်း မြန်မာမင်းများအုပ်ချုပ်သည့် မန္တလေးနှင့်အလှမ်းဝေးရာ အောက်ပြည်အောက်ရွာတွင်သာ မှီတင်းနေထိုင်ကြသည်။
၁၉၀၀ နောက်ပိုင်းတွင် မြန်မာပဒေသရာဇ်များမရှိတော့သည့် အကျိုးဆက်အဖြစ် မွန်လူမျိုးများ၏ တော်လှန်ပုန်ကန်မှုများလည်း တခန်းရပ်သွားရာမှ ဒေသအေးချမ်းသာယာမှုအခြေအနေသစ်တရပ်ပေါက်ပွားလွမ်းခြုံလာခဲ့သည်။ မွန်လူထုထူထပ်စွာအခြေစိုက်သော အောက်ရွာသို့ မြန်မာလူထုအလုံးအရင်းဖြင့်ပြောင်းရွှေ့နေထိုင်ရန် မလုံခြုံသည့်အနေအထားများပျောက်ကွယ်သွားခဲ့သလို အထက်ရွာသို့ မွန်ကုန်သည်ပွဲစားများ သွာားရောက်ရောင်းဝယ်ဖေါက်ကားအခြေစိုက်နေထိုင်နိုင်သည့်အနေအထားများလည်းဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် အထက်ဒေသတွင် မိုးခေါင်ရေးရှားဆိုးဝါးသောသဘာဝကြောင့် မွန်များ အစုလိုက်အပြုံလိုက် အထက်သို့ရွှေ့ပြောင်းမှုမရှိဘဲ မြန်မာများသာ အောက်ပြည်အောက်ရွာသို့ အလုံးအရင်းဖြင့် ပြောင်းရွှေ့လာကြခြင်းဖြစ်သည်။

No comments:

Post a Comment

mr.kyaingtun@gmail.com