Friday, June 19, 2020

ကရင်နှင့်လာအိုလူမျိုးအကြောင်း-

ရတနကိုစင်မင်းဆက် (၄) ၏သား Krom Phara Narathip Praphanphong ပြုစုရေးသားသော "ဖမာ့"ရာဇဝင်နှင့် "ထိုင်းအမျိုးသား" စာအုပ် များမှ ကောက်နှုတ်သည့် ကရင်နှင့်လာအိုလူမျိုးအကြောင်း-

ကရင်လူမျိုးတို့ရွှေ့ပြောင်းလာသည့် တတိယလမ်းကြောင်းမှာ သံလွင်မြစ်နှင့် ကျောက်ဖရားမြစ်တို့ဖြစ်သည်။အင်ဒိုချိုင်းနားကျွန်းဆွယ်ရှိ ကမ္ဘောဒီးယားဒေသသို့ရောက်လာပြီးမှ မြောက်ပိုင်းသို့ပြန်တက်သွားကြခြင်းဖြစ်သည်။ ပအိုကရင်(တောင်သူ)တို့သည်ရှေးဟောင်းမူလ
လူမျိုးများအဖြစ်"စယမ် ဒေသ" "ခမာမြို့တော်" များ၊ မဲခေါင်မြစ်အောက်ပိုင်းဒေသ၊ လာအိုဒေသရှိကျန်ပါစပ်မြို့နှင့် ရှမ်းတို့၏ "လီဖိ"ခေါ်လျှိုမျောင်တစ်ထောင်ဒေသအထိကျော်ကြားသည်၊ ယူနန်ဒေသရှိ စစ်စောင်ပန်းနာတွင်နှစ်ပေါင်း ၃၀ကျော်သာသနာပြုခဲ့သော အမေရိကန်မစ်ရှင်နာရီ Dr. William Clifton Dodd ၏ ရေးသားဖော်ပြချက်အရ "ယွန်" ဆိုသည်မှာခရစ်သက္ကရာဇ်(၆)ရာစုတွင်တရုတ်ဒေသမှ ထိုင်းနှင့်လာအို တို့ပြောင်းရွှေ့ရောက်ရှိလာသော သံလွင်မြစ်အရှေ့ပိုင်းဒေသကိုခေါ်ဆိုသည့်အများသုံးအမည်ဖြစ်ကာ ထိုင်းလူမျိုးထက်အရင်ဆင်းလာသော လာအိုလူမျိုးများမရောက်ခင်ကတည်းက"ယန်း"ခေါ်ကရင်လူမျိုးများအခြေချနေထိုင်လျှက်ရှိပြီးသားဖြစ်သည်ဟုဖော်ပြထားသည်။ ယွန်းခေါ် ကရင်တို့၏ဌာနေကြီးမှာ သံလွင်မြစ်မှအစပြု၍မဲခေါင်မြစ်ကိုကျော်လွန်ခါ ခမာဒေသတောင်ပိုင်းအထိကြီးမားကျယ်ပြန့်ပြီး သာယာဝပြောလှသည်။ မြောက်ပိုင်းမှရွှေ့ပြောင်းလာသော လာအိုလူမျိုးများက ကရင်ဘုရင်ထံခစားရာတွင်ခိုလှုံခွင့်ရကြသည်။ အခြေချခွင့်ရပြီးနောက်နှစ်၅၀အတွင်းတွင် ယွန်ဒေသအတွင်း၌လာအိုလူမျိုးများကမြို့ရွာများစွာထူထောင်ကြသည်။ ခရစ်တော်မဖွားမှီ ၅၄၃ ခုနှစ်တွင်လာအိုလူမျိုးများနှင့်ယန်းကရင်လူမျိုးများအကြားစစ်ပွဲများစွာဖြစ်ပွားပြီးနောက် ကရင့်လက်မှ ယွန်းဒေသအားလာအိုတို့သိမ်းပိုက်ခဲ့ကြသည်။



(မှတ်ချက်။ လာအို၊ထိုင်း၊ရှမ်း၊ ခမာ၊တရုတ်စသော နာမယ်အားလုံးမှာ မျက်မှောက်ခေတ်အခေါ်အဝေါ်များကိုသုံးထားခြင်းဖြစ်သည်။ ပအို၊ ကရင်နီနှင့်ကရင်လူမျိုးများ မကွဲပြားသေးသောခေတ်ကာလဖြစ်သည်။
ဖမာ့(ဗမာ)ရာဇဝင်နှင့် ထိုင်းအမျိုသားစာတန်းကိုရေးသားသူသည် ကရင်နှင့်ပတ်သက်သောအချက်တစ်ချို့အား ဒေါက်တာဝီလီဃန်၏စာအုပ်ကိုမှီငြမ်းထားခြင်းဖြစ်သည်။ စာရေးသူ Krom Phara Narathip Praphanphong သည် စယမ်ဘုရင့်နိုင်ငံတော်၏ဘဏ္ဍာရေးဝန်ကြီးလဲဖြစ်ခါ နာမယ်ကျော်စာအုပ်များစွာရေးသားခဲ့သူဖြစ်သည်။)ပုံ(၁) သမိုင်းပြုစုသူ။ ပုံ(၂) သမိုင်းရေးသူ၏ခမည်းတော် ရတနကိုစင်ဘုရင်အမှတ်(၄)-



No comments:

Post a Comment

mr.kyaingtun@gmail.com