Friday, June 19, 2020

ကယ်တင်ရှင်ဝင်လုပ်ကြမလား

ကယ်တင်ရှင်ဝင်လုပ်ကြမလား

နိုင်ငံတကာက ၀ိုင်းဝန်းပိတ်ဆို့မှုဒဏ်ကို မလူးသာမလွန့်သာခံနေရခဲ့ရလို့ ထွက်ပေါက်ပိတ်နေခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ တရုတ်ပြည်ရဲ့ရင်ခွင်ထဲ ခယခိုလှုံပြီး တရုတ်ပြည်ရဲ့နို့ချိုကိုမှီဝဲသောက်သုံးနေခဲ့ရတယ်။ တရုတ်နို့ဖိုးအတွက်ပေးခြေခဲ့ရတဲ့ အဖိုးအခကလဲ တန်ဖိုးမဖြတ်နိုင်လောက်အောင် ကြီးမားခဲ့တယ်။ ကချင်ပြည်ကကျောက်စိမ်းတောင်တန်းကြီးတွေအားလုံးနီးပါးဟာ မြေလှန်တူးဖေါ်ခြင်းခံခဲ့ရလို့ မဟာရေအိုင်ကြီးများအဖြစ်ပြောင်းလဲကုန်သလို ဘင်္ဂလားပင်လယ်ကဓါတ်ငွေ့ကို စုတ်ယူဖို့ ရခိုင်-တရုတ် ရွှေဂက်စ်ပိုက်လိုင်းကြီးကိုဖေါက်လုပ်ရာမှာလဲ ရခိုင်ပြည်ရဲ့ရှေးဟောင်းသမိုင်း သက်သေ အထောက်အထားများစွာကို မြေအောင်းကားကြီးများနဲ့ ထိုးထုတ်ခြေဖျက်ပြီး လမ်းကြောင်းတွေဖေါက်လုပ်ခဲ့တယ်။ ကရင်၊မွန်နဲ့တနသာင်္ရီတိုင်း ကျွှန်းတောအားလုံးနီးပါးကိုတော့ အငုတ်ပါမကျန်တူးခုတ်ပြီး ထိုင်း ကို ဈေးချိုချိုနဲ့ ကန်ထရိုက်ပေးပစ်ခဲ့တယ်။ အဲလို ရောင်းစားလို့ရတဲ့ တိုင်းရင်းသားနယ်မြေတွေအားလုံးပေါက်ဈေး နဲ့ရောင်းစားပစ်ခဲ့ပေမဲ့ မြန်မာစစ်အစိုးရဟာ ဖရိုဖရဲပြိုလဲနေတဲ့မိမိရဲ့အုပ်ချုပ်ရေးယနရားကြီးကို လည်ပတ်ဖို့ ဘဏာငွေချို့တဲ့နေဆဲဖြစ်ခဲ့တယ်။ ဒီပြသနာကိုဖြေရှင်းဖို့ နေ၀င်းမဆလခေတ်က ချမှတ်ကျင့်သုံးခဲ့တဲ့ အခမဲ့ပြည်သူ့ကျန်းမာရေးနဲ့ အခမဲ့ ပညာရေးစနစ်တွေကိုဖျက်သိမ်း ခဲ့ယုံတင်မက တပြည်လုံးမှာ ပေါက်ပေါက်ရှာရှာအကောက်ခွံအမျိုးမျိုးကိုချမှတ်ကောက်ခံခဲ့တဲ့အပြင် အစိုးရဌာနအသီးသီးကလဲ ပြည်သူတွေဆီက အလှုငွေပေါင်းစုံကို ဖြစ်ညှစ်သွေးစုတ်ခဲ့ပြန်တယ်။ ရှေ့တန်းမှာချထားတဲ့ တပ်မစစ်ကြောင်းတွေကိုလဲ အနီနဲ့အနက်ရောင်စစ်နယ်မြေအတွင်း ဓါးပြတိုက်ခွင့်ချမှပေးခဲ့တယ်။ အဲလောက်ကို ဘေးကြပ်နံကြပ်ရူးမတတ်ဖြစ်နေရတဲ့ ၀ဲဂရက်ကနေလွတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲန်အဲလ်ဒီပါတီဟာ စစ်အုပ်စုကချမှတ်တဲ့ ခြေဥုမှာ ၀င်ပါတဲ့နည်းနဲ့ စစ်တပ်ရဲ့မှောက်နေတဲ့လှေကြီးကို ၀င်ရောက်ဖေးမ ပေးလိုက်ကြတယ်။


 အဲန်အဲယ်ဒီကနေ စစ်အုပ်စုနဲ့အဲလိုပေါင်းဖက်လိုက်ကြတဲ့အခြေအနေကြောင့် နိုင်ငံတကာရဲ့ဖင်ပိတ် ခေါင်းပိတ်လုပ်ထားတာတွေအားလုံးကို ပြန်ပွင့်သွားတော့တယ်။ တပ်မတော်ဟာလဲချက်ခြင်းခေါင်းပြန်ထောင်လာနိုင်တော့တယ်။ အဲန်အဲလ်ဒီကတော့ စစ်ရေးစစ်ရာမှာလုံးဝ အာဏာမရှိတဲ့ သို့မဟုတ် တပ်မတော်အပေါ်လုံးဝ သြဇာအာဏာကျင့်သုံးခွင့်မရှိတဲ့ အစိုးရ အရပ်သားအစုအဖွဲ့နေရာကို ကယ်တင်ရှင် ဆုတော်ကြေးအဖြစ်ရလိုက်တယ်။ ယခင်စစ်အစိုးရတွေတုန်းက ပြည်သူလူထုအပ်ါငွေညှစ်ခဲ့တဲ့ အကောက်ခွံမျိုးစုံနဲ့ အလှူကောက်ခံမှုမျိုးစုံ (တချို့) ကိုလဲပြန်လည်ယုတ်သိမ်းပေးခဲ့တာမို့ ပြည်သူတွေသက်ရှုပြန်ချောင်လာတယ်။ အရှေ့အုပ်စုတွေသာမက အနောက်နိုင်ငံတွေအားလုံးနီးပါး စီးပွားရေးလုပ်ငန်းတွေအပြိုင်အဆိုင်လာထောင်ကြ၊ ကုန်သွယ်မှုတွေပြန်လုပ်လာကြတဲ့အပေါ် ပြည်သူလူထုအတော်များများအတွက် အလုပ်အကိုင်နဲ့ စားဝတ်နေရေးအခွင့်အလမ်းသစ်တွေပေါ်ပေါက်လာတယ်။ ပြည်ပကိုတရားဝင်သွားရောက်လုပ်ကိုင်ခွင့်တွေလဲပေးလာတဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘ၀ ဥပဒေအရလုံခြုံစိတ်ချရမှုတွေတိုးတက်လာခဲ့တယ်။ ဒီအပြောင်းအလဲကလေးတွေအောက်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နှစ်ပေါင်း၇၀ တောင်းဆိုလာကြတဲ့ တိုင်းရင်းသားတွေဘက်က ဘာတွေရလဲဆိုတာကို ပြန်ကြည့်လိုက်တော့ မိမိတို့ကို နှစ်ပေါင်း ၇၀ တိုက်ခိုက်ခြေမှုန်းလာခဲ့တဲ့ မြန်မာ့တပ်မတော်မှုးကြီးတွေနဲ့ ခါးဖက်ဓါတ်ပုံရိုက်ခွင့်၊ မြောက်ပိုင်းတိုင်းရင်းသားအုပ်စုတွေကို အပြီးသပ်ခြေမှုန်းနေချိန်မှာ ကျန်အဖွဲ့တွေ ၀င်မရှုတ်အောင် ပင်လုံအပါအ၀င်ညီလာခံပေါင်းစုံခင်းကျင်းပြီး စည်းဝေးခန်းမတွေထဲခြေချုပ်ခံထားရခွင့် စတာတွေကို ပြောင်တလင်းကြီးမြင်နေရတဲ့ အဖြစ်။ 

လက်ရှိအချိန်မှာတော့အများသိတဲ့အတိုင်း ရခိုင်ပြည်နယ်အတွင်းတပ်မတော်ကနေ လူသားမဆံတဲ့ရာဇ၀တ်မှုတွေကျူးလွန်မှုတွေကြောင့် နိုင်ငံတကာ ခုံရုံးကနေ မြန်မာတပ်ချုပ်တွေကို အမှုဖွင့်ရုံးတင် စစ်ဆေးဖို့ကျိုးပမ်းနေတဲ့ကာလ။ တပ်ချုပ်တွေကိုအရေးယူ ဖြုတ်ချပစ်နိုင်မှ မြန်မာ့တပ်မတော်ကို လူစိတ်သွင်းထားတဲ့ လူသားတပ်မတော်ဖြစ်လာအောင် အခြေခံကနေ မြေလှန်ပြောင်းလဲနိုင်မယ်လို့အဖြေရထားကြတဲ့အနေအထား။ အရင်ကတော့ နိုင်ငံတကာကချီးမြှောက်လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးကယ်တင်ရှင်လုပ်ပေးနိုင်ခဲ့ပေမဲ့ ခုအချိန်မှာတော့ စစ်တပ်ရဲ့ အသုံးတော်ခံ သို့မဟုတ် အလိုတူအလိုပါ လို့ တကမာလုံးက  သဘောထားလာကြတဲ့အပေါ် မြန်မာ့တပ်မတော်နဲ့ နောက်ကွယ်က အာဏာပိုင်စစ်စစ် မြန်မာ့စစ်အုပ်စုအတွက် ကယ်တင်ရှင်အသစ်ကိုလိုအပ်လို့နေပါတော့တယ်။ လက်ရှိအနေအထားတွေအရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို မြန်မာ့တပ်မတော်က ဥပယ်တမြည်နဲ့ အမိအရစည်းရုံးသိမ်းသွင်းနိုင်မယ်ဆိုရင် 
တပ်ချုပ်တွေအရေးယူခံကြရမဲ့ လမ်းကြောင်းကို တစုံတရာပိတ်ဆို့ ပြောင်းလဲနိုင်မဲ့ သဘောသဘာဝနဲ့ အလားအလာတွေကို မြင်နိုင်တဲ့အနေအထားဖြစ်တယ်။ ဒီတော့ ဒါကိုတိုင်းရင်းသားအဖွဲ့အစည်းများက အခွင့်ကောင်းအဖြစ်ယူဆပြီး ပုပါးထိတ်သီးညီလာခံကနေတဆင့် ပါဝင်အသုံးတော်ခံလိုက်ကြမယ်ဆိုရင် နောက်ဆုံးတော့ ဗိုလ်ချုပ်အောင်ဆန်းကိုယုံပြီး လုပ်ခဲ့ကြတဲ့ ပင်လုံစာချုပ်လိုဘဲ အနိစသဘော ကိစချောကြရမယ့်အလားအလာက ၉၀ % ထက်မနဲရှိနေလေရဲ့။ ဒီတော့ အရိုးမစူးအောင် စင်းစားကြပေါ့။ ကောင်းကောင်းစင်းပြီးမှစားကြဖို့ပြောတာပါ။ 

ကမာ့အခင်းအကျင်းအရကြည့်ရရင်တော့ အနောက်အုပ်စုက ပြန်လည်ပိတ်ဆို့ရင် တရုတ်ကလဲ အရင်ကလိုဘဲမြန်မာစစ်အုပ်စုကို နို့အုံပြန်ဖွင့်ပေးမှာပါဘဲ။ ရုရှားလဲပါလာမယ်။ မြန်မာပြည်သူတွေအနေနဲ့မိမိနိုင်ငံကို တရုတ်လက်အောက်ခံပြန်မဖြစ်စေချင်သလို မြန်မာ့တပ်မတော်ကိုယ်တိုင်ကလည်း တိုင်းပြည်ရောင်းစားခဲ့ရတဲ့ လမ်းဟောင်းအစား လမ်းသစ်ကိုရွေးချင်နေပုံရပါတယ်။ ဒီတော့ အဲန်အယ်ဒီလောက်မတော်တဲ့ တိုင်းရင်းသားတွေဆုရဖို့အာမခံချက်ဘာမှမရှိတဲ့ ကယ်တင်ရှင်ဝင်လုပ်ကြမလား နိုင်ငံတကာနဲ့လက်တွဲပြီး မြန်မာ့စစ်အုပ်စုကိုအမြစ်ဖြတ်ကြမလားစဉ်းစားဖို့ (စိတ်ကစားဖို့) လုပ်ကြပေတော့။

No comments:

Post a Comment

mr.kyaingtun@gmail.com