Friday, June 19, 2020

,မြန်မာပြည်ဒုတိယလွတ်လပ်ရေးနောက်ခံကျောရိုးဖြစ်စဉ်များ....

,မြန်မာပြည်ဒုတိယလွတ်လပ်ရေးနောက်ခံကျောရိုးဖြစ်စဉ်များ....

ဂျပန်ပေးသည့်၁၉၄၂ သြဂုတ်လ ၁ရက်ဗမာ့လွတ်လပ်ရေးအရထွက်ပေါ်လာသည့် ဗမာပြည်(ဘိရုမာကုကိ)၏ ဝန်ကြီးချုပ်နှင့် နိုင်ငံတော်အဓိပဓိ ဒေါက်တာဘမော်အစိုးရခေတ်တွင်ဂျပန့်"နာမိကီကန်" စစ်အောင်နိုင်ရေးသေနင်္ဂဗြူဟာအရ ဂျပန်စစ်ထောက်လှမ်းရေးဌာနတာဝန်ခံ ဗိုလ်မှုးချုပ် စူဇူကီး ထူထောင်အုပ်ချုပ်ခဲ့သည့် BIA တပ်ကို ဗမာ့အမျိုးသားတပ်မတော် BNA အဖြစ်ပြောင်းလဲဖွဲ့စည်းခါ ဗမာပြည်ပိုင်တပ်မတော်အဖြစ် ဂျပန်ဘုရင့်အစိုးရကလွှဲပြောင်းပေးခဲ့သည်။အစိုးရအာဏာနှင့်ဗမာပြ ည်ကိုလွှဲပေးလိုက်ရသည့် ဒေါက်တာဘမော်ကိုစိတ်ချစရာအကြာင်းမရှိသဖြင့်ဗိုလ်အောင်ဆန်းအားစစ်တပ်အာဏာခွဲထားပေးခါ ဂျပန်က ၂ဘက်လုံးကို စစ်တုရင်နည်းအရ"ခွချက်" လုပ်ထားခြင်းဖြစ်သည်။ ဤနည်းနားကို နိုင်ငံရေးသိပ္ပံပညာက " Check & Balance" ဟုခေါ်ဆိုသည်။

BNAကိုဘက်ပြောင်းစေသည့် ဂျပန်စစ်ရေး ဆက်တိုက်အရေးနိမ့်မှု အဆင့်ဆင့် အ ချိန်မျဉ်း(Timeline ) 

-၁၉၄၂ဇန္နဝါရီလတွင် အဂ်လိပ်က ဂျပန့်လက်အောက်မှမြန်မာပြည်ကိုပြန်သိမ်းမည့် Burma Campaign စစ်ဆင်ရေးကိုစတင်သည်။
-၁၉၄၃ စက်တင်ဘာ ၃ရက်တွင်
ဝင်ရိုးတန်း (Axis) ကြီး ၃ကြီးနိုင်ငံဖြစ်သော အီတလီလက်နက်ချအရှုံးပေးသည်။
-၁၉၄၄ မတ်လတွင် အိန္ဒရိယနိုင်ငံ မီဇိုရမ်(အင်းဒီးယားချင်း)ပြည်နယ် အင်ဖာလ်မြို့တိုက်ပွဲတွင် ဂျပန်ကအင်္ဂလိပ်ကိုအပြတ်အသတ်အသတ်ရှုံးသည်။အဆိုပါတိုက်ပွဲသည် တိုက်တိုင်းအောင်ဂျပန့်တပ်မတော်ကိုပွဲတိုင်းရှူံးအနေအထားသို့ပြောင်းပြန်လှန်လိုက်သည့် ၁၈၀ဒီဂရီ "ဂငယ်ကွေ့" (U-Turn) ဖြစ်သည်။ 
-၁၉၄၄ ဇူလိုင်လတွင် ဂျပန်နှင့်စစ်မဟာမိတ်စာချုပ်လက်မှတ်ထိုးထားသည့်မြန်မာ့မိတ်ဆွေနိုင်ငံ ထိုင်းစစ်အစိုးရပြုတ်ကျပြီး ဂျပန်ကိုဆန့်ကျင်သည့် Free Thai မြေအောက်တော်လှန်ရေးအင်အားစုက ထိုင်းနိုင်ငံ၏အရပ်သားအစိုးရဖြစ်လာသည်တွင် အမေရိကန်၊ အင်္ဂလန်နိုင်ငံတို့ကထိုင်းနိုင်ငံအား မဟာမိတ်အဖြစ်ပြောင်းလဲအသိအမှတ်ပြုသည်။
-၁၉၄၄ဩဂုတ်လ၂၅ တွင်အမေရိကန်က ပြင်သစ်ကိုဂျာမန်လက်မှသိမ်းပိုက်သည်။ 
-ဗြိတိသျှက ဘားမားကန်ပိန်း ခေါ်မြန်မာပြည်ပြန်လည်သိမ်းပိုက်ရေးထိုးစစ်ကို ၁၉၄၄ နိုဝင်ဘာလတွင်စတင်သည်။


-၁၉၄၅ ဖေဖော်ဝါရီလ ၁၉ရက်တွင် အမေရိကန်က ဂျပန်ပြည်မကြီးသိမ်းပိုက်ပွဲစစ်ဆင်ရေးဖြစ်သည့် တိုကျိုမြို့တော်အနီးရှိအိဝိုဂျီးမား (မီးတောင်ကျွန်း) စစ်စခန်းကိုစတင်တိုက်ခိုက်ရာ မတ်လ ၂၆ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
-ဂျပန့်အနာဂတ်ကိုအဆုံးအဖြတ်ပေးမည့်အဆိုပါ"အိဝိုဂျီးမား"(Iwo Jima) စစ်ပွဲအခြေအနေစောင့်ကြည့်နေသာ ဗမာ့အမျိုးသားတပ်မတော် BNAက ဂျပန့်တော်လှန်ရေးအတွက်တိတ်တဆိတ်အထောက်အကူပေးနေသော ဝန်ကြီးချုပ် ဒေါက်တာဘမော်အားအသိမပေးဘဲ ၁၉၄၅ မတ်လ ၂၇ ရက်တွင် ဗြိတိသျှဘက်သို့ဘက်ပြောင်းသည်။ ဒေါက်တာဘမော်က ထိုင်းနိုင်ငံကိုဖြတ်ခါ ဂျပန်သို့ရှောင်ပြေးရာတွင် ဂျပန်ကဖမ်းဆီးထောင်ချသည်။ (၁၉၄၇တွင် အောင်ဆန်းကိုလုပ်ကြံမှုသံသယဖြင့်ဖမ်းဆီးအချုပ်ချခြင်းခံခဲ့ရသော်လည်း အပြစ်မရှိကြောင်းထင်ရှားသဖြင့်အမှုမှလွတ်ကင်းခဲ့သည်။)
-၁၉၄၅ ဇူလိုင်လတွင် မြန်မာတပြည်လုံးကို ဗြိတိသျှကပြန်လည်သိမ်းပိုက်သည်။ (ကရင်၊ကချင်၊ချင်း၊ဂေါ်ရခါး၊ အင်းဒီးယားနှင့်တရုတ်ကူမင်တန်တပ်များပါ မြန်မာပြည်ကိုဂျပန့်လက်မှလွတ်မြောက်ရေးစစ်ပွဲတွင်တတ်တအားပါဝင်ခဲ့ကြသည့်အကြောင်းကို သီးသန့်ဆောင်းပါးတပုဒ်အဖြစ်နောက်မှရေးသားတင်ပြမည်ဖြစ်သည်။)
-မြန်မာပြည်ကိုအင်္ဂလိပ်များပြန်လည်အုပ်ချုပ်သောအခါ ထိုဘက်ပြောင်းအုပ်စုဦးဆောင်သောအင်အားစုကိုအင်္ဂလိပ်ဘုရင်ခံ လက်အောက်တွင် မြန်မာပြည်အုပ်ချုပ်ရေးကော်မီတီအဖြစ်ဖွဲ့စည်းပေးသည်။
-၁၉၄၅ ဇွန်လ ၂၃ရက်နေ့တွင် ဗြိတိသျှအစိုးရက BNAကို PBF ( Patriotic Burmese Forces)အဖြစ်ပြောင်းလဲဖွဲ့စည်းသည်။  
-ဒုတိယကမ္ဘာစစ်ဖြစ်ပွားမှုကြောင့်
နိုင်ငံပေါင်းချုပ်အသင်း( League of Nations") နိဂုဏ်းချုပ်ကာ စစ်အောင်နိုင်စေသည့် ၁၉၄၁ ဩဂုတ်လ၁၄ရက်တွင်ထုတ်ပြန်သော အတ္တလန်တိတ်ချာတာမူဝါဒသဘောထားကိုအခြေခံသော "ကမ္ဘာ့ကုလသမဂ္ဂ"ကို စစ်နိုင်မဟာမိတ်နိုင်ငံများက ၁၉၄၅ခုနှစ် အောက်တိုဘာလ၂၄ တွင်  ဦးဆောင်ဖွဲ့စည်းလိုက်သည်။ 
-ဒုတိယကမ္ဘာစစ်အောင်နိုင်ရေးအတွက် အမေရိကန်ပြည်၏ စွမ်းအားသည်အဓိကဖြစ်ခဲ့သဖြင့်ကမ္ဘာ့ နိုင်ငံရေးဩဇာထိတ်တန်းရောက်သည်။
- ဒုတိယကမ္ဘာစစ်တွင်းသို့နောက်ပိုင်းမှဝင်ရောက်လာသဖြင့် လည်းစစ်ဒဏ်ဖြင့်ကျေမွနေသည့် အင်္ဂလန်၊ ပြင်သစ်၊ ရုရှားနိုင်ငံများလို ချွတ်ခြုံမကျဘဲ အချမ်းသာဆုံးနိုင်ငံဖြစ်နေသည်။
-အတ္တလန်တိတ်ချာတာအရ ပြင်သစ်ကနိုင်ငံ၂၀ကျော်၊ စပိန်က၁၀နိုင်ငံနှင့်  ဗြိတိသျှကနိုင်ငံ ၅၀ကျော်ကိုအဆောတလျှင်လွတ်လပ်ရေးပေးလိုက်ရသည်။ 
-ပါကစ္စတန် ဩဂုတ်လ ၁၄ရက်၊ အိန္ဒရိယ ဩဂုတ် ၁၅၊အစ္စရေး မေလ ၁၄ရက်၊  မလေးရှား ဩဂုတ်၃၁ရက်၊သီရိလင်္ကာ ဖေဖော်ဝါရီလ ၄ရက်နှင့်မြန်မာနိုင်ငံက ဇန္နဝါရီလ ၄ရက်နေ့ဖြစ်ကြသည်။
-အဆိုပါနိုင်ငံတချို့တွင်နိုင်ငံရေးအင်အားစုများ၏လွတ်လပ်ရေးအကြို အာဏာလက်ဦးမှု သူ့ထက်ငါရယူရေး (အမွေလုပွဲ)ပဋိပက္ခနှင့်လုပ်ကြံသတ်ဖြတ်မှုများဖြစ်ပွားကြသည်။ -အင်းဒီးယားတွင် မဟဓမ္မ ဂန္ဒီနှင့်မြန်မာပြည်တွင် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံမှုစသည်တို့သည်မြန်မာနိုင်ငံသားများသိကြသော နမူနာများဖြစ်ကြသည်။
-မြန်မာအပါအဝင် ကိုလိုနီနိုင်ငံအများအပြားကိုလွတ်လပ်ရေးပေးလိုက်ခြင်းဖြင့်အတ္တလန်တိတ်ချာတာနောက်ကွယ်တွင်ကပ်ပါလာသည့် အင်ဂလို-အမေရိကန် ချေးငွေစာချုပ် (Anglo-American Loan Agreement) အရအမေရိကန်ကဗြိတိသျှနိုင်ငံစီးပွားရေးပြန်လည်ထူထောင်ရေးအတွက်ခေတ်ပေါက်ဈေး ဒေါ်လာ ငွေသန်းပေါင်း ၆သောင်း
ခန့်နှင့်ညီမျှသော သန်းပေါင်း ၃၇၅၀ကို အက်တလီအစိုးရသစ်အားငွေတန်ဖိုးဖောင်းပွမှုအတိုးမျှဖြင့်ထုတ်ချေးလိုက်သည်။ ဆိုလိုသည်မှာအမြတ်မယူဘဲကူညီချေးငှားခြင်းဖြစ်သည်။
-ဒုတိယကမ္ဘာစစ်အပြီး၌ မဟာမိတ်ရုရှားက အမေရိကန်၏ရန်သူနိုင်ငံဖြစ်လာသည်တွင် အင်္ဂလန်၊ပြင်သစ် စသည့်နယ်ချဲ့အင်ပါယာနိုင်ငံဟောင်းကြီးများကပြိုင်ဘက်နိုင်ငံများအဖြစ်သို့ အလွယ်တကူမပြောင်းလဲသွားနိုင်စေရန်အင်အားလျော့ချရေးတွင် ၄င်းတို့သိမ်းပိုက်ပိုင်ဆိုင်ထားသော သယံဇာတအရင်းအမြစ်ကိုလိုနီနိုင်ငံများစွာကို အတ္တလန်တိတ်ချာတာအရလက်လွတ်လိုက်စေခြင်းသာလျှင်ဖြစ်သည်။ 
-အဆိုပါ အတ္တလိတ်ချာတာ၏ အဓိကတွန်းအားအရဖြစ်ပေါ်လာသော၃ပွင့်ဆိုင် win-win မှာ ၁-ကိုလိုနီနိုင်ငံများလွတ်လပ်လာခြင်း ၂- စစ်ပွဲကြောင့်စီးပွားပျက်ကုန်သောမဟာမိတ်နိုင်ငံများအမေရိကန်မှပြန်လည်ထူထောင်ရေးချေးငွေအလုံအလောက်ရရှိကြခြင်းနှင့် ၃-အမေရိကန်က ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဖြစ်လာခြင်းစသည်တို့ဖြစ်သည်။ 

အဆိုပါဖြစ်စဉ်များသည်ဒုတိယကမ္ဘာစစ်အပြီး မြန်မာပြည်အပါ အဝင်လွတ်လပ်ရေးရလာသောနိုင်ငံအားလုံးလိုလို၏ သရုပ်မှန်သမိုင်းနောက်ခံကျောရိုးဖြစ်သဖြင့် ဂန္ဒီအသတ်ခံရသော်လည်းအင်ဒီးယားလွတ်လပ်ရေးမဆုံးရှူံးခဲ့သလို ဗိုလ်ချုပ်အောင်ဆန်းအလုပ်ကြံခံရသည်ကိုအကြောင်းပြု၍မြန်မာပြည်လွတ်လပ်ရေးမဆုံးရှုးံခဲ့ရခြင်းသာလျှင်ဖြစ်တော့သည်။
မှတ်ချက်။   ။ တချို့သမိုင်းတွင် ဂျပန်တို့၏ရက်စက်မှုကြောင့် BNAဘက်ပြောင်းရခြင်းဖြစ်သည်ဟုဆိုကြသည်မှာ မိမိတို့၏အကြောင်းပြချက်များlegitimacy တရားဝင်မှုရှိလာရေးအတွက်ဖြစ်သည်။ ဖက်ဆစ်ဂျပန်မည်မျှရက်စက်ကြောင်းကို ၁၉၃၇ ဒီဇင်ဘာလတွင်ဖြစ်ပွားခဲ့သည့် တရုပ်ပြည်သူ၃သိန်းခန့်ကိုဂျပန်တပ်က အရှင်လတ်လတ်မြေမြုပ်ခြင်း၊မောင်နှစ်မ ဖအေသမီး လိင်ဆက်ဆံခိုင်းပြီးသတ်ဖြတ်ပစ်ခြင်းအပါအဝင်လူမဆန်မှုကြီးကို BNA ခေါင်းဆောင်များကောင်းစွာသိရှိထားခဲ့ကြုပီးသားဖြစ်သဖြင့် ဗမာပြည်တွင်ထိုသို့လုပ်မညိမဟုတ်ဟုအထင်ရှိထားကြသရောင်အကြောင်းပြချက်များယုတ္တိတန်ရခြင်းဖြစ်သည်။
ပုံ၁။ BIA ကိုထူထောင်သော ကာနယ်စူဇူကီး ပုံ၂။ ဒေါက်တာဘမော် ပုံ၃။ အင်ဖာလ်တိုက်ပွဲ ပုံ ၄။ နိုင်ငံပေါင်းချူပ်အသင်းစည်းဝေးပွဲ ပုံ ၅။မီးတောင်ကျွန်းခေါ်  အိဝိုဂျီးမားကျွန်း ပုံ၆။ ရန်ကုန်တွင်ဂျပန်လက်နက်ချလက်မှတ်ထိုးနေပုံ။၇။ အိဝိုဂျီးမားတွင်မဟာမိတ်အမေရိကန်တပ်သားများအောင်ပွဲခံပုံ။ ၇။ တရုပ်ပြည်သူ ၃သိန်းခန့်ကို အရက်စက်ဆုံးသော နည်းပေါင်းစုံဖြင်သတ်ဖြတ်ခဲ့သည့်နည်းနာများမှ အရှင်လတ်လတ်ဗိုက်ခွဲနေပုံတစ်ခု။၈။  လူမမယ်ကလေးများကိုရိုက်သတ်ပြီးပုံထားပုံ။တချို့ပုံများကို fb ကခွင့်မပြု။










No comments:

Post a Comment

mr.kyaingtun@gmail.com