ကော်သူးလေ ဆိုသည့်ဝေါဟာရ သမိုင်း
ခရစ်သက္ကရာဇ် ၁၉၀၀ တွင် ကရင်လူမျိုးများနေထိုင်ရာတိုင်းဒေသသည်ကော်လားဟုတွင်ခဲ့သည်။
ကော်လားဆိုသည်မှာ စိန်းလန်းသောတိုင်းပြည်ဖြစ်သည်။ ၁၉၃၂ တွင်ရိုက်နှိပ်ထုတ်ဝေသည့် စောအောင်လှရေးသားပြုစုသော ကရင်သမိုင်းစာအုပ်တွင် ကရင်တို့ ရှေးကနေထိုင်ရာခဲ့တိုင်းပြည်ကို “ကော်သူးလေ” ဟုရေးသားဖေါ်ပြထားသည်။ အဓိပ္ပါယ်မှာ အမှောင်မဲ့ဒေသ၊ သို့ မဟုတ် ဖလံတောင်ဝှေးပင်များပေါက်ရောက်ရာဒေသဖြစ်သည်။ ဖေါ်ပြချက်အရ ကော်သူးလေ တိုင်းမှာ မြန်မာပြည်လက်အောက်ခံ သို မဟုတ်တစိတ်တပိုင်းမဟုတ်ဘဲ သီးခြားလွတ်လပ်စွာဧဧချမ်းချမ်းရှိခဲ့သော နယ်မြေတခုဖြစ်ခဲ့သည်။ ထို၁၉၃၂ခုနှစ်သည် ဒုတိယကမ္ဘာစစ်စသောနှစ်ဖြစ်သည်။ မြန်မာပြည်သည်လည်း ဘရစ်တစ်မြန်မာနိုင်ငံအဖြစ် အင်္ဂလိပ်အစိုးရ ဘုရင်ခံမောင့်ဘက်တန် အုပ်ချုပ်ရေးကာလတွင်အာရှတိုက်၏ ခေတ်မီအတိုးတက်ဆုံးနိုင်ငံဖြစ် နေခဲ့သောအချိန်ဖြစ်သည်။
မြန်မာပြည်ဒေသတွင်းရှိတိုင်းရင်းသားအားလုံး ရက်စက်ကြမ်းကျုတ်သည့် မြန်မာပဒေသရာဇ်ဘုရင့်အုပ်ချုပ်ရေးမှ လွတ်ငြိမ်းခဲ့သောကာလဖြစ်သည်။
သို့ သော်ထိုခေတ်တွင် မြန်မာအပါအ၀င် တခြားတိုင်းရင်းသားအားလုံးတန်းတူ အနေအထား တွင်နေထိုင်ခဲ့ကြရသည်။ တိုင်းရင်းသားအားလုံးက ထိုအနေအထားကို သက်သာရာအရဆုံးအချိန်အဖြစ် အကြိုက်ဆုံးခေတ်ြဖစ်ခဲ့သည်။ သို့ သော် အင်္ဂလိပ်အုပ်ချုပ်ရေးမတိုင်မီ တစ်ရာစုခန့် က မွန်၊ရခိုင်၊ရှမ်းနိုင်ငံများကို တိုက်ခိုက်အောင်နိုင်မင်းပြုခဲ့ဘူးသည့် မြန်မာတချို့ ကမူ ပိုမို သာယာကောင်းမွန်ချောမွေ့ သည့်လူမှုဘ၀ဖြစ်ပေါ်နေခဲ့သည့်တိုင် နိုင်ငံရေးနှင့် ပဒေသရာဇ် လူမျိုးရေး စိတ်ဓါတ်နိုးကြွလျှက်ရှိသောကြောင့်ကျေနပ်မှုမရှိခဲ့ကြပါ။လက်လွှတ်ဆုံးရှုံးနေရသည့် မွန်၊ရခိုင်နှင့် ရှမ်းပြည်တို့ ကို နောက်တကြိမ်ပြန်လည်တိုက်ခိုက်သိမ်းပိုက်အုပ်ချုပ်ရန် တာစူနေချိန်တွင် အင်္ဂလိပ်က ကြားဖြတ်ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းက အင်္ဂလိပ်ကိုမြန်မာတို့ မနာလိုစိတ်ဖြစ်ပေါ်စေခြင်းဖြစ်ခဲ့သည်။
မြန်မာတို့ ၏ ထိုအနေအထားကို “ကျွန်”ဖြစ်သည်ဟု ဇာတ်နာစေသည့်ဝေါဟရကိုသုံးခဲ့သည်။
ကံအားလျှော်စွာ ဘာကိုမှနက်နက်နဲနဲတွေးမြင်နိုင်စွမ်းမရှိသော သူအမြားအပြားက ထိုဝေါဟာရကို လက်ခံခဲ့ကြသည်။ မည်ဆို့ ဆိုစေ တိုင်းရင်းသားများအဖို့ အင်္ဂလိပ်ခေတ်လောက် လူသားပီသစွာနေထိုင်ခဲ့ရသည့်ကာလသည် ယနေ့ တိုင်မရှိသေးသည်မှာမူလက်တွေ့ ဖြစ်နေသည်။
အမှန်တွင် ထိုခေတ်ကအင်္ဂလိပ်အုပ်ချုပ်ရေးအောက်ကျရောက်ခဲ့သောနိုင်ငံကြီးများသည် ယနေ့ တွင် ကမ္ဘာ့ထိတ်တန်းနိုင်ငံများအဖြစ် လွတ်လပ်ဖွံ့ ဖြိုးသောတိုင်းပြည်အားလုံးဖြစ်လာသည်ကိုတွေ့ ကြရသည်။
ကနေဒါ၊ ကြစတြေးလျား၊ နျူးဇီးလန်၊ စင်္ကာပူ၊ ကူဝိတ် စသည်တို မှာ ထိုအမျိုးအစားတွင်ပါဝင်သည်။
ထိုနိုင်ငံများသည် အင်္ဂလျိပ်လက်အောက်တွင် စီးပွားရေးပညာရေး ကုန်ထုတ်လုပ်ရေး အဘက်ဘက်တွင်တိုးတက်လာခဲ့ကြရာမှ အဂ်လိပ်ပါလီမန်သို့ လွတ်လပ်သောသီးခြားနိုင်ငံအဖြစ် ပေးရန် ဥပဒေအရတောင်းဆို ရရှိခဲ့ကြခြင်းဖြစ်သည်။ လက်နက်ကိုင်တိုက်ပွဲ မလိုအပ်ခဲ့။ ယနေ့ ထိုနိုင်ငံများသည်မြန်မာပြည်ကဲ့သို့ စုတ်ပြတ်နေသောအနေအထားနှင့်အလွန်ကွာလှမ်းသောအမြင့်တွင်ရှိနေကြသည်။ ကျနုပ်တို့ ၏ အချိန်အခါ အစွမ်းအစနှင့်မထိုက်တန်သော လူမျိုးရေး ဂန်ကျယ်စိတ်ဓါတ်က ကျနုပ်တို့ တိုင်းပြည်ကိုခုလိုစုတ်ပြတ်နုံခြာသွားစေခဲ့ခြင်းဖြစ်သည်။
ခုလိုရေးသားခြင်းသည် ဤအချက်အလက်အမှန်များကိုဘယ်သူမှမဖေါ်ပြပေးသည့် မြန်မာ အားလုံး သိရှိရန်သာဖြစ်ပြီး အင်္ဂလိပ်အထင်ကြီးခြင်းသေးခြင်းလုံးဝ မပါပါ။ အမှန်ကိုမြင်နိုင်မည့် ရှုထောင့်မှရေးသားဖေါ်ပြခင်းသာဖြစ်သည်။ သမိုင်းသည် တောင်ကြီးတတောင်နှင့်တူသည်။
တောင်ပေါ်တွင်ဘာတွေရှိသည်ကို အမှနိချင်လျှင် တောင်ပတ်ပတ်လည်ကို ပတ်ကြည့်ရသည်။
ကျနုပ်တို့ ဖတ်ဖူးသည့် မြန်မာ့သမိုင်းဆိုသည်မှာ တောင်ကို မိမိအလှဆုံးဟုထင်သည့် ဘက်တဘက်ထဲမှ ကြည့်ပြီးဖေါ်ပြထားခြင်းဖြစ်ကြောင်းကို သမိုင်းကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာလေသိရှိလာလေဖြစ်သည်။
လူမျိုးရေး အမျိုးသားရေး သွတ်သွင်းရေး ၀ါဒီများရေးထားသလောက်ကိုသာ အလွတ်ကျက်နေလျှင် သမိုင်းမှန်ကိုမသိနိုင်ပါ။
-ကော်သူးလေဝေါဟာရသမိုင်းကိုဆက်ပါဦးမည်-
လေစားလျှက်
အဂ္ဂ
No comments:
Post a Comment
mr.kyaingtun@gmail.com