Friday, June 19, 2020

နိုင်ငံရေးကို နိုင်ငံရေး Professional နည်းနာဖြင့် ရှုမြင်ကျင့်သုံးရန်--

နိုင်ငံရေးကို နိုင်ငံရေး Professional နည်းနာဖြင့် ရှုမြင်ကျင့်သုံးရန်--

ကေအဲန်ယူလက်ရှိခေါင်းဆောင်တချို့ ၏ ကိုယ်ပိုင်မူများအရ ဘ၀တူတိုင်းရင်းသားအဖွဲ့  အစည်းများနှင့်ကျစ်လစ်စွာပူးပေါင်းဆောင်ရွက်ခြင်းကို အဖွဲ့  အစည်းအချုပ်အချာ အာဏာ ထိခိုက်သည်ဟုယူဆချက်များရှိနေသည်။သို့ ဆိုလျှင် ကရင်အမျိုးသား အချုပ်အခြာအာဏာကို မြန်မာအစိုးရအစား ဘ၀တူတိုင်းရင်းသားများက ပိုင်စိုးထားခြင်းဖြစ်သည်ဟု ဆိုလိုသည့်သဘောဖြစ်သဖြင့် အူကြောင်ကြောင်နိုင်လှသည်။ ဤသဘောထားဆိုးသည် မြန်မာအစိုးရကို ညီညွတ်စွာလက်တွဲ တွန်းလှန်ရေးအစား မိမိတို့ တစုတဖွဲ့  အခွင့်အရေးအတွက် အစိုးရထံမျက်နှာသာရရေး တိုင်းရင်းသား အချင်းချင်းသစ္စာဖေါက်လဲ့စားခြေမှုများကို ဆင့်ကဲဆင့်ကဲဖြစ်စေနိုင်သည်။ ဤသဘောထားမျိုးသည် ကျွန်လူမျိုးတို့  တွင်ရှိသော လက္ခဏာဖြစ်သဖြင့် နိုင်ငံတကာအသိုင်းအ၀န်းကအထင်မြင်သေးစေသည်။ သို့ ဖြစ်၍ နိုင်ငံတကာက ၀င်ရောက် ကူညီနေသော လက်ရှိ ငြိမ်းချမ်းရေးတည်ဆောက်ရေး သဘောထားမူဝါဒများမှာလဲ တိုင်းရင်းသားတို့ အပေါ်အထင်မြင်သေးမှုကိုအခြေခံသည်။
တိုင်းရင်းသားများက မြန်မာအစိုးရလက်အောက် အညံ့ခံ အရှူံးပေးရေးအတွက် မြန်မာအစိုးရက ခွေးအီးနံ့ ပေး လမ်းစဉ်ကိုပိုမိုကျင့်သုံးလာစေရန် ၀ိုင်းဝန်းအကြံပေးခြင်း ငွေကြေးထောက်ပံ့ခြင်းများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။စစ်မှန်သော ပြည်ထောင်စု အဖြစ်ပြောင်းလဲမှသာ အားလုံးအတွက်တရားမျှတမှုများပေါ်ပေါက်လာပြီး အလိုအလျှောက်ခြိမ်းချမ်းသွားမည်ဆိုသည့် သဘောတရားကို လက်ခံသူပညာရှင်တချို့  သာရှိပြီး ထိုပညာရှင်များမှာ ထိုသဘောတရားကို မလေးနက်သူအလှူရှင်များ၏ အထောက်အပံ့ခံများသာဖြစ်ကြသဖြင့် မထိရောက်ပေ။ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အရင်းအနှီးထုတ် ပါဝင်ကူညီနေသောနိုင်ငံကြီးများမှာ ထိုရင်းနှီးငွေများအလဟသဆုံးရှုံးသွား ရခြင်းမရှိစေရေးကို နံပတ်(၁) အရေးအကြီးဆုံးအဖြစ်ထားရှိသည်။ သူတို့ သည်နိုင်ငံတကာ ကိုဝင်ရောက်ကူညီမှုများတွင် ခါးသီးသော အတွေ့ အကြုံများစွာရှိခဲ့ကြပြီးဖြစ်သည်။


 နိုင်ငံတိုင်းသည် အခြေအနေဆိုးမှလွတ်မြောက်သောအခါ အကြောင်းအမျိုးမျိုးဖြင့် သူတို့ ကို ပြန်လည်ဆန့် ကျင်ကြသည်ချည်းဖြစ်သည်။ ဒုက္ခပင်လယ်ဝေစဉ်က ဒီနိုင်ငံက ဒီပြည်သူတွေငါ တို့ ကို တတ်တအားကူညီခဲ့ကြဘူးသည်ဆိုသည့် ကျေးဇူးတရားကို ထားရှိသောနိုင်ငံမရှိ သလောက်ပင်ဖြစ်သည်။ မြန်မာပြည်သည်လည်းထိုသို့  သောကျေးဇူးတရားရင်မှာမထားသည့် ထင်ရှားသောသမိုင်းနောက်ခံရှိသည်။ စကားစပ်၍ဖြတ်ပြောရလျှင် ကျေးဇူးတရား သိတတ်ရာတွင် ထိုင်းနိုင်ငံက မြန်မာပြည်ထက်များစွာ ကောင်းသည်။ ထိုင်းသည် ဂျပန်ခေတ်တွင် ဂျပန်နှင့် မဟာမိတ်ဖြစ်ခဲ့သည်။ အကြောင်းမှာ အင်္ဂလိပ်၏ ချိမ်းခြောက်မှုကို ရပ်တံ့ရန်ဖြစ်သည်။အင်္ဂလိပ်ကယခု မြန်မာပြည်ဖြစ်နေသောဒေသကြီးကို နှစ်၁၀၀ သိမ်းပိုက်တည်ထောင်ဖွဲ့ စည်းအုပ်ချုပ်ခဲ့စဉ်က ထိုင်းလက်အောက်ခံဖြစ်နေသော တနသာင်္ရီမွန်မြေနှင့် မြောက်ပိုင်းထိုင်း မှ ယနေ့ ရှမ်းပြည်နယ်ဖြစ်နေသော တိုင်းဒေသကြီးကို ထိုင်းလက်မှ  တောင်းယူခဲ့သည်။ မပေးလျှင်တပြည်လုံးကိုတိုက်ခိုက်သိမ်းပိုက်မည်ဖြစ်သဖြင့် စာချုပ်စာတမ်းဖြင့်ပေးလိုက်ရသည်။ ထိုစဉ်ကထိုင်းမှာ လွတ်လပ်သော်လည်း စစ်တပ်ကို သေနပ်မတပ်ဆင်နိုင်သေးသည့် ခေတ်နောက်ကျသော အာရှတောနိုင်ငံလေးတနိုင်ငံသာ ဖြစ်နေသေးသည်။ထို့ ပြင် မိမိပေးလိုက်သော ဒေသများမှာ အယုဒ္ဒယမင်းကို (ထိုင်းကို ထိုစဉ်က ပြင်သစ်က Siam ဟုခေါ်ပြီး အင်္ဂလိပ်က Shan ဟုခေါ်သည်။ ထိုင်းမှာ မျက်မှောက်ခေတ်တွင်ပြောင်းလိုက်သောနာမည်ဖြစ်သည်။) အခွံဆက်သရသည့် အနွယ်ကွဲု ကိုယ့်မင်းကိုယ့်ချင်းမြို့  ပြနိုင်ငံများဖြစ်သည်ကလည်းတကြောင်းဖြစ်သည်။ ရှမ်းနှင့်မွန်သည် ထိုင်း စူခိုထိုင်းမင်းနှင့် မြန်မာအနော်ရထာမင်းတို့ ခေတ်တွင် နီးစပ်ရာဘက်ကို အခွံဆက်နေခဲ့ရသည်။ အင်္ဂလိပ်ခေတ်တွင် မှ အင်္ဂလိပ်ပိုင်ဖြစ်သွားသည်။ တန်ခိုးအလွန်ထွားလျှက်ရှိနေခဲ့သော အင်္ဂလိပ် အင်ပါယာ၏ချိမ်းခြောက်မှုကို လျှော့ချရေးအတွက် ထိုင်းက ဂျပန်နှင့်မဟာမိတ်ဖွဲ့  ခဲ့သည်။ ဂျပန်စစ်တပ်၏ ဖက်ဆစ်မဟာလူမျိုးကြီးဝါဒဒဏ်ကို ထိုင်းပြည်သူများ လူးလိမ့်ခံစားခဲ့ကြရသော်လည်း ထိုင်းသမိုင်းတွင် ဂျပန်ကို ရစရာမရှိအောင်ရှုတ်ချရေးသားဖျန့်  ချီမှုများမရှိပေ။ အင်္ဂလိပ်လက်အောက်သို့ မကျရောက်သွားစေသော ဂျပန်၏ ထောက်ပံ့ခဲ့မှုများကို ကျေးဇူးကန်းတရားဖြင့် နင်းခြေလိုခြင်းမရှိသောကြောင့်ဖြစ်သည့်ပြင် ထိုင်းလူမျိုးများအတွင်းကျေးဇူးကန်းတရားပြန့်ပွားအမြစ်မတွယ်စေလိုသောကြာင့်ဖြစ်သည်။
ထိုင်းဘုရင့်အစိုးရကလဲ ဂျပန်စစ်ရှူံးခါနီးတွင် FREE THAI မြေအောက်အဖွဲ့ ကို အင်္ဂလန်နှင့် ဆက်သွယ်စေလျှက် မဟာမိတ်ဂျပန်ကို သစ္စာဖေါက်ခဲ့သည်သာဖြစ်သဖြင့် ဂျပန်ဆိုးသည်ကောင်းသည်ဆိုသည်ကိုရိုးမယ်ဖွဲ့ မနေတော့ခြင်းဖြစ်သည်။
မြန်မာပြည်မှာမူ ထိုင်းကဲ့သို့ ဂျပန်၏မဟာမိတ်မျှသာ မဟုတ်ပါ။ အဂ်လိပ်နိုင်ငံအဖြစ် အနှစ်၁၀၀ ကျော်ဖြစ်ရှိနေပြီဖြစ်သည့် ယနေ့ မြန်ပြည်ဟုခေါ်သောဒေသတခုလုံးကို ဂျပန်က အင်္ဂလိပ် ထံမှ တိုက်ယူပြီး မြန်မာ လက်ထဲလွဲအပ်ပေးခဲ့ခြင်းဖြစ်သည်။ ထိုစစ်ပွဲအတွက် ဂျပန်တပ်သားပေါင်း တသန်းကျော်အသက်ပေးခဲ့သည်။ ဂျပန်ကိုအင်္ဂလိပ်က စစ်ရှုံးသောအခါ နောင်တွင် မြန်မာ့တပ်မတော်ဖြစ်လာသည့် ဘီဒီအေ တပ်မတော်ကို အင်အား ၃၀၀၀ ခန့် ဖြင့် ဂျပန်က စတင်ထူထောင်ပေးပြီး စစ်မတိုက်ဘူးသေးသည့် မြန်မာနိုင်ငံရေးခေါင်းဆောင်တချို့ ကို အခြေခံစစ်သင်တန်းပေးလျှက် စစ်ဦးစီးချုပ် ဗိုလ်ချုပ်များအဖြစ် မြေတောင်မြှောက်ပေးခဲ့သည်။ 
ဥရောပ နှင့် အာရှပစိဖိတ်စစ်မျက်နှာတွင် ဂျပန်ပါဝင်သည့် ၀င်ရိုးတန်းနိုင်ငံများ အရေးနိမ့်စပြုလာသောအခါ ဂျပန်မြှောက်တင်ထား၍ ဗိုလ်ဖြစ်လာကြသော မြန်မာတက်သစ်စ စစ်တပ်က အဂ်လန်နှင့် လျှို့ ဝှက်ဆက်သွယ်ပြီး ဂျပန်ကိုသစ္စာဖေါက်လိုက်ကြသည်။ ထိုအချိန်မှစပြီး ဖက်ဆစ်ဂျပန်၏ ရက်စက်မှုများကို ရှေ့ တန်းတင်ဖေါ်ထုတ်လာကြသည်။ အမှန်တွင် တချို့ သောရက်စက်မှုများကို မြန်မာတပ်များက ဂျပန်ဖက်ဆစ်နှင့်မခြား ဒေသခံတိုင်းရင်းသားပြည်သူများအပေါ်ကျူးလွန်ခဲ့ကြသည်သာဖြစ်သည်။ 

အထက်ပါသမိုင်းမှန်ကိုထောက်လျှင် ထိုင်းနှင့် မြန်မာသည် အလားတူခေတ်နှင့် အလားတူဖြတ်သန်းမှုများရှိခဲ့သည်သာဖြစ်သော်လည်း သစ္စာတရားကို အားနာမှုပြုရာတွင် ထိုင်းကသာပြီး မြန်မာက လုံးဝမရှိယုံမျှမက အနှုတ်ပင်ပြနေသည်။

အထက်ပါသမိုင်းကြောင်းများကိုတိုးတက်သောနိုင်ငံကြီးများ၏သုတေသနဌာနကြီးများကစနစ်တကျ ပြုစုထားရှိသည်။ ဗီယက်နမ်၊ ကိုးရီးယား၊ ဖိလိပိုင်၊ အာဖဂန်၊အီရတ် စစ်ပွဲမှန်သမျှမှ မိမိကူညီလိုက်သောနိုင်ငံများက နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးဖြင့် မိမိကိုကျေးဇူးကန်းကြသည်ခြည်းဖြစ်သည်ကို မြန်မာငြိမ်းချမ်းရေးကိစ္စ ငွေအလုံးအရင်းဖြင့်ဝင်ရောက်ရင်းနှီး ထောက်ပံ့နေသော တိုင်းပြည်များက မလေ့လာ၊ မသိရှိ၊ မခံစားမိဘဲနေမည်ဟု ထင်ပါသလား။

သို့ ဖြစ်သဖြင့် ဘယ်နိုင်ငံကို ကူကူ ကျေးဇူးတင်ခြင်းခံရမည်ကို မမျှော်မှန်းခြင်း နှင့်ထပ်တူ 
မိမိတို့ နိုင်ငံပြည်သူတွေ၏ အခွံငွေများကို ကျေးဇူးကန်းမှုများရရှိရေးအတွက် အလဟသဖြုန်းတီးပစ်မိခြင်းမရှိမှုကို ပို၍ အလေးထားကြမည်ဖြစ်သည်။

ဤသမိုင်းကြောင်းကိုထောက်ပြနေခြင်းမှာ နိုင်ငံခြားပါဝင်ကူညီမှုကို တလွဲအထင်ကြီးခြင်း၊ အထင်သေခြင်း မဖြစ်စေရန်နှင့် မိမိတို့ ကိုယ်တိုင်ကလဲ အသားလွတ်ကူညီပေး ရလောက်အောင် ကောင်းလွန်းလှသည် များမဟုတ်ကြသည်ကို သတိချပ်တတ်ရန်ဖြစ်ပြီး နိုင်ငံရေးကိစ္စကို PROFESSIONAL နည်းနာများဖြင့်ရှုမြင်တွေးခေါ်လာကြခါ ထို PROFESSIONAL နည်းနာများဖြင့်သာ ကျိုးစားဆောင်ရွက်သွားကြရန်ဖြစ်သည်။

လေးစားလျှက်-

No comments:

Post a Comment

mr.kyaingtun@gmail.com