Friday, June 19, 2020

ကရင်လူမျိုးဆင်းသက်လာပုံ

၁၂၇၆မှ ၁၂၉၁ အတွင်း အာရှ၊ ပါရှ၊ တရုတ်၊ အင်ဒိုနီးရှ တခွင်ခရီးနှင်လျှက် ထိုစဉ်က အာရှတခွင်ကို သိမ်းပိုက်ကြီးစိုးသည့် မွန်ဂိုလ်ခေါင်းဆောင် Kublai Khan နှင့်တွေ့ ဆုံခဲ့သော အီတလီလူမျိုး မာကိုပိုလို (Marco Polo)၏ ခရီးသွားမှတ်တမ်းကို အာသာ ရပ်စတီချဲလို (Author Rustichello) ကရှေးဟောင်းပြင်သစ်ဘာသာဖြင့်ရေးသားထုတ်ဝေခဲ့သည်။ စာအုပ်အမည်ကို မာကိုပိုလိုခရီးစဉ် (The Travels of Marco Polo) ဟု အင်္ဂလိပ်ဘာသာဖြင့်ခေါ်ပြီး ပြင်သစ်ဘာသာဖြင့် (Book of the Marvels of the World) ဟု ခေါ်သည်။ 
စာအုပ်တွင် တရုတ်ပြည်ယူနန်နယ်မြောက်ပိုင်းတွင်တည်ရှိခဲ့သော ကရင်အုပ်ချုပ်ရေး စီရင်စုကြီး အကြောင်းကို ဖေါ်ပြထားသည်။ ထိုစီရင်စုကြီးအတွင်း၌ အစိုးရတဖွဲ့ စီရှိသော နယ်မြေ(၇)ခုပိုင်းခြားဖွဲ့ စည်း ပါဝင်သည်ဟုဆိုသည်။

မာကိုပိုလိုက ကရင်လူမျိုးကို ကရိုင်ယန် (Karaian) ဟုခေါ်သည်။ ထိုင်းကလည်းထိုအသံထွက်မျိုးဖြင့်ကရင်လူမျိုးကိုခေါ်ဆိုသည်။ မာကိုပိုလိုက ဧရာဝတီမြစ်ကို ဧရာဘက်တီ(Irabatty) ဟုဖေါ်ပြထားသည်။ ကရင့်သမိုင်းတွင်ဖေါ်ပြလေ့ရှိသည့် ကရင်တို့ ဆင်းသက်လာရာ
ထီးဆဲ့မဲ့ယွာ ဆိုသည့် သဲစီးမြစ်ချောင်း ကို မာကိုပိုလိုက ရွှေရောင်သဲမြစ်(Brius, The river with the golden send) ဟုလဲဖေါ်ပြထားသည်။



No comments:

Post a Comment

mr.kyaingtun@gmail.com