Friday, June 19, 2020

ထိုင်းဂျပန်တိုက်ပွဲနှင့်မဟာမိတ်စာချုပ်

ထိုင်းဂျပန်တိုက်ပွဲနှင့်မဟာမိတ်စာချုပ်

(ဂျပန်ကမြန်မာပြည်ကိုမသိမ်းပိုက်မီတွင် ထိုင်းနိုင်ငံကိုသိမ်းပိုက်သည်ဟူသည့်ဖော်ပြချက်များကို မကြာခဏတွေ့ရသဖြင့် မြန်မာသမိုင်းစာပေပရိတ်သပ်များကအဆိုပါသမိုင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှန်အတိုင်းပြန်လည်သိရှိစေရန်ကြားဖြတ်မှတ်ချက်အဖြစ်ဖော်ပြလိုက်ခြင်းဖြစ်သည်)

******************
**၁၉၃၇ခုတွင် တရုပ်ပြည်အရှေ့မြောက်ပိုင်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဂျပန်က ထိုင်းဘုရင့်အစိုးရနှင့် မိတ်ဖွဲ့ဆက်ဆန်ရေးကိုစတင်သည်။
** ထိုကာလ၌ဥရောပရှိပြင်သစ်နိုင်ငံကို ဂျာမန်က စတင်တိုက်ခိုက်သိမ်းပိုက်ထားသည့်အချိန်ဖြစ်သည်။
**ထိုင်းနှင့်မိတ်ဖွဲ့ရခြင်း၏ဂျပန့်ရည်ရွယ်ချက်မှာ ဗီယက်နမ်၊ကမ္ဘောဒီးယား၊လာအိုပါဝင်သည့် အင်ဒိုချိုင်းနားကိုသိမ်းပိုက်ထားသည့် ပြင်သစ်အစိုးရအပေါ်ဩဇာလွမ်းမိုးရန်ဖြစ်ခါပြင်သစ်လက်အောက်ခံမဟုတ်သောထိုင်းနိုင်ငံကိုစည်းရုံးထားရေးဖြစ်သည်။
** ၁၉၄၀ ဇွန်လ ၁၂ ရက်တွင် တိုကျိုမြို့တော်၌ ထိုင်း-ဂျပန် မဟာမိတ်စာချုပ်ကိုချုပ်ဆိုကြသည်။
**၁၉၄၀ စက်တင်ဘာလ၂၂တွင် အင်ဒိုချိုင်းနား၌ဂျပန်-ပြင်သစ်စစ်ပွဲစတင်သည်။

** ဒီဇင်ဘာ ၂၃ရက်နေ့တွင် အထက်ဖော်ပြပါထိုင်း-ဂျပန်စာချုပ်ကိုဘန်ကောက်၌ပြန်လည်သုံးသပ် အတည်ပြုသည်။
**စာချုပ်အရဂျပန့်ရည်ရွယ်ချက်မှာပြင်သစ်လက်အောက်မှအင်ဒိုချိုင်းနားကိုသိမ်းပိုက်မှုမြန်ဆန်ရေးတွင်ထိုင်းကတစ်ဖက်မှညှပ်ပိတ်ပြီးကူတိုက်ပေးစေရေးဖြစ်သည်။
** ၁၉၄၁ဇူလိုင်(၂၆)တွင်အဆိုပါစာချုပ်ကို နိုင်ငံပေါင်းချုပ်အသင်း(League of Nations)၌ တရားဝင်မှတ်ပုံတင်သည်။ 
**ဂျပန့်တောင်းဆိုချက်အရဒီဇင်ဘာလ ၇ရက်နေ့တွင်လာအိုအနောက်ဘက် ကျန်ပါစပ်ခရိုင်နှင့် ကမ္ဘောဒီးယားအနောက်နယ်စပ် အလန်ယာပထေ့ကိုပြင်သစ်က ထိုင်းပိုင်အဖြစ်ပြန်လွှဲပေးလိုက်သည်။
**၁၉၄၁ ဒီဇင်ဘာလ(၈)ရက်တွင်  ဂျပန်တပ်မ အမှတ် (၁၅) (၂၅)နှင့်အမှတ် (၂) ရေတပ်များက ထိုင်းနိုင်ငံတောင်ပိုင်းခရိုင် ၆ခုဖြစ်သော ပကျွပ်ခီရိခန် ,ချွန်းဖုန်း,နခွန်စီထမရခ်ျ စသည်တို့နှင့် စမွတ်ပရာကန်(လက်ရှိကာလတွင်မြန်မာရွှေ့ပြောင်းအလုပ်သမားအများဆုံးရှိသည့်ခရိုင်)များကိုပင်လယ်ကမ်းခြေမှလည်းကောင်း ကမ္ဘောဒီးယားကိုဖြတ်ခါ အလန်ယာပထေ့ ခရိုင်မှလည်းကောင်းကုန်းလမ်းဖြင့်ချီတက်ဝင်ရောက်လာသည်။ ဦးတည်ချက်မှာ ကမ္ဘောဒီးယားမှတဆင့်ထိုင်းနိုင်ငံကိုဖြတ်ပြီး မြန်မာပြည်ကိုတိုက်ခိုက်သိမ်းပိုက်ရန်ဖြစ်သည်။
**ကြိုတင်အကြောင်းကြားခြင်းမရှိ၍ထိုင်းပင်လယ်ကမ်းခြေစောင့်တပ်များကဂျပန်တပ်များကိုပစ်ခတ်တိုက်ခိုက်သဖြင့် ၅နာရီကြာတိုက်ပွဲဖြစ်ပွားသည်။
** ဘန်ကောက်ရှိဂျပန်သံမှူးက ထိုင်းဝန်ကြီးချုပ်ထံသွားရောက်တွေ့ဆုံပြီးနောက်တိုက်ပွဲခေတ္တရပ်တန့်သွားသည်။


**နောက်နေ့၁၉၄၁ ဒီဇင်ဘာလ ၉ရက်တွင်ထိုင်းအရေးပေါ်လွှတ်တော်ခေါ်ယူခါ မြန်မာပြည်ရှိအင်္ဂလိပ်ကိုတိုက်ခိုက်ရန်အတွက်ဂျပန်တပ်များကိုထိုင်းနိုင်ငံမှတရားဝင်ဖြတ်သန်းခွင့်ပေးလိုက်သည်။
**ဂျပန်ကအင်္ဂလိပ်အုပ်ချုပ်သည့်သံလွင်အရှေ့ခြမ်းဖြစ်သော ကျိုင်းတုံခရိုင်ကြီးနှင့် ကရင်နီပြည်ကိုသိမ်းပိုက်ရန် ထိုင်းနိုင်ငံအားလွှဲအပ်လိုက်သည်။
** အင်္ဂလိပ်က စစ်ပြန်နိုင်သော အခါ အဆိုပါသံလွင်အရှေ့ကမ်းဒေသမျာကို ထိုင်းလက်အောက်မှပြန်တောင်းယူခါထိုင်း-ဗြိတစ်ဗမာနယ်နိမိတ်ကိုပြန်လယ်ပြင်ဆင်သည်။ပုံ ၁။ထိုင်း-ဂျပန်မဟာမိတ်ဖွဲ့ပွဲ။ ပုံ၂။ ဂျပန်တပ်များထိုင်းကမ်းခြေတက်သည့်နေရာများ ပုံ၃။ထိုင်းကအင်္ဂလိပ်နှင့်လက်တွဲလျှင်လဲဂျပန်တပ်ကိုတိုက်နိုင်မည်မဟုတ်ကြောင်း ဂျပန့်စိတ်ဓာတ်စစ်ဆင်ရေးပိုစတာ ပုံ၎။ ဂျပန်နှင့်ထိုင်းတပ်များဒေသပိုင်းခြားတာဝန်ခွဲဝေထားပုံ ပုံ ၅။ ထိုင်းလွှတ်တော်အရေးပေါ်ဆုံးဖြတ်ချက် မှတ်တမ်း။






No comments:

Post a Comment

mr.kyaingtun@gmail.com