မွန်က ပြင်သစ် နဲ့ မဟာမိတ်ဖွဲ့ပြီး ကုန်းဘောင်မင်းကိုတော်လှန်တိုက်ခိုက်ရာမှာ ပြင်သစ်တပ်တွေရှုံးတယ်။ ဒီအချိန်မှာ အင်္ဂလိပ်တပ်တွေက ပြင်သစ်နေရာဝင်ပြီး မွန်ပြည်ကို ကုန်းဘောင်မင်းလက်က ပြန်လည်သိမ်းပိုက်တယ်။ အဲဒီအချိန်က မွန်ပြည်ဖြစ်နေခဲ့တဲ့ သံလျှင် ပဲခူး သထုံ မော်လမြိုင် ဒဂုံခေါ်ရန်ကုန် မြစ်ဝကွန်းပေါ်ဒေသ တနသာင်္ရီတိုင်းအားလုံး အပြင် ရခိုင်ပြည်ကိုပါ မြန်မာမင်းလက်ကနေပြီး အင်္ဂလိပ်က ရခိုင် မွန်တွေနဲ့အတူ တိုက်ခိုက်သိမ်းပိုက်တယ်။ ရခိုင်နဲ့မွန်မှာ မြန်မာ့ရန်ကို ခုခံနိုင်စွမ်းပြန်လည်မပြည့်ဝသေးတာကို အကြောင်းပြုပြီး သိမ်းပိုက်လို့ရလာတဲ့ မွန်နဲ့ရခိုင်ပြည်ကို ပိုင်ရှင်ပြန်မပေးအပ်သေးဘဲ အဂ်လိပ်ကဘဲ ကာလတခုအတွက် အုပ်ချုပ်ရေးချလိုက်တယ်။ အဲဒီကာလကို မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်းရေးသားကြတဲ့သမိုင်းမှာ ပထမ အင်ဂလို ဘားမီး စစ်ပွဲလို့ နာမယ်တပ်တယ်။ အင်္ဂလိပ် ခေတ်မှတ်တမ်းတွေအရ မော်လမြိုင် လူဦးရေအချိုးအစားက ဗမာတဦး မွန် ၂၀ ဖြစ်ခဲ့တယ်။မွန်မြန်မာစစ်ပွဲတွေ မကြာခနဖြစ်ပွားနေခဲ့တာကြောင့် မွန်ပြည်ထဲကို အထက်အညာက ဗမာလူထုတွေလာမနေရဲကြသေးတဲ့ခေတ်ဖြစ်တယ်။ အလားတူဘဲ မွန်လူမျိုးတွေကလဲ မန်းတလေးတို့ရွေဘိုတို့ပေါ်တက်မနေရဲကြသေးဘူး။
အင်္ဂလိပ်အုပ်ချုပ်ထားချိန်မှာမှ မွန်လဲဗမာကိုမကြောက် သလို ဗမာလဲမွန်ကိုကြောက်စရာမလိုတော့တာမို့ မွန်ပြည်ထဲကို ဗမာတွေ အစုလိုက်အပြုံလိုက်ပြောင်းရွှေ့လာကြတယ်။ မြန်မာတွေရဲ့နေရပ်ရင်းမှာ မင်းအဆက်ဆက်က သစ်တောတွေကို စေတီပုထိုးတည်ဖို့ ခုတ်ထွင်ခဲ့ကြရာကနေ မိုးခေါင်ရေရှားဒေသအဖြစ်ကိုကျရောက်နေတာမို့ တောင်သူလယ်သမားလူတန်းစားအများစု အတွက် လုပ်ကိုင်စားသောက်လို့မရတဲ့အနေအထားဖြစ်နေခဲ့တယ်။ အောက်ပြည်အာက်ရွာ မွန်ဒေသကတော့ မိုးလဲကောင်း မြေသြစာလဲကောင်းတာမို့ စီးပွားဖြစ် စိုက်ပျိုးစားသောက်သက်မွေးနိုင်ကြတယ်။ မွန်လယ်သမားတွေအဖို့ကတော့ အထက်မြန်မာပြည်ကိုပြောင်းသွားစရာအကြောင်းမရှိဘူး။ ကုန်သည်တွေလောက်သာ သွားလာကြတယ်။ ဒီလိုနဲ့ ရွေ့ပြောင်းမြန်မာလူဦးရေဟာ တဖြည်းဖြည်း ဒေသခံ မွန်နဲ့ ကရင်တွေထက် ၂ ဆ မက ပွားများလာကြတယ်။(မွန်ပြည်မှာ ကရင်လူမျိုးတွေလဲ အမြားအပြားရှိနေခဲ့တယ်) ။ အဲဒီခေတ်က မြန်မာလူဦးရေများလာနေပေမဲ့ နိုင်ငံရေး အုပ်ချုပ်ရေးအာဏာမရှီတဲ့လူမျိးတမျိုးသာဖြစ်နေခဲ့လို့ ဒေသခံ လူမျိုးတွေအပေါ် အပြိးအပိုင်လွမ်းမိုးသွားစေမဲ့ အုပ်ချုပ်ရေး၊ ပညာရေး ဥပဒေတွေကိုမပြဌာန်းနိုင်ကြဘူး။ ဒီအနေအထားကြောင့် မြန်မာလူဦးရေများပြားလာခြင်းကနေ ဒေသခံလူမျိုးတွေ အလွမ်းမိုးခံရပြီး မျိုးရိုးမှေးမှိန်သွားမှာကို အထူးစိုးရိမ်စရာမလိုခဲ့ဘူး။
မွန်ပြည်မှာလို ရခိုင်ပြည်ကိုလဲ မြန်မာလူမျိုးတွေ အလုံးအရင်းနဲ့ စပြိးပြောင်းရွေ့ကြတာလဲ အင်္ဂလိပ်တွေကကြားလူမျိုးအဖြစ်အဲလိုစပြိးအုပ်ချုပ် လိုက်တဲ့ခေတ်မို့လို့ပါဘဲ။ အဲဒီမတိုင်ခင်ကတော့ မြန်မာဆိုတာက စစ်ချီပြိးနယ်ဝင်စီးတဲ့ စစ်တပ်ကလွဲပြီး မြန်မာလယ်သမားလူထုတွေ ရခိုင်ပြည်သွားမနေရဲကြသေးပါဘူး။ အထက်အညာဒေသတွေကိုလဲ ရခိုင်သာမန်လူထုတွေသွားမနေကြသေးပါဘူး။ အဲလိုခေတ်အနေအထားမျိုးမဟုတ်ဘူး။ အင်္ဂလိပ်ခေတ်မှာ မြန်မာတွေသာမက ပြည်စွန့်ထိမ်းရှောင်သွားရတဲ့ ရခိုင်တွေနဲ့အတူ ဘဂ်လားကို တခေတ်ထဲတချိန်ထဲထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ရိုဟင်ဂျာလူမျိုးတွေလဲ ပြန်ဝင်လာကြတာပါဘဲ။ ရခိုင်ရော ရိုဟင်ဂျာတွေပါ ဘင်္ဂလားမှာ ရာစုနှစ်ချီပြိးခိုလာကြရတော့ မျိုးဆက်ပြန့်ပွားခဲ့ကြတာပါဘဲ။
မြန်မာမင်းတွေရခိုင်ကိုသိမ်းထားတဲ့ခေတ်တွေကတော့ ရခိုင်တွေရော ရိုဟင်ဂျာတွေပါ ဘင်္ဂလားကိုသွားခိုကြတယ်။ ရခိုင်လူဦးရေက ဘင်္ဂလားမှာနဲပြီး ရခိုင်ပြည်မှာပိုများခဲ့တယ်။ ရိုဟင်ဂျာကတော့ ဘင်္ဂလားမှာပိုများပြိး ရခိုင်မှာ ပိုနဲတယ်။ အသက်ဘေးကြောင့်ဘင်္ဂလားကိုပြေးရှောင်သွားကြတာဖြစ်ပေမဲ့ ရာသီဥတု သဘာဝအနေအထားအလွန်ဆိုရွားတဲ့ ဘင်္ဂလားမှာ ရန်သူလူမျိုးတွေသတ်တာမခံရဘဲ ငတ်ပြတ်ခေါင်းပါးမှုရဲ့သတ်ဖြတ်ခြင်းကို မပြတ်မလပ်ရင်ဆိုင်ခံစားကြရတယ်။ အင်္ဂလိပ်ကမြန်မာတွေအစားလာအုပ်ချုပ်တဲ့ခေတ်မှာမှ သေဘေးကရှောင်သွားပြီး အငတ်ဘေးကျရောက်နေတဲ့ ရိုဟင်ဂျာတွေလဲ ရခိုင်ပြည်ထဲကိုလှိမ့်ပြိးပြောင်းရွေ့လာကြတယ်။ မိုးခေါင်ရေရှားဒေသက အောက်ပြေအောက်ရွာကိုရွေ့ပြောင်းလာကြတဲ့ ဗမာလယ်သမားလူထုရဲ့ Migration နဲ့ အတူတူပါဘဲ။
ဒီသမိုင်းရှုထောင့်ဟာ မိတ်ကပ်လှည့်စားသမိုင်းတွေနဲ့ စီးပွားဖြစ်နေကြသူတွေအတွက်မဟုတ်ပါ။ သဘာဝကျတဲ့ သမိုင်းမှန်ကိုသိချင်သူများအတွက်သာဖြစ်ပါတယ်။
No comments:
Post a Comment
mr.kyaingtun@gmail.com