Friday, June 19, 2020

Muyeapae is not Suphankalyar မူယယ်ဖဲ သည် စူဖန်းကလျာမဟုတ်သော အထောက်အထားများ..

Muyeapae is not Suphankalyar

မူယယ်ဖဲ သည် စူဖန်းကလျာမဟုတ်သော အထောက်အထားများ..

 မူယယ်ဖဲ ပရိုဖိုင်း...
၁။ ကရင်သမိုင်းဆရာတစ်ချို့က "မူယယ်ဖဲ" အကြောင်းကို စယမ် (ယခု-ထိုင်း) ရာမာ(၅)ကျူလာလောင်ကောင်မင်းလက်ထက်ကအဖြစ်အပျက်တစ်ခုဟုဖော်ပြထားသည်။ 
၂။ ရာမာ (၅)၏ အမည်ကို "ဖားကျော်လာကျော"(Par Chu lar Chaw) ဟု မူယယ်ဖဲသမိုင်းတွင်ကရင်မှုပြုထားသည်။ 
ခရစ်ယန်ကျန်းစာကို ကရင်ဘာသာသို့ပြန်ဆိုရာတွင် ကျန်းစာပါလူပုဂ္ဂိုလ်များ၏နာမယ်အားလုံးကို ကရင်မှုပြုထားသည့်နည်းအတိုင်းဖြစ်သည်။
၃။ ကရင်အခေါ်ဘုရင် "ဖားကျူလာကျော" သည် ရတနကိုစင် ဘန်ကောက်ခေတ် စယမ်ဘုရင် "ကျူလာလောင်ကောင်" ဖြစ်သည်။
၎။ "ကျူလာလောင်ကောင်" ၏ သက်တမ်းသည်  ၁၈၅၃မှ ၁၉၁၀ဖြစ်သည်။
၅။ "ကျူလာလောင်ကောင်"သည် မိဘုရား ၁၅၂ ဦးရှိပြီးထိုင်းရာဇဝင်တွင် မိဘုရားအများဆုံးဖြစ်သည်။ မိဘုရားတစ်ဦးစီ၏အကြောင်းသမိုင်းမှတ်တမ်းမရှိသဖြင့်မူယယ်ဖဲသည် ဘယ်နှစ်ယောက်မြောက်ဖြစ်သည်ဆိုသည်ကိုမသိနိုင်ပေ။

စူဖန်းကလျာ ပရိုဖိုင်း
၁။ "စူဖန်းကလျာ" သည်မြန်မာဘာသာဖြင့်"ဗြဣန္ဒဒေဝီ" ဖြစ်သည်။ 
၂။ သူမ၏ သက်တမ်းမှာ ၁၅၆၇ မှ ၁၅၈၁အထိဖြစ်ပြီး ဖိစနလို့ မင်း "မဟာဓမ္မရာဇာ"(Maha Thammaracha) နှင့် မိဘုရားကြီး "ဝိစွတ်ကစာတ်"
(Wisutkasat) ၏ သမီးကြီးဖြစ်သကဲ့သို့ နောင်တွင် သူရဲခေါင်းမင်းတဆူဖြစ်လာသော "နရေစွမ်" (Naresuan the great)၏ အမကြီးလဲဖြစ်သည်။ "နရေစွမ်"ကို မြန်မာသမိုင်းတွင် "ဗြတ်နရာဇ်" ဟုခေါ်သည်။
၃။ စူဖန်းကလျာ၏ အဖိုးမှာ စူခိုးထိုင်းအင်ပါယာပြည့်ရှင် "မဟာ ဧကရာဇ်မင်း" (Maha Chakkraphat) ဖြစ်သည်။
၎။ ဘုရင့်နောင်က အယုဒ္ဒယကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း ၁၅၆၄ တွင် စူဖန်းကလျာ၏ ခမည်းတော် "မဟာဓမ္မရာဇာ"(Maha Thammaracha) ကို အယုဒ္ဒဘုရင်အဖြစ်ခတ့်အပ်တင်မြှောက်သည်။ 
၅။ ၁၅၇၁ တွင် အသက် ၁၇နှစ်ရှိ"စူဖန်းကလျာ" ကို ဘုရင့်နောင်မင်းက မိဘုရားတဦးအဖြစ်တင်မြှောက်ပြီး တံဆာခံအဖြစ်ပဲခူးနေပြည်တော်တွင်ခြေချုပ်ထားသော " ဗြတ်နရာဇ်မင်းသား"ကို အယုဒ္ဒယသို့ပြန်ခွင့်ပေးလိုက်သည်။


၆။ "စူဖန်းကလျာ"သည် "ဘုရင့်နောင်" နှင့်ကလေး ၂ယောက်မွေးဖွားရရှိခဲ့သည်။
၇။ ၁၅၈၁ တွင် ဘုရင့်နောင်နတ်ရွာစံသောအခါ သားတော် "နဒ္ဒါဘုရင်"က စူဖန်းကလျာအားမိဘုရားအဖြစ်သိမ်းပိုက်ပြီး နောက်ပိုင်းတွင် သတ်ပစ်လိုက်ကာ သူမ၏ဝိညာဉ် မွေးရပ်မပြန်နိုင်ရန်အောက်လမ်းဆရာများကို အောက်လမ်းပညာဖြင့်ဖမ်းချုပ်ထားစေသည်။ တကယ်ချုပ်ထား၍ရ မရဆိုသည်မှာ ဤပညာကိုယုံကြည်သူတို့၏ ကိစ္စသာဖြစ်သည်။

အချုပ်......

အထက်ပါသမိုင်းအချိန်နှိုင်းယှဉ်ချက်အရ မူယယ်ဖဲ သည် ထိုင်းဘုရင်ကျူလာလောင်ကောင်ရာမာ (၅) ခေတ်ဖြစ်သဖြင့် သက္ကရာဇ်အားဖြင့် (၁၈၅၃-၁၉၁၀) အတွင်းဖြစ်ခါ.  
"စူဖန်းကလျာ"မှာ ဘုရင့်နောင်မင်းခေတ်သက္ကရာဇ် (၁၅၅၀ -၁၅၈၁) အတွင်းကအဖြစ်အပျက်ဖြစ်ပြီး  (၁၈၅၃- ၁၅၅၀= ၃၀၃) နှစ်ပေါင်း သုံးရာခန့်အချိန်အပိုင်းအခြားကွာဟနေသည်မှာထင်ရှားသဖြင့် "မူယယ်ဖဲ" သည် "စူဖန်းကလျာ"မဟုတ်သည်မှာ ညင်းပယ်၍မရနိုင်သော သမိုင်းမှန်ဖြစ်သည်။

ရှောင်ရှားရန် ...

ရန်သူများဖြစ်ခဲ့ကြသော မြန်မာနှင့်ထိုင်းသမိုင်း ၂ခုလုံးတွင် ဖော်ပြပါရှိသည့် သမိုင်းအချက်အလက်များသည် စူဖန်းကလျာ၏ ဖြစ်ရှိခဲ့မှုနှင့် အချိန်ကာလကိုညင်း၍မရ ကောင်းစွာသက်သေခံထားသည်ဖြစ်ရာကရင့်အမျိုးသားသမိုင်းသိက္ခာကို ဝိုင်းဝန်းဖော်ထုတ် ထိမ်းသိမ်းရေး အသိစိတ်ဓာတ်ဖြင့်
"စူဖန်းကလျာ"၏ ရုပ်ပုံများကို "မူယယ်ဖဲ"အဖြစ် ယူသုံးထားသည့် စာအုပ်များ ယူကျု ဗွီဒီယိုများပါရုပ်ပုံများကို ဖျက်သိမ်းပစ်ကြရန်လိုအပ်သည်။ ထိုပုံများအစား မိမိတို့၏ ပန်းချီအနုပညာရှင်များ၏ ကိုယ်ပိုင်စိတ်ကူးသရုပ်ဖော်ပုံများကိုပြောင်းလဲ ထည့်သွင်းနိုင်သည်။ စူဖန်းကလျာခေတ်က ကင်မရာမပေါ်သေးသဖြင့် ပန်းချီ၊ ပန်းပုများသာရှိရခြင်းဖြစ်သည်။ မူယယ်ဖဲ ခေတ်မှာမူ ရာမာ (၅) ခေတ်ဖြစ်သဖြင့် ကင်မရာရှိနေပြီဖြစ်သည်။ သို့ရာတွင်ထိုခေတ်က စယမ်နိုင်ငံအတွင်းရိုက်ကူးသော ဓာတ်ပုံ အားလုံးနီးပါးမှာ နိုင်ငံခြားသားများကရိုက်ကူးပိုင်ဆိုင်သောပုံများဖြစ်သည်။ ရာမာ (၅) လက်ထက် ၁၈၉၀- ၁၉၁၀ ကနိုင်ငံခြားကင်မရာဆရာများရိုက်ကူးသောဓာတ်ပုံ ၁၅၀ သာရှိပြီး Address: 939, Rama I Rd., Wang Mai, Bangkok 10330 Thailand ရှိ ဓာတ်ပုံပြတိုက်တွင်ပြသထားသည်။

မိဘုရား မူယယ်ဖဲ၏ဓာတ်ပုံ ဟုဆိုသော ပုံတပုံရှိသော်လည်း ကရင့်သမိုင်းပါ မူယယ်ဖဲကဲ့သို့ထူးခြားစွာလှပမှုမရှိခြင်းကြောင့် ဒွဟဖြစ်နေသည်။

Pic 1-Statue of Suphankalaya princess from Siam in Burmese temple
Pic 2- So called photo of Muyaephe (left end) 
Pic 3- Rama (5)photo taken by Henry Schuren in 1874.
Pic 4- Ascreen shot of the history of Suphankalya by a westernner historian.





No comments:

Post a Comment

mr.kyaingtun@gmail.com