Friday, June 19, 2020

Ancient Karen Zhao

Ancient Karen Zhao
ကရင့်သမိုင်းနှင့်ပတ်သက်၍ အနောက်တိုင်း သမိုင်းသုတေသီတချို့၏သုံးသပ်ချက်အရ ကရင်လူမျိုးသည်ဗုဒ္ဓဘုရားမပွင့်မှီ ၇၃၃နှစ်( နှစ်ပေါင်း ၃၅၀၀ ခန့်က)
တရုတ်ပြည်တောင်ပိုင်းသို့ရောက်လာကြသည့် (Zhao)လူမျိုးစုမှဆင်းသက်လာသည်ဟုဆိုသည်။
ဗုဒ္ဓမပွင့်မှီ ၆၃၃ နှစ်မှ ဗုဒ္ဓသက္ကရာဇ် ၂၀၇အထိ ကြီးကျယ်ခန်းနားသောလူမျိုးတစ်မျိုးဖြစ်ခဲ့သည်။ တရုတ်မင်းဆက်များအင်အားကောင်းလာသောအခါ ကရင့်ဒေသကြီးအားကျူးကျော်တိုက်ခိုက်သဖြင့်ယန်စီကျန်မြစ်ကြောင်းတလျှောက်ရွှေ့ပြောင်းလာကြရာ နန်ချို ထီးနန်းနိုင်ငံသား "တိုင်း"လူမျိုးများနှင့် ရင်ဆိုင်စစ်ပွဲများဖြစ်ပွားခဲ့သည်။ နန်ချို ပိုင်ဒေသများတွင်အခြေချရန်အခွင့်မသာသဖြင့်ပိုင်ရှင်မဲ့တောင်ပိုင်းဒေသဖြစ်သော လက်ရှိကာလတွင် မြန်မာပြည် ဖြစ်နေသည့် ဒေသနှင့်ထိုင်းနယ်စပ်တောတောင်ဒေသများသို့ဆက်လက်ပြောင်းရွှေ့လာကြသည်။ 

(ထိုင်းတက္ကသိုလ်အဆင့် 
သင်ရိုးညွှန်းတန်းပါကရင်လူမျိုးတို့၏ ဇစ်မြစ်လေ့လာရေးကဏ္ဍမှသမိုင်းသုတေသီ "ဘွန်ချွေ့စရီစဝပ်" ပြုစုသည့် "ထိုင်းရှိတောင်ပေါ်လူမျိုးများ" စာတမ်းမှ ကောက်နှုတ်သည်။)


No comments:

Post a Comment

mr.kyaingtun@gmail.com