Friday, June 19, 2020

အရင်းရှင်စနစ်လုပ်ငန်းများ၏ အမြတ်အစွမ်းနှင့်နေက်ဆက်တွဲပြသနာ

အရင်းရှင်စနစ်လုပ်ငန်းများ၏ အမြတ်အစွမ်းနှင့်နေက်ဆက်တွဲပြသနာ
ကုန်ထုတ်လုပ်ငန်းတခုအမြတ်အစွမ်းသည် ထုတ်လုပ်ရေးစားရိတ်( production costs ) ပေါ်တွင်တည်သည်။
တခြားလုပ်ငန်းများထက် ထုတ်လုပ်ရေးစားရိတ်ပို၍ လျှော့ချနိုင်သော လုပ်ငန်းများသာ အမြတ်အစွမ်းကိုရနိုင်သည်။ 
ကုန်ထုတ်လုပ်ငန်းတခုသည် မိမိထွက်ကုန်ပစ္စည်းကို တခြားပြိုင်ဘက်များထက် ဈေးမြှင့်ရောင်းချဖြန့်ချီလျှင် ၀ယ်လက်များက ဈေးနိမ့်သည့်ဘက်ပါသွားကြမည်ဖြစ်သဖြင့် ထိုဈေးမြင့်ရောင်းသောလုပ်ငန်းသည် ၀ယ်ယူအားပေးသူမဲ့ခါပျက်စီးဆုံးရှုံးခြင်းသို့ရောက်မည်။ 
ထို့နည်းတူ ကုန်ထုတ်လုပ်ငန်းတခုသည် မိမိထွက်ကုန်ပစ္စည်းကို တခြားပြိုင်ဘက်များထက် ဈေးနှိမ့်ရောင်းချဖြန့်ချီလျှင်ရောင်းချဖြန့်ချီသည့်အခါတိုင်း ထုတ်လုပ်မှုစားရိတ်ကိုမကာမိသဖြင့် မကြာမှီတွင် လုပ်ငန်းဆက်မလုပ်နိုင်တော့ဘဲ ပြိုင်ဘက်အသစ်များက ဈေးကွက်နေရာအစားဝင်သိမ်းပိုက်မည်ဖြစ်သည်။
သို့ဖြစ်၍ ပစ္စည်းဈေးမြင့်ခြင်းနှင့် ပစ္စည်းဈေးနှိမ့်ခြင်း ၂နည်းလုံးသည် ကုန်ထုတ်လုပ်ငန်းတခုကို ဆုံးရှုံးပျက်စီးစေနိုင်မှု ဒီဂရီ ပြင်းအား အနေအထားအတူတူပင်ဖြစ်တော့သည်။ 
သို့ဖြစ်၍ လက်ရှိကမ္ဘာ့နိုင်ငံအသီးသီးရှိ ပုဂ္ဂလိကကုန်ထုတ်လုပ်ငန်းများသည် ပစ္စည်းရောင်းဈေးမြှင့်တင်စရာ မလို သော ကုန်ထုတ်လုပ်ရေးစားရိတ်ကန့်သတ်မှုကိုအဓိကအသုံးပြုကြခြင်းဖြစ်သည်။
ကုန်ထုတ်လုပ်ရေးစရိတ်ကိုကန့်သတ်နည်းမှာ လစာနှင့်အထွေထွေလူမှုထောက်ပံ့ကြေးများပေးရသော လူသားများအစား စက်ကရိယာများကိုတိုးမြင့်အသုံးချခြင်းဖြစ်သည်။ အလုပ်လက်မဲ့များအလျှန်ပယ်တိုးများလာစေသဖြင့်ရာဇ၀တ်မှုများနှင့် အခြားလူမှုရေးပဌိပက္ခပြသနာများစွာထိမ်းမနိုင်သိမ်းမရတိုးပွားလာသည်။


စက်မှုလက်မှုခေတ်နောက်ကျသေးသောနိုင်ငံများတွင်မူ စက်ပစ္စည်းကရိယာများနှင့်အစားထိုးခြင်းကို တင်းပြည့်ကြပ်ပြည့်မလုပ်နိုင်သေးသဖြင့် လူသားများကိုပင်ဆက်လက်ငှားရမ်းထားရသည်။ သို့သော် ထိုကဲ့သို့ငှားရမ်းထားရသောလူသားများကြောင့် ထုတ်လုပ်ရေးစားရိတ်မြင့်မားလာခြင်းမရှိစေရန် နိုင်ငံအတွင်းရှိလုပ်ငန်းရှင်များ နိုင်ငံတွင်းတရားဝင်လုပ်အားဈေးနှိမ်ခွင့်ရဥပေဒေများကိုချမှတ်ပေးရန် မိမိတို့ရွေးကောက်ထားသော အစိုးရကိုဖိအားပေးချမှတ်ကျင့်သုံးစေသည်။
ဥရောပ၊ အမေရိကားနှင့် ကမ္ဘာအရပ်ရှိ ရင့်ကျက်သောဓနရှင်အစိုးရများကမူ စက်ကရိယာအစားထိုးမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားရသူများကို လုပ်ငန်းရှင်နှင့် အလုပ်အကိုင်ရှိသော ပြည်သူလူထုအားလုံးက တင်းပြည့်ကျပ်ပြည့် တာဝန်ယူကြစေသည့် ၀င်ငွေအခွံအကောက်ကို လိုအပ်သလို သတ်မှတ်ကောက်ခံသည့်နည်းဥပဒေများနှင့် ခေတ်သစ်ဓနရှင်ယဉ်ကျေးမှုကိုချမှတ်ကျင့်သုံးကြသည်။
ထို့နည်းတူ ကုန်ထုတ်လုပ်ရေးစရိတ်ထိမ်းချုပ်နိုင်ရန် လုပ်အားခဈေးနှိမ်ခြင်းများကိုလဲ လုံးဝခွင့်မပြုသည့်ပြင် ထိုကိစ္စအတွက်အစိုးရနှင့် ပြည်သူ့အခြေပြုအဖွဲ့အစည်းများ အစဉ်တစိုက်ဟန်ချက်ညီညီ ဆန့်ကျင်တိုက်ဖျက်ကြသည်။ သို့သော် ထိုအရင်းရှင်နိုင်ငံကြီးများမှ နိုင်ငံပြင်ပတွင်သွားရောက်ရင်းနှီးမြှုပ်နှံကြသောလုပ်ငန်းအတော်များများမှာမူ ယင်းခေတ်နောက်ကျသောနိုင်ငံများရှိဈေးနိမ့်လုပ်အားများအလျှံပယ်အသုံးချနိုင်ရေးကို အဓိကမှီခိုနေကြဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခေတ်နောက်ကျသေးသောနိုင်ငံများတွင် အ၀ယ်အားအလွန်နဲပါးနိမ့်ကျနေသေးသော်လည်း (ဥပမာ- ကားလုပ်ငန်းတခုက တနှစ်လျှင် ကားအစီးပေါင်း တသန်းထုတ်လုပ်နိုင်သော်လည်း ပြည်တွင်းတွင် တသန်းလုံးရောင်းချနိုင်မည်မဟုတ်၊ လေယဉ်ကုပ္မဏီတခုက ပုဂ္ဂလိက လေယဉ်အငယ်စားလေးများကို တနှစ်လျှင် အစင်းပေါင်း ၅ သောင်းခန့်ထုတ်လုပ်မည်ဆိုပါက ၁စင်းခန့်ရောင်းရဖို့ပင် အတော်လေးအချိန်ယူရမည်ဖြစ်သည်) လေ့ကျင့်ခိုင်းစေနိုင်သည့်လုပ်အားများမှာမူအလျှံပယ်ရှိနေသောကြာင့်ဖြစ်သည်။ ခေတ်နောက်ကျသောနိုင်ငံများကို ထုတ်လုပ်ရေး အခြေခံစခန်းများအဖြစ်အသုံးချခါ ခေတ်မီသောနိုင်ငံများသို့ သော်လည်းကောင်း မိခင်နိုင်ငံများသို့သော်လည်းကောင်း၊ ကုန်ပစ္စည်းများသူ့ထက်ငါ ဈေးချိုချိုဖြင့်ဖြန့်ချီနိုင်ရေးသည်သာလျှင် နိုင်ငံချားလုပ်ငန်းရှင်များက လောလောဆယ် ချမှတ်ကျင့်သုံးနေကြရဦးမည့် လုပ်ငန်းစဉ် ပရိုစီဂျာ၏ အစပိုင်းဖြစ်နေတော့သည်။
သို့ဖြစ်၍ မြန်မာပြည်သူလူထုများအဖို့ ဒီမိုကရေစီစနစ်သို့ကူးပြောင်းလာစကာလတွင် မိမိတို့ရွေးကောက်တင်မြှောက်လိုက်သောအစိုးရနှင့် အစိုးရအပေါ်လောလောဆယ်အာဏာအုပ်စီးထားနိုင်သောတပ်မတော်က နိုင်ငံတကာလုပ်ငန်းရှင်များနှင့် ပြည်တွင်းခရိုနီဆွယ်ပွားဓနရှင်များ၏ ထိမ်းကြောင်းမှုအောက်ရောက်ခါ ပြည်တွင်းအလုပ်သမားများအားပူးပေါင်းလုပ်အားသွေးစုတ်သည့်ဥပဒေများမချမှတ်နိုင်စေရေးအတွက် ၀ိုင်းဝန်းစောင့်ကြတ်ထိမ်းကြောင်းကြရမည်ဖြစ်သည်။

No comments:

Post a Comment

mr.kyaingtun@gmail.com