Sunday, August 19, 2012

ကျနော် နှင့် ထွီဖါးဝီးကျိုး ခွေးအိပ်တောင် (သို့မဟုတ်) ပွိုင့် ၄ဝ၄၄ တိုက်ပွဲ၊ Posted by on June 1, 2010

ဗဟိုစစ်ဦးစီးဌာနချုပ်၊ မာနယ်ပလော၊ ၁၉၉၃-၉၄၊ ခုနှစ် မာနယ်ပလောအောင်မြေသည် ဒေါနတောင်နှင့်သောင်ရင်း မြစ်ကြား၊ သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံ အထက်တွင်ရှိသည်။ ကေအဲန် ယူ ဗဟိုဌာနချုပ်၊ (KNLA) Karen National Liberation Army ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးဌာနချုပ်ရှိ အခြခံစခန်းကြီးဖြစ်သည် (KNDO) Karen National Defense Organization ကရင်အမျိုးသား ကာကွယ်ရေးအစည်းအရုံး ဌာနချုပ် ရှိသည်။
ထို့အပြင် (NLD-LA) National League For Democracy – Liberated Area အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ်၊ (DAB) Democratic Allaince of Burma မြန်မာ ပြည်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ချုပ်ဌာနချုပ်၊ (NDF) National Democratic Front အမျိုးသားဒီမိုကရေ စီ တပ်ပေါင်းစုဌာနချုပ်။(DPNS)Democratic Party for New Society လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါ တီဌာနချုပ် ၊(ABSDF) All Burma Student’s Dem ocratic Front မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး၊ (PLF) People’s Liberation Front ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (NCGUB) National Coalition Government of Union of Burma ပြည်ထောင် စု မြန်မာနိုင်ငံအမျိုးသားညွှန်ပေါင်းအစိုးရ ဌာနချုပ်၊ (NCUB) National Council of Union of Burma ပြည်ထောင်စု မြန်မာနိုင်ငံအမျိုး သားကောင်းစီ)၊ဌာနချုပ်၊ (ABYMU) All Burma Young Monk Union ရဟန်းပျိုသမဂ္ဂ ဌာနချုပ်များရှိသည်။
“တိုင်းပြည်မဲ့နေတဲ့လူမျိုးဟာ ကျွန်ပဲ”

ဥက္ကဋ္ဌကြီးစောဘဦးကြီး
(KYO) Karen Youth Organization ကရင်လူငယ်အစည်းအရုံး၊ (KWO) Karen Women Organization ကရင်အမျိုးသမီးအစည်း အရုံး၊ အတွင်းရေးမှူးချုပ်ရုံး၊ သစ်တောဌာန၊ ပညာရေးဌာန၊ မိုင်းဌာန၊ တရားရေးဌာန၊ ဧည့်ဂေဟာ၊ စစ်ဆေးရုံ၊ စစ်သင်တန်းဌာန၊ ဘု ရားရှစ်ခိုးကျောင်း၊ ဘုန်းကြီးကျောင်း၊ လက်နက်ကြီးကုန်း၊ ဆက်သွာရေးဌာန၊ စစ်ရုံးချုပ်၊ စစ်အချုပ်၊ ရိက္ခာဂိုဒေါင်များ၊ ကွန်မန်ဒိုကုန်း၊ စီးဝေးခန်းမ၊ စစ်တန်းလျားများရှိသည့် ဌာချုပ်ကြီးဖြစ်သည်။
ထို့ပြင် ရပ်ကွက်များ ရှိပြန်သည်။ လောကွားလူ ကပေါလူ ထူးဝါးလူ ပဟီလူ ဖွေးဘောလူ ဖူးမြလူ ထီးသေဃီ ယာဒေးနီ စသည့် ရပ် ကွက်များရှိသည်။ KNDO ဌာနချုပ်နားတွင် အာဇာနည်များဗိမာန်ရှိသည်။ ကွယ်လွန်သွားပြီးဖြစ်သော မိမိ၏ မိဘနှစ်ပါးစလုံး မြုပ်နှံ ထားသည်။ အထက်တန်းကျောင်းများ၊ ဖူးရသေ့ ၏ တိုင်းရင်းဆေးကျောင်း လည်းရှိသည်။ လက်နက်ကြီး၊ အခြေခံစစ်သင်တန်း၊ ဗိုလ် သင်တန်းကျောင်း ရှိသည်။
တပ်ရင်း (၁၂)၊ တပ်မဟာ (၄) မှ မာနယ်ပလော ဗဟိုဌာနချုပ်သို့ပြန်ရောက်ပြီး ဗိုလ်ချုပ်စောမောင်မောင် စစ်ကော်မတီအတွင်းရေးမှူး ၏ DAB တွင် မိမိအားတာဝန်ပေးသည်။ ဗိုလ်ချုပ်စောမောင်မောင် (ကွယ်လွန်) အား သတင်းပို့ပြီး နေရန်အိမ်မရှိသေးသဖြင့် ဗိုလ်ချုပ် ကြီးစောဗိုလ်မြ အား အိမ်လိုကြောင်းသတင်းပို့သဖြင့် သစ်တောဌာနတာဝန်ခံ အောင်ဆန်း (လက်နက်ချ) အား အိမ်တဆောင်စာ သစ် တိုက်ပေးရန် ဗိုလ်ချုပ်မြမှ ရန်ညွှန်ကြားလိုက်သည်။ ကပေါလူ တွင် အိမ်ဆောက်ရန် နေရာကိုသားများ၊ ရဲဘော်များနှင့် မြေညှိခြင်း၊ နေရာရှင်းခြင်းလုပ်နေသည်။ ရန်သူ့သတင်းကြားဖြတ် (Intercept) အဖွဲ့မှ ရဲဘော်များ လာကူညီလုပ်ကိုင်ပေးကြသည်။ အိမ်မိုးရန် အင် ဖက်နှင့်သစ်များ မရောက်သေးပေ။
DAB စစ်ကော်မတီ အတွင်းရေးမှူးရုံးတွင် တနင်္လာနေ့မှသောကြာနေ့အထိနေပြီး စနေ၊ တနင်္ဂနွေနေ့ (Weekend) များ၌ မိသားစုနှင့် မိဘနှစ်ပါးအခြေချနေခဲ့သော ကပေါလူ တွင် ပြန်နေသည်။ DAB ရုံးတက်စဉ် ကျောင်းသားတပ်မတော်၊ သုတေသနဌာနမှ ထုတ်ဝေ သော ရန်သူ့စစ်အဂါင်္စဉ်ကို လေ့လာသည်။ မိမိတို့ စစ်ဦးစီးဌာနချုပ်မှ ကြားဖြတ်သတင်း၊ တိုက်ပွဲအစီရင်ခံစာများကိုလေ့လာသည်။ အ ထူးသဖြင့် မိမိရောက်ရှိနေသော ဗဟိုဌာနချုပ် ဝန်းကျင်ရှိရန်သူ့တပ်တည်၊ လှုပ်ရှားမှုများကို ဦးစားပေးလေ့လာသည်။
ရန်သူ့အ ကြောင်း လေ့လာရာ၌ တပ်အမျိုးအစား၊ တပ်တည်၊ လက်နက်တတ်ဆင်မှု၊ စရိုက်၊ အမူအကျင့်များကို လေ့လာသည်။ အထူးသဖြင့် (ရတခ) အရှေ့တောင်တိုင်းတက်များ၏ အခြေအနေ၊ နောက် တပ်မ (၆၆) နှင့် တပ်မ (၈၈) တို့၏ လှုပ်ရှားမှုများကို လေ့လာသည်။ ရန်သူသည် မာနယ်ပလော ဗဟိုဌာနချုပ်ကို အရထိုးစစ်ဆင်သိမ်းပိုက်ရန် ကြီးမားသောရည်ရွယ်ချက်ထားရှိသည်။
တပ်မ (၆၆) သည် မာနယ်ပလော ချေမှုန်းရေးတာဝန်ယူရပြီး၊ တပ်မ (၈၈) သည် စစ်ဆင်ရေးအတွက် ထောက်ပံ့ရေးနှင့် ပို့ဆောင် ရေး ထောက်၊ ပို့ တာဝန်ယူရမည်ဖြစ်သည်။ တပ်မ (၆၆) အားတပ်မမှူး ဗိုလ်မှူးချုပ်အေးကျော်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးတင်ဝင်း၊ (၆၆၁)၊ (၆၆၂)၊ (၆၆၃) ဗျူဟာမှူးများမှာ ဗိုလ်မှူးကြီးအောင်သိန်း(ခန့်မှန်း)၊ ဗိုလ်မှူးကြီး စိုးဝင်းမောင်နှင့်ဗိုလ်မှူးကြီး သူရမြင့်မောင် တို့ ဖြစ်သည်။ တပ်မ (၆၆) လက်အောက်ခံတပ်များမှာ ခလရ (၁၁) (၁၄) (ရ၅) (၈ဝ) နှင့် ခမရ (၄) (၅) (၆) (၁ဝ) (၁ဝ၈) စုစုပေါင်း (၁ဝ) ရင်းဖြစ်သည်။ အမတ၊ အမြောက်တပ် (၃) (၅)၊ ကွန်မန်ဒို တပ်ခွဲ (၃) ခွဲ၊ လေတပ်မှာ တရုပ်လုပ် F-7 ယူဂိုစလပ်လုပ် G-4၊ ဆွစ္စ ဇာလန်လုပ် PC-7 PC-9 ဖြစ်သည်ဟုသိရသည်။ ရန်သူအသုံးပြုနေသောလက်နက်ကြီးများမှာ (၈၁) မမ၊ (၁၂ဝ) မမ စိန်ပြောင်းများ၊ (ရ၅) မမ၊ (၈၄) မမ (၁ဝ၆) မမ နောက်ပွင့် ရိုင်ဖယ်များ၊ (၂၅) ပေါင်ဒါအမြောက်ကြီးများ၊ ပွိုင့် ၅ စက်ကြီးများ အစုံအလင်ပါသည်ဟု သိရသည်။ အထမ်းသမားပေါ်တာ ထောင်ချီ၍ ဖမ်းလာကြောင်းသိရသည်။
တနေ့ မိမိသားများ၊ ရဲဘော်များနှင့် အိမ်တိုင်ထူနေစဉ်၊ ဗိုလ်ချုပ်မြမှ ၎င်းထံသတင်းပို့ရန် မိမိစကားပြောစက်မှ ပေါ်ထွက်လာသဖြင့် ၎င်း နှင့်သွားတွေ့သည်။
“နက်ဖန် တပ်မဟာ (၆) က ကျောင်းသားတပ်ဖွဲ့ရောက်မယ်၊ ကျောင်းသားအဖွဲ့ကို ဦးစီးပြီး ထွီဖါးဝီးစစ်မြေပြင်တခုမှာ နေရာသွားယူ” တဲ့ …
လိုအပ်ချက်များကို မိမိဌာနမှူး ဗိုလ်ချုပ်မောင်မောင်သို့ တင်ပြလိုက်သည်။ DAB ကီးဒို စစ်ကြောင်းအဖြစ်ဖွဲ့စည်းရန်လိုအပ်သောတိုက် ပွဲဝင်ပစ္စည်းများ၊ တပ်အင်အားများ ထုတ်နုတ်ဖွဲ့စည်းရန် ဗျူဟာမှူးဖြစ်သော မိမိညီမလေးနန်းနွယ်ဇန်၏ ခင်ပွန်း ဗိုလ်မှူးကြီး လောဝါဒိ (ကွယ်လွန်) ကို ညွှန်ကြားလိုက်သည်။
နောက်နေ့ဗိုလ်ချုပ်မောင်မောင် (ကွယ်လွန်) မှ …
“ကျောင်းသားတပ်ဖွဲ့ရောက်ပြီး၊ လိုအပ်ချက်များလာရောက်စီစဉ်ရန်” ဟု
အကြောင်းကြားလာသဖြင့် မိမိသွားတွေ့သည်။ ကျောင်းသားတပ်မတော်မှ ရဲဘော်များ ပွဲကြီးပွဲကေါင်း ဆင်နွှဲရတော့မည်ဖြစ်သဖြင့် စိတ်ဓါတ်တက်ကြွနေသည်။ သို့သော် M ၁၆ များသာပါလာသည်၊ ပါလာသော လက်နက်ငယ်များမှာ အလုပ်မဖြစ်သည်က များနေ သည်။ ထို့ကြောင့် ကိုညဏ်ထွန်းကိုခေါ်၍လက်ထောက် စစ်ထောက်ချုပ်ထံသွားသည်။ M ၁၆ ပြောင်းသစ်များလဲသည်။ M 79 ၊ RPG အလက်၊ အသီးများထုတ်သည်။ စစ်ချပ်စစ်ပစ္စည်းများထုတ်သည်။ အစားအသောက်များထုတ်သည်။ လွှနှင့် ပေါက်တူး ပေါက်ပြားများ ထုတ်သည်။ မကျန်းမာသူများကိုဆေးရုံပို့သည်။ ဆေးမှူးအားလိုအပ်သော ဆေးပစ္စည်းများ ထုတ်စေသည်၊ ကျည်များဖြည့်သည်။ လက်နက်ငယ်တလက် ကျည် ၃ဝဝ စီဖြည့်ခိုင်းသည်။ လက်ပစ်ဗုံး၊ရှေ့ထွက်မိုင်း၊ နင်းမိုင်းအစုံထုတ်သည်။ အားလုံးစုံသလောက် ရှိပါ ပြီး။
ဗဟိုစစ်ဦးစီးဌာနချုပ်ရှိ ဗိုလ်မှူးဘော်ကျော်ဟဲဦးစီး ကွန်မန်ဒိုတပ်ရင်းတရင်းလုံး၊ ကျောင်းသားတပ်မတော် တပ်ရင်း(၂ဝရ) (၂ဝ၈) (၂ဝ၉) တပ်ရင်းများ၊ တပ်မဟာ (ရ) လက်အောက်ခံ တပ်ရင်း (၁၉) (၂ဝ) (၂၁) (၂၂) တပ်ရင်းများ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး တပ်ဖွဲ့များ၊ NLD-LA မှတပ်ဖွဲ့များ၊ တပ်မဟာ(၂) (၃) (၆) မှ တပ်ဖွဲ့များ၊ ကရင်လူငယ် KYO လူငယ်များ၊ KWO အမျိုးသမီးများ၊ ကော် သူးလေအထက်တန်း ကျောင်းသူကျောင်းသားများ၊ ဗိုလ်မှူး ဝေါထယ် (တတိယ နိုင်ငံရောက်) ဦးစီး ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ကြီး စောအဘီး (ကွယ်လွန်) ဦးစီး အထူးပြောက်ကျားတပ်ဖွဲ့၊ ဗဟိုလက်နက်ကြီးတပ်ဖွဲ့၊ ဒီမိုကရေစီ အဖွဲ့အစည်းပေါင်းစုံမှ ရဲဘော်ခေါင်း ဆောင်များ တပ်ပေါင်းစုံ၊ အဖွဲ့အစည်း ပေါင်းစုံမှ ရန်သူ့ကျူးကျော်စစ်ကို ခုခံရင်ဆိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်နေသည်။
ကပေါလူရှိ ဗျူဟာမှူးရုံးတွင် အလုပ်ရှုပ်နေသည်။ ပွိုင့် (၄ဝ၄၄) နှင့် ပါတ်ဝန်းကျင်သဲမြေပုံကြီးသည် ရန်သူ့စစ်ကြောင်းများ၏ ထိုးစစ် လမ်းကြောင်းများကိုပြနေသည်။ ကြားဖြတ်ဌာနတာဝန်ခံ ဗိုလ်သူလိုင် သဲမြေပုံရှိ ရန်သူ့ထိုးစစ်ဆင်လာရာလမ်းကြောင်း၊ တပ်အမျိုးအ စားများကို ရှင်းပြနေသည်။ ဗိုလ်ချုပ် ကစယ်ဒို၊ ဗျူဟာမှူး ဗိုလ်မှူးကြီးလောဝါဒိမှ တပ်ရင်းမှူး၊ စစ်ကြောင်းမှူးများ၊ တပ်ဖွဲ့မှူးများကို မိမိ တို့တိုက်ခိုက်ရမည့် စစ်ဂွင်များကို ရှင်းပြနေသည်။ မိမိ DAB ကီးဒိုစစ်ကြောင်းအား တပ်မဟာ (ရ) တပ်ရင်း (၂ဝ) စစ်ကြောင်းနှင့် လက်ချင်းချိတ်ရန် တာဝန်ပေးလိုက်သည်။ မိမိလက်ချင်းချိတ်ရမည့် တပ်ရင်း (၂ဝ) စစ်ကြောင်းမှူးသည် တပ်ရင်း (၂ဝ) ဒုတိယ တပ် ရင်းမှူးဖြစ်သည့် ဗိုလ်မှူးကျော်ဟဲ ဖြစ်သည်။ မျိုးချစ်စိတ်ရှိပြီး တိုက်ရည်ခိုက်ရည်ဝနေသောတပ်မှူးဖြစ်သည်။ တပ်ရင်းမှူးမှာ ဒုတိယ ဗိုလ်မှူးကြီး နော်တော့ ဖြစ်သည်။
DAB ကီးဒို စစ်ကြောင်းကျောင်းသားတပ်မတော် တပ်ရင်း (၂ဝ၄) (၂ဝ၅) ဖြင့်ဖွဲ့စည်းထားသော (၂၁၆) တပ်ရင်းမှ မိမိစစ်ကြောင်းတွင် ကိုတင်စိုး (မဆလတပ် ထွက်) ဦးစီးသော ကျောင်းသားတပ်တော်မှ တပ်ခွဲတခွဲ၊ ဗိုလ်ကြီး (စိုးအောင်) ဦးစီး (ကလလတ) (ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေး တပ်ဦး) မှ တပ်ခွဲတခွဲ၊ ဗိုလ်ကြီး ကမော် ဦးစီးတပ်မဟာ (၂) မှ တပ်ခွဲတခွဲ၊ ဗဟိုစစ်ဦးစီးဌာနချုပ်၊ အထူးပြောက် ကျားတပ်ဖွဲ့ ဗိုလ်မှူး ထီးမှူး ဦးစီးတပ်ခွဲတခွဲ၊ မိမိစစ်ကြောင်းရုံးတွင် မိမိသား ဗိုလ်လှထွန်းဦး (ဗိုလ်ချာတိတ်) ဗိုလ်သင်တန်းအပါတ်စဉ် (၃) ဆင်း၊ (ဗိုလ်မှူး ကြီးအေးမြင့် ပို့ချပေးသောသင်တန်းအပါတ်စဉ်) ဦးစီးတပ်စုတစုဖြင့် DAB ကီးဒို စစ်ကြောင်းကို ဖွဲ့စည်းထားသည်။
စစ်ကြောင်း တပ်ရေးဗိုလ်ကြီးအဖြစ် ABSDF မှ ကိုဥာဏ်ထွန်း၊ တပ်ထောက် ဗိုလ်ကြီး အဖြစ် ABSDF မှ ကိုကျော်ဆွေ (မဆလ တပ်ထွက်)၊ စစ်ကြောင်း ရုံးတပ်စုတွင် (၆ဝ) မမ တာဝန်ခံ ကျောင်းသားတပ်မတော်မှ ကိုညိုမင်းထွန်း (မွစ္စလင်) (မဆလတပ်ထွက်)၊ စစ်ကြောင်း ဆသရ၊ ကြားဖြတ်၊ လက်နက်ကြီး၊ ဆေး အဖွဲ့ဟူ၍ဖွဲ့စည်းထားသည်။ ဆေးအဖွဲ့ ဒုတိယဆေးတာဝန်ခံမှာ ABSDF မှ ကိုထွန်း ထွန်းဦး (မောင်ခိုင်စွပ်)နှင့် ဆေးအဖွဲ့ဝင် ရဲဘော်မောင်တူး (စာရေးဆ ရာ) ယခု DVB အသံလွင့်ဌာနတို့ ဖြစ်သည်။
ရှေ့တန်း ကျောင်းသားတပ်မတော် တိုက်ခိုက်ရေးတပ်ဖွဲ့များအတွင်း တပ်စုမှူး ကိုကြည်ဝင်း (မဆလတပ်ထွက်) တပ်စုမှူးကိုခင်စိုး (မဆလတပ်ထွက်)၊ တပ်စုမှူး ကိုမှတ်ကြီး (မဆလတပ်ထွက်)၊ တပ်စိတ်မှူး ကိုအောင်ဝင်းကြီး (မဆလတပ်ထွက်)၊ တပ်စိတ်မှူး ကို ဇော်လှိုင်ဝင်း (ရဲထွက်) တို့ဖြင့် ဖွဲ့စည်းထားသည်။ စစ်ကြောင်းသည် တပ်ပေါင်းစုံမှတပ်ခွဲများဖြင့် ပူးပေါင်းဖွဲ့စည်းထားသဖြင့် လက်နက် တတ်ဆင်မှုမတူကြပေ။ တချို့တပ်ခွဲများ လက်နက်ကြီး RPG၊ စက်လတ်များစွာရှိပြီး ကျောင်းသားတပ်မတော်နှင့် တပ်မဟာ (၂) တပ် ခွဲများ၌ လက်နက်ကြီး အင်အားနည်းနေသည်။ ဟန်ချက်ညီတိုက်နိုင်ရန်အတွက်၊ တနေ့စစ်ကြောင်း အရေးပေါ် အစီးအဝေးခေါ်ယူ သည်။


ကျနော်တို့စစ်ကြောင်းဟာ တပ်ပေါင်းစုံ၊ အဖွဲ့ပေါင်းစုံ၊ လူမျိုးစုံနဲ့ ဖွဲ့စည်းထားတော့၊ ပြည်ထောင်စုအငယ်စားလေးနဲ့ တူတယ်ဗျ၊ စစ် ကြောင်း တွင်း စည်းလုံးညီညွှတ်မှုနဲ့ဟန်ချက်ညီတိုက်နိုင်ဘို့ တန်းတူရေးနဲ့ ဒီကရေစီရေးကို အခြေခံကျကျကျင့်သုံးရမယ်။ တဖွဲ့က လက်နက်ကြီး အင်အားတောင့်ပြီး တဖွဲ့ကအားနည်းနေလို့မရဘူး၊ တန်းတူမှုလိုတယ်။ ကျနော်တို့ ကရင်အမျိုးသား လွတ်မြောက်ရေး တက်မတော်က အိမ်ရှင်လည်းဖြစ်တယ်၊ အင်အားလည်းကြီးတော့ အားနည်းနေတဲ့ ညီနောင်တပ်ခွဲတွေကို အားဖြည့်ရမယ်” ဟု ပြော ပြီး မိမိ၏ ဒုတိယစစ်ကြောင်းမှူး ဗိုလ်မှူးထီးမူးအား RPG၊ စက်လတ်၊ စကားပြောစက်များအား မျှဝေပေးလိုက်ရန် ညွှန်ကြားလိုက် သည်။ ဗိုလ်မှူးထီးမှူး ဆက်လက်လုပ်ရှားလိုက်သဖြင့် တပ်ခွဲများအတွင်း RPG၊ စက်လတ်နှင့် စကားပြောစက်များ ညီမျှသွားတော့ သည်။
တန်းတူမှု၊ စေတနာထားမှုနှင့် တဦးနှင့်တဦးယုံကြည်မှုသည် လုပ်ငန်းများ၏အခြေခံလိုအပ်ချက်နှင့် အောင်မြင်မှု၏မူလဇစ်မြစ် ဖြစ် သည်။ မိမိစစ်ကြောင်းတွင် ဗဟိုစစ်ဦးစီဌာနချုပ်မှတွဲဘက်ထားသောလက်နက်ကြီးတပ်ဖွဲ့ပါသည်။ ၆၀ မမ စိန်ပြောင်း၊ ၈၂ နောင့်ပွင့် ရိုင်ဖယ်နှင့် ပွိုင့် ၅ စက်ကြီးရှိသည်။ စစ်ကြောင်းအတွက် ထမင်းချက်၊ ဟင်းချက်ရန် အအပျော်တန်းဝန်ထမ်း ၂ဝ ရှိသည်။
မှတ်ချက်…
မိမိစစ်ကြောင်းတွင် မဆလတပ်ထွက်များပါသည်။ တချိန်က မိမိရန်သူများ ဖြစ်ခဲ့သည်။ ရှစ်လေးလုံးပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး မှ ဖွားမြင်လာသော ပြည်သူ့သားကောင်းများဖြစ်လာသဖြင့် မိမိနှင့် ဘဝတခုထဲဖြစ်လာသည်။ မိမိအပေါ်ယုံကြည်မှု အပြည့်ရှိသလို၊ မိမိမှလည်း ၎င်းတို့ကိုယုံကြည်မှုအပြည့်ရှိသည်။ ညီအကိုရင်းထက် ပို၍အဆင့်မြင့်သော ရဲဘော်ရဲဘက်များ ဖြစ်လာကြသည်။ မိမိငရဲ ပြည်သွားရင်တောင် လိုက်မည့် ရဲဘော်များ ရှိကြသည်။ ကရင်-ဗမာ ဟူ၍ လူမျိုးရေးအစွဲမရှိတော့၊ အာဃာတမထားတော့၊ မုန်းတီးမှု တွေမရှိတော့။ DAB ကီးဒိုစစ်ကြောင်း အောင်လံတော်အောက်ရှိအမျိုးသား ဒီမိုကရေစီတော်လှန်ရေး တခရီးထဲသွားနေသော ပြည်ချစ် စစ်သည်တော်များ ဖြစ်လာကြသောကြောင့်ဖြစ်သည်။
မောင်ခိုင်စွပ်(ကိုထွန်းထွန်းဦး)၊ သားလိုချစ်ရသော ကျောင်းသားတပ်မတော်မှ ချစ်ရဲဘော် ဖြစ်သည်။ ချစ်စနိုးဖြင့် ခေါ်ထားခြင်းဖြစ် သည်။ မွစ္စလင်ပုံ နည်းနည်းဆင်နေသဖြင့် ၎င်း၏ မိဘကိုမေးမိသည်။ အဖေက ကုလားဗမာ၊ အမေက ရခိုင်လို့ သိရတော့ … “ဟေ့ .. ထွန်းထွန်းဦး၊ မင်းကသွေး(၃) မျိုးပါတော့ မင်းကို ဗမာသွေးပါလို့ မောင်၊ ရခိုင်သွေးပါလို့ ခိုင်၊ ကုလားသွေးပါလို့ အီစွပ် စွပ်”
“မောင်ခိုင်စွပ်” လို့ခေါ်မယ်ဟုပြောပြီး၊ စစ်ဆင်ရေးကာလ တလျှောက်လုံးခေါ်ခဲ့သည်။
စစ်တောင်ပံနှစ်ခုဖြစ်သော နော်တ နှင့် မယ်ပ တို့၌ တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်း အသီးသီးနေရာယူထားကြပြီးဖြစ်သည်။ မိမိတို့စစ် ကြောင်းလည်း အစီအစဉ်အတိုင်း စစ်ကြောင်းချီတက်ပါပြီး၊ ဒီဇယ်စက်လှေကြီး (၄) စီးနှင့် စစ်သည်၊ ဝန်ထမ်းများ၊ ရိက္ခာ၊ အရံကျည် များကို တင်လျှက်ချီတက်သွားကြပြီး၊ မြစ်ဆုံကိုကျော်လာစဉ် သံလွင်မြစ်အတိုင်းစုံဆင်းလာရာ မယ်လဲ့ထာ အရောက် ရန်သူမှ (၁၂ဝ) (ရ၅) မမ လက်နက်ကြီးတို့ဖြင့် ဆီးကြိုနှုတ်ဆက် လှမ်းပစ်ပါတော့သည်။ စက်လှေများကမ်းကပ်ကြပြီး မယ်လဲ့ထာ တောင်ကြောပေါ် သို့တပ်ရောက်နေရာချသည်။ ကျောင်းသားတပ်မတော် တပ်ရင်းမှူး ကိုတင်စိုး အား …
“ဟိုတောင်ကြောမှာ ပွိုင့် (၂၅ဝဝ) ရှိတယ်၊ အဲဒီကနေ တို့ကို (ရ၅) မမ နောက်ပွင့်ရိုင်ဖယ်နဲ့ လှမ်းပစ်နိုင်တယ်၊ ရဲဘော်တွေ ဒီည ပစ် ကျင်းတွေ အပြီးတူးကြရမယ်။ နောက် အလင်းရောင်ပေါ်ရင် Overhead အတွက် သစ်လုံးတွေဖြတ်၊ ခေါင်ကတုတ်လုပ်ကြ”
ရန်ညွှန်ကြားပြီး မိမိစစ်ကြောင်းရုံးထားရန် နေရာရှာသည်။ သံလွင်ဖြစ်ဇောင်း၊ လုံခြုံသည့်နေရာ၌ ဝန်ထမ်းများကို နေရာချသည်။
စစ်သည်၊ဝန်ထမ်း ၅ဝဝ နီးပါးအတွက် ထမင်းချက်ရန်နေရာချပြီး တပ်ခွဲအားလုံးမှ ထမင်းလာယူရန်ဖြစ်သည်။ ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်မှ တပ်မဟာ(၂)၊ အထူးပြောက်ကျားတပ်ဖွဲ့၊ ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး တပ်ခွဲများ သည် တပ်ရင်း (၂ဝ) စစ်ကြောင်းနှင့်လက်ချင်းချိတ်ရန် လူခွဲလိုက်သည်။ ကျောင်းသားတပ်မတော်တပ်ခွဲအား မိမိနားတွင်တပ်ချလိုက် သည်။
ထွီဖါးဝီးကျိုး ခွေးအပ်တောင် ပွိုင့် ၄ဝ၄၄ စစ်ဒေသကြီးတခုလုံး ရန်သူ့ကျူးကျော်ရန်စမှုကို ခုခံကာကွယ်ရန်၊ စစ်ကြောင်းများ အသီး သီးနေရာယူပြီးကြပါပြီး။ ဗဟိုကွန်မန်ဒို တပ်ရင်းတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးဘောကျော်ဟဲ၊ (ယခုတပ်မဟာ (၅) တပ်မဟာမှူး ဗိုလ် မှူးချုပ်) ကျောင်းသားတပ်မတော်တပ်ရင်း (၂ဝရ) (၂ဝဂ)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၁) (၂) (၃) (၆) (ရ) မှ တပ်ခွဲများ၊ စစ်ကြောင်းများ၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့များ၊ ဒီမိုကရေစီအင်အားစုများ၏ အရံတပ်ဖွဲ့များဖြင့် လိုအပ်သောနေရာများ၌ တပ်နေရာယူထားပြီးဖြစ်သည်။
ရန်သူချီတက်လာရာ လမ်းကြောင်းတလျောက် ဒေသခံပြောက်ကျားတပ်ဖွဲ့များ အစီအစဉ်အတိုင်းလှုပ်ရှားနေကြသဖြင့် ရန်သူသည် ရည်မှန်းချက်မရောက်မှီ အကျအဆုံးများနှင့် ရင်ဆိုင်နေတွေ့ကြုံနေရပါပြီး။ တပ်ဖွဲ့အားလုံး မိမိရှေ့မျက်နှာမူရာဘက် ပစ်ပိုင်နယ်များ သတ်မှတ်ခြင်း၊ မိုင်းထောင်ခြင်း၊ ဆက်သွယ်ရေးမြောင်း၊ ပြစ်ကျင်းတူးခြင်း၊ ခေါင်ကတုတ်ဆောက်ခြင်းများ ပြုလုပ်နေကြပါပြီး။ ပြင်ဆင် ချိန်များစွာ ရနေသည်။ မိမိဒုတိယစစ်ကြောင်းမှူးသည် ရဲဘော်များနှင့် ဟန်ချက်ညီလုပ်စရာ ကိုင်စရာများကိုလုပ်နေပါသည်။ မိုင်း ထောင်ခြင်း၊ ပစ်ကျင်း၊ ဆက်သွယ်ရေးမြောင်း တူးခြင်း၊ ဝါးခုတ် ခြံစည်းရိုးကာခြင်းများ လုပ်နေသည်။ မိမိတို့ စစ်ကြောင်းရုံး အဖွဲဝင် များလည်း မိမိလုံခြုံမှုအတွက် လုပ်ကိုင်နေကြပါသည်။ မိမိနေရာအား ကျောက်တုံးကြီးနောက်ဖက်တွင် အရံကျည်၊ မိုင်းဗုံး၊ ရှေ့ထွက် မိုင်း၊ ထားရန်နှင့် မိမိနေရန် တူးထားပြီးဖြစ်သည်။
“ရန်သူ မ (၁ဝ) မိမိတို့ရှေ့ကိုလာနေကြောင်း၊ နောက်နာရီအနည်းငယ်အတွင်း အလုပ်အကိုင်ဖြစ်နိုင်ကြောင်း”
ကြားဖြတ်တာဝန်ခံ လာရောက် သတင်းပေးသည်။ မိမိမှ ဒုတိယစစ်ကြောင်းမှူးအား …
“ကီးဒို မှ တီမသေ … အသံကောင်းလား”
“အသံ-၅”
“မင်းတို့ရှေ့မကြာခင် ရထား မာလာ ဦးစီး မ-၁ဝ ဝင်တိုးဘို့ရှိ၊ ရထားလား”
“အားလုံးအသင့်ပဲ.. လက်ယားနေတာကြာပြီး၊ ဒီကောင်တွေ ကျနော်တို့ သူတို့အသက်ကိုမယူခင် ခြေထောက်တဖက်စီပဲ အရင်ယူဘို့ သစ္စာရှိ မိုင်းစစ်သည်တွေကို တာဝန်ပေးထားတယ်၊”
“ကောင်းပြီး၊ အကောင်းဆုံးလုပ်”
ရန်ညွှန်ကြားပြီး ကြားဖြတ်စက်ဖွင့် နားထောင်နေသည်။ မကြမီ သစ္စာရှိ မိုင်းစစ်သည်တယောက် အလုပ် လုပ်ပါပြီး၊
“ဝုန်း”
တဆက်ထဲ လက်နက်ငယ် သံများပါ ဆူညံစွာထွက်ပေါ်လာတော့သည် မိမိရဲဘော်များ ပွဲဦးထွက်ရန်သူနှင့်စတင်၍ ထိတွေ့မှုဖြစ်သည်။ လက်နက်ကြီးများပါ လုပ်ကိုင်လာသည်။ ရှေ့တန်း မိမိရဲဘော်များဆီပါမက မိမိရှိနေရာတောင်ကြောပေါ်သို့ပင် ကျလာပါပြီး၊ နာရီဝက် ကြာ အပြန်အလှန် ပစ်ခတ်ကြပြီး ရန်သူပြန်ဆုတ်သွားသည်။
“တီးမသေ ဘာထူးလဲ”
“မိမိ အထိအခိုက်မရှိ၊ ကြောပိုးအိပ် ၁ဝ လုံး၊ စစ်ချပ်ဝတ်တန်ဆာ ၁ဝ စုံ ရ.. ကရင်အခေါ် (သေကု) (စကားဝှက်) (လက်နက်) တလက်မှ မရ”။
“စောင့်နေ၊ လာပေးဦးမယ်”
မကြာပါ…
သေနတ်သံများဆူညံစွာပေါ်ထွက်လာပြန်သည်။ ဘက်နှစ်ဘက်၏ ပစ်ခတ်သံများဖြင့်တလောကလုံးကို အရုပ်ဆိုးအကျည်းတန်သွား စေတော့သည်။
“ခွေးမသားတွေ၊ မအေ ..ိုး တွေ၊ ဗုံးတွေပဲ နင်းထောင်ထားတယ်”
ရန်သူ့ဆဲသံများ။ မိမိ ဒုတိယစစ်ကြောင်းမှူးမှ…
“မိတ်ဆွေ၊ တို့က ဘာသာတရားကို ကိုင်းရှိုင်းတယ်၊လေးစားတယ်၊ ဗုဒ္ဓတရားတော်မှာ ပါဏာတိပါတကံဆောင်၊ သူ့အသက်ကို သတ် ခြင်းမှ ရှောင်ကျဉ်ဖို့ သွန်သင်ထားသလို ခရစ်ယာန်ဘာသာကလဲ Thou shall not kill သွန်သင်ထားတယ်။ မင်းတို့ကိုမသတ်ဘူး၊ လူ သား ချင်းမေတ္တာစိတ်နဲ့ ခြေတဖက်ဘဲယူတယ်ဟေ့” ဟု …
လှမ်းပြောလိုက်ရာ သေနတ်သံများဆူညံသွားပြန်သည်။ ရန်သူကိုမဆဲရန် မိမိစစ်ကြောင်းတွင်ညွှန်ကြားချက်ထုတ်ထားသည်။
မှတ်ချက်။
မိမိစစ်ကြောင်းရှိ စက်အများစု အမည်ကို သမ္မာကျမ်းစာရှိ တမန်တော်များ၏ အမည်ကိုမည့်ထားသည်။ မိမိစက်အမည် ကီးဒို၊ ဗိုလ်မှူး ထီးမူး စက်အမည် တီးမသေ၊ မိမိသား ဗိုလ်ချာတိတ် စက်အမည် လုကာ၊ ဗိုလ်ဥာဏ်ထွန်းစက်အမည် မိုရှေး၊ ဗိုလ်တိုးတိုးစက်အမည် တီးတူ၊ ဗိုလ်တင်စိုးစက်အမည် မသဲ စသည်တို့ ဖြစ်သည်။
တနေ့ မိမိစစ်ကြောင်းရှိ ကျောင်းသားတပ်မတော်မှ တပ်စုမှူး ကိုလူပု လက်တွင်ဒဏ်ရာရသည်။ မိမိစစ်ကြောင်း ရုံးရောက်လာသည်။ ထူးဝါးလူ ဆေးရုံပို့ရန် မယ်ပ သို့ စုံဆင်းသွားသော စက်လှေကိုစောင့်သည်၊ ပြန်တက်လာသည်၊ ခေါ်သည်၊ မဆိုက်၊ မကြားလို့ထင် မည်။ မိမိတို့ကိုလှည့်ကြည့်သွားသည်၊ ထို့ကြောင့် လိုအပ်နေပြီးဖြစ်၍ ၎င်း၏ ခေါင်းပေါ် AK နှင့် လေး၊ ငါး၊ ဆယ်ချက် ကျော်ပစ်ထည့် လိုက်သည်။ စက်လှေလာဆိုက်သည်။
“ဒီလူနာကို (ထူးဝါးလူ) ဆေးရုံပို့” ဟု ပြောရာ၊
“ကျနော် စော်ထာ တက်ရမယ်” တဲ့ …
မိမိမှ
“မလိုချင်ဘူး၊ လူနာကိုဆေးရုံအမြန်ပို့၊ ငါ့ရဲဘော်တခုခုဖြစ်ရင် မင်းနဲ့ငါတွေ့မယ်” ဟု …
စိတ်မကောင်းစွာဖြင့် ဟောက်ထည့်လိုက်ရသည်။ ပဌမဆုံး ကျောင်းသားတပ်မတော်မှ မိမိအုပ်ချုပ်မှုအောက်တွင် သွေးမြေကျရခြင်း ဖြစ်သည်။
ရန်သူသည် တလအတွင်း စစ်မျက်နှာတိုင်းအနည်းဆုံး (၁ဝ) ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်သည်။ ပွိုင့် ၄ဝ၄၄ ကို သဲကြီးမဲကြီး တက် ထိုးနေသည်။ အရံကုန်းများကို မကျော်နိုင်၊ တကြိမ်ပြီးတကြိမ်ပြန်လန်သွားသည်။ ကွန်မန်ဒိုတပ်ခွဲများကို ထုတ်သုံးပြန်သည်။ အကျအ ဆုံးများစွာနှင့် ပြန်ဆုတ်ရပြန်သည်။ မာနယ်ပလောစစ်ဌာနချုပ်ကို မတ်လ(၂ရ) ရက်နေ့ မတိုင်မီအရ သိမ်းပိုက်လိုသည်။ ခုထိမရသေး၊ တလကျော်လာပြီးဖြစ်သည်။ ဦးအေးကျော် တယောက် ကြိတ်မနိုင်၊ ခဲမရဖြစ်နေသည်။ ဒေါသတွေ အရမ်းထွက်နေသည်။ မပေးသင့် သော အမိန့်များကို ပေးနေသည်။ ကရင်အမျိုးသားများကို အမုန်းကြီးမုန်းနေသည်။ ရှေ့တန်းတပ်ရင်းမှူးများ သဲသဲမဲမဲ အဟောက်ခံ နေရသည်။
တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးချုပ်အေးကျော်မှ ၁၉၉၃-၉၄ မာနယ်ပလော စစ်ဆင်ရေးကာလတုန်းက ဆက်သွယ်ရေး ကြားဖြတ်စက် ပေါ်က တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးချုပ်အေးကျော်ရဲ့ ကာယကံမြောက်ကွပ်ကဲမှုအောက် တပ်မှူးငယ်များကိုအမိန့်ပေးညွှန်ကြားနေ တာကို ကျွန်တော်ကိုယ်တိုင် နားနဲ့ဆပ်ဆပ်ကြားခဲ့ဘူးလို့ ရေးရခြင်းဖြစ်ပါတယ်။ အေးကျော်က သူကွပ်ကဲမှုအောက်စစ်ဆင်ရေး ဝင်နေ တဲ့ တပ်ရင်းများကို
“ဟေ့ကောင်တွေ၊ ငါ ကရင်မကို ..ိုး လာတာ အနှစ် ၃ဝ ရှိပြီး။ မင်းတို့တွေ့သမျှ ကရင်မ ပျိုပျို အိုအို ချမ်းသာမပေးဘဲ အားလုံး ..ိုး ပစ်”
လို့ စစ်ဆင်ရေးအမိန့်ပေးတာကို ကြားခဲ့ဘူးပါတယ်။ အဲဒီတုန်းက ကျွန်တော်က ABSDF ကို စစ်ပညာသင်ပေးရင်းတောတွင်းမှာ KNLA ဗျူဟာမှူး ဗိုလ်မှူးကြီးလောဝါဒိ (တာရူ) နဲ့အတူရှေ့တန်းစစ်ဆင်ရေးကွပ်ကဲမှုနေရာမှာ ရှိနေစဉ်က နားနဲ့ဆပ်ဆပ်ကြားခဲ့ရတာပါ၊ ကျွန်တော်ကတော့ အတော့ကိုမျက်နှာပူပြီး ဒေါသပါ ဖြစ်ခဲ့ရပါတယ်။ (ဒုတိယဗိုလ်မှူးကြီးအေးမြင့်၏ ဆောင်းပါးပေါင်းချုပ်၊ ဖိုးတရုပ် ဝက်ဘ်ဆိုက်)မှ…
မှတ်ချက်…
ဒီညွှန်ကြားချက်နဲ့ အသုံးအနှုံး၊ အပြောအဆိုတွေကိုကြည့်ရင် ဗမာ့တပ်မတော် ဗိုလ်ချုပ်ကြီးများ၏ Mentality သည် Crime against Humanity ကိုကျူးလွန်ရန် အောက်ခြေ၊ အရာရှိအရာခံအကြပ်၊ စစ်သည်များကို မုဒိမ်းမှုကျူးလွန်ရန် ညွှန်ကြားနေသလို ဖြစ်နေပါ သည်။ နောက် စစ်သားတို့ သစ္စာတရားပါး (၄) ပါးဖြစ်တဲ့ …
(၁) ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးအတွက် ပါဏာတိပါတာကံကို ခံယူရခြင်း၊
(၂) သူများဇနီးမယား သမီးပျိုနှင့် သူတပါးဥစ္စာကို မကျူးလွန် မလုယူရခြင်း၊
(၃) ရန်သူမဟုတ်သူကို မသတ်ရခြင်း၊
(၄) ရန်သူနှင့်ကြုံက အသက်ကိုစွန့်၍တိုက်ရခြင်း၊
ဆိုတဲ့ အချက်တွေကို ဦးအေးကျော်တယောက် မေ့နေတာ စိတ်မကောင်းခြင်း ဖြစ်ရပါသည်။
တနေ့ မာနယ်ပလောရှိ သစ်စက်တွင် ပေါ်တာဝန်ထမ်းများထွက်ပြေးလာကြောင်း သတင်းလာပို့သည်။ ပေါ်တာများမှတဆင့် ရန်သူသ တင်း ရယူဘို့လိုသဖြင့် ရဲဘော်အရာရှိတဦးကိုခေါ်၍သစ်စက်သို့ ပေါ်တာများကိုသွားတွေ့သည်။ လေး၊ ငါးရက် ထမင်းမစားရ၊ မျက်နှာ ဟောက်ပက်နှင့် မနိုင်ဝန် ထမ်းထားရသဖြင့်ပုခုံးနှင့် နောက်ကြောတွင် ဒဏ်ရာအပြည့် ရှိနေသည်။ (၈၁) မမ ဗုံးသီး ၁ဝ လုံးကို နေ့စဉ် ရက်ဆက် ထမ်းနေရသည်။ ညဘက်အိပ်ရင်လည်း ကြိုးချီထားသည်။ အသက်ကြီးသော ဝန်ထမ်းတချို့ မနိုင်ဝန်ထမ်း လျှက်အမော ဆို့ပြီး သေသွားကြောင်း၊ သေသွားသူအား လမ်းဘေး၌ ပစ်ထားခဲ့ကြောင်း၊ ကုလားနဲ့ ကရင်ဝန်ထမ်းများ ပို၍မနိုင်ဝန်ထမ်းရကြောင်း၊ မြန်မာပြည်အနှံ့မှ ဝန်ထမ်းများပါကြောင်း၊ လမ်းလျှောက်နှေးနေပါက မိုက်ရိုင်းကြမ်းတမ်းစွာဆဲဆို၍ ကန်ကြောက်ခံရကြောင်း၊ ထမင်း မဝတဝ ကြွေးကြောင်း၊ ဆယ်ယောက်ကျော်စိတ်မကောင်းစွာဖြင့် တွေ့ရသည်။
မှတ်ချက်။
၁၉၉ဝ ခုနှစ် ဧရာဝတီဖြစ်ဝကျွန်းပေါ်ရှိ ကရင်မျိုးဖြုတ်ရေး ဘိုကလေးစစ်ဆင်ရေးတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ဦးမြင့်အောင်မှ “ဟေ့ကောင်တွေ ကုလားနဲ့ ကရင် အရှင်မတွေ့ချင်ဘူး” ဟု
၎င်းတို့ သံသယဖြစ်နေပြီး ဖမ်းဆီးခြင်းခံနေရသော ကရင်နှင့် ကုလားလူမျိုးများကို ပြုမူဆက်ဆံမှုကို သတိရမိသည်။
အမျိုးသမီးပေါ်တာများလည်း ပါသည်။ ကရင်အမျိုးသမီးအစည်းအရုံးမှတာဝန်ရှိ ခေါင်းဆောင်များ၏ စစ်ဆေးချက်အရ နေ့ဘက်တွင် အမျိုးသမီး ပေါ်တာများအတွင်း ချောမောလှပသူများသည် အရာရှိများ၏ ကြောပိုးအိပ်ကို ထမ်းရပြီး ရွက်ကြမ်းရေကြို အမျိုးသမီး ပေါ် တာများမှာစစ်သည်များအကြား ဆံ၊ ကျည်ပုံးများ ထမ်းရကြောင်း၊ ညဘက်တွင် အရာရှိများနှင့်ရှိသော အမျိုးသမီးပေါ်တာများမှာ အ ရာရှိကို ထမ်းရကြောင်း၊ အခြားအဆင့် နှင့် စစ်သည်များအကြားရှိ အမျိုးသမီးပေါ်တာများမှာ စစ်သည်များကို ထမ်းရကြောင်း၊ တချို့ အပေါ့အပါးသွားရန်ပင် အချိန်မရကြောင်း စစ်ဆေးချက်များကို ရင်နာဖွယ်တွေ့ရသည်။
မှတ်ချက်…
မိမိ NDF အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု ဗိုလ်သင်တန်းအပါတ်စဉ် (၁) တက်ရောက်စဉ်က သင်တန်းဒုတိယကျောင်းအုပ်ကြီး အင်္ဂ လိပ်စစ်ပြန် ဗိုလ်မှူးစောသိန်း၏ သင်တန်းပို့ချချက် တခုမှာ
“There is no bad soldiers but bad officers”
“ဆိုးတဲ့ စစ်သည်မရှိဘူး၊ ဆိုးတဲ့အရာရှိဘဲရှိတယ်” တဲ့ …
၆၆ တပ်မမှူး ဦးအေးကျော် မှ အထက်က ဖေါ်ပြခဲ့သလို စစ်ဆင်ရေးဝင်နေတဲ့သူ့တပ်မက ရဲဘော်များကိုလွတ်လပ်စွာ ဘလက်ကါယ မုဒိမ်းကျင့်ခွင့် ပေးထားသဖြင့် ထိုကဲ့သို့ နှမချင်းမစာ စစ်သည်တော်ကျင့်ဝတ်နှင့် ဆန့်ကျင်ပြီး ရဲရဲတင်းတင်း မုဒိမ်းမှုကျူးလွန်နေကြ ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း တည်ဆောက်ခဲ့သော ဗမာ့တပ်မတော်နှင့်လုံးဝ ဆန့်ကျင်သည့် မုဒိမ်းတပ်၊ လူသတ်ဂိုဏ်းဖြစ်နေ တော့သည်။
မန်းရောဘတ် ဘဇန်

No comments:

Post a Comment

mr.kyaingtun@gmail.com