Tuesday, February 26, 2019
လာချင်အုံးဟဲ့ အမေရိကား
လာချင်ဦးပဲာ့ အမေရိကား
အမေရိကားတွင် အရာမှန်သမျှကို အင်္ဂလိပ်လိုပဲသင်ရသည်
အရာမှန်သမျှကို အင်္ဂလိပ်လိုပဲသင်ရမည်။ စာဖတ်သည့်အခါ မသိသည့်စကားလုံးတွေများမည် ၊ ဆရာရှင်းပြနေရင် သေချာနားထောင်ရင်တောင် ဘာတွေပြောနေမှန်းနားမလည်ဖြစ်မည်။
အင်္ဂလိပ်စာအက်ဆေးရေးရင် ကိုယ့်ပာာကိုယ်ရေးနေတာ မှားနေသည် ၊လုံးဝကို ကြိမ်းသေမှန်သည်ပာု ခံစားချက်ကမရှိ ၊ မရေးလို့ ကလည်းမရတော့ ဘာတွေရေးနေမှန်းမသိ။ ရလဒ်က အမှတ်ကမကောင်းဘူး။
ဒါမျိုးကို ကျွန်တော် ၁၀ တန်းတုန်းက ELA Regents ဖြေတော့ ဖြစ်ဖူးပါသည်။
ကိုယ့်ပာာကိုယ်ဘာတွေရေးနေလည်းမသိဘူး။ ရေးလိုက်တာပဲ။ စာမေးပွဲအမှတ်ထွက်တော့ အမှတ်စာရင်းက သိပ်မကောင်း။ အောင်လို့ တောသေးတယ်။
အင်္ဂလိပ်စာပေ စာမေးပွဲကိုကျမယ်လို့ တောင်ထင်ထားတာ။ အောင်လို့ တော်သေးတယ်။ ၆၅ ရမှ အောင်မယ်။
ဒီမှာ စနစ်ရှိတယ်။ ၇၅ မပြည့်မချင်း ဆရာတွေက ထပ်ဖြေခိုင်းမှာ။ ကိုယ်က ၇၅ကို ကွက်တိရသွားတာ။
ဘယ်လို့ ရသွားမှန်းတောင်မသိဘူး။ ကျမှန်းလို့ တောင်ထင်ထားတာ။ ငါတို့ နောက်နှစ်ပြန်ဖြေရမယ်ပေါ့။
ဒီမှာက စာမေးပွဲကျရင် ၆၅ မှတ်အောက်ရရင် အတန်းမကျဘူး။
အတန်းက တင်ပေးလိုက်တယ်။ ဒါပေမဲ့ ထိုစာမေးပွဲကို မအောင်မချင်း ၆၅ အထက် ရအောင်ဖြေရမယ်။
ကောလိပ်အဆင့်တွေကြောင့် ကျွန်တော်အထက်တန်းကျောင်းတုန်းက
ELA ဆို ၇၅ မှတ် ၊ ဒါမှမပာုတ် ကျော်ရမယ်။
သင်္ချာဆိုရင် Algebra, Geometry, Trignomentry regent မှာ ဘာသာရပ်အနည်းဆုံးတစ်ရပ်မှာ ၈၀ သို့ မပာုတ် ၈၀ ထက်ကျော်ရမယ်။
ပိုက်ဆံသည် ဒုတိယဘုရားသခင်
God ( ဘုရားသခင် ) သည် လူတွေကိုဖန်ဆင်းခဲ့ရင် ငွေသည် လူ့ ပြည်တွင် ဖြစ်နေတာတွေကို ဖန်ဆင်းသည်။
မြန်မာငွေနှင့် လုံးဝမတွက်လိုက်ပါနှင့်။ ရူးသွားမည်။
အမေရိကားတွင် ငွေသည်အင်မတန်စကားပြောသည်။
တိုက်ခန်းငှားခ ၊ စားစရိတ် ၊ ၀ယ်စရိတ် အကုန် ငွေကုန်သည်။ မြန်မာနိုင်ငံတွင်လည်း ငွေကုန်ပါသည်။
သို့ သော် အမေရိကားတွင် ငွေကပိုကုန်သည်။ အမေရိကားတွင် ငွေကစကားပြောသည်။
အမေရိကားတွင် ရှိသောလူတွေအကုန် ငွေကိုမက်သည်။ အမေရိကားကိုလာသည့် ရည်ရွယ်ချက်က ငွေနှင့်လည်းပတ်သတ်နိုင်သည်။ ငွေနှင့်ဆို မျက်နှာတွေက ချိုသာသွားသည်။
မြန်မာနိုင်ငံက ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံဆိုတော့ မြန်မာနိုင်ငံက လူတွေက စေတနာရှိကြတယ်။ လှူကြတယ်။ ငွေမက်တဲ့ လူတွေလဲရှိပါသည်။ ဒါပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုရင်အမေရိကားက ပိုများပါသည်။
ငွေမပေးရင် အဖက်မလုပ်။ ဂရုမစိုက်။ ငွေပေးလိုက်မယ်ဆိုရင် မျက်နှာလေးကချိုသွားသည်။ ဂရုစိုက်လာသည်။
ပစ္စည်းတွေကို ၀ယ်အောင်  Credit Card ( အကြွေးဝယ်ကတ် ) ကလည်း ပေါပြီး လူတွေကို အကြွေးတင်အောင်လုပ်နေကြသည်။
အိမ်ငှားခသည် အင်မတန်ဈေးကြီးပါသည်။ ကိုယ့်လစာဧ။် ငွေအများစုကို အိမ်လခက ယူသွားသည်။
အိမ်ကို အရစ်ကျဝယ်လို့ ရတယ်ဆိုပေမဲ့ Downpayment ကိုအရင်ပေးရသည်။  ငွေက အင်မတန်များပါသည်။ ထိုငွေကို ရအောင်စုရပါသည်။
New York City တွင်လူတိုင်း ပြောကြသည်က အိမ်လခ အင်မတန်ဈေးကြီးသည်။
Manhattan တွင် တစ်ခန်းထဲတွင်နေတာကို ၓ$1000 လောက်ကနေ ဒီထက်ပိုနိုင်ပါသည်။
မြန်မာအများစုနေသော Jackson Height, Elmhurst တို့ တွင် တစ်ခန်းကို ၓအနည်းဆုံး $600 လောက်ရှိနိုင်ပါသည်။
အိမ်လခအတွက်လည်း အလုပ်လုပ်ရပါသည်။ အိမ်လခနဲ့ တင် လစာတွေကုန်ပါသည်။
တစ်ပတ်ကို ငွေထုတ်ပေးတယ်ဆိုပေမဲ့ ကောက်လိုက်တဲ့ အခွန်တွေက အင်မတန်များပါသည်။
Check နဲ့ လစာရတယ်ဆိုရင် ငွေက ကိုယ့်လက်ထဲမရောက်ခင် အခွန်တွေကဖျက်သွားပါသည်။
အခွန်နှုန်းတွေက ရှုပ်ထွေးသည်။ ကျွန်တော့်အတွေ့ အကြုံအရ အချိန်ပိုင်းအလုပ်လုပ်ရာတွင် ၓ$270တွင် အခွန်တွေက $70လောက်ယူသွားပြီး $200 သာကျန်ပါတော့သည်။
ဘယ်အခွန် ဘယ်နေရာက ယူတယ်လို့ တော့ စာရွက်တွင်ရေးထားပါသည်။
အနည်းဆုံးလစာက $12 လောက်တော့ရှိပေမဲ့ ကျွန်တော့်အတွေ့ အကြုံရ လူနေမှုစရိတ် ( အိမ်လခ ၊ စားစရိတ် ၊ ကားစရိတ် ၊ ဖုန်းစရိတ် ) နဲ့ ယှဉ်လိုက်ရင် မလုံလောက်ပါ။
အမေရိကားတွင် အမေရိကန်ကောလိပ်က ဘွဲ့ ရပြီးမှလုပ်သော အလုပ်တွေက ပိုလစာကောင်းပါသည်။
Bachelor Degree ရပြီးချင်းချင်း ရတဲ့အလုပ်တွေတောင် လစာကအရမ်းမကောင်းပါ။ အခြေခံလစာ တစ်နာရီ ၓ$12 ထက် နည်းနည်းလေးပဲ ပိုပါသည်။ ရာထူးတိုးပေးတဲ့အတွက် Bachelor Degree က ရာထူးတိုးဖို့ လိုအပ်တဲ့အရာဖြစ်ပါသည်။
 Bachelor Degree is the New High School Diploma. လို့ ပြောကြပါသည်။
Bachelor Degree သည် အထက်တန်းကျောင်းအောင်လက်မှတ် အသစ်ပာု ပြောကြပါသည်။
မှန်ပါသည်။ လစာတွေကိုကြည့်လိုက်ပါ။ အခြေခံလစာထက် နည်းနည်းလေးပဲ ပိုပါသည်။
ဒါကြောင့် M.A , Master Degree ကို ကျောင်းသား ၊ ကျောင်းသူတွေ ဆက်ပြီးတော့တက်ကြပါသည်။
ဒါမှ လစာပိုကောင်းပါသည်။ အရင်က Bachelor Degree နဲ့ ရတဲ့လစာကို M.A နဲ့ မှ ရပါသည်။
ဆရာမလုပ်မယ်ဆိုရင် မတက်မနေရပါ။ အထက်တန်းကျောင်း တွင်စာသင်တဲ့အလုပ်ရတာနဲ့ ၃ နှစ်အတွင်း M.A in Education ဆက်တက်ရပါမည်။
အမေရိကန် စီးပွားရေးသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးဖြစ်သည့်အတွက် အလုပ်တွေက တစ်ခြားနိုင်ငံတွေက စီးပွားရေးနဲ့ ယှဉ်လိုက်ရင် ပိုများပါသည်။ သို့ သော် မေ့နေကြသည်။ လျှောက်သည့်လူတွေက များသည်။
အလုပ်တွေက အများကြီးဖြစ်သည်။ တစ်ချိန်ထဲတွင် လျှောက်သည့်သူတွေအများကြီးဖြစ်သည်။
၅ နှစ်အတွေ့ အကြုံရှိရမယ်လို့ ရေးထားတော့ ဘယ်နဲ့ ဘယ်လိုအလုပ်ရမှာတုန်း။
အမေရိကားတွင် ကောလိပ်တွေအများကြီးရှိသည်။
ကိုယ်ကျောင်းအောင်သည့်နှစ်တွင် ကိုယ့်မေဂျာနယ်ပယ်တွင် လူဘယ်နှစ်ယောက် အောင်ကြသလဲ။
ထိုလူတွေအလုပ်ရှာကြတော့မည်။ ကိုယ်လည်း အလုပ်ရှာမည်။
အလုပ်ရှာဖို့ အလုပ်ပေါသည်ဆိုသည့် New York City ကိုလာမည်။
ကိုယ်လည်း New York City ကကုမ္ပဏီတွေတွင် လျှောက်မည်။
ကိုယ်အလုပ်ရပါ့မလား။ ကံနှင့်လည်း ဆိုင်သည်ပာုထင်ပါသည်။
နိုင်ငံတစ်ကာ ကျောင်းသားကျောင်းသူများ Student Visa သမားတွေအတွက် အလုပ်ရဖို့ ဆိုရင်
အလုပ်ရှင်ကနေ လိုလိုချင်ချင် sponsor ပေးဖို့ လိုပါသည်။
Work-permit Visa ပေးဖို့ လိုပါသည်။
ကျောင်းပြီးချင်းချင်း Training ဆင်းဖို့ အတွက် အချိန်တွေပေးထားပါသည်။
သို့ သော် ထိုအချိန်အတွင်း အလုပ်မရနိုင်ရင်တော့ ကိုယ့်နိုင်ငံပြန်ရပါလိမ့်မည်။
ပေါသည့်အလုပ်ဆိုတာက အောက်ခြေအလုပ်တွေ
Cafe Bene က ကော်ဖီဖျော်သည့်အလုပ် ၊ Kungfu Tea က လက်ဖက်ရည်ဖျော်သည့်အလုပ်ဖြစ်သည်။
ဝင်ငွေကောင်းသည့်အလုပ်သည် Bachelor Degree, M.A degree ရမှာကောင်းသည်။ M.A Degree ထိရမှ Middle Class ( လူလတ်တန်းစား ) အဆင့်ကိုနေနိုင်သည်။
ဒါမှ တစ်နာရီ ဘယ်လောက်ဆိုပြီး ၀င်ငွေကောင်းသည်။
လူနေမှုစရိတ်နဲ့ ယှဉ်လိုက်ရင် စားဝတ်နေရေးအတွက်သာ လုံလောက်သည်။
ဒါတောင် အနိမ့်ဆုံးအဆင့်တွင်ဖြစ်သည်။
မြန်မာနိုင်ငံ တက္ကသိုလ်တွေကိုတော့ မစော်ကားချင်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံ တက္ကသိုလ်က ဘွဲ့ တွေကို အလုပ်လျှောက်ရင် သုံးလို့ မရပါဘူး။ တကယ်အသုံးမ၀င်ပါဘူး။
အမေရိကားက ဘွဲ့ ရမှ ခန့် ချင်ကြသည်။
မြန်မာနိုင်ငံက စီးပွားရေးဘွဲ့ ရလိုဆိုပြီး ဒီနိုင်ငံက စီးပွားရေးဘွဲ့ ရ နဲ့ ယှဉ်တူ အလုပ်လုပ်လို့ မရပါဘူး။
ကုမ္ပဏီတွေက မခန့် ပါဘူး။ သူတို့ က လစာကောင်းတဲ့အလုပ်လုပ်နေရင် ကိုယ်ကစာရေးအဆင့်သာရနိုင်ပါသည်။
ဆရာဝန်တွေကအစ အမေရိကားတွင်ရောက်တော့ စာမေးပွဲပြန်ဖြေရပါသည်။
ထိုစာမေးပွဲကိုအောင်မှသာ လိုင်စင်ဆိုသောအရာရမှသာ မြန်မာပြည်က ဆရာဝန်တွေ ဆရာဝန်အလုပ်ရပါသည်။
ထိုစာမေးပွဲကိုဖြေပြီး လိုင်စင်မရသေးပါက ဆေးရုံ ၊ ဆေးခန်းတွင် အကူအလုပ်သာ ရမည်။
အထီးကျန်စွာနေဖို့ ပြင်ထားပါ
အမေရိကားတွင်လူတွေ တစ်ယောက်နဲ့ တစ်ယောက်တွေ့ ဖို့ အမြဲတမ်းမတက်နိုင်ကြပါ။
လူတိုင်းက ကိုယ့်အလုပ်နှင့်ကိုယ် အလုပ်များကြသည်။ သူငယ်ချင်းတွေ့ ဖို့ အင်မတန်ခက်သည်။
ဖုန်းပြောဖို့ လောက်ပဲ တက်နိုင်သည်။ လူချင်းတွေ့ ဖို့ ဆိုတာက မလွယ်ပါ။
ရည်းစားရဖို့ လည်း မလွယ်ပါ။
အင်မတန်အေးသည်
New York တွင် ရာသီဥတု အင်မတန်အေးသည်။
May, June, July, Augustလောက်ထိသာ နွေးသည်။ ကျန်သောလတွေက အေးသည်။ စက်တင်ဘာက စပြီး ၂၀၁၇ တွင်အေးလာသည်။ Climate Change ဆိုတာ တကယ်ရှိသည်။
အေးတာက အင်မတန်စောလာသည်။
မြန်မာနိုင်ငံလိုအပူရပ်ပိုင်းကလာရင်တော့ အင်မတန် အင်မတန် အေးသည်။
အမေရိကားကို လာနေမယ်တော့ဆိုရင် သေချာစဉ်းစားပါ။ တိုက်တွေအလင်းရောင်တွေ ထိန်ထိန်လင်းနေသည့် တိုက်မြင့်များ ၊ Times Square တို့ သည် အလည်အတွက်သာ ကောင်းသည်။
နေကြည့်ပါ။ ဘ၀သည်ခက်ခဲသည်။ အိမ်လခ ၊ စားစရိတ် ၊ သွားလာစရိတ် ၊ တစ်ခြားလိုချင်တာဝယ်ဖို့ စရိတ်တွေအတွက် ၀င်ငွေကောင်းတဲ့အလုပ်ရဖို့  ဘွဲ့ ရဖို့ ကြိုးစားရတာတောင် မလွယ်လှပါ။
စိတ်ပိုင်းဆိုင်ရာ ပြဿနာများ အမေရိကားကဘ၀ကြောင့် ရလာမည်။
များသောအားဖြင့် စိတ်ပူပန်ခြင်းကနေ စိတ်ဓာတ်ကျခြင်းတွေက ဖြစ်တတ်သည်။
စိတ်ရောဂါကုဖို့ အတွက် ကုသနည်းတွေက အင်မတန်အဆင့်မြင့်သည်။
သို့ သော် ဘာလို့ ဖြစ်ရလဲဆိုတာကို အမြစ်ကနေ မဖြေရှင်းနိုင်သေးသရွေ့ ဆက်လက်ဖြစ်နိုင်သည်။
မြန်မာနိုင်ငံတွင်နေသည့်အခါ ဘ၀ကလည်းအဆင်မပြေဖြစ်နိုင်ပါသည်။
ဘ၀တွင် အဆင်မဖြေမှု ၊ မကြိုက်မှုများက ဘယ်နိုင်ငံ ၊ ဘယ်မြို့ မှာနေနေ ရှိနိုင်ပါသည်။
သို့ သော် imbalance ( မညီမျှမှု ၊ စိတ်မကျေနပ်မှုက စိတ်ကျေမှုနပ်ထက် ပိုများနေရင် )တော့ ဖြေရှင်းချက်လုပ်ရပါမည်။ ဒီအဆင့်ထိရောက်သွားရင်တော့ ပြဿနာဖြေရှင်းချက်တွေကို စဉ်းစားရပါမည်။ လူတိုင်းငွေလိုချင်ကြသည်။ လူတိုင်း အဆင့်မြင့်သောဘ၀ကိုနေချင်ကြသည်။ သို
အပေါ်ယံအရာ ငွေနှင့်လူနေမှုအဆင့်အတန်း စတာတွေနဲ့ တင် မလုံလောက်ပါ။
ဘ၀သည် ကိုယ့်စိတ်ထဲတွင် အတွင်းထဲတွင် ပျော်ရွှင်မှု ၊ ကျေနပ်မှုဆိုတာလည်း လိုအပ်ပါသည်။
ငွေနောက်ကြီးပဲလဲလိုက်လို့ မရ ၊ ကိုယ့်အတွင်းထဲက ပျော်ရွှင်မှုနောက်ကြီးကိုပဲလိုက်လို့ မရ။
အပြင်ကအရာနှင့် အထဲကအရာ နှစ်ခုစလုံးကို ပေါင်းပြီးတော့ ကိုယ်နဲ့ ကိုက်ညီသည့် အရာကိုရွေးချယ်ရပါသည်။
အမေရိကားတွင်နေတာက ကျွန်တော့်ကို ဘ၀အကြောင်းကိုစဉ်းစားစေပါသည်။
မြန်မာနိုင်ငံမှာနေတုန်းကတောင် ဒဿနစာတွေ ၊ စိတ်ကျန်းမာရေးအကြောင်းတွေ သေချာမစဉ်းစားမိပါ။
ဒီနိုင်ငံရောက်မှ ဘ၀ကို စဉ်းစားမိသည်။ ကိုယ့်ရည်မှန်းချက်ကြောင့် စာကို ပုံမှန်ထက်ပိုပြီး ဖတ်ဖြစ်သည်။
နည်းနည်းနာကျင်တာတွေတော့ ရှိတာပေါ့။ ခေါင်းကိုက်တာတော့ ၊ သက်တောင်သက်သာမဖြစ်တာတော့တို့ ရှိတာပေါ့။
ကျွန်တော့်အတွက် ဘ၀ဆိုတာ struggle ( တိုက်ပွဲဝင်သလို ကြိုးစာရခြင်း ) ဖြစ်ပါသည်။
ဘ၀မှာအခက်အခဲတွေကရှိနေတယ်။ အမြဲတမ်းအခက်အခဲတွေရှိနေတယ်။
ကြီးသည့်အခက်အခဲ နှင့် သေးငယ်သည့်အခက်အခဲ ဆိုပြီးရှိသည်။ ကိုယ်လိုချင်တာကို ရဖို့ ကိုယ့်အကောင်းဆုံးကို ကြိုးစားရမည်။
ဘ၀သင်ခန်းစားအမြောက်အများကို ကျွန်တော်သင်ခဲ့ရပါသည်။ ဒါတွေကိုနောက်မှရေးမည်။
ဒါကျွန်တော်နေဖူးတော့ ကိုယ်တွေ့ တွေကို ပြောနေတာပါ။
အမေရိကားတွင်နေတာ ကျွန်တော်အကြိုက်ဆုံးအရာ တစ်ခုသာရှိသည်။
ထိုအရာက စာအုပ်များ ၊ စာအုပ်တွေမြောက်များစွာရှိပါသည်။ ကောလိပ်စာကြည့်တိုက် ၊ အများပြည်သုံးစာကြည့်တိုက် ၊ စာအုပ်ဆိုင် တို့ ဖြစ်ပါသည်။
ကျွန်တော်စိတ်ဝင်စားသော သမိုင်းကအစ ၊ ငွေရင်းနှီးမြုပ်နှံမှု ၊ စီးပွားရေးအထိ စာအုပ်တွေမြောက်များစွာရှိပါသည်။ မြန်မာလိုဘာသာပြန်ထားတဲ့ စာအုပ်တွေက  အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေက သမုဒ္ဒရာပင်လယ်ဆိုရင် မြန်မာလိုဘာသာပြန်ထားတဲ့ စာအုပ်တွေက ရေခွက်ထဲက ရေအဆင့်သာရှိပါသေးသည်။ အင်္ဂလိပ်လို နှင့် ဥရောပဘာသာစကား ဥပမာ-ဂျာမန်လိုရေးထားတဲ့ စာအုပ်တွေက အင်မတန်များပါသည်။
အမေရိကားတွင် ရှိသောပါမောက္ခတွေက အင်မတန်တော်ပါသည်။
ကျွန်တော်အတွေ့ အကြုံအရ အမေရိကားသည် ပညာလေ့လာသင်ယူရာတွင်သာ ကောင်းပါသည်။ နေထိုင်ရတာ မလွယ်ကူလှပါ။
ကျော်ထွန်း
ကျော်ထွန်းသည် City University of New York, Hunter College တွင့်လေလာနေသော ကျောင်းသားတစ်ယောက်ဖြစ်ပါသည်။
No comments:
Post a Comment
mr.kyaingtun@gmail.com