တကယ်တော့၊အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ၊ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ၊အလေးနက်ဆုံး အသိဉာဏ်ကို ဘဝတွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး၊ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပါပဲ(ဆရာတော်ဦဇောတိက)
Sunday, June 28, 2020
Sunday, June 21, 2020
Friday, June 19, 2020
ဗိုလ်အောင်ရဲကျော်နှင့် ကျနော် by Kyaing Tun on Saturday, April 30, 2011 at 7:59pm
တွေနဲ့ အရူးတပိုင်းဖြစ်နေခဲ့ တယ်၊သူလိုလူမတွေ့ ဘူးခဲ့ ဘူး၊ကျနော်နဲ့ အသက်တူတူပါ၊ချမ်းသာတာခြင်းနိုင်းယှဉ်ကြည့် တယ်၊
တွေနဲ့ အရူးတပိုင်းဖြစ်နေခဲ့ တယ်၊သူလိုလူမတွေ့ ဘူးခဲ့ ဘူး၊ကျနော်နဲ့ အသက်တူတူပါ၊ချမ်းသာတာခြင်းနိုင်းယှဉ်ကြည့် တယ်၊
သူ့ အမြင်
ဖာတီသမိန်ထွန်း ကျနော်တို့ ကရင့်တော်လှန်ရေးကြီး ဘာကြောင့်စတင်ခဲ့ရတာလဲ
ဖါးထီသမိန်ထွန်းအစား အတီးအတီးမန်းဖြေချင်တယ်...ရမလား..မရလဲပြောမှာဘဲ...ကရင်နိုင်ငံရေးအဖွဲ့ အစည်းတွေဟှာမြန်မာနိုင်ငံရေးအဖွဲ့ အစည်းတွေနည်းတူ အင်္ဂလိပ်ဆီကနေလွတ်လပ်ရေးတောင်းဆိုခဲ့တယ်.. ဒုတိယကဘာစစ်မှာ မဟာမိတ်ဘက်ကပါဝင်တိုက်ခိုက်ခဲံတဲ့ အတွက်အတလန်တိတ်ချာတာစာချုပ်အရ ကရင်ဟာလွတ်လပ်ရေး တောင်းခွင့်ရှိတဲ့ အမျိုးသားတရပ်ဖြစ်ခဲ့တယ်..မြန်မာပြည်ကိုဂျပန်လက်ကနေ အင်္ဂလိပ်ကပြန်တိုက်ယူရာမှာ ကရင်တပ်တွေဟာ အဒိကဖြစ်ခဲ့တယ်။ အဂ်လိပ်ခေတ်နှစ်၁၀၀ အတွင်းကရင်တွေစစ်မှုထမ်းခဲ့ကြပြီးစစ်ပညာနဲ့ စစ်ပွဲအတွေ့ အကြုံမြင့်လို့ ဖြစ်တယ်။ ဘီအိုင်အေတပ်ဟာ ဂျပန်ကိုတိုက်တဲ့စစ်ပွဲမှာ အဓိကမဟုတ်ဘူး..ဂျပန်တွေ ရဲဘော် ၃ကျိတ်ရဲ့ လမ်းပြမှုနဲ့  ကွေးမြစ်ကိုဖြတ်ပြီး မြန်မာပြည်ထဲကိုဝင်လာချိန်မှာမှစဖွဲ့ ဖြစ်တဲ့ ဘီအိုင်အေတပ်ဆိုတာက ဂျပန်တပ်ြဖတ်သန်းခဲ့သမျရွာတွေက တပ်ထဲဝင်လာကြတဲ့ အရပ်သားတွေနဲ့ ဖွဲ့ စည်းတာဖြစ်တယ်..သေနပ်မပစ်တတ်ကြဘူး..မြင်တောင်မမြင်ဘူးကြတာကများတယ်။ လွတ်လပ်ရေးမရခင်အချိန်အထိ ၄-၅နှစ်အတွင်းမှာ ဘီအိုင်အေတပ်ဆိုတာက လမ်းလျှောက်သင်စအဆင့်ထက်မပိုသေးဘူး..ဂျပန်က ဘီအိုင်အေတပ်ဖွဲ့ ပေးလိုက်တဲ့ရည်ရွယ်ချက်ကှမြန်မာလူထုကိုဂျပန်ဘက်သားဖြစ်အောင်စည်းရုံးဖို့ ဟန်ပြဖွဲ့ ပေးတာဖြစ်တယ်..တကယ်စစ်တိုက်တတ်တဲ့တကယ့်စစ်တပ်ဖြစ်လာစေဖို့ မဟုတ်ဘူး..မြန်မာတွေလွတ်လပ်ရေးရသွားတာက နိုင်ငံရေးနည်းသက်သက်ပါဘဲ..စစ်ရေးအရမဟုတ်ဘူး..လွတ်လပ်ရေးရလာတဲ့အခါမှာ ကရင်တပ်တွေ နိုင်ငံရေးပါတီတွေကို မြန်မာကစိတ်မချဘူး။ သမိုင်းမှန်အဖြစ်မှန်တွေပေါ်မှာကိုလဲမလိုလားဘူး..ဒီတော့ကရင်ကိုနိုင်ငံရေးနည်းအမျိုးမျိုးနဲ့ ဥပဒေအပြင်ဘက်ရောက်သွားအောင်လုပ်တယ်..ကရင်အမျိုးသားတွေရဲ့ အဖွဲ့ ချုပ်ဖြစ်တဲ့ကေအဲန်ယူကိုမတရားအသင်းကျေညာဖမ်းဆီးချုပ်နှောင်ဖျောက်ဖျက်မှုတွေလုပ်တယ်..ကရင်တပ်ရင်းတွေအားလုံးဟာ မြန်မာအစိုးရရဲ့ လက်အောက်ခံတပ်အဖြစ်ကနေ နှုတ်ထွက်ပြီး ကေအဲန်ယူနဲ့ ပူးပေါင်းလာကြတယ်..ဒီတော့ မြန်မာအစိုးရကလဲ သူ့ အပိုင်ဖြစ်သွားတဲ့ ဂျပန်ကလေ့ကျင့်ပေးလိုက်တဲ့ စစ်တပ်ကိုသုံးပြီး ကရင်ကိုတိုက်ခိုက်နှိမ်နင်းတယ်..ဒီတော့ ဒါ.တ်ာလှန်ရေးရဲ့ အစပါဘဲ..(အိနိဒိယပြန် ကရင်လေထီးစစ်သား ၂၀၀၀ မှာပါခဲ့တဲ့ ဖခင်ဗိုလ်ဖိုးချစ်နှင့်သူ့ ရဲဘော်ရဲဘက်များရဲ့ စကားဝိုင်းကနေ ငယ်ငယ်ကကြားခဲ့ရသိခဲ့ရတာပါ။ ဗိုလ်ဖိုးချစ်ဟာ ဂျပန်တွေဗုံးမိုးရွာချလို့  အဂ်လိပ်တပ်ကမနတလေးကနေဆုတ်ခွာရေးမှာ ရှောရှောရှူရှူဖြစ်အောင် လေယဉ်ပစ်အမြောက်တပ်ကိုဦးစီးပြီး တပတ်တိတိဂျပန်လေယဉ်တွေကိုပစ်ချခဲ့သူဖြစ်ပါတယ်။ ဗစ်တိုးရီးယားဘုရင်မရွှေတံဆိပ် ၂ခုနဲ့ တခြား ဘွဲ့ ထူးတွေချီးမျှင့်ခံခဲ့ရသူလဲဖြစ်ပါတယ် )
အဂ္ဂရဲ့ သီချင်းတပုဒ်
ကဲ..ကဲ..နိုင်ငံရေးတွေချည်းအမြဲပြောနေလို့  နိုင်ငံရေးငမူးလို့ လဲမထင်နဲ့ဦး..လူတိုင်းကြိုက်တဲ့ ဂီတအနုပညာကိုလဲကြိုက်တတ်ပါတယ်..ခုဒီမှာ သီချင်းစာသားလေးတပုဒ် ကိုယ်တိုင်ရေးစပ်ပီးဝေမျှထားတယ်..အဂ်လိပ်သီချင်းဟောင်းတပုဒ်ကိုမူရင်းဆိုလိုချက်အတိုင်း ဘာသာပြန်ထားတာပါ..မူရင်း အဂ်လိပ်သီချင်း နာမယ်ကို ခန့် မှန်းကြည့်ပါ..မှန်တဲ့လူကို ဆုချမယ်..စာသားကတော့ အောက်ကအတိုင်းပါဘဲ..
• ရထားကအဆင်း မြင်လိုက်ရတဲ့
ငါ့အိမ်အိုလေး အရင်အတိုင်းဘဲ..
ဖေဖေနဲ့ မေမေ အားရ၀မ်းသာကြိုနေ..
နောက်နားမနီးမဝေးမှာ အပြေးအလွှားလှမ်းရင်း-
ငယ်ချစ်ဦးလေးပြုံးလို့ ဘဲကွယ်..
သိတ်ပျော်စရာပါ ငါ့ရဲ့မွေးဌာနေ..
သူတို့ အားလုံးပြုံးရွှင်မှုနဲ့ 
ပွေ့ဖက်ကြိုဆို ကြတဲ့အခိုက်ဟာ
သိတ်ပျော်စရာပါ ငါ့ရဲ့မွေးဂေဟာ…
• နံရံအိုလဲခြောက်ခါ..
ဆေးရောင်တွေလဲ အက်ကွဲလို့ နေ..
အိမ်အိုငယ်လေးရဲ့ နောက်က မြယာပင်အိုမှာ..
ငါတို့ ကလေးဘ၀တုန်းက တက်ဆော့ခဲ့တာ
မမေ့ရက်ပါနိုင် ယနေ့ ထက်ထိတိုင်..
သိတ်ပျော်စရာပါ ငါ့ရဲ့မွေးဂေဟာ…
သူတို့ အားလုံးပြုံးရွှင်မှုနဲ့ 
ပွေ့ဖက်ကြိုဆို ကြတဲ့အခိုက်ဟာ
သိတ်ပျော်စရာပါ ငါ့ရဲ့မွေးဂေဟာ…
(စကားပြော)
• အဲလိုကြည်နူးနေတုန်းမှာ လန့် နိုးလာတော့၊
လေးဘက်လေးတန်ကာရံထားတဲ့အုတ်နံရံကြားမှာ
ငါရှိနေတာပါလား..
အော်ဟုတ်သားဘဲ..ငါအိမ်မက်မက်နေတာကိုး..
အစောင့်တယောက်နဲ့ ဘုန်းတော်ကြီးတပါးရဲ့ 
ကျေကွဲတဲ့မျက်နှာကိုငါမြင်နေတယ်-
သူတို့ ငါ့ကို မနက်စောစောပိုင်းမှာ သယ်ဆောင်ပြီး
မြယာပင်အိုအောက်မှာ ထားရစ်ခဲ့တယ်လေ.
ငါ့ရဲ့ရှင်သန်နေဆဲ အသိအာရုဏ်မှာတော့
ငါဟာ သိတ်ပျော်စရာကောင်းတဲ့ မိဘနဲ့ ငယ်ချစ်ဦးရှိရာ
ငါ့ရဲ့စိမ်းလန်းသာယာတဲ့ မွေးရပ်မြေကိုပြန်ရောက်နေပါလား...
• သူတို့ အားလုံးပြုံးရွှင်မှုနဲ့ ပွေ့ဖက်ကြိုဆို ကြတဲ့အခိုက်ဟာ သိတ်ပျော်စရာပါ ငါ့ရဲ့မွေးဂေဟာ…
(မြန်မာပြည် ဖက်ဒရယ်ဒီမိုကရေစီ ခေတ်ပြောင်းတော်လှန်ရေးအတွက် မိဝေးဖဝေးဘ၀စတေးခဲ့ကြရရှာတဲ့ အညတြ ရဲဘော် သူငယ်ချင်းအားလုံးကို ဒီသီချင်းနဲ့အလေးပြုလိုက်ပါတယ်)...
တိုင်းရင်းသား မျိုးမပျောက်ရေး သန်းကောင်စာရင်း ကိစ္စ ညီနောင်လူမျိုးစုများသို့  တင်ပြချက်..
တိုင်းရင်းသား မျိုးမပျောက်ရေး သန်းကောင်စာရင်း ကိစ္စ ညီနောင်လူမျိုးစုများသို့  တင်ပြချက်..
ဒီမိုကရေစီအစိုးရလို့ ပြောလာကြတဲ့ လွန်ခဲ့တဲ့၃နှစ်လောက်ကစပြီး လူမျိုးစုတွေရဲ့ နာမယ်ရှေ့ မှာ လူမျိုးခြား တွေရဲ့ သင်္ကေတရှေ့ စီးတွေမထည့်ဖို့ အထူးသဖြင့် ဦး ဒေါ်တွေအစား
ကရင်ဖြစ်ရင် စော မန်း နော် နန်းစတာတွေကိုအမှန်အတိုင်းထည့်ပေးဖို့  အီးမေးလ် နဲ့ မီဒီယာ တချို့ မှာ ကျနော်ဝေစာတွေမျှပေးခဲ့ပါတယ်။ ဥပဒေအောက်က
ကရင် နိုင်ငံရေးပါတီအတွေ အပြင် မွန်၊ သျှမ်း၊ ချင်း၊ ကချင်၊ ကရင်နီ၊ ရခိုင်၊ အဲန်အဲလ်ဒီ၊ အောင်ဆန်းစုကြည်၊ ဒီဖီအဲန်အက်စ်၊ အေဘီအက်စ်ဒီအက်စ်
၊ ကြံ့ ဖွံ့ ၊ သမတ စတဲ့ ရသမျှ ဆိုရှယ်မီဒီယာလိပ်စာတွေကနေပြီးတော့ လဲ ကွန်မန့် တွေအဖြစ်ညတိုင်းနီးပါးဖြန့် ပေးခဲ့ပါတယ်။
မကြာခင်မှာ ဒီကိစ္စအတွက် ကရင် ၄ပါတီကနေပူးပေါင်းဆောင်ရွက်မှုတွေကိုတွေ့ လာရတယ်။ နောက်မကြာခင်မှာဘဲ ချင်း အဖွဲ့ အစည်းတွေဒီကိစ္စကို ပြောလာကြတယ်။
သျှမ်းနီတွေနဲ့ မွန်တွေဘက်မှာလဲ ဒီအရေးဟာအသက်ဝင်အားကောင်းလာတယ်။ နောက်ဆုံးတော့ လွှတ်တော်မှာပြောကြဆိုကြတဲ့အဆင့်ကိုရောက်တယ်။
ထိုင်းနိုင်ငံသမိုင်းမှ တိုင်း(သျှမ်း)။ ၀ နှင့်မွန်တို့ အကြောင်း-
ထိုင်းနိုင်ငံသမိုင်းမှ တိုင်း(သျှမ်း)။ ၀ နှင့်မွန်တို့ အကြောင်း-
တိုင်း လူမျိုးတို့ ၏အမိမြေသည် ယူနန်ဆိုသည်ထက် ဂွမ်ဇီ ပြည်နယ်ဖြစ်ဖို့ များသည်။
တရုတ်ဘာသာဖြင့် ဆူအန်(Zhuang)ခေါ် တိုင်းလူမျိုးလူဦးရေသန်းပေါင်းများစွာသည် ဂွမ်ဇီပြည်နယ်တွင် ယနေ့ တိုင်
နေထိုင်လျှက်ရှိသည်။ တိုင်းလူမျိုးတို့ သည် အေဒီ ၇၀၀ခန့် တွင် ဗီယက်နမ် နိုင်ငံဒိန်ဘင်ဖူးဒေသ၌
အခြေချပြန့် ပွားခဲ့ကြသည်။ ထိုဒေသမှတဆင့် ယနေ့ လာအိုနိုင်ငံ၏သမိုင်းဝင်မြို့ တော်ဖြစ်သော လွမ်ဖရာဘန် နှင့်
ထိုင်းမြောက်ပိုင်းရှိချင်းစဲန်မြို့ တော်တို့ ကိုထူထောင်သည်။ တိုင်းမင်း စင်ဟန၀တီ (Simhanavati)က
ဒေသခံဝလူမျိုးတို့ ကို မောင်းထုတ်ပြီးအေဒီ ၈၀၀ ခန့် တွင် ချင်းစဲန်မြို့ တော်ကိုတည်ထောင်ခဲ့ခြင်းဖြစ်သည်။
မွန်နှင့်ရှမ်း သမိုင်းထဲမှ ကရင်တို့ ဆင်းသက်လာပုံအကြောင်း
မွန်နှင့်ရှမ်း သမိုင်းထဲမှ ကရင်တို့ ဆင်းသက်လာပုံအကြောင်း
----------------------------------------------------------------
ကရင်လူမျိုးသည် ရှေးဦးရှမ်းမျိုး(၃၀)တွင်ပါဝင်သည်။ပါဠိစာဖြင့် ကိရာတ ဟုရေးသားရာမှ
ကရဖြစ်လာသည်။ အဘိဓာန်နိသျှသစ်တွင် ကရတ.ကရင်ဟုရေးသားသည်။
သထုံပြည်ကိုကမ္ဘာဦးခေတ်က ရာမညရဋ္ဌ-သုဝဏ္ဏဘူမိ သုဓမ္မ၀တီ သထုံပြည်ဟုခေါ်တွင်ခဲ့သည်။
ဂေါတမဗုဒ္ဓမတိုင်မီ နှစ်(၅၀) ခန့် တွင်မူထို သုဝဏ္ဏဘူမိတိုင်းကို ကရဏ္ဏကတိုင်းဟုခေါ်သည်။
ကရဏ္ဏကတိုင်း သုဘိန္နမြို့ ၌ တိဿသက္ကရာဇာ မင်းကြီးနှင့် သီရိကပ္ပါဒေ၀ီ
မိဘုရားကြီးတို့ ထီးနန်းစံခဲ့သည်။ ကရဏ္ဏကတိုင်းသား တို့ တွင်ပင်လယ်ရေကြောင်းမှ
သဘောင်္ဖြင့် သွားလာကုန်ကူးကြသောကုန်သည်များရှိခဲ့သည်။
့မြန်မာကရင်-
ပြည်မြို့ အနောက်ဖက်ဧရာဝတီမြစ်ကမ်းတလျှောက်နှင့်သံတွဲတောင်စဉ် (၇)ခရိုင်တွင်
နေထိုင်ခဲ့ဘူးသော ကမ်းယံလူမျိုးမှ ဆင်းသက်ပေါက်ပွားလာသောကရင်
လူမျိုးစုကို မြန်မာကရင်ဟုခေါ်သည်။ နောက်ကာလများတွင် စကောကရင်ဟုခေါ်တွင်ပြန်သည်။
ဖါးစည်သမိုင်းအပိုင်းအစ
ဖါးစည်သမိုင်းအပိုင်းအစ
တရုတ်ပြည်သူ့ သမတနိုင်ငံစတင်ထူထောင်သည့် ၁၉၄၉ နှင့် ဗီယက်နမ် ကိုတောင်နှင့်မြောက်ခွဲလိုက်သော ၁၉၅၄ ခုနှစ်များတွင် တရုတ်သုတေသီများကရော
ဗီယက်နမ်သုတေသီများကပါ ဖါးစည်သုတေသနလုပ်ငန်းများကို အပြိုင်အဆိုင်လုပ်ခဲ့ကြသည်။နှစ်ဘက်လုံးကဖါးစည်သည်ကို မိမိတို့ နိုင်ငံတွင် အရင်စလုပ်သည်ဟု
ရေးသားဖေါ်ပြကြသည်။ ၁၉၇၀-၁၉၈၀ နှစ်များတွင် တရုတ်ရောဗီယက်နမ်ကပါ ဖါးစည်နှင့်ပတ်သက်သော စာအုပ်စာတန်းများစွာပုံနှိပ်ထုတ်ဝေကြသည်။
၁၉၈၀ မတ်လ၌ တရုတ်ပြည် Guangxi ပြည်နယ်မြို့ တော်နန်နင်း Nanning တွင် ပထမအကြိမ်ရှေးဟောင်းဖါးစည် စီမီနာတရပ်ကိုကျင်းပပြီး
The Chinese Association for Ancient Bronze Drum Studies ZGTY ကိုထူထောင်ခဲ့သည်။ ၁၉၈၄ တွင်ယူနန်ပြည်နယ်ကူမင်မြို့ တော်တွင်လည်း
ရှေးဟောင်းဖါးစည် စီမီနာတရပ်ကိုကျင်းပခဲ့ပြန်သည်။ ၁၉၈၇ တွင်ဗီယက်နမ်သုတေသီများက The Dong Son Drum ဆိုသည့်စာအုပ်ကိုထုတ်ဝေဖျန့် ချီပြီး
တရုတ်တို့ ၏တွေ့ ရှိချက်များကို ကောင်တာလုပ်သည်။ ၁၉၈၈တွင်The Chinese Association for Ancient Bronze Drum Studies ZGTY ကလည်း
The Ancient Bronze Drums of China ဆိုသည့်စာအုပ်ဖြင့်ဗီယက်နမ်၏ ဖါးစည်သမိုင်းကို တန်ပြန်ချေဖျက်ခဲ့ပြန်သည်။
ထိုနှစ်တွင်Yunan ပြည်နယ်ရှိ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြတိုက်တွင် ရှေးဟောင်းဖါးစည် ၁၄၆၀ လုံးခန့် ရှိပြီး ၁၉၈၀နှစ်များအတွင်း
ဗီယက်နမ်တွင်ရှာဖွေတွေ့ ရှိသည့်ရှေးဟောင်းဖါးစည်စုစုပေါင်း၃၆၀ရှိသည်။
Ethnic Zhuang (Zhou)Chinese Frog drum
Ethnic Zhuang (Zhou)Chinese Frog drum
ကရင်လူမျိုးကို တရုတ်ဘာသာနဲ့ ချို(Zhou)လို့ ခေါ်တယ်။ "ယန်"ဆိုတက တရုတ်စကားမဟုတ်ဘူး။ ရှမ်းကကရင်ကို"ယန်"လို့ ခေါ်တာဖြစ်တယ်။ Zhou ကို ရှေးခေတ်က Pu လူမျိုးလို့ ခေါ်ပြီး နောက်ပိုင်း တရုတ်လူမျိုး Qin မင်းဆက်မှာ De'ang လို့ ပြောင်းခေါ်တယ်။ Zhou ဆိုတာက ခုလက်ရှိ အခေါ်အဝေါ်ဖြစ်တယ်။ Zhou ဟာ ရွှေ့ ပြောင်းလူမျိုးတမျိုးဖြစ်ပြိး တရုတ်ြပည်မဖြစ်ခင်သမိုင်းမတင်မီက တရုတ်ပြည်မှာ အဦးဆုံးနန်းစိုက်နေထိုင်တဲ့ ရှမ်း(Shang)မင်းဆက် အစား နေရာဝင်ယူကြတယ်။Shang ရှေးဟောင်းဝတ်စားဆင်ရင် ပုံဟာ ခုခေတ်မြန်မာပြည်ကရှမ်း(Shan)တချို့ ရဲ့ ရိုးရာ အ၀တ်အစားနဲ့ ဆင်တယ်။
Zhou ခေါင်းဆောင်တွေဟာ ရှေးဟောင်းလူသားရှမ်းတွေရဲ့ ဓလေ့တခုဖြစ်တဲ့ လူအသက်နဲ့ နတ်ပူဇော်တာကို ဖျက်သိမ်းခဲ့တယ်လို့ကမ္ဘာဦးတရုတ်သမိုင်းမှာဖေါ်ပြထားတယ်။ ရှမ်းတွေရဲ့ ကြေးသွန်းလုပ်မှုပညာအမွေကိုတော့ ဆက်လက်ထိမ်းသိမ်းတယ်။ ကြေးစည်တွေသွန်းလုပ်တယ်။ မိုးခေါင်ရင်မိုးခေါ်ဖို့ အတွက် ဖါးရုပ်စီထားတဲ့ကြေးစည်ကိုတီးတယ် ။ရှေးဟောင်း Zhou လူမျိုးတွေဟာ နေမင်းကိုကိုးကွယ်တယ်လို့ ဆိုတယ်။ ဒါဟာ ကရင်အမျိုးသားအလံမှာနေမင်းပါနေခြင်းနဲ့ဆက်နွယ်နေပုံရတယ်။
Zhou Dynasty ခေတ်မှာ ပြည်နယ်ကိုးခု ဖွဲ့ စည်းထူထောင်ခဲ့တယ်လို့ ဆိုတယ်။
မျက်မှောက် Zhou လူမျိုးတွေရဲ့ ဝတ်စားဆင်ရင်မှုမှာ မွန်ဂို နွယ်၊တရုတ်နွယ်တွေရဲ့ ဒီဇိုင်းကနေရာယူထားတယ်။
တရုတ်ခေတ်က Zhou ခေတ်အကုန်မှာ Qin Dynasty နဲ့စတင်လာတယ်။ အဲဒီခေတ်မှာ စာပေစပေါ်ပေါက်တဲ့အတွက် သမိုင်းကျောက်စာတွေစပြီးတွေ့ ရလို့  သမိုင်းတင်ခေတ်စတင်တာလို့ ဆိုတယ်။----
(ဆက်ဦးမည်--သမိုင်းဝါသနာရှင်များစောင့်မျှော်ပါရန်) ဖါးစည်ပုံက ရုပ်ပြည် Guanxi Nannin မြို့ တော်က Chinese National Museum ကပုံတွေဖြစ်ပါကြောင်း)
The Zhou eventually became stronger than the Shang, and in about 1040 B.C, they defeated the Shang in war. Part of their success apparently came about because
of their ability to gain the allegiance of disaffected Shang city-states. The Shang had also been weakened by constant warfare with an unknown people to the north.
After their victory, the Zhou built their capital in Xi'an.
ဖါးစည်သမိုင်းအပိုင်းအစ (၂)
ဖါးစည်သမိုင်းအပိုင်းအစ (၂)
ထိုင်းနိုင်ငံ သမိုင်းစာတန်းတစောင်တွင် ဖါးစည်ကို စယမ်(Siam) တို့ ၏ ပထမဆုံးမြို့ တော်ဖြစ်သည့် စူခိုထိုင်းတွင်စတင်အသုံးပြုခဲ့သည်ဟုဆိုသည်။ စူခိုထိုင်းခေတ်မတိုင်မီက စယမ်သည် မွန်လူမျိုးတို့ ၏ ဒွာရာဝတီ(Dvaravati) အင်ပါယာဖြစ်ခဲ့ပြီးမွန်တို့ နှင့်ပါလာသည့်အိန္ဒိယ ယဉ်ကျးမှုလွမ်းမိုးခဲ့သည်။ အေဒီ ၇၀၀လောက်တွင် မွန်တို့ ၏ ဟရီပွန်ချိုင်းခေတ် (Hariphunchai)ထေရ၀ါဒစတင်ထွန်းကားသည်။ ထိုမွန်ခေတ်သည် မွန်တို့ ၏ သထုံ နန်းဆက်နှင့်လဲဆက်စပ်သည်ဟု ထိုင်းသမိုင်းတွင်ပါရှိသည်။ လာဗို(Lavo) ယနေ့ အခေါ်လွတ်ဘူရီ မွန် ခမာတို့ ၏မြို့ တော်တခုဖြစ်ခဲ့သည်။
အေဒီ ၁၂၃၈ တွင် စယမ်လူမျိုးများအားကောင်းလာပြီး မွန်နှင့်ခမာတို့ အောက်မှလွတ်
လပ်သော စယမ်တို့ ၏ပထမဆုံးထီးနန်းကိုစိုက်ထူသည်။ ယင်းကိုစူခိုထိုင်း(Sukhothai) ဟုခေါ်သည်။
ဖါးစည်ကို မင်းခန်းမင်းနားများတွင်တီးခတ်သည်။ (ယနေ့ တိုင် ဘုရင့်နန်းနွယ်များကို မင်းခန်းမင်းနားနှင့်ကြိုဆိုရာတွင် ဖါးစည်တီးခြင်းကိုပြုနေကြဆဲဖြစ်ပြီး ထိုင်းတီဗွီသတင်းများ၌တခါတရံတွေ့ ရသည်)။
စူခိုထိုင်းခေတ်ဖါးစည်များသည်ကရင်လူမျိုး(ကရင်နီ)များထံမှ လာသည်ဟု ထိုင်းသမိုင်းတွင်ပါရှိသည်။ ထိုခေတ်ကကရင်(ကရင်နီ)များကလည်း ဖါးစည်ကို ယွန်းလူမျိုးများအားငှားရမ်းလုပ်ခိုင်းသည်ဟုလဲဆိုပြီး ထိုယွန်းလူမျိုးမှာ ရှမ်းခေါ် တိုင်းအနွယ်စုဝင်များဖြစ်သည်ဟုဆိုသည်။ ယွန်းလူမျိုးသည် မျက်မှောက်အချိန်တွင် မြန်မာပြည်၌မျိုးပျောက်လုပြီဖြစ်သော်လည်း ထိုင်းတွင် ၂သောင်းကျော်နှင့် လာအိုတွင် ၆သန်းခန့် ရှိ နေသေးသည်ကို ထိုင်းသန်းခေါင်စာရင်းတွင် ဖေါ်ပြထားသည်။
ရှေးခေတ်တရုတ်လူမျိုးမတိုင်မီက Shang လူမျိုးတို့ ၏ခေတ်ဦးစွာပေါ်ပေါက်ခဲ့သည်ဟု တရုတ်နိင်ငံသမိုင်းတွင် ပါရှိသည်။ ထိုShang များ၏၀တ်စားဆင်ယဉ်ထုံးဖွဲ့ မှုမှာ မြန်မာပြည်ကရှမ်းတို့ နှင့်ဆင်သည်။ Shan ခေတ်သည် ကြေးနီခေတ်ဖြစ်သည်။ Shang တို့ သည် ကြေးသွန်းအတတ်ကိုကျွမ်းကျင်ကြသည်။ Shang ခေတ်မှ Zhou ခေတ်ရောက်သည်။Zhou များက Shang ပညာရှင်များက ဖါးစည်လုပ် ပေးသည်။ Zhou သည် ကရင်လူမျိုးကိုတရုတ်ဘာသာဖြင့်ခေါ်ခြင်း ဖြစ်သည်ဟုဆိုသည်ဟု ထိုင်းသမိုင်းစာတန်းတွင်ဖေါ်ပြပြီး(ချို) ဟုအသံထွက်သည်။ယန်မှာမူ တရုတပြည်ရှမ်းနန်းဆက်နန်ချိုခေတ်က ကရင်များကို ရှမ်းဘာသာဖြင့်ခေါ်ဆိုခြင်းဖြစ်သဖြင့် ယခင်ကနားလည်ခဲ့သကဲ့သို့  တရုတ်ဘာသာမဟုတ်ပေ။
တရုတ်ပြည်တွင် ချိုလူမျိုးများမရှိတော့ပေ။ ရှိနေသေးလျှင်လဲ မြန်မာပြည်မှ ကရင်များကို သူတို့ ၏အဆက်အနွယ်ဖြစ်ကြေညင်းသီချင်မှသိမည်။ မြန်မာပြည်တပြည်ထဲတွင်ပင် နာမယ်အမျိုးမျိုးမှည့်ခေါ်ခံရသော ကရင်သည် ရောက်ရာအရပ်တွင် နာမည်အကြိမ်ကြိမ်နှင့် အမျိုးမျိုးပြောင်းခံရသောလူမျိုးတမျိုးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
(ဆက်ပါဦးမည်)
အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ(၄)….
အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ(၄)…..
ဦးနုအစိုးရနှင့် ကေအဲန်ဒီအို စေ့စပ်ရေး…
အင်းစိန်တိုက်ပွဲအတွင်းတွင် ၀န်ကြီးချုပ်ဦးနုက အစိုးရနှင့်အတူ ကရင်ကိုဝိုင်းတိုက်ပေးရန် မြန်မာကွန်မြူနစ်သူပုန်များနှင့်စေ့စပ်ရာတွင် ကျောင်းတော်ကရန်စများကြောင့် အပြန်အလှန်ယုံကြည်မှုမရှိသဖြင့် စေ့စပ်ရေးပျက်ပြားသွားခဲ့သည်။ သို့ ဖြစ်၍ ကွန်မြူနစ်များနှင့်စေ့စပ်မှုကိုလက်လျှော့လိုက်ပြီး ကရင်နှင့်တိုက်ရိုက်စေ့စပ်ရေးလုပ်နိုင်ရန်အားထုတ်သည်။
လူအများလေးစားယုံကြည်ရသောကြားလူများဖြစ်သည့် ရန်ကုန်ရှ်ိ ဗြိတိသျှသံအမတ်ကြီး မစ္စတာဘိုကာ၊ အိန္ဒိယသံအမတ်ကြီး ဒေါက်တာရပ်(ဖ်)၊ ပါကစ္စတန်သံအမတ်ကြီး မစ္စတာ အလီအပြင် အင်္ဂလီကန် ခရစ်ယန်ဂိုဏ်းချုပ်ကြီး ဘိရှော့ ၀က်(စ်)၊ ဆာစံစီဖိုး(ဗြမ္မဇို သာသနာတည်ထောင်သူ) ၏သမီး မစ္စဘမောင်ချိန် တို့ ကို စေ့စပ်ရေးအကျိုးဆောင်စေသည်။
အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ(၃)…
အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ(၃)…..
ဘေးပတ်အချက်အလက်များ (Context)
အင်းစိန်ကို ကရင်တပ်များကသိမ်းပိုက်ထားစအချိန်တွင် မြန်မာ့အသံမှ” ပြည်ထောင်စုမြန်မာနိုင်ငံသည် ကြီးမားသည့်အန္တရာယ် အတွင်းသို့ ကျရောက်နေကြာင်း” ၃ကြိမ်ထုတ်လွှင့်ကျေညာသည်ကိုကြားခဲ့ရကြောင်း ထိုသို့ ကျေညာပြီးနောက်ပိုင်းတွင် ရေဒီယို အသံလွှင့်ချက်များတိတ်သွားသည်။မကြာမီလူထုအတွင်းတွင် အင်းစိန်မြို့ကို ကရင်တပ်များသိမ်းလိုက်ပြီဆိုသည့်သတင်းများ ပြန့် ထွက်လာသည်။
ထိုအချိန်သည်မြန်မာပြည် သမတမှာ ရှမ်းအမျိုးသား စ၀်ရွှေသိုက်ဖြစ်ပြီး ၀န်ကြီးချုပ်မှာ ဦးနုဖြစ်သည်။ဖဆပလ က အစိုးရဖြစ်လျှက် အုပ်ချုပ်ရေးအာဏာ အားလုံးဝန်ကြီးချုပ်လက်တွင်ရှိသော ပါလီမန်ဒီမိုကရေစီဖြစ်သည်။သမတမှာမူ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များကို အလှည့်ကျတင်မြှောက်ထားပြီး အုပ်ချုပ်ရေးနှင့်နိုင်ငံရေးတိုက်ရိုက်အာဏာမရှိသော အနေအထားဖြစ်သည်။ အရာရာတွသ် ၀န်ကြီးချုပ်၏တင်ပြတောင်းဆိုချက်အတိုင်း တသွေမတိမ်း လက်မှတ်ရေးထိုးအတည်ပြုပေးရသော တာဝန်ကိုသမတအားအပ်နှင်းထားသည်။ မျက်မှောက် ၂၀၀၈ဥပဒေအရ အာဏာ(၃)ရပ်လုံး သမတတဦးတည်းတွင် ထားရှိသောပုံစံမဟုတ်ပါပေ။
အင်းစိန်တိုက်ပွဲမစမီတွင် မြန်မာ့တပ်မတော်စစ်ဦးချုပ်နှင့် ရဲမှူးချုပ်ကြီးမှာ ကရင်အမျိုးသား ဗိုလ်ချုပ်ကြီး စမစ်ဒွန်းဖြစ်သည်။ အင်းစိန်တိုက်ပွဲစဖြစ်လာသောအခါ ၀န်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်စမစ်ဒွန်းနေရာကို ဗိုလ်မှူးကြီးနေ၀င်းအားသိမ်းယူစေခဲ့သည်။ ဗိုလ်နေ၀င်းဗိုလ်ချုပ်ဖြစ်လာသောအခါ ဗိုလ်မှူးချုပ်ကျော်ဇောကို အင်းစိန်စစ်ဆင်ရေးမှူးအဖြစ်တာဝန်ပေးခဲ့သည်။ အင်းစိန်တိုက်ပွဲတွင် ဗိုလ်မှုးချုပ်ကျော်ဇော ဒါဏ်ရာပြင်းထန်စွာရခဲ့သည်။ ဗိုလ်မှူးချုပ်ကျော်ဇောသည် အမေရိကန်ကထောက်ပံ့ထားသော ရှမ်းပြည်နယ်မှ ပြည်ပြေးတရုတ်ကူမင်တန်များကိုချေမှုန်းစစ်ဆင်ရေးတွင် နာမယ်ကြီးလာသူဖြစ်သည်။ အမေရိကန်က တရုပ်ဖြူကူမင်တန်များကိုထောက်ပံ့ထားရခြင်းမှာ ဂျပန်ထိုးစစ်တုန်းက အမေရိကန် အဂ်လိပ်နှင့် ကူမင်တန်တို့ က တရုတ်ပြည်တွင် ပူးပေါင်းခုခံတိုက်ခိုက်ခဲ့စဉ်က CBI မဟာမိတ်များဖြစ်ခဲ့ပြီး အပြန်အလှန်ကူညီရေးစာချုပ်များရှိခဲ့၍ဖြစ်သည်။ CBI ဆိုသည်မှာ China Burma India Theater(Warfare) ဖြစ်သည်။
ကရင်များနှင့်တိုက်ခဲ့ရသော အင်းစိန်တိုက်ပွဲသည် သူ့ စစ်ရေးဘ၀အတွေ့ အကြုံအားလုံးအနက် ကျဆုံးမှုအများဆုံး ဆုံးရှုံးမှု အကြီးမားဆုံးဟု ဗကပ အဖြစ် တရုတ်ပြည် ကူမင်မြို့တွင် ခိုလှုံနေစဉ် ၂၀၁၀ခုနှစ် ကဗိုလ်ချုပ်ကျော်ဇောမှမီဒီယာများကို ဖွင့်ဟပြောကြားခဲ့သည်။
(တောင်းဆိုမှုရှိလျှင် ဆက်လက်ဖေါ်ပြပါဦးမည်)
အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ(၂)….
အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ(၂)…..
အင်းစိန်မြို့ ကိုမသိမ်းမီက တွံတေးမြို့ ကို ဦးစွာသိမ်းပိုက်ထားပြီးဖြစ်သဖြင့် ရန်ကုန် ပြင်ပနှင့်ဆက်သွယ်နိုင်သည့် ကုန်းလမ်း၊ရေလမ်းများအားလုံးကိုလဲ ကရင်တပ်များက ဖြတ်တောက်ထိမ်းချုပ်ထားလိုက်သည်။
ပြည်တွင်းပြည်ပ မီဒီယာအားလုံးက မြန်မာအစိုးရကို ဖဆပလအစိုးရ အစား (၇) မိုင်အစိုးရဟုပြောင်းလဲသုံးနှုန်းလာသည်။
အင်းစိန်ကိုသိမ်းပိုက်ပြီးနောက်တပတ်တွင် သထုံမှ မွန်နှင့် ကရင်တပ်ဖွဲ့ များ ရောက်လာသဖြင့် မွန်တပ်အပါအ၀င်
ကရင်တပ်များ အင်အား တထောင့် ငါးရာကျော်ဖြစ်လာသည်။ ဖဆပလအစိုးရ၏ ဘားမားရိုင်ဖယ် တပ်ရင်း(၅)၊UMP တပ်များ၊ LEVY တပ်များနှင့်ရန်ကုန်တက္ကသိုလ်အပျော်တမ်းတပ်များအပြင် တိုက်လေယဉ်များ သံချပ်ကားများ အမြှောက်တပ်များ စစ်ရေယဉ်များဖြင့် နယ်ဘက်မှစစ်တပ်များကလည်း အင်းစိန်ကို နေ့ ညမပြတ်မလာရောက်ထိုးနှက်တိုက်ခိုက်သည်။
အစိုးရဘက်က လက်နက်ခဲယမ်းမီးကျောက် လိုအပ်သလိုရရှိနေသည်ကိုတွေ့ ရပြီး ကရင်များဘက်တွင်မူ တိုက်ပွဲတလခန့် အကြာတွင် ခဲယမ်းမီးကျောက်ပြတ်လပ်လာပြီဖြစ်သည်။စစ်ပညာကျွမ်းကျင်မှုကြောင့် ကျန်ရှိသမျှကျည်ဆံများဖြင့် ရန်သူကို တချက်တကောင်နှုန်း အမှည့်ချွေနိုင်၍သာလျှင် ဆက်လက်ခုခံနေနိုင်သေးခြင်းဖြစ်သည်။ အင်းစိန်မြို့နေရာအနှံ့ အပြားတွင် လက်နက်ခဲယမ်းမီး ကျောက်ရရှိနိုင်သောနေရာများကိုအသဲအသန်မြေလှန်ရှာဖွေကြသည်။
ကံအားလျှော်စွာ ကုလားလူမျိုးတဦးကသတင်းပေးသဖြင့် အင်္ဂလိပ်တို့ မြှုပ်နှံသွားသည့် ကျည်ဆံအမြားအပြားကိုတူးဖေါ်ရရှိကာ
နောက်ထပ် (၃) လခန့် ခုခံတိုက်ခိုက်နိုင်ခဲ့သည်။
ဤနည်းဖြင့် ကရင်တပ်များ (၁၁၁)ရက် တိုင်တိုင်ခုခံတိုက်ခိုက်ပြီး ၁၉၄၉ မေလ(၂၁) ရက်တွင်အင်းစိန်မှဆုတ်ခွာကြသည်။ တိုက်ပွဲတွင်အင်အားထောင်ပေါင်းများစွာသုံးသော ဖဆပလ အစိုးရတပ်ဘက်က (၅၀၀၀) ကျော်ခန့် ကျဆုံးပြီး အင်အား တထောင့် ငါးရာကျော်ရှိသော ကရင်များဘက်က (၂၀၀) နီးပါးကျဆုံးသည်။ ကရင်ဘက်တွင် ဒဏ်ရာရသူ (၈၀၀)ကျော်ရှိသည်။ -ဆက်ရန်
(မှတ်ချက်- အင်းစိန်တိုက်ပွဲနှင့်ပတ်သက်သောတခြားမှတ်တမ်းများ ကိုသိရှိထားသူများက ဖြည့်စွက်ဖေါ်ပြပေးပါရန်)
အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ…
အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ…..
၁၉၄၉ ဇန်န၀ါရီလ နှောင်းပိုင်းတွင် အင်းစိန်၊သမိုင်း၊ကြို့ ကုန်းဘက်တွင် ကေအဲန်ဒီအို နှင့် ဗိုလ်ကြီးအေးသာကျော် ဦးဆောင်သော UMP တပ်ဖွဲ့ ပူးပေါင်းအင်အား နှစ်ရာကျော်ရှိသည်။ ထိုအချိန်တွင် အင်းစိန် သမိုင်းလမ်းရှိ ကရင်တို့ ထံမှ လက်နက်သိမ်းယူရန် ဖဆပလအစိုးရတပ်ဖွဲ့  အင်အားနှစ်ထောင်ကျော်ခန့် ချထားသည်။
မင်္ဂလာဒုံတွင် ဗမာ့တပ်မတော်အမြောက်တပ်မှ ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်ခွဲ (၂)ခွဲနှင့် ဗမာ့တပ်မတော် အချက်ပြဆက်သွယ်ရေးတပ်ခွဲမှကရင်တပ်သားများရှိနေပြီး ဖဆပလအစိုးရအမှုထမ်းအဖြစ်သာရှိနေသေးသည်။ ကရင့်ရိုင်ဖယ်တပ်ရင်း(၂)မှ တပ်စုတစုလည်း သမိုင်းရပ်ကွက်သို့ ဇန်န၀ါရီလ ၂၉-၃၀ လောက်က ရိက္ခာထုတ်ရန်ရောက်ရှိနေသည်။ ထိုအချိန်တွင်ရန်ကုန်တက္ကသိုလ်မှ ကရင်ကျောင်းသူကျောင်းသားများလည်း အင်းစိန်သို ပြောင်းရွှေ့ လာကြသည်။
၁၉၄၉ ဇန်န၀ါရီလ(၃၁)ရက်နေ့ ညနေ(၆)နာရီတွင် သမိုင်းခ၀ဲခြံကို ဖဆပလ အစိုးရတပ်ကစတိုက်သည်။ ခ၀ဲခြံရှိ KNDO တပ်များကပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်သဖြင့် ဖဆပလအစိုးရတပ်များဖရိုဖရဲဖြစ်လျှက်ဆုတ်ခွာသွားကြသည်။
ကရင်ရပ်ကွက်များကို အစိုးရမှစတင်တိုက်ခိုက်ပြီဆိုသည်နှင့်ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်က
KNDO ဘက်က ပါဝင်တိုက်ခိုက်လာသည်။ ညပိုင်းတွင် KNDO၊ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်နှင့် ဗမာ့တပ်မတော် အချက်ပြဆက်သွယ်ရေးတပ်ခွဲမှကရင်တပ်သားများ ပူးပေါင်း၍ မင်္ဂလာဒုံရှိ ဖဆပလအစိုးရစစ်လက်နက်တိုက်ကို တိုက်ခိုက်စီးနင်းပြီး လက်နက်ခဲယမ်းမီးကျောက်များကို သိမ်းယူခဲ့သည်။ မင်္ဂလာဒုံကိုတိုက်ပြီးနောက်အင်းစိန်စုရပ်သို့ ပြန်လာကြသည်။
အစိုးရတပ် တိုက်ပွဲကြောင့် ခ၀ဲခြံနှင့်သမိုင်းမှ အရပ်သူ အရပ်သားများကလဲ အင်းစိန်သို့ ရွှေ့ ပြောင်းရှောင်ရှားလာကြသည်။ မင်္ဂလာဒုံလက်နက်တိုက်မှသိမ်းဆည်းခဲ့သည့် လက်နက်များကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၊ အင်းစိန်ကျန်းစာကျောင်းသားများ
နှင့်အရပ်သူအရပ်သားများကို တပ်ဆင်ပေးလိုက်သဖြင့် ကရင်လက်နက်ကိုင်အင်အား တထောင်ခန့် ရှိလာသည်။
ကရင်လူထုနှင့် လက်နက်ကိုင်တပ်ဖွဲ့ များအတွက် ရိက္ခာပြသနာဖြေရှင်းနိုင်ရန် အင်းစိန်မြို့သိမ်းပွဲလုပ်ရန်ဖြစ်လာသည်။
အင်းစိန်တွင် ဆန်စက်(၈)လုံးနျင့် ဆန်ဂိုဒေါင် (၁၀)လုံးရှိသဖြင့် ဆန်အိပ် ငါးသောင်းကျော်နှင့် ဘိုကိတ်ပဲများစွာရှိသည်။
အင်းစိန်မြို့ တွင်းတွင် ကရင်ကိုတိုက်ရန် ဖဆပလနှင့် လဲဗီးတပ်များအင်အားနှစ်ထောင်ရှိနေသည်။
တချိန်တည်းတွင် ရန်ကုန်မြို့ တွင် ကရင်များနည်းတူ တခြားလက်နက်ကိုင်အဖွဲ့ များကလဲ ဖဆပလ တပ်ကို အလစ်အငိုက်ဝိုင်းတိုက်ကြသည်။ အင်းစိန်ဈေးကြီးလဲ တိုက်ပွဲတွင်မီးလောင်သွားသည်။ ဖဆပလတပ်ဖွဲ့ များခြေမှုန်းခြင်းခံရပြီး တပ်ပျက်ထွက်ပြေးကုန်သဖြင့် ဖေဖေါ်ဝါရီလ မနက်(၈)နာရီတွင် တိုက်ပွဲပြီးဆုံးသည်။ကေအဲန်ဒီအိုနှင့်ကရင်လူထုတပ်များက အင်းစိန်မြို့ ကိုသိမ်းပိုက်သည်။ အစိုးရဆန်ဂိုလ်ဒေါင်များမှ ဆန်များဖြင့် အင်းစိန်မြို့ စစ်ဘေးဒုက္ခသည်လူထုအား KNDO က လနှင့်ချီဝေမျှစောင့်ရှောက်နိုင်ခဲ့သည်။------(ဆက်ရန်)
ကရင်လူမျိုးသတ်ဖြတ်ခံရခြင်း
ဖြစ်ဝကျွန်းပေါ်တွင် BIA က ကရင်များကိုသတ်ဖြတ်ခဲ့သည့်အကြောင်း ဗိုလ်ချုပ်ကျော်ဇောပြောကြားချက်--
“ကရင်ပြသနာစလာတဲ့အခါမှာ ဗိုလ်မိုးကြိုး(BIA တပ်စစ်ဦးစီးချုပ် ဂျပန် ဗိုလ်မှူးကြီး စူဇူကီး)က ပြသနာကိုသူကိုယ်တိုင်တိုက်ရိုက်ကိုင်တွယ်ဖို့ ဆုံးဖြတ်ပြီး ဗိုလ်မှူးကြီး အိုင်ဂျီမာ နဲ့ ကျနော့်ရဲ့ BIA
တပ်စု(၂)စုကို မြောင်းမြပို့ လိုက်တယ်။ အဲဒီကနေ ၁၉၄၂ မေလဆန်း ညတညမှာ ဗိုလ်မိုးကြိုးဆီက ဂျပန်စစ်သား(၂)ဦးက ကျနော့ကိုလာနှိုးပြီး အဂ်လိပ်ထောက်ကူထားတဲ့ ကရင်ပျောက်ကျားတွေ ကခြုံခိုတိုက်ခိုက်လို့ မြောင်းမြခရိုင်မှာဂျပန်ဗိုလ်မှူးတဦးကျဆုံးကြောင်း ရေဒီယိုနယူးဒေလီက
ခုဘဲကြေညာတယ်လို့ ပြောပါတယ်။ ဒီဗိုလ်မှူးကြီးအိုင်ဂျီမာကျဆုံးမှုကိုတိုကျိုကသိရှိပြီး လက်စားခြေဖို့ 
ဗိုလ်မိုးကြိုး ကိုအမိန့်ပေးထားပြီဖြစ်ကြောင်းသူတို့ ကကျနော့ကိုအသိပေးပါတယ်။ ဒါကြောင့်နောက်နေ့ မှာ
ကျနော် BIA တပ်စု(၃)စုက ဗိုလ်မိုးကြိုးနဲ့အတူ မြောင်းမြကိုချီတက်ပါတယ်။ ကျန်ရှိတဲ့ ဗိုလ်မှူး အိုင်ဂျီမာရဲ့ 
တပ်တွေကို ပြန်ကယ်နိုင်ခဲ့ပြီး ကရင်ပျောက်ကျားတွေကို အားပေးတယ်လို့ သိရတဲ့ ကရင်ရွာတွေကို (၂)ပတ်
ကြာတိုက်ခိုက်ခဲ့ပါတယ်။
ကော်သူးလေ ဆိုသည့်ဝေါဟာရ သမိုင်း
ကော်သူးလေ ဆိုသည့်ဝေါဟာရ သမိုင်း
ခရစ်သက္ကရာဇ် ၁၉၀၀ တွင် ကရင်လူမျိုးများနေထိုင်ရာတိုင်းဒေသသည်ကော်လားဟုတွင်ခဲ့သည်။
ကော်လားဆိုသည်မှာ စိန်းလန်းသောတိုင်းပြည်ဖြစ်သည်။ ၁၉၃၂ တွင်ရိုက်နှိပ်ထုတ်ဝေသည့် စောအောင်လှရေးသားပြုစုသော ကရင်သမိုင်းစာအုပ်တွင် ကရင်တို့ ရှေးကနေထိုင်ရာခဲ့တိုင်းပြည်ကို “ကော်သူးလေ” ဟုရေးသားဖေါ်ပြထားသည်။ အဓိပ္ပါယ်မှာ အမှောင်မဲ့ဒေသ၊ သို့ မဟုတ် ဖလံတောင်ဝှေးပင်များပေါက်ရောက်ရာဒေသဖြစ်သည်။ ဖေါ်ပြချက်အရ ကော်သူးလေ တိုင်းမှာ မြန်မာပြည်လက်အောက်ခံ သို မဟုတ်တစိတ်တပိုင်းမဟုတ်ဘဲ သီးခြားလွတ်လပ်စွာဧဧချမ်းချမ်းရှိခဲ့သော နယ်မြေတခုဖြစ်ခဲ့သည်။ ထို၁၉၃၂ခုနှစ်သည် ဒုတိယကမ္ဘာစစ်စသောနှစ်ဖြစ်သည်။ မြန်မာပြည်သည်လည်း ဘရစ်တစ်မြန်မာနိုင်ငံအဖြစ် အင်္ဂလိပ်အစိုးရ ဘုရင်ခံမောင့်ဘက်တန် အုပ်ချုပ်ရေးကာလတွင်အာရှတိုက်၏ ခေတ်မီအတိုးတက်ဆုံးနိုင်ငံဖြစ် နေခဲ့သောအချိန်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့  ဦးစော
ဗိုလ်ချုပ်အောင်ဆန်းနဲ့  ဦးစောဟာ ၂ဦးလုံးဟာ တချက်ခုတ် ၂ချက်ပြတ် နည်းနဲ့ ပြိုင်တူ အရှင်းခံလိုက်ကြတာဆိုတဲ့အထောက်အထားတချို့ ရှိနေတာတွေ ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးစော အကြား ရန်ဖြစ်ခဲ့ကြတာကို အခွင့်ကောင်းယူပြီး ဗိုလ်ချုပ်ကိုသတ် ဦးစောကို အထောက်အထားအတုလုပ်ပြီးဖမ်းင်္ဆီးသေဒဏ်ပေးခဲ့တာဖြစ်လို့  ကြံစည်သူများဟာ ၂ဦးလုံးကိုရှင်းပစ်ချင်တဲ့ တတိယလက်ဖြစ်သာ အဖြ်စ်နိုင်ဆုံးဖြစ်ကြောင်း စုံစမ်းထောက်လှန်းရေးပညာရှင်တွေက ပြောဆိုထားတာတွေလဲရှိပါတယ်။
နိုင်ငံရေးနည်းနဲ့ တွက်ရင်တော့ ဗိုလ်ချုပ်သေဆုံးတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းနေရာကိုရလာသူ ပြည်ထောင်စုစနစ်ကိုလဲ မလိုလားသူ တိုင်းရင်းသားကိုယ်ပိုင်ပြ
ဌာန်းခွင့်ကိုလဲအသိအမှတ်မပြုသူ အဲဒီအချိန်က ကရင့် အမျိုးသားရေး ဒီရေအလား တဟုန်ထိုးတိုးတက်လာနေတာကိုရပ်ပစ်ချင်သူ ဦးနုဖြစ်နိုင်ပါတယ်။ ဦးနု လက်ကအာဏာကိုတဆင့်လက်ကမ်းယူခဲ့သူက နေ၀င်းဖြစ်လို့ ပါဘဲ။
ဦးစော ရဲ့ အမှုစစ်ဆေးချက်တွေထဲမှာ လုပ်ကြံမှုမှာ ပါဝင်တယ်လို့ တပ်အပ်ဆိုနိုင်တဲ့ အထောက်အထားမတွေ့ ရပါ။ လုပ်ကြံမှုမှာသုံးတဲ့ လက်နက်တွေကို ဦးစောနဲ့ မကင်းတဲ့
နေရာတခုမှာတွေ့ ရတာဟာ ဦးစောကိုလုပ်ကြံတာဖြစ်ကြောင်းထင်ရှားတယ်လို့ သံးသပ်မှုလဲရှိပါတယ်။
ဦးစောရဲ့ ကျန်ရစ်ခဲ့တဲ့ သားသမီးတွေအတွက် စိတ်မကောင်းဖြစ်မိလို့  ဒါကို Post လိုက်တာပါ။ မြန်မာနိုင်ငံရေးသမားတွေရဲ့ အချင်ချင်းအပေါ်ရက်စက်မှု ကောက်ကျစ်မှုတွေဟာ ပြိုင်စံရှားလှပါတယ်။ စုံစမ်းတွေ့ ရှိချက် စာတန်းက တပုဒ်ကို အောက်မှာ တင်ထားပေးပါတယ်...ရှည်တဲ့အတွက် ဆက်ပြီးထောက်ပြထားတဲ့ အပြည့်အစုံတော့ မတင်သေးပါ.
Strong evidence exists that the trial and conviction of U Saw was a frame-up, designed to turn attention from the real conspirators. If U Saw was framed, who really murdered Burma's independence leader? Is there any truth to persisting rumours that General Ne Win, Prime Minister U Nu and others may have been involved? ...........
နိုင်ငံရေးကို နိုင်ငံရေး Professional နည်းနာဖြင့် ရှုမြင်ကျင့်သုံးရန်--
နိုင်ငံရေးကို နိုင်ငံရေး Professional နည်းနာဖြင့် ရှုမြင်ကျင့်သုံးရန်--
ကေအဲန်ယူလက်ရှိခေါင်းဆောင်တချို့ ၏ ကိုယ်ပိုင်မူများအရ ဘ၀တူတိုင်းရင်းသားအဖွဲ့  အစည်းများနှင့်ကျစ်လစ်စွာပူးပေါင်းဆောင်ရွက်ခြင်းကို အဖွဲ့  အစည်းအချုပ်အချာ အာဏာ ထိခိုက်သည်ဟုယူဆချက်များရှိနေသည်။သို့ ဆိုလျှင် ကရင်အမျိုးသား အချုပ်အခြာအာဏာကို မြန်မာအစိုးရအစား ဘ၀တူတိုင်းရင်းသားများက ပိုင်စိုးထားခြင်းဖြစ်သည်ဟု ဆိုလိုသည့်သဘောဖြစ်သဖြင့် အူကြောင်ကြောင်နိုင်လှသည်။ ဤသဘောထားဆိုးသည် မြန်မာအစိုးရကို ညီညွတ်စွာလက်တွဲ တွန်းလှန်ရေးအစား မိမိတို့ တစုတဖွဲ့  အခွင့်အရေးအတွက် အစိုးရထံမျက်နှာသာရရေး တိုင်းရင်းသား အချင်းချင်းသစ္စာဖေါက်လဲ့စားခြေမှုများကို ဆင့်ကဲဆင့်ကဲဖြစ်စေနိုင်သည်။ ဤသဘောထားမျိုးသည် ကျွန်လူမျိုးတို့  တွင်ရှိသော လက္ခဏာဖြစ်သဖြင့် နိုင်ငံတကာအသိုင်းအ၀န်းကအထင်မြင်သေးစေသည်။ သို့ ဖြစ်၍ နိုင်ငံတကာက ၀င်ရောက် ကူညီနေသော လက်ရှိ ငြိမ်းချမ်းရေးတည်ဆောက်ရေး သဘောထားမူဝါဒများမှာလဲ တိုင်းရင်းသားတို့ အပေါ်အထင်မြင်သေးမှုကိုအခြေခံသည်။
တိုင်းရင်းသားများက မြန်မာအစိုးရလက်အောက် အညံ့ခံ အရှူံးပေးရေးအတွက် မြန်မာအစိုးရက ခွေးအီးနံ့ ပေး လမ်းစဉ်ကိုပိုမိုကျင့်သုံးလာစေရန် ၀ိုင်းဝန်းအကြံပေးခြင်း ငွေကြေးထောက်ပံ့ခြင်းများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။စစ်မှန်သော ပြည်ထောင်စု အဖြစ်ပြောင်းလဲမှသာ အားလုံးအတွက်တရားမျှတမှုများပေါ်ပေါက်လာပြီး အလိုအလျှောက်ခြိမ်းချမ်းသွားမည်ဆိုသည့် သဘောတရားကို လက်ခံသူပညာရှင်တချို့  သာရှိပြီး ထိုပညာရှင်များမှာ ထိုသဘောတရားကို မလေးနက်သူအလှူရှင်များ၏ အထောက်အပံ့ခံများသာဖြစ်ကြသဖြင့် မထိရောက်ပေ။ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အရင်းအနှီးထုတ် ပါဝင်ကူညီနေသောနိုင်ငံကြီးများမှာ ထိုရင်းနှီးငွေများအလဟသဆုံးရှုံးသွား ရခြင်းမရှိစေရေးကို နံပတ်(၁) အရေးအကြီးဆုံးအဖြစ်ထားရှိသည်။ သူတို့ သည်နိုင်ငံတကာ ကိုဝင်ရောက်ကူညီမှုများတွင် ခါးသီးသော အတွေ့ အကြုံများစွာရှိခဲ့ကြပြီးဖြစ်သည်။
(သမိုင်းသုတ) ကြေးဖါးစည်သမိုင်းအပိုင်းအစ
(သမိုင်းသုတ) ကြေးဖါးစည်သမိုင်းအပိုင်းအစ
တရုတ်ပြည်သူ့ သမတနိုင်ငံစတင်ထူထောင်သည့် ၁၉၄၉ နှင့် ဗီယက်နမ် ကိုတောင်နှင့်မြောက်ခွဲလိုက်သော ၁၉၅၄ ခုနှစ်များတွင် တရုတ်သုတေသီများကရော ဗီယက်နမ်သုတေသီများကပါ ကြေးဖါးစည်သုတေသနလုပ်ငန်းများကို အပြိုင်အဆိုင်လုပ်ခဲ့ကြသည်။နှစ်ဘက်လုံးကကြေးဖါးစည်ကို မိမိတို့ နိုင်ငံတွင် အရင်စလုပ်သည်ဟုရေးသားဖေါ်ပြကြသည်။ ၁၉၇၀-၁၉၈၀ နှစ်များတွင် တရုတ်ရောဗီယက်နမ်ကပါ ကြေးဖါးစည်နှင့်ပတ်သက်သော စာအုပ်စာတန်းများစွာပုံနှိပ်ထုတ်ဝေကြသည်။
၁၉၈၀ မတ်လ၌ တရုတ်ပြည် Guangxi ပြည်နယ်မြို့ တော်နန်နင်း Nanning တွင် ပထမအကြိမ်ရှေးဟောင်းကြေးဖါးစည် စီမီနာတရပ်ကိုကျင်းပပြီး The Chinese Association for Ancient Bronze Drum Studies ZGTY ကိုထူထောင်ခဲ့သည်။ ၁၉၈၄ တွင်ယူနန်ပြည်နယ်ကူမင်မြို့ တော်တွင်လည်း ရှေးဟောင်းကြေးဖါးစည် စီမီနာတရပ်ကိုကျင်းပခဲ့ပြန်သည်။ ၁၉၈၇ တွင်ဗီယက်နမ်သုတေသီများက The Dong Son Drum ဆိုသည့်စာအုပ်ကိုထုတ်ဝေဖျန့် ချီပြီးတရုတ်တို့ ၏တွေ့ ရှိချက်များကို ကောင်တာလုပ်သည်။ ၁၉၈၈တွင်The Chinese Association for Ancient Bronze Drum Studies ZGTY ကလည်း The Ancient Bronze Drums of China ဆိုသည့်စာအုပ်ဖြင့်ဗီယက်နမ်၏ ကြေးဖါးစည်သမိုင်းကို တန်ပြန်ချေဖျက်ခဲ့ပြန်သည်။ထိုနှစ်တွင်Yunan ပြည်နယ်ရှိ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြတိုက်တွင် ရှေးဟောင်းကြေးဖါးစည် ၁၄၆၀ လုံးခန့် ရှိပြီး ၁၉၈၀နှစ်များအတွင်း ဗီယက်နမ်တွင်ရှာဖွေတွေ့ ရှိသည့်ရှေးဟောင်းဖါးစည်စုစုပေါင်း၃၆၀ရှိသည်။
သြစတြေးရီးယန်း ရှေးဟောင်းသုတေသီ F.Heger က ၁၉၀၂ ခုနှစ်တွင် ရှေးဟောင်းကြေးဖါးစည် ၁၆၅ လုံးကို သုတေသနပြုခဲ့ရာဒီဇိုင်းပုံစံ၊ ပြန့် နှံ့မှု၊ ခန်းနားမှု၊ ဓါတုပစ္စည်းပါဝင်မှု အလိုက် ၄မျိုးမကခွဲချားတွေ့ ရှိခဲ့သည်။ ပထမအမျိုးအစားသည် ဗီယက်နမ် Dong Son ခေတ်က ဖါးစည်များဖြစ်သည်ဟုဆိုသည်။
ဗီယက်နမ်ရှေးဟောင်းသုတေသနပညာရှင်များက F.Heger ၏ ကြေးဖါးစည် ၄မျိုးမှ မျိုးကွဲများစွာကိုထပ်မံပိုင်းခြားခဲ့သည်။ဗီယက်နမ်သုတေသီများက ကြေးဖါးစည်သည်မြောက်ဗီယက်နမ်မြစ်နီနှင့် မြစ်မဲ ဖြစ်ဝှမ်းဒေသရှိဗီယက်နမ်လူမျိုးဘိုးဘေးဘီဘင်တို့ နှင့်အနေဝေးသော Lac Viet တို့ ကစတင်ပြုလုပ်ခဲ့သည်ဟုဆိုသည်။ Lac မှာရေအိုင်ကို ပြင်သစ်ဘာသာဖြင့်ခေါ်ဆိုခြင်းဖြစ်သည်။ ထိုဒေသမှတဆင့် အရှေ့ တောင်အာရှနှင့်တရုတ်ပြည်တောင်ပိုင်းသို့ ပြန့် နှံ့ သွားခဲ့ခြင်းဖြစ်သည်ဟုလဲဆိုသည်။ တပြိုင်တည်းတွင် တရုတ်သုတေသီများကလည်း ဖါးစည်ကို တရုတ်ပြည်တောင်ပိုင်းရှိ Pu ဟုခေါ်သောရှေးဟောင်းလူမျိုးစုတစုကစတင်တည်ထွင်ခဲ့ပြီး Lac Viet တို့ ရှိရာမြစ်နီမြစ်ဝှမ်းဒေသနှင့် အနီးအနားရှိတခြားလူမျိုးစုများထံသို ပြန့် ပွားသွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
History of the karen (အင်းဒီးယားနိုင်ငံမှတ်တမ်းမှ ကရင်အကြောင်း)
(Histrory fact) သမိုင်းမှန်သုတ
History of the karen (အင်းဒီးယားနိုင်ငံမှတ်တမ်းမှ ကရင်အကြောင်း)
သမိုင်းသုတေသီများအနေနှင့် အန်ဒမန်ကျွန်းရှိ မာယာဘန်ဒါ ထက်စီလ် ရှိ ကရင်လူမျိုးများသည် မူလက မွန်ဂိုးလီးယား တွင်နေထိုင်ခဲ့ကြသည်ဟု ယုံကြည်ကြသည်။ မွန်ုဂိုမင်းများ၏ ရက်စက်ကြမ်းတမ်းသည့် သဘာဝကြောင့် ငြိမ်းချမ်းချမ်းရေးကိုချစ်မြတ်နိုးသော ကရင်လူမျိုးများသည် တောင်ပိုင်းရှိ တာကစ်စတန် နှင့်တရုတ်ဘက်သို့ ခရစ်မတိုင်မီ ဘီစီ ၂၀၁၇-၁၃ ခန့်တွင် ပြောင်းရွှေ့သွားကြသည်။ ထိုမှတဆင့် ဘီစီ ၁၈၆၄ တွင် တိဗက်သို့ရောက်လာကြသည်။ မည်သို့ဆိုစေ တရုတ်မင်း ဂေါ်ဆင် (Ghaw Hsin) ၏ မကောင်းသော လုပ်ဆောင်ချက်များကြောင့် ကရင်များဘီစီ ၁၁၂၅ တွင် စယမ်(ထိုင်း)၊ မြန်မာ၊ကန်ဘောဒီးယားနှင့် ဗီယက်နမ်သို့ တိမ်းရှောင်သွားကြရပြန်သည်။
ထိုဒေသများရှိ မြန်မာပြည်အရှေ့ပိုင်းတောင်တန်းဒေသများ တွင် အခြေချနေထိုင်ကြရာမှ ဗြိတိသျှအုပ်ချုပ်ရေးအရ အင်းဒီးယားနိုင်ငံ၏ အစိတ် အပိုင်းတခုဖြစ်လာသည်။
၁၉၄၂ ခုတွင် အင်းစိန် ကရင်ကျမ်းစာကျောင်းအုပ် ဒေါက်တာ အိတ်ခ်ျအိုင် မာရှယ်လ် က အမေရိကန်မှအပြန်တွင် အန်ဒမန်နှင့် နိကိုဘားကျွန်း ၏ကော်မစ်ရှင်နာချုပ်ဖြစ်သော ၀မ်းကွဲဖြစ်သူ ဗိုလ်မှုးကြီး ဖယ်ရာ နှင့်တွေ့ရန် ဘလဲဆိပ်ကမ်း၌ ရပ်တန့်ခဲ့သည်။ ထိုအချိန်တွင် ဗိုလ်မှုးကြီး ဖယ်ရာက သစ်တောသန့်ရှင်းရေး၊ သစ်ပင်ဖြတ်လှဲခြင်း၊ ကျွန်းသစ်များကို သစ်စက်သို့ ပို့ဆောင်ခြင်း နှင့် ဆင်များကို ကိုင်တွယ် စီစဉ်ခြင်း စသည့် အလုပ်တာဝန်များကို ပြောင်းရွှေ့အခြေချလာသူများအတွက် အကျိုးအမြတ် ဖြစ်စေရန် အုပ်ချုပ်ရေးပိုင်းက စီစဉ်ထားကြောင်း ဒေါက်တာမာရှယ်လ်အားသတင်းပေးခဲ့သည်။ ဒေါက်တာမာရှယ်က အလုပ်ကျိုးစားပြီး အေးချမ်းစွာနေထိုင်တတ်သော နွမ်းပါးသည့် မြန်မာပြည်ရှိ ကရင်များအတွက် ယင်းအခွင့်အရေးကောင်းများကို ယူဆောင်ခဲ့သည်။ ရန်ကုန်သို့ရောက်သောအခါ မိုးသောက်ကြယ် ဟုအဓိပါယ်ရသော ဆာတူဝေါ် ခေါ် ကရင်သတင်းစာတွင် ထိုသတင်းကို ပုံနှိပ်ထုတ်ဝေ ခဲ့သည်။
အဆိုပါသတင်းကိုဖတ်ရှုရပြီးနောက်တွင် သိက္ခာရဆရာတော် ကရင်တရားဟောဆရာ လူကြီးက ယင်းကို အထူးအခွင့်အရေးတခုအဖြစ်ဆုံးဖြတ်သည်။ ၁၉၂၅ ခုနှစ်တွင် သူ၏ဦးဆောင်မှုဖြင့် ၁၃မိသားစု အန်ဒမန်ကျွန်းသို့ရောက်ရှိလာကြသည်။ ၁၉၂၆ တွင် ကရင်မိသားစု ၅၀ ဒုတိယအသုတ်အဖြစ်ရောက်ရှိလာကြပြီး ဝေဘီ ( Webi )ခေါ် ပထမဆုံးကရင်ရွာကို ထူထောင်ခဲ့သည်။ ထိုမှတဖန်ကရင်အခြေချကျေးရွာပေါင်း(၈) ရွာ ဆက်လက်ထူထောင်ကြသည်။ ထိုရွာများမှာ
1) Webi village (hidden city) originally named by the Karens
2) Lataw village (in Karen leh Toh, meaning “Go Up”
3) Lucknow village (formerly called “Burmadera”- Burmese settlement area)
4) Deopur village (formerly called “Base-Camp”)
5) Karmatang 9 village
6) Karmatang 10 village
7) Borang village
8) Chipo village တို့ဖြစ်ကြသည်။
ထိုအချိန်မှစပြီး ကရင်လူမျိုးများသည် အန်ဒမန်ကျွန်းကို သူတို့၏ အမြဲတမ်းနေရပ်အဖြစ် ပြုလုပ်ခါ အင်းဒီးယားနိုင်ငံလွတ်လပ်ရေးရသောအခါတွင် အင်းဒီးယားနိုင်ငံသားအဖြစ် ရွေးကောက်ခြင်းခံရသည်။
ယခုအခါတွင် လူဦးရေနဲပါးသော်လည်း ကျွန်း၏ အရေးပါသော အသိုင်းအ၀ိုင်း ဖြစ်သည့်ကရင်များသည် သူတို့၏ တိုက်ပွဲဝင်ခဲ့မှုအတိုင်း အင်းဒီးယားနိုင်ငံ၏ လူမျိုးစုတစုအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ သူတို့၏လက်ရှိလူဦးရေမှာ ၂၀၀၀ ကျော်ရှိပြီး ၁၉၅၁ခု တွင်သန်းကောင်စာရင်းအရ ၃၈၄ဦးရှိခဲ့သည်။
သူ့ ဘဝအကြောင်း
"လက်ပံပွင့်တွေ လေတိုက်ကြွေလိုက်တဲ့အခါ ..တ၀ဲဝဲလွင့်ခါ လေယဉ်ပမာ......"ဆိုတဲ့သီချင်းရေဒီယိုကနေ လာတဲ့အခါ အမေဟာ ကျေကွဲလွမ်းလို့ ချုံးပွဲချငိုတယ် ဆိုပြီး ၁၀နှစ်လောက်ကတည်းက ဆုံးသွားပြီဖြစ်တဲ့ အကိုကြီးရဲ့ တစောင်တည်းသောစာမှာပါလာတယ်...
ဒိသိချင်းကို ကျနော်ငယ်ငယ်က အမေ့ကိုရေတွင်းမှာရေခတ်ပေးရင်းနဲ့ အော်ဆိုလေ့ရှိခဲ့တာပါ...
၁၉၇၆ ရက်စက်ကြမ်းကျုတ်လှတဲ့ ဖြတ် ၄ဖြတ်ကာလမှာတောင် အမေဟာ တောတောင်အသွယ်သွယ်ကို စမ်းတ၀ါးဝါး ဖြတ်ကျော်လာပြီး
ငှက်ဖျားနဲ့ကွေးနေတဲ့ ကျနော့်ရှိရာရောက်ခဲ့ပါသေးတယ်...
၁၉၈၀ ၀မ်းခါတိုက်ပွဲကာလမှာလဲ အမေဟာ အသက်ဘေးကို မတွေးနိုင်ဘဲ အရောက်လာခဲ့ပါတယ်....၁၉၈၃ မယ်တရစ်တိုက်ပွဲအပြီးမှာ အမေနောက်ဆုံးအကြိမ်လာခဲ့ပေမဲ့ ကျနော်ဆုံးပြီဆိုတဲ့ သတင်းဆိုးကိုဘဲကြားလိုက်ရပြီး ရင်ကွဲစွာ ပြန်သွားရရှာတယ်...
အမေကျနော့်သတင်းအတိအကျကိုမရလိုက်ပါဘူး..အဲဒိတုန်းကကျနော့်နဲ့ ရင်းနှီးတဲ့ ရဲဘော်တွေ မိတ်ဆွေတွေလဲ ကျဆုံးကုန်ကြပြီမို့ဖြစ်ပါလိမ္မယ်.
ကျနော့်လိုဘဲ လူငယ်လူရွယ်တွေအတော်များများဟာ စနစ်ဆိုးကြီးကိုတွန်းလှန်ဖြိုချဖို့ ဆိုတဲ့ ပျင်းထန်တဲ့ခံယူချက်တွေနဲ့  တောတောင်တွေထဲရောက်ခဲ့ကြပါတယ်...
တောကောင်တွေရဲ့ ဘ၀မျိုးနဲ့ ပုန်းလှိုးကွယ်လျိုး လူမမြင်သူမမြင်တောကြိုတောင်ကြားမှာ ငတ်တလှည့် ပြတ်တလှည့်အသက်ရှင်ခဲ့ကြရပါတယ်။။။ဒါတွေထက်ဆိုးတာက အဖေအမေ အကို အမ နဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေကို တအားအောင့်မေ့တဲ့အခါတွေပါ...
တချို့ ကတော့ ပြန်လည်ဆုံစည်းရခြင်းမရှိခင်မှာဘဲ ထာဝရပျောက်ကွယ်သွားကြပါပြီ...
နေ့ လည်ခင်းငိုက်ကနဲအိပ်ပျော်သွားချိန်မှာ အတိတ်ကမြင်ကွင်းတချို့ ဒီနေ့ ဖြစ်နေသလိုမြင်ရတတ်တယ်..အဲလိုအခါမျိုးမှာ ချက်ခြင်းအိပ်ယာထလိုက်ပြီး ဆွေးမြေ့မှုကိုဖြတ်တောက်ရပါတယ်...
ကရင်လက်နက်ကိုင်အင်အားစု အားလုံးနှင့် ပြည်တွင်းပြည်ပကရင်လူထု အစုအဖွဲ့အားလုံးသို့ ပန်ကြားချက်။
ကရင်လက်နက်ကိုင်အင်အားစု အားလုံးနှင့် ပြည်တွင်းပြည်ပကရင်လူထု အစုအဖွဲ့အားလုံးသို့ ပန်ကြားချက်။
မြန်မာ့တပ်မတော်က ကေအိုင်အေကို ယခုနှစ်ဦးမှစ၍ ထိုးစစ်စတင်ခဲ့သည်။ စစ်ဆင်ရေးများ၏ လုပ်ထုံးလုပ်နည်းများအရ ခြေမှုန်းရေးထိုးစစ်အော်ပရေးရှင်းကို မိုးရာသီအစပိုင်းတွင်အဆုံးသပ်ရမည်ဖြစ်သည်။
မိမိ၏တပ်သားများအပေါ်စာနာစိတ်ထားရှိသောမည်သည့်တပ်မတော်ကမျှမိမိ၏ စစ်သည်များ ၃-၄ဆပိုမို သေကျေကျိုးကန်းကြရမည့် မိုးရာသီတွင်ထိုးစစ်မဆင်ကြပါ။မြန်မာ့တပ်မတော်၏ အောက်ခြေအကြပ်တပ်သား အားလုံးနီးပါးသည် မရှိဆင်းရဲ အခြေခံလူတန်းစား အလုပ်သမား လယ်သမားများ၏ ချစ်သောရင်သွေး သားငယ် များဖြစ်ကြသည်။ သို့ဖြစ်သဖြင့် မြန်မာ့တပ်မတ်ေသည် တိုင်းရင်းသားများ အပေါ်ရက်စက်ကြမ်းကျုတ်လူမဆန်သည့်တိုင် မိမိ၏တပ်သားများအတုံးအရုံးသေဆုံးကျိုးကန်းကြရမည့် စစ်အမျိုးအစားကိုတော့ ရှောင်ကျဉ်ကြမည်သာဖြစ်ပါသည်။
မြန်မာ့တပ်မတော်မှ တပ်သားများသည် ကေအိုင်အေ၏ကြံ့ ကြံ့ခံတုံပြန်တိုက်ခိုက်မှုဖြင့် ကချင်ပြည်နယ်စစ်ပွဲတွင် တွက်ချက်ထားသည်ထက် ၂ဆမက အတုံးအရုံးကျိုးကန်း သေကျေလျှက်ရှိသောကြောင့်သော်လည်းကောင်း စစ်ချီစစ်ခင်းရန်အဆင်မပြေတော့သော မိုးရာသီသို့ဝင်လာပြီဖြစ်သည်ကတကြောင်းတို့ကြောင့် ကချင်ထိုးစစ်ကို တ၀က်တပျက်ဖြင့် ခေတ္တရပ်နားထားရမည့်အနေအထားဖြစ်ပါသည်။
မွန်သမိုင်း တပိုင်းတစ-
မွန်သမိုင်း တပိုင်းတစ-
မြန်မာနောက်ဆုံးဘုရင်တို့ နိဂုဏ်းချုပ်သော မြောက်ပိုင်းအမာခံဒေသမှ မြောက်မြားစွာသော ဗမာလူမျိုးစုလူထုသည် ၁၉၀၀ ခု
နှစ်မှအစပြု၍ ဗြိတိသျှတို့ အုပ်ချုပ်ရာ တောင်ပိုင်းဒေသသို့ စတင်ရွှေ့ပြောင်းလာကြသည်။ လူဦးရေနဲပါးသော တောနက်များကိုခုတ်
ထွင်ရှင်းလင်းခါ လယ်ယာစိုက်ပျိုးကြသည်။ မူလဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်လွမ်းခြုံနေထိုင်လျှက်ရှိသည့် ဒေသခံ မွန်နှင့် ကရင်များနှင့်အပြိုင် ဒေသကိုစတင်လွှမ်းခြုံ နေထိုင်လာကြသည်။ အထက်မှဗမာပြည်သူလူထုသည် အင်္ဂလိပ်အုပ်ချုပ်သောအောက်နယ်သို့ အလုံးအရင်းပြောင်းရွှေ့ လာကြခြင်းမှာ အထက်မြန်မာပြည်တွင် သစ်တောပြုန်းတီးရာမှ မိုးခေါင်ရေရှားသဖြင့် လယ်ယာ ကောင်းစွာမစိုက်ပျိုးနိုင်တော့သည်ကတကြောင်း၊ အင်္ဂလိပ်ပိုင်အောက်ပြည်အောက်ရွာတွင် မူရင်းရာသီဥတုနှင့်သဘာဝမိုးလေ၀သအခြေအနေများကောင်းသည့်အပြင် မြေသြဇာလဲ အလွန်ကောင်းသည်ဖြစ်၍တကြောင်း၊ အဂ်လိပ်အစိုးရနှင့် အရှေ့ အိန္ဒယကုပ္မဏီက ဒေသထွက်ဆန်စပါးများကိုနိုင်ငံခြားဈေးကွက်သို့ ထုတ်ကုန်အဖြစ်အလျှံပယ် ရောင်းထုတ်နိုင်သည်ကတကြောင်းတို့ ကြောင်းဖြစ်သည်။
၁၈၂၆ ခုနှစ်မှ ၁၈၇၂ အထိ တနင်္သာရီတိုင်း လူဦးရေမှာ ၇ သောင်းမှ ၂၅၇,၄၀၄ အထိတိုးလာသည်။ ၁၈၅၅ မှ ၁၈၇၂ အထိ ပဲခူးတွင် လူဦးရေ ၈၇,၇၄၂မှ ၁,၆၆၂,၀၅၈ သို့ တိုးလာပြီး မုတ္တမတွင် ၂၀၅,၉၁၃ ဦးတိုးလာသည်။
ကရင်အပါအ၀င် ညီနောင်လူမျိုးစုများ ညီညွတ်ရေး-
ကရင်အပါအ၀င် ညီနောင်လူမျိုးစုများ ညီညွတ်ရေး-
ကရင်ကိစ္စ ကနေစပြောပါရစေ..
ကရင့်လက်နက်ကိုင်တော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးအဖြစ်နဲ့ဘဲ ဆက်လက်တည်တန့်နေဖို့ရည်ရွယ်တယ်ဆိုရင် ခုလို ကရင်လက်နက်ကိုင်အဖွဲ့တွေကွဲနေတာက အကောင်းဆုံးအနေအထားဖြစ်တယ်( ဒီအကြောင်းကို နောက်အပိုဒ်မှာရှင်းပြမယ်)။
လက်နက်ကိုင်တော်လှန်ရေးအဖြစ်နဲ့သာ တန့်နေဖို့မဟုတ်ဘဲ အသိအမှတ်ပြုခံရတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အချုပ်အချာ နယ်မြေတခုအဆင့်ကို တက်ဖို့ရည်ရွယ်တယ်ဆိုရင်တော့
ကရင်လက်နက်ကိုင်အဖွဲ့တွေခုလိုကွဲနေလို့ လုံးဝမရနိုင်ဘူး။ တခုတည်းသောတပ်မတော်တရပ်အဖြစ်မားမားမတ်မတ်တည်ရှိခြင်းဟာ ကိုယ်ပိုင်ပြဌာန်းခွင့် အသိအမှတ်ပြုခံရရေးအတွက် လုံးဝမရှိမဖြစ်တဲ့ အရေးအကြီးဆုံး အရည်အသွေးဖြစ်တယ်။
သမိုင်း၊ ကိုယ်ပိုင်ဘာသာစကား၊ သီးချားယဉ်ကျေးမှုတွေရှိခြင်းဟာ Ethnic, Race, Tribe, Native, indigenous စသဖြင့် လူမျိုးတစ်မျိုးဖြစ်ခြင်းရဲ့အရည်အသွေးတွေသာဖြစ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အာဏာရှိတဲ့ National တရပ်ရဲ့ ၀ိသေသမဟုတ်ဘူးဆိုတာကို လက်ရှိကမ္ဘာ့အနေအထားအရ အရှိကိုအရှိအတိုင်း မြင်ကြဖို့လိုပါတယ်။
ဖက်ဒရယ်အရေးကြီးပုံ
ဝေါဟာရ အသုံးအနှုန်း သတိပြုရန်နှင့် ဖက်ဒရယ်အရေးကြီးပုံ
(နဲနဲရှည်တယ် အချိန်အား မှဖတ်ပါရန်၊ မဖတ်ချင်လဲ ကျော်သွားလိုက်ပါ)
ကျနော့ရဲ့ ပို့စ်တွေမှာ လူမျိုးရေး နဲ့ အမျိုးသားရေး ဆိုတဲ့စကားလုံးတွေရှိပါတယ်။
လူမျိုးရေး ဆိုတာက လူတမျိုးတည်းရဲ့အရေး ကို ခေါ်ဆိုတာဖြစ်ပြီး။ အမျိုးသားရေး ဆိုတာကတော့ ဒေသခံမူလ လူမျိုးစုံ ရောနှောနေထိုင်တဲ့ ဒေသရဲ့အရေးကို သတ်မှတ်ခေါ်ဆိုထားတာဖြစ်တယ်။
လူမျိုးတစ်မျိုးတည်းနေထိုင်တဲ့ဒေသမှာဖြစ်ဖြစ် လူမျိုးစုံရောနှောနေထိုင်တဲ့ဒေသမှာဘဲဖြစ်ဖြစ် ရှိနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတခုဟာ မိမိဆိုင်ရာလူမျိုးတစ်မျိုးတည်းအတွက် ရည်မှန်းလုပ်ဆောင်တာဖြစ်ရင် လူမျိုးရေးလှုပ်ရှားမှုဖြစ်သလို လူမျိုးတစ်မျိုးတည်းနေထိုင်တဲ့ဒေသမှာဖြစ်ဖြစ် လူမျိုးစုံရောနှောနေထိုင်တဲ့ဒေသမှာဘဲဖြစ်ဖြစ် ရှိနေတဲ့ နိုင်ငံရေးအဖွဲ့အစည်း အဖွဲ့အစည်းတခုဟာ မိမိရဲ့ရည်မှန်းချက်နယ်မြေဒေသအတွင်းက လူမျိုးစုံအတွက် ရည်မှန်းလုပ်ဆောင်တာကို တော့ အမျိုးသားရေး အဆင့်လှုပ်ရှားမှုလို့ သတ်မှတ်နိုင်တာဖြစ်တယ်။ သူတို့ရဲ့ရည်မှန်းချက်နယ်မြေဟာ လောလောဆယ်ကာလမှာ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်အာဏာရနယ်မြေသေသအဖြစ် အသိအမှတ်ပြုခြင်းမခံရသေးတဲ့တိုင် အမျိုးသားရေးလှုပ်ရှားမှုဘောင်ဝင်နေတာဖြစ်တယ်။ ဥပမာ-ကရင်အမျိုးသားတော်လှန်ရေးဆိုပါတော့။ ဒီတော်လှန်ရေးအဖွဲ့အစည်းဟာ ကရင်ဆိုတဲ့လူမျိုးနာမယ်အစားကော်သူးလေဆိုတဲ့ ပထ၀ီနာမယ်ကို သုံးနှုန်းတယ်ဆိုရင် အခေအဝေါ်အရ အဲဒီကော်သူးလေခေါ်ပထ၀ီနယ်မြေတွင်းမှာ ရောနှောနေထိုင်ကြတဲ့ လူမျိုးစုံကို ကိုယ်စားပြုနေတာမို့ လူမျိုးရေးအဆင့်ကိုကျော်လွန်တဲ့ အမျိုးသားရေးအဖြစ်သက်ရောက်ပါတယ်။
နောက်ဥပမာ- ရှမ်းပြည်တိုးတက်ရေးပါတီ (SSA) ဆိုရင် နာမယ်အသီးသီးရှိကြတဲ့ လူမျိုးစုပေါင်း ၃၀ လောက် ရောနှောနေထိုင်တဲ့ ရှမ်းဆိုတဲ့ ပထ၀ီနာမယ်ကိုသုံးနှုန်းထားတာကြောင့် လူမျိုးရေးထက်မြင့်တဲ့ အမျိုးသားရေးအဆင့်လှုပ်ရှားမှုအဆင့်ဖြစ်နေတာပါဘဲ။ နောက်ပြီး လူမျိုးခြားဘာသာစကားဖြစ်တဲ့ ရှမ်းဆိုတဲ့ သီးသန့်လူမျိုးဆိုတာကလည်း မရှိတာမို့ ဒီ ပထ၀ီအခေါ်အဝေါ်ဟာ ဒေသတွင်းလူမျိုးစုအားလုံးကို ကိုယ်စားပြုနိုင်တာဖြစ်တယ်။ မွန်ကတော့ မျိုးကွဲမရှိတာမို့ မွန်လူမျိုးနဲ့ မွန်အမျိုးသားဟာ တခုထဲဖြစ်တယ်။ ဒါပေမဲ့ လူမျိုးစုံရောနှာနေထိုင်တဲ့ ရာမညတိုင်းအရေးဆိုရင်တော့ မွန်ဆိုတဲ့အခေါ်အဝေါ်ဟာ ရာမညတိုင်းအမျိုးသားရေးအဆင့်မှာရှိနေမှာမဟုတ်ပြန်ဘူး။လူမျိုးရေးအဆင့်ဘဲပြန်ဖြစ်သွားတာပါ။
အရင်းရှင်စနစ်လုပ်ငန်းများ၏ အမြတ်အစွမ်းနှင့်နေက်ဆက်တွဲပြသနာ
အရင်းရှင်စနစ်လုပ်ငန်းများ၏ အမြတ်အစွမ်းနှင့်နေက်ဆက်တွဲပြသနာ
ကုန်ထုတ်လုပ်ငန်းတခုအမြတ်အစွမ်းသည် ထုတ်လုပ်ရေးစားရိတ်( production costs ) ပေါ်တွင်တည်သည်။
တခြားလုပ်ငန်းများထက် ထုတ်လုပ်ရေးစားရိတ်ပို၍ လျှော့ချနိုင်သော လုပ်ငန်းများသာ အမြတ်အစွမ်းကိုရနိုင်သည်။
ကုန်ထုတ်လုပ်ငန်းတခုသည် မိမိထွက်ကုန်ပစ္စည်းကို တခြားပြိုင်ဘက်များထက် ဈေးမြှင့်ရောင်းချဖြန့်ချီလျှင် ၀ယ်လက်များက ဈေးနိမ့်သည့်ဘက်ပါသွားကြမည်ဖြစ်သဖြင့် ထိုဈေးမြင့်ရောင်းသောလုပ်ငန်းသည် ၀ယ်ယူအားပေးသူမဲ့ခါပျက်စီးဆုံးရှုံးခြင်းသို့ရောက်မည်။
ထို့နည်းတူ ကုန်ထုတ်လုပ်ငန်းတခုသည် မိမိထွက်ကုန်ပစ္စည်းကို တခြားပြိုင်ဘက်များထက် ဈေးနှိမ့်ရောင်းချဖြန့်ချီလျှင်ရောင်းချဖြန့်ချီသည့်အခါတိုင်း ထုတ်လုပ်မှုစားရိတ်ကိုမကာမိသဖြင့် မကြာမှီတွင် လုပ်ငန်းဆက်မလုပ်နိုင်တော့ဘဲ ပြိုင်ဘက်အသစ်များက ဈေးကွက်နေရာအစားဝင်သိမ်းပိုက်မည်ဖြစ်သည်။
သို့ဖြစ်၍ ပစ္စည်းဈေးမြင့်ခြင်းနှင့် ပစ္စည်းဈေးနှိမ့်ခြင်း ၂နည်းလုံးသည် ကုန်ထုတ်လုပ်ငန်းတခုကို ဆုံးရှုံးပျက်စီးစေနိုင်မှု ဒီဂရီ ပြင်းအား အနေအထားအတူတူပင်ဖြစ်တော့သည်။
သို့ဖြစ်၍ လက်ရှိကမ္ဘာ့နိုင်ငံအသီးသီးရှိ ပုဂ္ဂလိကကုန်ထုတ်လုပ်ငန်းများသည် ပစ္စည်းရောင်းဈေးမြှင့်တင်စရာ မလို သော ကုန်ထုတ်လုပ်ရေးစားရိတ်ကန့်သတ်မှုကိုအဓိကအသုံးပြုကြခြင်းဖြစ်သည်။
ကုန်ထုတ်လုပ်ရေးစရိတ်ကိုကန့်သတ်နည်းမှာ လစာနှင့်အထွေထွေလူမှုထောက်ပံ့ကြေးများပေးရသော လူသားများအစား စက်ကရိယာများကိုတိုးမြင့်အသုံးချခြင်းဖြစ်သည်။ အလုပ်လက်မဲ့များအလျှန်ပယ်တိုးများလာစေသဖြင့်ရာဇ၀တ်မှုများနှင့် အခြားလူမှုရေးပဌိပက္ခပြသနာများစွာထိမ်းမနိုင်သိမ်းမရတိုးပွားလာသည်။
ပင်လုံနှင့် xenophobia ဆက်စပ်၍---
ပင်လုံနှင့် xenophobia ဆက်စပ်၍---
ပြည်ပတွင် အသက်ရှင်နေထိုင်ခဲ့သည့်ကာလသည် မွေးရပ်တွင်ထက် ၁၀နှစ်ခန့်ပိုမိုကြာညောင်းခဲ့ပါပြီ။
သို့သော်ပြည်ပနိုင်ငံအားမိမိ၏ မွေးရပ်မြေကဲ့သို့ တွယ်တာမြတ်နှိုး စွဲလမ်း ပူပင်သည့် စိတ်ဝိဥာဉ်ရှင်သန်ကြီးထွားမှုနှုန်းထားကတော့ သိသိသာသာဖွံ့ဖြိုးတိုးတက်လာခြင်းမရှိပါပေ။
သို့ပင်ဖြစ်သော်လည်း ဖိတ်ခေါ်ခံရခြင်းမရှိဘဲ မိမိလာရောက်မှီခိုနေသောပြည်ပနိုင်ငံအား အသားလွတ်မုန်းတီး အထင်သေးသည့်စိတ်ဓါတ်မှာမူ လေ့လာသုံးသပ် တွေ့မြင်နေရသော အခြေအနေမှန်များအရ တိမ်ကောသွားခဲ့ပြီဟုတော့ဆိုနိုင်သည်။
အမှန်တွင်ငယ်စဉ်အခါက သင်ကြားခဲ့ရသော သမိုင်းများနှင့်မဆလအစိုးရ၏ ပြည်ပနိုင်ငံမုန်းတီးရေး ၀ါဒသွတ်သွင်းမှုများကြောင့် ကျုနုပ်တို့တွင် ပြည်ပနိုင်ငံအတော်များများကို တဘက်သတ်မုန်းတီးသောစိတ်ဓါတ်များစွဲကပ်နေခဲ့ရခြင်းဖြစ်ကြောင်း ရှင်းလင်းစွာနားလည်သိမြင်လာခဲ့ခြင်းက ယင်းသို့တဘက်သတ် အသားလွတ်မုန်းတီးရန်လိုသောစိတ်ရောဂါ (xenophobia) များကို ခြေဖျက်လိုက်ခြင်းဖြစ်သည်။
နှစ်၁၀၀ အမျိုးသားစီမံကိန်း
နှစ်၁၀၀ အမျိုးသားစီမံကိန်း
တိုင်းရင်းသားလူမျိုးစုအခွင့်အရေးလှုပ်ရှားမှုချက်မ
များဖြစ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ သူတလူငါတမင်းကွဲပြားနေခြင်းသည် ထိုလူမျိုးစုတိုင်း၏
ကိုယ်ပိုင်ပြဌာန်းခွင့်တောင်းဆိုသံများကို အလွန်အမင်းအားနဲစေသည်။ ထို့ပြင်ဆိုင်ရာသာမန်တိုင်းရင်းသားလူထုအသီးသီးအတွင်းတွင်
ကိုယ်ပိုင်ပြဌာန်းခွင့်လိုလားကြသည်ဆိုသည့် ထင်သာမြင်သာလှုပ်ရှားပြသမှုများမဖြစ်ရှိနေခြင်းသည်လည်း
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို အထောက်အထားမဲ့ဖြစ်စေသည်။
သို့ဖြစ်၍ လက်နက်ကိုင်အဖွဲ့များကွဲပြဲနေစေရေးနှင့် သာမန်တိုင်းရင်းသားလူထုများမှမိမိတို့၏ဆန္ဒမှန်ကို
မပြသရဲစေသည့် ကြောက်ရွံ့မှု၊ ရှက်ကြောက်မှုများ လွမ်းခြုံနေစေရေးသည် လူမျိုးကြီးဝါဒဥခွံမကျွတ်သော
မြန်မာ့ဒီမိုကရေစီအစိုးရနှင့် မြန်မာ့တပ်မတော်တို့မှ ဆက်လက်ပူးပေါင်းလက်တွဲဆောင်ရွက်နေကြသည့်
မဆုံးသေားသော နှစ်၁၀၀ အမျိုးသားစီမံကိန်းကြီး၏ နောက်ဆုံးကာလပင်ဖြစ်တော့သည်။
သမိုင်းမျက်ခြေပြတ်ရင်
မခွဲခြားနိုင်ဘူး။လွတ်လပ်ရေးရစ ဦးနုခေတ်၊ နေ၀င်းခေတ်၊ ခင်ညွန့်ခေတ်၊
သိန်းစိန်ခေတ် တိုင်းမှာ အပစ်ရပ်ငြိမ်းချမ်းရေး မလုပ်ခဲ့ဘူးထာမရှိပါဘူး။
မြန်မာ့တပ်မတော်ရဲ့စစ်အောင်နိုင်ရေးနည်းဗျူဟာတရပ်ဖြစ်တယ်။
မဟာလူမျိုးကြီးဝါဒတည်ဆောက်မှုအောင်မြင်ြီ့းဆုံးရေးအတွက်သာဖြစ်တဲ့အတွက်တကြိမ်မှမအောင်မြင်ခဲ့ဘူး။
ခုခေတ်မှာတော့ ဒီမိုကရေစိအစိုးရကို ဘန်းပြလှည့်သုံးနေတာပါ။ စစ်တပ်ရဲ့မူလ
နည်းဗျူဟာနဲ့ကြိုးဆွဲမှုအောက်မှာပါဘဲ။)
သူခိုးဓါးရိုးကမ်းရန်
သူခိုးဓါးရိုးကမ်းရန်
ကြံစည်နေကြသော ကရင်နိုင်ငံရေးစားဖါးများအား မေတ္တာရပ်ခံခြင်း-
၁၈၇၉ ခုနှစ်ဖေဖေါ်ဝါရီလမှာ သီပေါမင်းသား ဘုရင်ဖြစ်လာဖို့
စုဘုရားလတ်ရဲ့မယ်တော် သီပေါမင်းရဲ့ခမည်းတော်ဖြစ်သူ မင်တုန်းမင်းရဲ့မိဘုရားဆင်ဖြူမရှင်က
သီပေါမင်းသားနဲ့သက်တူရွယ်တူဖအေတူ မအေကွဲ ဖြစ်ကြတဲ့ညီကို ၄၀ ကို မန္တလေးနန်းတော်မှာ ဖမ်းဆီးသတ်ဖြတ်ပစ်ခဲ့တယ်။
ဒီသတ်ဖြတ်မှုကြီးကိုဗြောင်လုပ်ခဲ့တာမို့ ကုန်းဘောင်ပြည်သားတိုင်းသိရှိခဲ့ကြပါတယ်။ ပြည်သူတွေဟာရင်နင့်မှုနဲ့အတူ
လူစိတ်ခေါင်းပါးတဲ့ ကုန်းဘောင်ထီးနန်းအုပ်ချုပ်ရေးအပေါ် မူလကထက်ပိုပြီး ကြောက်ရွံ့ရွန်ရှာလာကြပါတယ်။
ဒီလိုပေါက်ပွားကြီးထွားလာတဲ့ (mass psychology) ခေါ်လူထုစိတ်ဓါတ်ဗေဒအခြေခံတရားကြောင့်
ကုန်းဘောင်ပဒေသရာဇ်ရဲ့အဖိနှိပ်ခံ ပြည်သူတွေဟာ အင်္ဂလိပ်-ကုန်းဘောင်စစ်ပွဲမှာ ကုန်းဘောင်ထီးနန်းဘက်ကနေ
လုံးဝပါဝင်ထောက်ခံအားပေးခြင်းမပြုခဲ့ကြပါဘူး။ တိုင်းသူပြည်သားတွေဘဲဖြစ်ကြတဲ့ ကရင်လူမျိုးများဆိုရင်
ဘာမှမသိနားမလည်တဲ့ တောသားလူရိုင်းများအဖြစ်သာသတ်မှတ်ကျင့်သုံးခြင်းခံခဲ့ကြရပြီး တိရိစ္ဆာန်များသဖွယ်ကျွန်ပြုခံထားရတဲ့ခေတ်ဖြစ်တာမို့
ကုန်းဘောင်အုပ်ချုပ်ရေးကို ဘယ်သူလာဖျက်ဖျက် မိမိတို့အတွက်ပိုကောင်းလာဖို့ဘဲရှိတဲ့ အနေအထားလဲဖြစ်နေခဲ့ပါတယ်။
တခြားတိုင်းရင်းသားတွေလဲဒီလိုအလားတူ အနေအထားသာဖြစ်ကြပါတယ်။ ဒီတော့ လူထုထောက်ခံမှုလုံးဝမရှိတဲ့
ကုန်းဘောင်ဘုရင့်တပ်အများအပြားဟာ တပ်ပျက်ကုန်တယ်။ အတင်းအကြပ်တပ်ထဲအသွင်းခံခဲ့ရတဲ့ တပ်သားတွေဟာလဲ
တပ်ပြေးတွေအဖြစ်ရွာပြန်ပြေးကုန်ကြတယ်။
ကယ်တင်ရှင်ဝင်လုပ်ကြမလား
ကယ်တင်ရှင်ဝင်လုပ်ကြမလား
နိုင်ငံတကာက ၀ိုင်းဝန်းပိတ်ဆို့မှုဒဏ်ကို မလူးသာမလွန့်သာခံနေရခဲ့ရလို့ ထွက်ပေါက်ပိတ်နေခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ တရုတ်ပြည်ရဲ့ရင်ခွင်ထဲ ခယခိုလှုံပြီး တရုတ်ပြည်ရဲ့နို့ချိုကိုမှီဝဲသောက်သုံးနေခဲ့ရတယ်။ တရုတ်နို့ဖိုးအတွက်ပေးခြေခဲ့ရတဲ့ အဖိုးအခကလဲ တန်ဖိုးမဖြတ်နိုင်လောက်အောင် ကြီးမားခဲ့တယ်။ ကချင်ပြည်ကကျောက်စိမ်းတောင်တန်းကြီးတွေအားလုံးနီးပါးဟာ မြေလှန်တူးဖေါ်ခြင်းခံခဲ့ရလို့ မဟာရေအိုင်ကြီးများအဖြစ်ပြောင်းလဲကုန်သလို ဘင်္ဂလားပင်လယ်ကဓါတ်ငွေ့ကို စုတ်ယူဖို့ ရခိုင်-တရုတ် ရွှေဂက်စ်ပိုက်လိုင်းကြီးကိုဖေါက်လုပ်ရာမှာလဲ ရခိုင်ပြည်ရဲ့ရှေးဟောင်းသမိုင်း သက်သေ အထောက်အထားများစွာကို မြေအောင်းကားကြီးများနဲ့ ထိုးထုတ်ခြေဖျက်ပြီး လမ်းကြောင်းတွေဖေါက်လုပ်ခဲ့တယ်။ ကရင်၊မွန်နဲ့တနသာင်္ရီတိုင်း ကျွှန်းတောအားလုံးနီးပါးကိုတော့ အငုတ်ပါမကျန်တူးခုတ်ပြီး ထိုင်း ကို ဈေးချိုချိုနဲ့ ကန်ထရိုက်ပေးပစ်ခဲ့တယ်။ အဲလို ရောင်းစားလို့ရတဲ့ တိုင်းရင်းသားနယ်မြေတွေအားလုံးပေါက်ဈေး နဲ့ရောင်းစားပစ်ခဲ့ပေမဲ့ မြန်မာစစ်အစိုးရဟာ ဖရိုဖရဲပြိုလဲနေတဲ့မိမိရဲ့အုပ်ချုပ်ရေးယနရားကြီးကို လည်ပတ်ဖို့ ဘဏာငွေချို့တဲ့နေဆဲဖြစ်ခဲ့တယ်။ ဒီပြသနာကိုဖြေရှင်းဖို့ နေ၀င်းမဆလခေတ်က ချမှတ်ကျင့်သုံးခဲ့တဲ့ အခမဲ့ပြည်သူ့ကျန်းမာရေးနဲ့ အခမဲ့ ပညာရေးစနစ်တွေကိုဖျက်သိမ်း ခဲ့ယုံတင်မက တပြည်လုံးမှာ ပေါက်ပေါက်ရှာရှာအကောက်ခွံအမျိုးမျိုးကိုချမှတ်ကောက်ခံခဲ့တဲ့အပြင် အစိုးရဌာနအသီးသီးကလဲ ပြည်သူတွေဆီက အလှုငွေပေါင်းစုံကို ဖြစ်ညှစ်သွေးစုတ်ခဲ့ပြန်တယ်။ ရှေ့တန်းမှာချထားတဲ့ တပ်မစစ်ကြောင်းတွေကိုလဲ အနီနဲ့အနက်ရောင်စစ်နယ်မြေအတွင်း ဓါးပြတိုက်ခွင့်ချမှပေးခဲ့တယ်။ အဲလောက်ကို ဘေးကြပ်နံကြပ်ရူးမတတ်ဖြစ်နေရတဲ့ ၀ဲဂရက်ကနေလွတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲန်အဲလ်ဒီပါတီဟာ စစ်အုပ်စုကချမှတ်တဲ့ ခြေဥုမှာ ၀င်ပါတဲ့နည်းနဲ့ စစ်တပ်ရဲ့မှောက်နေတဲ့လှေကြီးကို ၀င်ရောက်ဖေးမ ပေးလိုက်ကြတယ်။
ခွဲထွက်ပိုင်ခွင့်မရှိခြင်းဟာ ဒီမိုကရေစီမရှိခြင်းဖြစ်တယ်။
ခွဲထွက်ပိုင်ခွင့်မရှိခြင်းဟာ ဒီမိုကရေစီမရှိခြင်းဖြစ်တယ်။
အင်္ဂလိပ်လက်ကနေလွတ်လပ်ရေးရပြီးနောက် အတူနေထိုင်ကြပြီး ၁၀ပြည့်တဲ့အခါ ဒီအတူနေထိုင်မှုကနေမိမိတို့ခံစားရရှိခဲ့တဲ့ နစ်နာဆုံးရှုံးမှုတွေအပေါ်တည်ပြီး ခွဲထွက်လိုကခွဲထွက်ခွင့်ရှိတယ်ဆိုတာကို ပထမပင်လုံစာချုပ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလ က အတိအလင်းသဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒီသဘောတူညီချက်ဟာ ပင်လုံစာချုပ်ရဲ့ တစ်ခုတည်းသော မဟာ့ မဟာ အဓိက အချက်ပါဘဲ။ ဒီအဓိကအချက်ကို မဆလနေ၀င်းအာဏာရှင်အစိုးရက ချီးကုန်းပစ်ခဲ့တယ်။ ဒီအချက်ကိုဆက်လက်ရပ်တည်တဲ့ နိုင်ငံရေးပါတီအားလုံးကို ဖမ်းဆီးချုပ်နှေင် ပိတ်ပင်ပစ်တဲ့အလားတူ တိုင်းရင်းသားအမျိုးသားနိုင်ငံရေးအင်အားစုအားလုံးကိုလဲ နိုင်ငံရေး စစ်ရေးနည်းအားလုံးနဲ့ခြေမှုန်းသုတ် သင်ခဲ့တယ်။ ရာစုနှစ် ထက်ဝက်ကြာမျိုးချစ် တိုင်းရင်းသားနှိမ်နင်းရေး ပြည်တွင်းစစ်ရဲ့ဒဏ်ကြောင့် တိုင်းပြည်ဟာ အာရှမှာသာမက ကဘာ့အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်ချွတ်ခြုံကျသွားခဲ့ရတယ်။ ဆင်းရဲနုံချာမှုဒဏ်ကိုမခံနိုင်တော့တဲ့အဆုံး ၁၉၈၈ မှာ ပြည်သူလူထုထုနဲ့ ကျောင်းသားတွေကတပြည်လုံးဆနပြကြတယ်။ စစ်တပ်က သေနပ်တွေနဲ့ပစ်ယုံသာမက တင့်ကားတွေ အမြောက်တွေ မှိုင်းဗုံးတွေနဲ့ထုတယ်။ ဆနပြကျောင်းသားနဲ့လူထုအများအပြားကို စစ်ကားတွေပေါ်တင်ပိတ်ပြီး ကားကို ဒလကြမ်းမောင်းတဲ့နည်းနဲ့ အသက်ရှုမရ မချိမဆန့်မွန်းကြပ်သေကျေစေခဲ့တယ်။ တချို့ကို မီးလောင်နေတဲ့ အဆောက်အအုံထဲပစ်သွင်းပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တယ်။ ကျောင်းသားအများအပြားကို အင်ယား၊ ကန်တော်ကြီးထဲ အတင်းကန်ချပြီး ကမ်းပေါ်ပြန်လာသူမှန်သမျှကို လှံစွတ်တွေနဲ့စောင့်ပြီးထိုးသတ်တယ်။
ကရင့် မူလစာပေ သမိုင်းကြောင်း တစေ့တစောင်း
ကရင့် မူလစာပေ သမိုင်းကြောင်း တစေ့တစောင်း
၁၉၂၁ ခုနှစ်တွင်ဝေလမင်းသား (Edward 8) ကမိမိအင်ပိုင်ယာကိုလှည့်လည်ကြည့်ရှုရင်း အင်းဒီးယားမှတဆင့် ဘားမားသို့ခရီးတထောက်ရာက်ရှိလာသည်။ မိမိကြားဘူးသော ကရင်လူမျိုးနှင့် ကရင်စာကို သိချင်သဖြင့် ဖိတ်ကြားထားသောကရင်လူကြီးများကိုမေးမြန်းသည်။ ထိုအခါ ကရင်ပြည်နယ် ဖာအံတောင်ဘက် မိုင် ၂၀ခန့်အဝေးတွင်ရှိသည့် ဒုံရင်းနယ်မှ ခရစ်ယန်သင်းအုပ်ဆရာတဦးက ကရင်ဘာသာဖြင့်ရေးထားသော စာအုပ်ကိုပြသသည်။ ထိုစာအုပ်မှာ မြန်မာစာလုံးကို အခြေခံခါပိုးကရင်ဘာသာစကားအဖြစ်ပြုပြင်ရေးသားထားသည့် ခရစ်ယန်သမာကျမ်းစာဖြစ်သည်။ ထိုစာကို ၁၈၀၃ ခုနှစ်က အမေရိကန် မစ်ရှင်နရီတစ်ဦးဖြစ်သူ ဂျော်နသန် ၀ိဒ် (Jonathan Wade)ကတည်ထွင်ပေးခဲ့ခြင်းဖြစ်သည်။ ဗမာစာကိုမြင်ဘူးသောဝေလမင်းသားကထိုစာအုပ်ကိုမြင်သောအခါကရင်စာစစ်စစ်မဟုတ်သည်ကိုတွေ့ရသဖြင့် ကရင်အမျိုးသားတွေမှာကိုယ်ပိုင်စာရှိကိုရှိရမယ်ဟု ဆိုလေသည်။ ထိုအခါ ကရင်လူကြီးတဦးဖြစ်သူ ဖူးလှအုန်းက ကရင်မူလစာပေလက်ရေးနမူနာများကို ယခုနှစ်နိုဝင်ဘာလအတွင်းတွင် ရှာဖွေစုဆောင်ပြီး ဝေလမင်းသားထံ ဆက်သပ်မည်ဖြစ်ကြောင်းကတိပေးသည်။
ဝေလမင်းသားကိုကတိခံထားသော ကရင်လူကြီး တို့သည် ကရင်ဒေသရှိ ကော်ရင်းရွာသို့သွားရောက်ခါ ကရင်ရှေးဟောင်းစာပေကိုသုတေသနပြုနေသည့် ဖူးမြသာနှင့်တွေ့ဆုံဆွေးနွေးပြီး ကြက်ယက်စာဟုခေါ်သည့် ငှက်ခြစ်စာ (Fowls’ Scratch)ကိုသင်ကြားပေးနိုင်သည့် ဖူးရွှေဖုန်းခေါ် ကျော်ရွှေဖုန်း ထံချဉ်းကပ်ကြသည်။
ထိုစာကို လယ်ကယ်စာ(Laikai)ဟုခေါ်သည်။ ဖူးရွေဖုန်းကလယ်ကယ်စာနောက်ခံ သမိုင်းကြောင်းကိုသူတို့အားရှင်းပြသည်။ ဖူးရွှေဖုန်းသည် လယ်ကယ်စာကိုရှာဖွေတွေ့ရှိရာတွင် ကရင်စာပေအဖြစ်မျှသာ ဖြန့်ဖြူးခြင်းမဟုတ်ဘဲ လယ်ကယ်သသနာကိုပါ ပူးတွဲထားသည်။ ထိုအချက်သည် ထိုစဉ်ကဘာသာရေးနှင့်အမျိုးသားစာပေကိုခွဲခြားနိုင်မှုအားနည်းသော အမြင်မကျယ်သေးသည့် ကရင်လူမျိုးများအကြား ကရင့်မူလစာပေမပြန့်ပွား နိုင်ရခြင်းအကြောင်းရင်းတခုဖြစ်သည်။ မည်သို့ဆိုစေ ဖူးမြသာနှင့်ဖူးလှအုန်းတို့က တခြားလူမျိုးတကာတို့၏စာလုံးများနှင့်မတူသော လယ်ကယ်ခေါ် လီဆောဝက်စာကို မူလကရင့်စာပေအစစ်အအမှန်ဖြစ်သည်ဟုယုံကြည်သဖြင့် နိုဝင်ဘာလ ရန်ကုန်တွင် အစီအစဉ်အတိုင်းစောင့်စားနေသည့် ဝေလမင်းသားထံ တင်ဆက်နိုင်ရန် သင်ယူလေ့ကျင့်ပြီး ပြင်ဆင်ကြတော့သည်။
ဝေလမင်းသားပုံ
ကရင်လူမျိုးဆင်းသက်လာပုံ
၁၂၇၆မှ ၁၂၉၁ အတွင်း အာရှ၊ ပါရှ၊ တရုတ်၊ အင်ဒိုနီးရှ တခွင်ခရီးနှင်လျှက် ထိုစဉ်က အာရှတခွင်ကို သိမ်းပိုက်ကြီးစိုးသည့် မွန်ဂိုလ်ခေါင်းဆောင် Kublai Khan နှင့်တွေ့ ဆုံခဲ့သော အီတလီလူမျိုး မာကိုပိုလို (Marco Polo)၏ ခရီးသွားမှတ်တမ်းကို အာသာ ရပ်စတီချဲလို (Author Rustichello) ကရှေးဟောင်းပြင်သစ်ဘာသာဖြင့်ရေးသားထုတ်ဝေခဲ့သည်။ စာအုပ်အမည်ကို မာကိုပိုလိုခရီးစဉ် (The Travels of Marco Polo) ဟု အင်္ဂလိပ်ဘာသာဖြင့်ခေါ်ပြီး ပြင်သစ်ဘာသာဖြင့် (Book of the Marvels of the World) ဟု ခေါ်သည်။
စာအုပ်တွင် တရုတ်ပြည်ယူနန်နယ်မြောက်ပိုင်းတွင်တည်ရှိခဲ့သော ကရင်အုပ်ချုပ်ရေး စီရင်စုကြီး အကြောင်းကို ဖေါ်ပြထားသည်။ ထိုစီရင်စုကြီးအတွင်း၌ အစိုးရတဖွဲ့ စီရှိသော နယ်မြေ(၇)ခုပိုင်းခြားဖွဲ့ စည်း ပါဝင်သည်ဟုဆိုသည်။
မာကိုပိုလိုက ကရင်လူမျိုးကို ကရိုင်ယန် (Karaian) ဟုခေါ်သည်။ ထိုင်းကလည်းထိုအသံထွက်မျိုးဖြင့်ကရင်လူမျိုးကိုခေါ်ဆိုသည်။ မာကိုပိုလိုက ဧရာဝတီမြစ်ကို ဧရာဘက်တီ(Irabatty) ဟုဖေါ်ပြထားသည်။ ကရင့်သမိုင်းတွင်ဖေါ်ပြလေ့ရှိသည့် ကရင်တို့ ဆင်းသက်လာရာ
ထီးဆဲ့မဲ့ယွာ ဆိုသည့် သဲစီးမြစ်ချောင်း ကို မာကိုပိုလိုက ရွှေရောင်သဲမြစ်(Brius, The river with the golden send) ဟုလဲဖေါ်ပြထားသည်။
Arakan campaign and Burma campaign 1942-1945
Arakan campaign and Burma campaign 1942-1945
အင်္ဂလိပ်က မြန်မာပြည်ကိုသိမ်းပိုက်အုပ်ချုပ်ထားသော ဂျပန်တပ်များအား တိုက်ထုတ်သည့်စစ်ဆင်ရေးများကို ရခိုင် ကန်ပိန်းနှင့် ဘားမားကန်ပိန်းဟုခေါ်သည်။
ရခိုင်ကန်ပိန်းသည် ၁၉၄၂ တွင်စပြီး ၁၉၄၃ တွင် ဆုံးသည်။ ဘားမားကန်ပိန်းမှာမူ ၁၉၄၂ မှ ၁၉၄၅ ခုနှစ်အထိဖြစ်သည်။ ဆောင်းပါးတွင် ထိုကန်ပိန်း၂ခုလုံးကိုချုပ်ငုံဖေါ်ပြထားပါသည်။
ဂျပန့်အနေအထား
ဂျပန်တို့က ဘားမားကို ၀င်ရောက်သိမ်းပိုက်သော အစပိုင်းတွင် အင်္ဂလိပ်က အိနိယနှင့် အရှေ့ပါကစတန်(ဘဂ်လားဒေ့ရှ်)သို့တပ်ဆုတ်ခွာသည်။ အမှတ်(၁၅) ဂျပန်ဘုရင့်တပ်မတော်ကို ဒုဗိုလ်ချုပ်ရှိုဂြီရို လီဒါက ဦးစီးသည်။ ထိုဂျပန်တပ်သည် ထိုင်းနိုင်ငံမြောက်ပိုင်းကိုဖြတ်ပြီး တင်္နသာရီတိုင်းသို့ ၁၉၄၂ ဇန၀ါရီလတွင် ရောက်ရှိသည်။ ဂျပန်တပ်များသည် ကော့ကရိတ်တွင်ကျန်ရှိသော ဒေသခံ ကရင့်ရိုင်ဖယ်တပ် များကို တိုက်ခိုက်ထိုးဖေါက်ပြီး မော်လမြိုင် ဆိပ်ကမ်းကိုသိမ်းပိုက်သည်။ သံလွင်နှင့်စစ်တောင်းမြစ်ဝှမ်းတလျှောက် အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သော ကရင်၊ကချင်၊ မွန် အပါအ၀င် အင်္ဂလိပ်ကိုလိုနီအစိုးရ၏တိုင်းရင်းသား သေနပ်ကိုင်တပ်ရင်းများကို တိုက်ထုတ်ပြီးနောက် ၁၉၄၂ မတ်လ တွင် ဂျပန်တပ်များက ရန်ကုန်မြို့ကိုသိမ်းပိုက်သည်။ ဂျပန်ဘက်တွင် စစ်အင်အား ၃သိန်းကျော်ရှိပြီး ၄င်းတို့ ၏စစ်ရေးမဟာမိတ် ထိုင်းတပ်ဖွဲ့ ၇၅၀၀ နှင့် အဂ်လိပ်ကိုတော်လှန်နေသော အိနိယအမျိုးသားတပ်မတော်မှ စစ်အင်အား ၄၃၀၀ ပါဝင်သည်။ ယနေ့မြန်မာ့သမိုင်းတွင်ရဲဘော် သုံးကျိတ်အဖြစ် အဓိကထားမီးမောင်းထိုးသော ဗမာ့လွတ်လပ်ရေး တပ်မတော် BIA သည်လည်း စစ်အင်အား ၃၀ ဖြင့်တနည်းတဖုံပါလာခဲ့သည်။ BIAကို ၁၉၄၁ ဒီဇင်ဘာလ ၃၁ရက်နေ့ဘန်ကောက်မြို့တွင်တရားဝင်စတင်ဖွဲ့စည်းသည်။ဖွဲ့ စည်းရာတွင် ဂျပန်စစ်ထောက်လှန်းရေးမှုးချုပ် ဗိုလ်ချုပ်စူဇူကီး ကိုင်ဂျေက လိုအပ်သမျှစစ်လက်နက်ခဲယမ်းမီးကျောက် ရိကာ၊ စစ်သင်တန်းများ ၀ါဒဖြန့်ချီရေးလုပ်ငန်းအားလုံးနှင့် မဟာမိတ်ဆက်ဆံရေးကို ပန့်ပိုးချုပ် ကိုင်ခဲ့သည်။ ဂျပန်နှင့်ထိုင်းစစ်မဟာမိတ်စာချုပ်ကို ဒီဇင်ဘာ ၂၁ရက် ၁၉၄၁ခု တွင်လက်မှတ်ထိုး ခဲ့ကြခြင်းဖြစ်သည်။ ထိုစာချုပ်တွင် ရှမ်းပြည်နှင့် ကယားပြည်ကို ထိုင်းကထိန်းချုပ်ရန်နှင့် ကျန်နယ်မြေအားလုံးကို ဂျပန်က ထိန်းချုပ်ရန်ပါရှိသည်။ (ထိုင်းနှင့်ပတ်သက်သည့် တချို့အချက်အလက်ကို နောက်ပိုင်းတွင် ဖေါ်ပြပါမည်) ။ ဂျပန်က BIA ကို နဂိုလ်ကဖွဲ့စည်းထားသည့် မိနာမီ ကိုင်ကန် အဖွဲ့နေရာတွင် အစားထိုးပြောင်းလဲဖွဲ့စည်းခြင်းဖြစ်သည်။
မွန်သမိုင်း
မွန်က ပြင်သစ် နဲ့ မဟာမိတ်ဖွဲ့ပြီး ကုန်းဘောင်မင်းကိုတော်လှန်တိုက်ခိုက်ရာမှာ ပြင်သစ်တပ်တွေရှုံးတယ်။ ဒီအချိန်မှာ အင်္ဂလိပ်တပ်တွေက ပြင်သစ်နေရာဝင်ပြီး မွန်ပြည်ကို ကုန်းဘောင်မင်းလက်က ပြန်လည်သိမ်းပိုက်တယ်။ အဲဒီအချိန်က မွန်ပြည်ဖြစ်နေခဲ့တဲ့ သံလျှင် ပဲခူး သထုံ မော်လမြိုင် ဒဂုံခေါ်ရန်ကုန် မြစ်ဝကွန်းပေါ်ဒေသ တနသာင်္ရီတိုင်းအားလုံး အပြင် ရခိုင်ပြည်ကိုပါ မြန်မာမင်းလက်ကနေပြီး အင်္ဂလိပ်က ရခိုင် မွန်တွေနဲ့အတူ တိုက်ခိုက်သိမ်းပိုက်တယ်။ ရခိုင်နဲ့မွန်မှာ မြန်မာ့ရန်ကို ခုခံနိုင်စွမ်းပြန်လည်မပြည့်ဝသေးတာကို အကြောင်းပြုပြီး သိမ်းပိုက်လို့ရလာတဲ့ မွန်နဲ့ရခိုင်ပြည်ကို ပိုင်ရှင်ပြန်မပေးအပ်သေးဘဲ အဂ်လိပ်ကဘဲ ကာလတခုအတွက် အုပ်ချုပ်ရေးချလိုက်တယ်။ အဲဒီကာလကို မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်းရေးသားကြတဲ့သမိုင်းမှာ ပထမ အင်ဂလို ဘားမီး စစ်ပွဲလို့ နာမယ်တပ်တယ်။ အင်္ဂလိပ် ခေတ်မှတ်တမ်းတွေအရ မော်လမြိုင် လူဦးရေအချိုးအစားက ဗမာတဦး မွန် ၂၀ ဖြစ်ခဲ့တယ်။မွန်မြန်မာစစ်ပွဲတွေ မကြာခနဖြစ်ပွားနေခဲ့တာကြောင့် မွန်ပြည်ထဲကို အထက်အညာက ဗမာလူထုတွေလာမနေရဲကြသေးတဲ့ခေတ်ဖြစ်တယ်။ အလားတူဘဲ မွန်လူမျိုးတွေကလဲ မန်းတလေးတို့ရွေဘိုတို့ပေါ်တက်မနေရဲကြသေးဘူး။
ကရင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပျက်စီးကျဆုံးစေနိုင်သည့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အကြံပြုတင်ပြချက်
ကရင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို
ပျက်စီးကျဆုံးစေနိုင်သည့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အကြံပြုတင်ပြချက်
တကဘာလုံးနေရာတကာတွင်အကျင့်ပျက်ခြစားမှုများဖြစ်ပွားလျှက်ရှိသည်မှာ လူသားများအသိညာဏ်စတင်တိုးတက်လာသည့်
ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက ယနေ့တိုင်ဖြစ်သည်။
ယင်းအကျင့်ပျက်ခြစားမှုများကို လိုအပ်သောအတိုင်းအတာတခုအထိ ဆန့်ကျင်တိုက်ဖျက် နိုင်သော အသိုင်းအ၀န်း တိုင်းနိုင်ငံ
အဖွဲ့အစည်းများမှာတခြားသောနိုင်ငံများထက်လူမှုဘ၀တိုးတက်ဖြစ်ထွန်းကြပြီးမြန်မာပြည်ကဲ့သို့ အကျင့်ပျက်ခြစားမှုကို သာမန်လုပ်ရိုးလုပ်စဉ်သဖွယ်သဘောထားတတ်သော
နိုင်ငံများမှာမူ ငွေကြေး၊ ပညာ၊ ရာထူးစသည့် အာဏာမဲ့ သာမန်ပြည်သူများနိုင်ငံတကာထက်
ပိုမိုဆင်းရဲနေကြရသည်။မြန်မာပြည်၏ အတွေးအခေါ်အလေ့အထ အငွေ့အသက်သြဇာခြံစည်းရိုးအတွင်းတွင်သာလျှင်ရှိနေသောကေအဲန်ယူအပါအ၀င်ကရင့်လက်နက်ကိုင်အဖွဲ့များအတွင်းတွင်လည်း အကျင့်ပျက်ခြစားမှုများ မလွဲမသွေရှိနေနိုင်သည်သာဖြစ်သည်။
အဘက်ဘက်ကအနေအထားများအရ အကျင့်ပျက်ခြစားမှုအမျိုးအစားများစွာအတွင်းမှ နိုင်ငံရေးအကျင့်ပျက်ခြစားမှုသည်
ကေအဲန်ယူအပါအ၀င် ကရင့်လက်နက်ကိုင်အဖွဲ့များအားလုံးကို အနှေးနှင့်အမြန် ပျက်စီးကျဆုံးသွားစေမည်ဖြစ်သဖြင့် နိုင်ငံတကာအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အဖွဲ့မှ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး
အခြေခံမူများကို အခြေခံလျှက်အကြံပြုလိုက်ရခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ကေအဲန်ယူအပါအ၀င် ကရင့်လက်နက်ကိုင်အဖွဲ့များအားလုံးလိုလိုသည် မြန်မာအစိုးရနှင့်
ဗမာ့တပ်မတော်က ပူးပေါင်းဒိုမီနိပ်လုပ်သည့် ငြိမ်းချမ်းရေးဖြစ်စင်
ရေအိုင်ကြီးထဲတွင် ပါဝင်ကူးခတ်နေကြရင်း ကမ်းမမြင်လမ်းမမြင် ယက်ကန်ယက်ကန်ဖြစ်နေကြသောအခြေအနေဖြစ်သည်။
ပျူကရင် အကြောင်း တစောင်းတစေ့.
ပျူကရင် အကြောင်း တစောင်းတစေ့.
ယူနန်နယ်မှ လူမျိုးစုတစုသည် တိဗက်သို့ ရွှေ့ ပြောင်းကြသည့်တချိန်ထဲတွင် ကျန်လူစုများက ယူနန်တောင်တန်းများမှတဆင့် ဧရာဘတီ(ဧရာဝတီ)မြစ်ဝှမ်းသို့ ဆင်းလာကြသည်။ ထိုလူမျိုးစုများက အေဒီ ၂ရာစုမှ ၁၂ရာစုအကြားတွင် စုပေါင်းမြို့ ပြများကိုတည်ထောင်နေထိုင်ကြသည်။ ပျောက်ကွယ်သွားပြီဖြစ်သော ထိုပျူလူမျိုးတို့ ထွန်းကားခဲ့ရာဒေသကိုအစွဲပြုခါ ယင်းတို့ ကို မြန်မာပြည်၏ ရှေးအကျဆုံးလူမျိုးအဖြစ် သမိုင်းဆရာများက သတ်မှတ်ကြသည်။ လက်ရှိမြန်မာသမိုင်းရေးသားသူများကပျူလူမျိုးကို မြန်မာပြည်၏ ရှေးအကျဆုံးလူမျိုးဆိုသည့်အခေါ်အဝေါ်အစား မြန်မာကနဦးလူမျိုးဟုအထင်ရောက်စေသည့် အသုံးအနှုန်းကိုခေါ်ဝေါ်သုံးစွဲကြသဖြင့် ပျူလူမျိုးကို ဗမာလူမျိုးအဖြစ်သို့ ပင်အခေါ်
အဝေါ် လွဲချော်လာကြသည်ကိုတွေ့ ရသည်။ မြန်မာပြည်၏ ရှေးအကျဆုံးလူမျိုးဖြစ်သည့် ပျူလူမျိုးသည်အမှန်စင်စစ် ယနေ့ မွန်ပြည်နယ်နှင့်မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွင် အများအပြားနေထိုင်ကြသည့် ကရင်လူမျိုးများဖြစ်ကြသည်ဟု ကမ္ဘာ့သမိုင်းဆရာကြီးတဦးဖြစ်သည့်
ချားခင်းဘောလ်၏ ပျူ ပဲခူးနှင့်ရခိုင်သမိုင်းစာတန်းတွင်ဖေါ်ပြထားသည်။
ပျူနိုင်ငံသည် ပုဂံခေတ်မတိုင်မီ ကစတင်ဖြစ်တည်ခဲ့ပြီး ခရစ်သက္ကရာဇ် ၇-၈ တွင် စရီခ္စက်တရာ Sri Ksetra မြို့ ကိုတည်ထောင်ခဲ့ကြသည်။ နောင်တွင် သရေခေတ္တရာဟု မြန်မာသံထွက်ဖြင့်ခေါ်ဝေါ်လာရာမှယခုအခါပြည်မြို့ ဟုသတ်မှတ်ခေါ်ဆိုသည်။
ဘိသနိုး၊ မိန်းမော၊ ဘင်းနဂနှင့် ဟန်လင်းမြို့ ပြများကိုလဲ ပျူခေတ်တွင်ထူထောင်သည်။
ပျူ ရှေးဟောင်းကရင်လူမျိုးများသည် ထိုစဉ်က အာရှတခွင်သို့ ပြန့် ပွားနေသော အိန္ဒိယယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာစသော ဘာသာတရားများ ကိုလက်ခံကျင့်သုံးကြသည်မှာ မွန်ရခိုင် ရှမ်းတို့ နှင့်မခြားဖြစ်သည်။ပန်းပု ပန်းရံ ပိသုကာဘက်တွင်လဲ အိန္ဒယမှ အတတ်ပညာရှင်များကိုငှားယမ်းခြင်းသင်ယူခြင်းများရှိခဲ့သည်။ တရုတ်သမိုင်းတွင် တရုတ်ကုန်သည်များ၏ပြောဆိုချက်အရ ပျူလူမျိုးတို့ သည် ကျက်သရေရှိပြီးဖြူစင်သောစိတ်ဓါတ်ရှိ သည်ဟုဆိုသည်။ လူသားခြင်းကြင်နာစိတ်ကိုပျုတို့ တွင် သိသိသာသာတွေ့ရသည်။ ပျူလူမျိုးများတွင် အပြင်းထန်ဆုံးအပြစ်ဒဏ်မှာ ကြိမ်ဒဏ်လေးငါးချက်ခန့် သာရှိသည်ဟုလည်းကုန်သည်တို့ကမှတ်တမ်းရှိထားကြသည်။ ပျူများသည် ငွေထည်ရွှေထည် ကျောက်မျက်ရတနာ လက်ဝတ်လက်စားများကို နှင့် အပြာရောင်ပိုများသော အ၀တ်အစားများကိုဝတ်ဆင်ကြသည်ဟုလည်း တရုတ်ကုန်သည်များကဆိုထားသည်။ လက်ရှိမြန်မာပြည်မှကရင်များမှာမူ အနီရောင်ကိုပိုဝတ်ဆင်ကြသည်။ ထိုင်းနိုင်ငံရှိကရင်များတွင် အနီအပြာနှင့် အမဲရောင်သုံးစွဲမှုသိတ်မကွာပါ။
နိုင်ငံတကာ သမိုင်းနှင့်ရှေးဟောင်းသုတေသီများအတည်ုပြုသောမွန်သမိုင်း
နိုင်ငံတကာ သမိုင်းနှင့်ရှေးဟောင်းသုတေသီများအတည်ုပြုသောမွန်သမိုင်း (အဆ ၃၀၀၀ ခန့် အကျဉ်းချုပ်ထားသည်)
မွန်လူမျိုးသည် ဘီစီ ၃ ရာစု( ဘီစီ ၃၀၀၀)ခန့်တွင်တရုတ်မှ မြန်မာ၊ထိုင်းနှင့် ကမ်ဘောဒီးယားဒေသများသို့ ပြောင်းရွှေ့လာသည်။ အေဒီ ၆ရာစု၌ မြန်မာဒေသတွင်ဟံသာဝတီပဂူး၊ ထိုင်းဒေသမယ့်နမ်းမြစ်ဝှမ်းတွင် ဒွာရာဝတီထီးနန်းမြို့တော်များနှင့် ယနေ့တိုင်ရှိနေသေးသော ဟရီပွန်ချိုင်း မြို့များကိုတည်ထောင်သည်။ ဘီစီ ၃၀၀ တွင် သုဝဏဘူမိသထုံပြည်ကို မြန်မာဒေသတောင်ပိုင်းပင်လယ်ဆိပ်ကမ်းတွင်ထူထောင်သည်။ အရှေ့တောင်အာရှ ၏အဓိကကျသောဒေသများတွင်လဲမွန်မြို့ပြများစွာကိုထူထောင်ခဲ့သည်။ ထိုင်းဒေသ၌၁၁ရာစုတွင် မွန်ထီးနန်းများပျက်သုန်းပြီး နန်ချိုပြည် ယူနန်မှပြောင်းရွှေ့လာကြသည့် တိုင်းအနွယ်ဝင် ရှမ်းများက မွန်နိုင်ငံတော်တွင်ထွန်းကားနေသည့်ဟင်ဒူအနုပညာနှင့်ဗုဒသာသနာစာပေယဉ်ကျေးမှုကို အမွေဆက်ခံကာ ရှမ်းမူလဓလေ့ထုံးတမ်းများနှင့်ပေါင်းစပ် ခံယူကျင့်သုံးသည်။မွန်နှင့်ခမာ အကွဲအပြဲများဖြစ်ပွားပြီးနောက် အေဒီ ၆ရာစုခန့်တွင် ဒွာရာဝတီနှင့်ဟရီပွန်ချိုင်းမှမွန်များ မြန်မာဒေသဘက်သို့ပြောင်းရွှေ့လာကြခြင်းဖြစ်သည်။လက်ရှိ မြစ်ဝကျွန်းပေါ်၊ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနသာရီဒေသများသည်
ရာမန်ခေါ်ရာမညတိုင်း မွန်နိုင်ငံတော်ဖြစ်ခဲ့သည်။၁၇၅၇ခန့်တွင် အလောင်းဘုရားဘုရင်က မွန်နိုင်ငံကိုတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးပစ်သော်လည်းကျောက်စာ၊ မြို့ဟောင်းစသည့် တချို့အထောက်အထားများစွာကျန်ရှိနေသေးသည်။ ထိုင်းဒေသဘက်တွင်မူ မြို့ပြနှင့်ပိသုကာအဆောက်အအုံများကို ဖျက်ဆီးပစ်သည့်အစဉ်အလာမထွန်းကားခဲ့သဖြင့် ရှေးဟောင်းမွန်ကျောက်စာများ၊ ဘုရားပုထိုးများ၊ မြို့ဟောင်းများစွာ သဘာဝအတိုင်းယနေ့တိုင်ရှိနေကြသေးသည်။ဥရောပနိုင်ငံအများစုသည်လည်း ထိုသို့ဖျက်ဆီးပစ်သည့်ဓလေ့မရှိကြပေ။ အာဖဂန်နစ်စတန်တာလီဘန်များမှာမူ အလောင်းဘုရားဘုရင်ကဲ့သို့ လူမျိုးဘာသာချားများ၏အထောက်အထားများကိုဖျက်ဆီးရမည်ဟုခံယူကျင့်ကြံကြသည်ကိုတွေ့ရသည်။ကျူပင်ခုတ်ကျူငုတ်မကျန်ဆန်ဆန် ထူးခြားသောအယူအဆများဟုဆိုရမည်။
ရတနကိုစင် နန်းဆက်ကိုတည်ထောင်သူ မွန်လူမျိုး
ရတနကိုစင် နန်းဆက်ကိုတည်ထောင်သူ မွန်လူမျိုး
(သမိုင်းသုတ)
ရတနကိုစင်၏ နိုင်ငံတကာအမည်မှာ ဘန်ကောက်ဖြစ်သည်။ တည်ထောင်သူမှာ ရာမာ (၁) ခေါ်ဖရာ့ဖုထရော့ဖါး ကျူလာလို့ဘုရင်ဖြစ်သည်။ သူသည် မွန်လူမျိုးဆွေမျိုးစုမှမွေးဖွားလာသူဖြစ်ပြီး ကိုစာပန်း ၏မြေးဖြစ်သည်။ သူ၏ဘခင်မှာအယုဒယ နန်းတော်တွင်အမှုတော်ထမ်းခဲ့သူတစ်ဦးဖြစ်သည်။ သူသည် ကုန်းဘောင်မင်းများကိုဆန့်ကျင်တိုက်ခိုက်သော ထပ်စင်းဘုရင်ထံတွင်အမှုထမ်းခဲ့ပြီး စယမ်နိုင်ငံတော်အဖြစ်တည်ထောင်ရေးတွင်ပါဝင်ခဲ့သည်။ထိုကာလအတွင်းတွင်သူသည် စယမ်နိုင်ငံသစ်၏ သြဇာအကြီးဆုံး စစ်ရေးခေါင်းဆောင် တဦးဖြစ်လာခဲ့သည်။ သူသည် ဘုရင့်တော်ဝင်အဆင့်နှင့်ညီသောအမြင့်ဆုံးဘွဲ့ဖြစ်သည့် စုမ်ဒေ့ကျောက်ဖရား ဘွဲ့ကိုပထမဦဆုံးရရှိခဲ့သူဖြစ်သည်။ သူသည် ၁၇၈၂ခုနှစ်တွင် စယမ်နိုင်ငံကို အုပ်ချုပ်ကာ ဘုရင်အဖြစ် သရဖူကိုကိုယ်တိုင်ဆောင်းပြီးနန်းတက်ခဲ့သည်။ သူ့ခေတ်တွင်အကျော်ကြားဆုံးဖြစ်ရပ်မှာ ၁၇၈၅ ခု ကုန်းဘောင်ထိုးစစ်ကိုအပြီးသပ်ခြေမှုန်းသည့် ထိုင်း-ဗမာနောက်ဆုံးစစ်ပွဲကြီးဖြစ်သည်။
(ထိုင်းဝိကီဖီးဒီးယားမှကောက်နှုတ်သည်)
ဖြည့်စွက်ချက်- ကိုစာပန်သည်စယမ်နိုငံခြားရေး ၀န်ကြီး နှင့် ပြင်သစ်သံအမတ်ဖြစ်သည်။ ပုံ ၂ နှင့် ၃မှာ ကိုစာပန်၏ပုံ ပြင်သစ်အနုပညာရှင်၏လက်ရာဖြစ်သည်။
မှတ်ချက်- အရင်းမြစ်အသီးသီးမှသမိုင်းမှတ်တမ်းများတွင် ကွဲပြားမှု အနည်းငယ်ရှိသည်။ မူးရင်းထိုင်းဘာသာမှ ကောက်နှုတ်ပြန်ဆိုသဖြင့်အနက်အဓိပယ် အတိအကျတူချင်မှတူမည်။
ချင်းမိုင်-ဖာပွန် မိတ်ဖွဲ့သမိုင်းနှင့် လန်းနာဒုက္ခသည်အကြောင်း
ချင်းမိုင်-ဖာပွန် မိတ်ဖွဲ့သမိုင်းနှင့် လန်းနာဒုကသည်အကြောင်း( ထိုင်းမှ ဗမာဘာသာသို့အနီးစပ်ဆုံးချုပ်နှုတ်ပြန်ဆိုထားသည်)
__________^__________^__________
ဥပရာထန်လန်ကာနှင့်အဖွဲ့သည် ကရင်နီအကြီးအကဲ မင်းသားကြီးစောဝ်စဲတာဒါး နှင့်တွေ့ကြပြီးနောက် ချင်းမိုင်-ဖာပွန်ချစ်ကြည်ရေးတည်ဆောက်ရန်အတွက် မင်းသားကြီး စောဝ်ဖားရဖာနှင့်တွေ့ဆုံရန်ကရင်ဖြူတို့၏ဖာပွန်မြို့သို့ခရီးဆက်ကြသည်။တန်ကျောက်ဖားသို့ရောက်သောအခါ သူတို့၏ရည်ရွယ်ချက်ကို ကရင်မင်းသား စောဝ်ရတနာမင်းကျောက်ခန်ဖားကသိရှိရသောအခါ လှိုက်လှဲစွာကြိုဆိုပြီး တည်းခိုရန်နန်းတော်တွင်နေရာထိုင်ခင်းစီစဉ်ပေးသည်။ တွေ့ဆုံစကားပြောကြပြီးနောက် ဥပရာထန်လန်ကာက ချင်းမိုင်ဘုရင် ကာဝီလထံမှပါးလိုက်သော လက်ဆောင်ပဏာများကိုအပ်နှင်းပွဲလုပ်သည်။ လက်ဆောင်များမှာ ဖလားခွက် အလုံး၃၀ နှင့် ဖားလင်းမြို့စားမင်းသားလေးရောင်ဖို အတွက် ပိုးဖဲကဒီပါ အထည်အလိပ်ပေါင်းများစွာပါဝင်သည်။
ဖာလင်းမြို့တွင် ရန်သူဗမာများ၏အန်တရယ်မှလွတ်ကင်းရန်ချင်းမိုင်နှင့် လမ်းပွန်းမှ စစ်ပြေးဒုခသည်များပြောင်းရွှေ့နေထိုင်လျှက်ရှိသည်။ထိုလန်းနာဒုကခသည်များက ကရင်မင်းသားသည်သူတို့အား ကရင်လူမျိုးများသဖွယ်ကျင်နာစွာလက်ခံစောင့်ရှောက်ထားသည်ဟုဖွင့်ဆိုကြသည်။
နောက်နေ့တွင် ဖာလင်းမြို့စား၏ဖခင် မင်းသားကြီး နွိုင်ရဖာက ကရင်နှင့် ချင်းမိုင်အကြားမိတ်ဖွဲ့သစ်စာကတိခံယူပွဲကို ထာ့စာယာ ကမ်းနဖူးတွင်ကျင်းပသည်။ ကရင်မင်းသားက ဆူဖြိုးသောကျွဲတကောင်ကိုဖျက်ပြီး ကျွဲချိုကိုနှစ်ခြမ်းခွဲသည်။တခြမ်းကိုကိုင်ပြီးကျန်တခြမ်းကိုချင်းမိုင်ကိုယ်စားလှည်တော်အားပေးပြီးအောက်ပါအတိုင်းကျန်းသစ်စာကျိန်ဆိုကြသည်။ " သံလွင်မြစ်ကြီးတည်ရှိနေသ၍ ကောက်နေသောကျွဲချို ဖြောင့်မသွားသ၍ နှင့်ဆင်ဖြူ (ချန်းဖယ်)လှိုင်ဂူပြိုကျမသွားသမျှကာလပတ်လုံး ကရင်ပြည်နှင့်ချင်းမိုင်ချစ်ကြည်ရေးအဓွန့်ရှည်ပါစေသောဝ်"
(မှတ်ချက်။ ရှေးလန်းနာနှင့် တရုတ်တို့က ကရင်ကို "ယန်း"ဟုခေါ်သည်။ ရှမ်းကလည်းမူလက ကရင်ကို "ယန်း"(ညန်း)ဟုပင်ခေါ်ဆိုသည်။ မွန်ဂိုနှင့်တိဗက်ဆိုင်ရာသမိုင်းမှတ်တန်းတချို့တွင် ကရင်ကို "ကာရိယန်" ဟုခေါ်ဆိုသည်။ ကန်ချနဘူရီဒေသထိုင်းမူလအခေါ်အရ ကရင်ကို "ကရဏ်" ဟု ခေါ်သည်။"ကရဏ်" သည် မွန်တို့၏ရှေးမူလအခေါ်အဝေါ်ဖြစ်သည်။ ထိုဒေသ"ကရဏ်"များကို ဗမာပြည်လက်ရှိကရင်များက "တလာကူ" သို့မဟုတ် " တလာခုန်း"ဟု ခေါ်ကြပြန်သည်။ မွန်ထီးနန်းခေတ်တွင် ဒုံရင်း မှမြဝတီဒေသတဝိုက်ကို ကရဏ်လူမျိုးတို့အုပ်ချုပ်သောကရဏ္ဏ္ဏကတိုင်းအဖြစ်မွန်မင်းများကအသိအမှတ်ပြုသဖြင့်ထိုတိုင်းသားများကို ကရဏ်လူမျိုးဟုခေါ်ဆိုခြင်းဖြစ်ဖွယ်ရှိသည်။
အယုဒ္ဒယ-ရတနကိုစင် သမိုင်းအတွင်းမှ ကရင်အမျိုးသား
အယုဒ္ဒယ-ရတနကိုစင် သမိုင်းအတွင်းမှ ကရင်အမျိုးသား (ထိုင်းဘာသာမှတိုက်ရိုက်နီးပါးပြန်ဆိုထားသည်)
Karen national in history of Ayudhaya- Rattnakosin era
ชนชาติกะเหรี่ยงในประวัติศาสตร์ในสมัยอยุธยา - รัตนโกสินทร์
(ရတနကိုစင်ခေတ်က ရာဇဝင်မှတ်တမ်းတာဝန်ခံ ဘုရင့်ဝန်ကြီးဖြစ်သည့်) စုမ်ဒေ့ ကရုန် ဖရယာ ဒမ်းမရွန်း ရာ့ခ်ျနူဖဘ်(Somdej Krom Phraya Damrong Rajanupab) ရေးသားသော "ထိုင်းဗမာစစ်ပွဲ" မှတ်တမ်းတွင် နရေစွမ်မင်းကြီး (King Naresuan the Great) မှ ၁၅၉၉ ၌ ဒုတိယအကြိမ် ဟန်သာဝတီမြို့ကိုစီးနင်းတိုက်ခိုက်ပြီး ဖေဖော်ဝါရီလဆန်းတွင် တောင်ငူမြို့ကိုဝိုင်းခါ ဧပြီလဆန်းတွင်စီနင်းတိုက်ခိုက်သည်။ ယင်းတောင်ငူထိုးစစ်တွင် မြို့တော်အနောက်ဘက်ခြမ်းပိတ်ဆို့တိုက်ခိုက်ရေးတွင်ပါဝင်သောတပ်မှူးများမှာ ဖရာ့ယာနခွန်ရာ့ခ်ျစီမာ၊ ဖရာ့ စင်းဘူရီ၊ခွန်အင်ထောရ်ဖိဗန်း နှင့် စမ်ဖူမိလိုကာဖက် (Phraya Nakhon Ratchasima, Phra Sing Buri, Khun Inthornrphiban and Saen Phumi Lokaphet)တို့ဖြစ်ကြပြီး (ရာဇဝင်မှတ်တမ်းဝန်ကြီး) စုမ်ဒေ့ ကရုန် ဖရယာ ဒမ်းမရွန်း ရာ့ခ်ျနူဖဘ်က "စမ်ဖူမိလိုကာဖက်" သည်ကရင်လူမျိုးဖြစ်သည်ဟုဆိုထားပြီး ကရုန်စီအယုဒ္ဒယတပ်မတော်တွင် ကရင်လူမျိုးများသည် ကင်းထောက်တပ်သားများ၊ ခြေလျှင်တပ်သားများ၊ ဗိုလ်မှူးများနှင့် ဗိုလ်ချုပ်များအဖြစ်ပါဝင်မင်းမှုထမ်းကြသည်ဟုလည်း မှတ်ချက်ချသည်.
(မှတ်ချက်။ ၁၅၉၉ခုနှစ်ထိုင်းသွားရောက်တိုက်ခိုက်ချိန်တွင်ဟန်သာဝတီကို ဗမာမင်းများသိမ်းပိုက်ထားသည့်ကာလဖြစ်သည်)
ဗမာထိုင်းကိုတိုက်ခိုက်ခြင်း
ဒေါက်တာ စူနေ့တ်ရ် ချုတိနတ္ထရာနွံပြုစုသော "ဗမာထိုင်းကိုတိုက်ခိုက်ခြင်း" စာတမ်းမှကောက်နှုတ်ထားသည်(အနီးစပ်ဆုံး ထိုင်းအသံထွက်ကိုသုံးထားသည်)
၁၇၈၅ ခုနှစ်တွင် အင်းဝဘုရင်ပဒုန်း ခေါ် ဘိုဒိုဖရား (ဘိုးတော်ဘုရားဖြစ်ပုံရသည်) က ဖရာ့ဖုထယော့ဖားကျုလာလို့မဟာရာ့ခ်ျ ( ရတနကိုစင် ဘန်ကောက်ခေတ် ပထမမင်း) အားတပ်မတော် ၉တပ်ဖြင့်ချီတက်တိုက်ခိုက်သည်။ ပဒုံးမင်းနှင့်စေ့စပ်ဆေးနွေးရေးအတွက်ရတနကိုစင်မှပို့လာသော သံတမံ များ၏ပြောဆိုချက်အရ ဗမာစစ်သုံ့ပမ်း ၃ဦးအား ကရင်တပ်မတော်က ဇမိတွင်ဖမ်းဆီးကာ ဘန်ကောက်မြို့တော်သို့ပို့ဆောင်ခဲ့ပြီးထိုဗမာစစ်သုံ့ပန်းများက အင်အား ၂၂၀,၀၀၀ရှိသော ဗမာ့တပ်မတော် ၉တပ် ဘန်ကောက်ကိုစစ်ချီလာနေသည်ဟုဖြောင့်ချက်ပေးသဖြင့် ထိုင်းဘက်က တန်ပြန်စစ်အတွက် ပြင်ဆင်ထားသည်ဟုပဒုံးမင်းအားလျှောက်ကြားသည်။
၁၈၂၂တွင် ကရင်လူမျိုး စန်ခလဘူရီမြို့စား ခွန်းစူဝမ်က မိမိဧရိယာအတွင်းကျူးကျော်လာသော ဗမာ့စစ်ကြောင်းတစ်ခုလုံးအား ချေမှုန်းသုံ့သင်ခဲ့သည်။ ၁၈၆၄ တွင် လည်း ကရင်လူမျိုးများဖြစ်သောစန်ခလဘူရီနယ်စပ်မြို့စားကြီးခန်းစူဝမ်၊ စရီစဝပ် နယ်စပ်ဂိတ်မှူးမြို့စားကျွတ်ဖိထပ်နှင့် ရွာစားကြီးဒေချာတို့က ထိုင်း-အင်္ဂင်္လိပ် နယ်နိမိတ်ကို တိုင်းတာ စီစစ်ကာ ပူးတွဲရေးဆွဲချမှတ်ခဲ့သည်။
၁၈၈၉ခုနှစ်တွင် ထိုမြို့စားများနှင့်အင်္ဂလိပ်တို့တည်ဆောက်ထားခဲ့သည့် ကွန်ကရိတံတိုင်းကို ကရင်လူမျိုးနယ်စပ်ကာကွယ်ရေးတပ်က ပြန်လည် တွေ့ရှိသည်။
(ရတနကိုစင်ဘန်ကောက်ခေတ်ပထမဘုရင်သည်မွန်မျိုးနွယ်ဖြစ်ကြောင်း postခဲ့ပြီးဖြစ်သည်။)
လန်းနာက မွန်မြို့တော်များအားသိမ်းပိုက်သည့်သမိုင်း
လန်းနာက မွန်မြို့တော်များအားသိမ်းပိုက်သည့်သမိုင်း
၁၂၅၉ခုနှစ်တွင် မင်းဂရိုင်းသည် လွတ်လပ် ညီညွတ်သောလန်းနာမြောက်ပိုင်း "တိုင်း" မြို့ပြနိုင်ငံများ၏ပထမဘုရင်ဖြစ်လာသည်။ထိုနိုင်ငံသည်ယနေ့အခါလာအိုနိုင်ငံ၏မြောက်ပိုင်းဒေသကြီးဖြစ်၏။ သူသည် လူမျိုးခြားများစီးနင်းတိုက်ခိုက်မည့်အန္တရယ်များခေတ်လှိုင်းကြွနေသောအချိန်တွင်ညီညွတ်မှုမရှိသော "တိုင်း"မျိုးနွယ်စုတို့၏မြို့ပြနိုင်ငံများကိုလန်းနာနိုင်ငံတော်အဖြစ်စည်းရုံး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သူသည် "တိုင်း"လူမျိုးများ၏ မန်းလိုင်, ချင်းခံ နှင့် ချင်းခေါင်ကိုလျှင်မြန်စွာသိမ်းသွင်းခဲ့သည်၊၁၂၆၂တွင် ကုတ်မြစ်ကမ်း၌ လန်းနာ၏နေပြည်တော်အဖြစ် "ချင်းဂရိုင်း"မြို့ကိုတည်ထောင်သည်၊( ချင်းဂရိုင်းသည် လက်ရှိထိုင်းနိုင်ငံ မြောက်စွန်း၏တိုင်းဒေသကြီးမြို့တော်ဖြစ်သည်) ၁၂၈၇တွင် ဖရောင်မင်း ငန်မွန်း၊ စူခိုထိုင်း( နောင်တွင် ထိုင်းထီးနန်းစတင်တည်ထောင်သော ပထမခေတ် သို့မဟုတ်စူခိုးထိုင်းခေတ်ဖြစ်လာသည့်မြို့)မင်းရမ်ခမ်ဟဲန်တို့ ခိုင်မာသောညီနောင်နိုင်ငံများအဖြစ်ပူးပေါင်းသည်။ မင်းဂရိုင်းဘုရင် ဖန်မြို့တွင်ရှိနေစဉ်တွင် မွန်နိုင်ငံတော်ဟရိပွန်ချိုင်းမှ ကုန်သည်တဦးသူ့ထံသို့လာရောက်လည်ပတ်ခစားကာ မွန်နိုင်ငံတော်၏စည်ပင်သာယာတိုးတက်ဝပြောမှုအကြောင်းများကိုပြောပြသည်။ ( ဟရိပွန်ချိုင်းမှာမျက်မှောက်တွင်လမ်းပွန်း တိုင်းဒေသကြီး၏မြို့တော်ဖြစ်သည် ) မွန်သည် "တိုင်း"လူမျိုးစုတစ်စုမဟုတ်သဖြင့် လန်းနာနိုင်ငံနှင့်မပူးပေါင်းချင်ပေ။ မွန်ပြည်ကိုအင်အားသုံးပြီးသိမ်းသွင်းလိုသည့်မင်းဂရိုင်းမင်း၏အစီအစဉ်ကို အကြံပေးမှူးမတ်များက မဖြစ်နိုင်ဟု တားမြစ်ကြသော်လည်းမရခဲ့ပါပေ။ မင်းဂရိုင်းဘုရင်သည် အိုက်ဖားဆိုသူ ကုန်သည်တစ်ဦးအား သူလျှိအဖြစ် မွန်အုပ်ချုပ်ရေးအသိုင်းအဝိုင်းအတွင်းပိုင်းသို့ဝင်ပူးရန်လွှတ်လိုက်သည်။ (NCAခေတ်တွင် KNUနှင့် MNSP တို့၏အတွင်းပိုင်းကို BAကနည်းမျိုးစုံဖြင့်ဝင်ပူးနေသည့် နည်းနှင့်ထပ်တူဖြစ်သည်)။ မွန်ဘုရင်ယိဘာ (Yi Ba) က အိုက်ဖား ကို ဘုရင့်အာဏာသုံးခွင့်ရ အမတ်မှူးကြီးအဖြစ်ခန့်အပ်ခါစီရင်အုပ်ချုပ်စေသည်။ ထိုမှ ၁၂၉၁ ရောက်သောအခါတွင် မင်းဂရိုင်းဘုရင်က ဒေသခံမွန်လူထုမှကြည်ဖြူခြင်းမရှိသည့်အခြေအနေတွင်ပင် ဟရိပွန်ချိုင်းကိုသိမ်းပိုက်လိုက်သည်။ ( ဤအချက်မှာ အလောင်းဘုရား ရာမညမွန်ပြည်ကိုသိမ်းပိုက်ခဲ့စဉ်ကအခြေအနေမျိုးဖြစ်သည်) ဟရိပွန်ချိုင်းနန်းဆက်မွန်နောက်ဆုံးမင်း ယိဘာက တောင်ပိုင်းရှိအခြားမွန်မြို့တော်တစ်ခုဖြစ်သည့် လမ်းပမ်း မြို့သို့တိမ်းရှောင်လွတ်မြောက်သွားခဲ့သည်။
Ancient Karen Zhao
Ancient Karen Zhao
ကရင့်သမိုင်းနှင့်ပတ်သက်၍ အနောက်တိုင်း သမိုင်းသုတေသီတချို့၏သုံးသပ်ချက်အရ ကရင်လူမျိုးသည်ဗုဒ္ဓဘုရားမပွင့်မှီ ၇၃၃နှစ်( နှစ်ပေါင်း ၃၅၀၀ ခန့်က)
တရုတ်ပြည်တောင်ပိုင်းသို့ရောက်လာကြသည့် (Zhao)လူမျိုးစုမှဆင်းသက်လာသည်ဟုဆိုသည်။
ဗုဒ္ဓမပွင့်မှီ ၆၃၃ နှစ်မှ ဗုဒ္ဓသက္ကရာဇ် ၂၀၇အထိ ကြီးကျယ်ခန်းနားသောလူမျိုးတစ်မျိုးဖြစ်ခဲ့သည်။ တရုတ်မင်းဆက်များအင်အားကောင်းလာသောအခါ ကရင့်ဒေသကြီးအားကျူးကျော်တိုက်ခိုက်သဖြင့်ယန်စီကျန်မြစ်ကြောင်းတလျှောက်ရွှေ့ပြောင်းလာကြရာ နန်ချို ထီးနန်းနိုင်ငံသား "တိုင်း"လူမျိုးများနှင့် ရင်ဆိုင်စစ်ပွဲများဖြစ်ပွားခဲ့သည်။ နန်ချို ပိုင်ဒေသများတွင်အခြေချရန်အခွင့်မသာသဖြင့်ပိုင်ရှင်မဲ့တောင်ပိုင်းဒေသဖြစ်သော လက်ရှိကာလတွင် မြန်မာပြည် ဖြစ်နေသည့် ဒေသနှင့်ထိုင်းနယ်စပ်တောတောင်ဒေသများသို့ဆက်လက်ပြောင်းရွှေ့လာကြသည်။
(ထိုင်းတက္ကသိုလ်အဆင့်
သင်ရိုးညွှန်းတန်းပါကရင်လူမျိုးတို့၏ ဇစ်မြစ်လေ့လာရေးကဏ္ဍမှသမိုင်းသုတေသီ "ဘွန်ချွေ့စရီစဝပ်" ပြုစုသည့် "ထိုင်းရှိတောင်ပေါ်လူမျိုးများ" စာတမ်းမှ ကောက်နှုတ်သည်။)
Karen before the reign of Lanna .. လန်းနာထီးနန်းမတိုင်မီ ကရင်လူမျိုး ..
Karen before the reign of Lanna ..
လန်းနာထီးနန်းမတိုင်မီ ကရင်လူမျိုး ..
(ဗုဒ္ဓသက္ကရာဇ်၂၄၉၆ခုတွင် ဒုတိယအကြိမ်ပုံနှိပ်သော ထိုင်းရာဇဝင် (Thai chronicles) မှ ချုပ်နှုတ်သည်)
လာအိုလူမျိုးဖြစ်ပေါ်လာစကာလက"ယိုနုတ်"ခေါ် "ယွန်" ခေါ် "စင်ဟနဝတီ" သည် လန်းနာ၏ တိုင်းသေကြီးတခုဖြစ်သည်။ Holt Samule Hallet ၏ခရီးစဉ်မှတ်တမ်းတစ်ခုဖြစ်သည့် "ရှမ်းတို့၏သမိုင်းပုံကြမ်း" (Historycal sketch of the Shans) ၌ "ယိုနုတ်" တွင် ကရင်လူမျိုးလွမ်းမိုးခဲ့ဘူးပြီး"ယွန်" သို့မဟုတ်"ယန်"သည် ကရင်လူမျိုးဖြစ်သည်ဟုဖော်ပြထားသည်။ ဗမာအခေါ်အရ "ဂျွန်း" (Jung) လူမျိုးဖြစ်၍ တရုတ်ရှေးဟောင်းမူလအခေါ်အရ "Jung" သည် ယူနန်ပြည်နယ်၏အမည်ဖြစ်ကာ "တောင်အရပ်ကမိုးတိမ်" ဟုအဓိပ္ပါယ်ရသည်။ ဗုဒ္ဓသက္ကရာဇ်အစပိုင်းတွင်တရုတ်-နန်ချိုပြည်စစ်ပွဲကာလများအတွင်းနန်ချိုပြည်သားများသည် "ယိုနုတ်" သို့တိမ်းရှောင်လာကြသည်။ "ယိုနုတ်" တွင်နောက်လိုက်ဗိုလ်ပါမြောက်များစွာရှိသော ကရင် (ယန်လူမျိုး) ဘုရင်၏အုပ်ချုပ်မှုအရိပ်အဝါသအောက်တွင်နန်ချိုသားတို့ခိုလှုံခဲ့ကြသည်။ကရင်ဘုရင်က နန်ချိုစစ်ပြေးများကို မြို့ရွာများတည်ထောင်အခြေချနေထိုင်ခွင့်ပေးခဲ့သဖြင့်နန်ချိုသားများက မိန်းရွန့် ချင်းစဲန်း မိန်းလဲနှင့်မိန်းချန်းဖိုက်မြို့များကိုထူထောင်ပြီးအခြေချနေထိုင်ကြသည်။ နောက်ပိုင်းတွင် နန်ချိုစစ်ဘေးရှောင်များ၏လူဦးရေအင်အားသည်ဒေသခံကရင်(ယန်းလူမျိုး)ထက်များပြားလာသဖြင့် ပြည်ပိုင်လူမျိုးအဖြစ်တက်လှမ်းနိုင်ရန် မိမိတို့တည်ထောင်ထားသည့်မြို့တစ်မြို့ဖြစ်သော "ဝယန်ချန်း" (ဆင်မြို့) သို့ ကရင်ဘုရင်ကို ဖိတ်ခေါ်ခါ အရက်သေစာ ပျော်ပွဲရွှင်များဖြင့်ဧည့်ခံပြီးမြို့တံခါးကိုပိတ်ခါ သေကြောင်းကြံစီလိုက်သည်။
တောင်ငူ ကရင်ခေတ်တွင် တိုင်းလူမျိုးများရောက်ရှိခိုလှုံခြင်း
တောင်ငူ ကရင်ခေတ်တွင် တိုင်းလူမျိုးများရောက်ရှိခိုလှုံခြင်း
(ရတနကိုစင်ခေတ် တော်ဝင်ထိုင်းသမိုင်းသုတေသီ Phra Boriharng Phethani ပြုစုရေးသားသော ထိုင်းရာဇဝင်(Chronicle of Thai)စာအုပ်ပါ ရှေးဟောင်းထိုင်းလူမျိုးများဖြစ်ပေါ်လာပုံ" ကဏ္ဍမှ ချုပ်နှုတ်ထားသည်။)
ဗုဒ္ဓမတိုင်မီခေတ်ကာလတွင် လာအိုတိုင်းလူမျိုးများသည် တောဦးမြို့တော်တည်ရှိရာ ယန်း(ကရင်)ပြည်သို့ရွှေ့ပြောင်းရောက်ရှိလာကြသည်။ ယန်း(ကရင်)လူမျိုးတို့သည် အဆင့်မြင့်မြို့များကို လွန်ခဲ့သည့် နှစ်ပေါင်း ၁၇၅၀ကတည်းကတည်ဆောက်ထားခဲ့ကြသည်။ ကရင်များသည် တောဦးသို့မပြောင်းရွှေ့လာခင်တွင် ကွမ်ကျိုးတောင်ပိုင်းဒေသ၌နောက်ဆုံးနေထိုင်ခဲ့ခြင်းဖြစ်သည်။
ကရင်များ ကွမ်ကျိုးမှပြောင်းရွှေ့လာပြီးနောက်ပိုင်း ဗုဒ္ဓသက္ကရာဇ် ၅၀ ခန့်တွင် တန်ခိုးထွားလာသော တရုတ်မင်းတို့၏ချိမ်းချောက်တိုက်ခိုက်မှုဘေးအန္တရယ်မှလွတ်ကင်းရန် ထိုင်းတိုင်းလူမျိုးတို့သည်ယန်စီမြစ်ဝှမ်းအလယ်ပိုင်းဒေသ ဇေချွမ်ရှိ ဖာ့ဘာမြို့ တော်မှ ထီးနန်းပိုင်နက်ကိုစွန့်ခွာပြီး တောဦးသို့ ရောက်ရှိခိုလှုံလာကြသည်။
ထိုခေတ်အစဉ်အလာအရလစ်လပ်သော ဒေသများတွင်အခြေချသူများမှာလွတ်လပ်စွာအခြေစိုက်နိုင်ကြုပြီး၊ အုပ်ချုပ်ရေးပိုင်ရှင်ရှိသောဒေသများတွင်အခြေချလျှင် ပိုင်ရှင်လူမျိုးစုပြည်သားများ၏ အုပ်ချုပ်မှုအောက်တွင်နေထိုင်ရသည်။ လာအိုတိုင်းနှင့် ထိုင်းတိုင်းလူမျိုးများသည် ကရင်ပြည်သို့ရောက်ရှိခိုလှုံသည့်လူဦးရေများစွာတိုးများလာသည်။ ၄င်းတို့သည် ကရင်ပြည်တွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အခါအားလျှော်စွာ ရရှိခဲ့ကြသည်။ ကရင့်အုပ်ချုပ်မှုနယ်မြေတွင် အခြေချခိုလှုံနေစဉ် တိုင်းလူမျိုးတို့သည် သံလွင်အရှေ့
ဖက်ကမ်းနှင့်မဲခေါင်မြစ်ရှိ လီဖီ လျှိုမျောင်ဒေသအပြင် ဖူနန်ဒေသကြီးသို့ ဦးတည်ရွှေ့ရှားခဲ့ကြသည်။
ကရင်နှင့်လာအိုလူမျိုးအကြောင်း-
ရတနကိုစင်မင်းဆက် (၄) ၏သား Krom Phara Narathip Praphanphong ပြုစုရေးသားသော "ဖမာ့"ရာဇဝင်နှင့် "ထိုင်းအမျိုးသား" စာအုပ် များမှ ကောက်နှုတ်သည့် ကရင်နှင့်လာအိုလူမျိုးအကြောင်း-
ကရင်လူမျိုးတို့ရွှေ့ပြောင်းလာသည့် တတိယလမ်းကြောင်းမှာ သံလွင်မြစ်နှင့် ကျောက်ဖရားမြစ်တို့ဖြစ်သည်။အင်ဒိုချိုင်းနားကျွန်းဆွယ်ရှိ ကမ္ဘောဒီးယားဒေသသို့ရောက်လာပြီးမှ မြောက်ပိုင်းသို့ပြန်တက်သွားကြခြင်းဖြစ်သည်။ ပအိုကရင်(တောင်သူ)တို့သည်ရှေးဟောင်းမူလ
လူမျိုးများအဖြစ်"စယမ် ဒေသ" "ခမာမြို့တော်" များ၊ မဲခေါင်မြစ်အောက်ပိုင်းဒေသ၊ လာအိုဒေသရှိကျန်ပါစပ်မြို့နှင့် ရှမ်းတို့၏ "လီဖိ"ခေါ်လျှိုမျောင်တစ်ထောင်ဒေသအထိကျော်ကြားသည်၊ ယူနန်ဒေသရှိ စစ်စောင်ပန်းနာတွင်နှစ်ပေါင်း ၃၀ကျော်သာသနာပြုခဲ့သော အမေရိကန်မစ်ရှင်နာရီ Dr. William Clifton Dodd ၏ ရေးသားဖော်ပြချက်အရ "ယွန်" ဆိုသည်မှာခရစ်သက္ကရာဇ်(၆)ရာစုတွင်တရုတ်ဒေသမှ ထိုင်းနှင့်လာအို တို့ပြောင်းရွှေ့ရောက်ရှိလာသော သံလွင်မြစ်အရှေ့ပိုင်းဒေသကိုခေါ်ဆိုသည့်အများသုံးအမည်ဖြစ်ကာ ထိုင်းလူမျိုးထက်အရင်ဆင်းလာသော လာအိုလူမျိုးများမရောက်ခင်ကတည်းက"ယန်း"ခေါ်ကရင်လူမျိုးများအခြေချနေထိုင်လျှက်ရှိပြီးသားဖြစ်သည်ဟုဖော်ပြထားသည်။ ယွန်းခေါ် ကရင်တို့၏ဌာနေကြီးမှာ သံလွင်မြစ်မှအစပြု၍မဲခေါင်မြစ်ကိုကျော်လွန်ခါ ခမာဒေသတောင်ပိုင်းအထိကြီးမားကျယ်ပြန့်ပြီး သာယာဝပြောလှသည်။ မြောက်ပိုင်းမှရွှေ့ပြောင်းလာသော လာအိုလူမျိုးများက ကရင်ဘုရင်ထံခစားရာတွင်ခိုလှုံခွင့်ရကြသည်။ အခြေချခွင့်ရပြီးနောက်နှစ်၅၀အတွင်းတွင် ယွန်ဒေသအတွင်း၌လာအိုလူမျိုးများကမြို့ရွာများစွာထူထောင်ကြသည်။ ခရစ်တော်မဖွားမှီ ၅၄၃ ခုနှစ်တွင်လာအိုလူမျိုးများနှင့်ယန်းကရင်လူမျိုးများအကြားစစ်ပွဲများစွာဖြစ်ပွားပြီးနောက် ကရင့်လက်မှ ယွန်းဒေသအားလာအိုတို့သိမ်းပိုက်ခဲ့ကြသည်။
အဂ္ဂဖိုးချစ်မှာကြား
ကရင်သမိုင်းဆိုင်ရာ ရှာဖွေတွေ့ရှိချက်တွေကို ရှဲပေးကြတဲ့သူတွေအားလုံးကိုကရင်တမျိုးသားလုံးအစား ကျေးဇူးတင်ပါတယ်။ ကျနော့်အနေနဲ့ကရင်ဟာရှေးပဝေသနီခေတ်ကထွန်းကား(Civilized) ခဲ့ဘူးတဲ့လူမျိုးတစ်မျိုးဖြစ်ကြောင်းကို ဆက်နွယ်မှုရှိတဲ့အိမ်နီးချင်းနိုင်ငံသမိုင်းတွေထဲကနေ ဆက်လက်မွှေနှောက်ရှာဖွေဖော်ပြသွားမှာဖြစ်တယ်။ အဆိုပါဆက်နွယ်ရာအိမ်နီးချင်းနိုင်ငံတွေမရှိသေးတဲ့ကာလက အဖြစ်အပျက်တွေဖြစ်တာမို့ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထား(ကျောက်စာ၊ပေစာ၊ သားရည်စာ၊ မြို့ဟောင်း၊ အသုံးအဆောင်ပစ္စည်းကရိယာ)စတာတွကိုမထောက်ပြနိုင်ပါဘူး။ ဘာသာဗေဒ၊ လူသားများပြောင်းရွှေ့မှုသမိုင်းနဲ့ ပထဝီဘာသာရပ်တွေကို အထောက်အကူယူရပါတယ်။ ဒဏ္ဍါရီ ဆန်လွန်းလို့ တကယ့်ကို မဖြစ်နိုင်တဲ့အကြောင်းအရာတွေကိုလဲ တတ်နိုက်သမျှရှောင်ပါတယ်။ ကရင့်သမိုင်းကို Reliable ဖြစ်အောင်၊ ကမ္ဘာ့သမိုင်းTimeline နဲ့အံဝင်အောင် ဖြည့်ဆည်းဖို့အတော်လေးလိုအပ်နေတာကိုတွေ့ရလို့ ကျိုးစားပြီးသုတေသနလုပ်နေတာဖြစ်ပါတယ်။ ကိုယ်ပိုင်တိုင်းပြည်ပျက်သုန်းခဲ့တာနှစ်ရာပေါင်းများစွာကြာခဲ့ပြီဖြစ်တာမို့ သုတေသနလုပ်ရတာကလည်း ပင်လယ်ထဲကျသွားတဲ့အပ်တချောင်းကိုရှာရသလိုဖြစ်ပါတယ်။ ကိုယ့်ဖာကိုယ်ကြိုက်သလိုရေးပြီးအတည်ပြဌာန်းဖို့ဆိုရင်လဲ အချုပ်အချာအာဏာမရှိရင်လုပ်လို့မရပါဘူး။ ပြင်ပစာပေစာအုပ်တွေအဖြစ်သာထုတ်ဝေလို့ရမှာဖြစ်တယ်။ အဲလိုအနေအထားမှာ နိုင်ငံတကာက လက်ခံတဲ့သမိုင်းမျိုးဖြစ်ဖို့ အိမ်နီးချင်းတွေနဲ့ ကိုယ့်နိုင်ငံကိုအုပ်ချုပ်ခဲ့ဘူးတဲ့နိုင်ငံတွေရဲ့မှတ်တမ်းမှတ်ရာတွေထဲကနေဆွဲထုတ်တင်ပြနိုင်ခြင်းဟာ တစ်ခုတည်းသောreliable အဖြစ်နိုင်ဆုံးအထောက်အထားဖြစ်တယ်။ ကရင်တမျိုးသားလုံးအတွက်ဘုံအရေးကြီးချက်ဖြစ်တာမို့ တဘက်နဲ့တဘက် ကွဲပြဲနေတဲ့ဘယ်ကရင်မဆိုကျနော့်ရဲ့ရှာဖွေတင်ပြချက်တွေကို ကရင်တမျိုးသားလုံးသိရှိစေရန်ဝိုင်းဝန်းဖြန့်ချီဖို့မေတ္တာရပ်ခံပါတယ်။ ကျနော့်ကို reference အဖြစ်ထားချင်ရင်ထားနိုင်ပေမဲ့
Source အဖြစ်ကျနော်ဖော်ပြထားတဲ့ sources တွေကိုသုံးရင်ပိုပြီး ယုံကြည်စရာဖြစ်ပါတယ်။ အမျိုးသားတိုးတက်ရေးနဲ့အမျိုးသားရေးစိတ်ဓာတ်မြင့်မားရေးအတွက် အထောက်အကူဖြစ်စေတာမို့ တတ်အားသမျှဝိုင်းဝန်းဖြန့်ချီကြလိမ္မယ်လို့မျှော်လင့်ထားပါတယ်။ ကျနော်ဆက်လုပ်နိုင်ဖို့ ကြီးမားတဲ့စိတ်ဓာတ်ခွန်အားဖြင့်ဖေးမခြင်းလို့လဲအသိအမှတ်ပြုပါတယ်။
မွန်-ကရင်- ဗမာ ဆက်စပ်မှုသမိုင်းအပိုင်းအစတစ်ချို့
မွန်-ကရင်- ဗမာ ဆက်စပ်မှုသမိုင်းအပိုင်းအစတစ်ချို့
မော်လမြိုင်ကို အေဒီ ၃၀တွင်ကရင်က "ထာဝေ" (သို့)"ဃိုထာဝေ" ဟုခေါ်ပြီးမွန်က "မို့မွာလို"ဟုခေါ်။(မြို့ထူထောင်သောပထမဘုရင်ကိုအကြောင်းပြု၍ရှေးမွန်ဘာသာဖြင့်မျက်စိတစ်လုံးဟုအဓိပ္ပါယ်ရသော (one-eyed) မြို့ဟုလည်းခေါ်သည်။) နောက်ပိုင်းတွင်မြို့ပျက်တောဖြစ်သွားပြီးနှစ်များစွာကြာသောအခါ ကရင်များတဖန်လာရောက်နေထိုင်ကာ"မော်လမွဲ" ဟုခေါ်သည်။ "မော်လမွဲခေါ်ဃိုထာဝေ"၏မြောက်ဘက်တွင်ဒူးသထူ (သထုံ) မွန်မြို့ရှိသည်။အရှေ့ဘက်တွင်ယိုးဒယားပြည်ရှိပြီးအနောက်ဘက်တွင်မုတ္တမပင်လယ်ကွေ့ရှိသည်။
ဃိုတာဝေမြို့ကိုထူထောင်သူမှာမွေးရာပါမျက်လုံး၃လုံးရှိသော ကရင်မျိုးရိုးဖြစ်သူ "ဃိုတာဒဲ" ဘုရင် ဖြစ်သည်။ သူ့ကိုဘယ်အိမ်နီးချင်းနိုင်ငံကမှစစ်ပြုတိုက်ခိုက်အနိုင်ယူနိုင်ခြင်းမရှိပေ။ စစ်ရေးစစ်ရာတွင်ရန်သူနင်းလာမည့်အကွက်ကိုသူမတူအောင်မှန်ကန်စွာကြိုတင်တွက်ဆနိုင်စွမ်းရှိသဖြင့်လည်းကောင်း တတိယမျက်လုံးရှိသဖြင့်လည်းကောင်း ဒိပ္ပစက္ခုရှိသောဘုရင်ဟုနာမည်ကျော်ခဲ့သည်။.........
၁၀၅၀တွင် အနော်ရထာ ပိဋက၃ပုံလိုချင်သဖြင့် မော်လမြိုင်ကိုမွန်ဘုရင်မနူဟာလက်မှတိုက်ယူသည်။ ပခူး သထုံ မုတ္တမ မော်လမြိုင်ကိုပါသိမ်းပိုက်သည်။ အေဒီ ၁၂၈၇တွင် မွန်မင်းတပါးဖြစ်လာသော မုတ္တမအနီးရှိ ကရင်တို့နေထိုင်ရာ"ဒူးအူ" မြို့သား ရှမ်း-ကရင်ကပ်ပြား မဂ္ဂဒူးက အနော်ရထာမင်းအာဏာအပ်နှင်းထားသည့် အဆိုပါမြို့ရှိမြို့စားအားလုံးကိုသတ်ဖြတ်ပြီး မုတ္တမကိုမြို့တော်တည်ကာနန်းတက်အုပ်စိုးသည်။မဂ္ဂဒူးကို ဝါရီယူးမင်းဟုလည်းခေါ်တွင်သည်။ အေဒီ၁၅၃၉နောက်ပိုင်းတွင် နောက်တက်လာသောမွန်မျိုးရိုးဖြစ်သည့်မင်းများကမြို့တော်ကို ပဲခူးသို့ပြောင်းရွှေ့သည်။ ပဲခူးနောက်ဆုံးဘုရင်မှာ မွန်လူမျိုးတကရူပီဖြစ်သည်။...........
မော်လမြိုင်ကို အေဒီ ၃၀တွင်ကရင်က "ထာဝေ" (သို့)"ဃိုထာဝေ" ဟုခေါ်ပြီးမွန်က "မို့မွာလို"ဟုခေါ်။(မြို့ထူထောင်သောပထမဘုရင်ကိုအကြောင်းပြု၍ရှေးမွန်ဘာသာဖြင့်မျက်စိတစ်လုံးဟုအဓိပ္ပါယ်ရသော (one-eyed) မြို့ဟုလည်းခေါ်သည်။) နောက်ပိုင်းတွင်မြို့ပျက်တောဖြစ်သွားပြီးနှစ်များစွာကြာသောအခါ ကရင်များတဖန်လာရောက်နေထိုင်ကာ"မော်လမွဲ" ဟုခေါ်သည်။ "မော်လမွဲခေါ်ဃိုထာဝေ"၏မြောက်ဘက်တွင်ဒူးသထူ (သထုံ) မွန်မြို့ရှိသည်။အရှေ့ဘက်တွင်ယိုးဒယားပြည်ရှိပြီးအနောက်ဘက်တွင်မုတ္တမပင်လယ်ကွေ့ရှိသည်။
ဃိုတာဝေမြို့ကိုထူထောင်သူမှာမွေးရာပါမျက်လုံး၃လုံးရှိသော ကရင်မျိုးရိုးဖြစ်သူ "ဃိုတာဒဲ" ဘုရင် ဖြစ်သည်။ သူ့ကိုဘယ်အိမ်နီးချင်းနိုင်ငံကမှစစ်ပြုတိုက်ခိုက်အနိုင်ယူနိုင်ခြင်းမရှိပေ။ စစ်ရေးစစ်ရာတွင်ရန်သူနင်းလာမည့်အကွက်ကိုသူမတူအောင်မှန်ကန်စွာကြိုတင်တွက်ဆနိုင်စွမ်းရှိသဖြင့်လည်းကောင်း တတိယမျက်လုံးရှိသဖြင့်လည်းကောင်း ဒိပ္ပစက္ခုရှိသောဘုရင်ဟုနာမည်ကျော်ခဲ့သည်။.........
၁၀၅၀တွင် အနော်ရထာ ပိဋက၃ပုံလိုချင်သဖြင့် မော်လမြိုင်ကိုမွန်ဘုရင်မနူဟာလက်မှတိုက်ယူသည်။ ပခူး သထုံ မုတ္တမ မော်လမြိုင်ကိုပါသိမ်းပိုက်သည်။ အေဒီ ၁၂၈၇တွင် မွန်မင်းတပါးဖြစ်လာသော မုတ္တမအနီးရှိ ကရင်တို့နေထိုင်ရာ"ဒူးအူ" မြို့သား ရှမ်း-ကရင်ကပ်ပြား မဂ္ဂဒူးက အနော်ရထာမင်းအာဏာအပ်နှင်းထားသည့် အဆိုပါမြို့ရှိမြို့စားအားလုံးကိုသတ်ဖြတ်ပြီး မုတ္တမကိုမြို့တော်တည်ကာနန်းတက်အုပ်စိုးသည်။မဂ္ဂဒူးကို ဝါရီယူးမင်းဟုလည်းခေါ်တွင်သည်။ အေဒီ၁၅၃၉နောက်ပိုင်းတွင် နောက်တက်လာသောမွန်မျိုးရိုးဖြစ်သည့်မင်းများကမြို့တော်ကို ပဲခူးသို့ပြောင်းရွှေ့သည်။ ပဲခူးနောက်ဆုံးဘုရင်မှာ မွန်လူမျိုးတကရူပီဖြစ်သည်။...........
မွန်နှင့်ရှမ်း သမိုင်းထဲမှ ကရင်တို့ ဆင်းသက်လာပုံအကြောင်း
မွန်နှင့်ရှမ်း သမိုင်းထဲမှ ကရင်တို့ ဆင်းသက်လာပုံအကြောင်း
---------------------------------------
ကရင်လူမျိုးသည် ရှေးဦးရှမ်းမျိုး(၃၀)တွင်ပါဝင်သည်။ပါဠိစာဖြင့် ကိရာတ ဟုရေးသားရာမှကရဖြစ်လာသည်။ အဘိဓာန်နိသျှသစ်တွင် ကရတ ကရင်ဟုရေးသားသည်။
သထုံပြည်ကိုကမ္ဘာဦးခေတ်က ရာမညရဋ္ဌ-သုဝဏ္ဏဘူမိ သုဓမ္မ၀တီ သထုံပြည်ဟုခေါ်တွင်ခဲ့သည်။
ဂေါတမဗုဒ္ဓမတိုင်မီ နှစ်(၅၀) ခန့် တွင်မူထို သုဝဏ္ဏဘူမိတိုင်းကို ကရဏ္ဏကတိုင်းဟုခေါ်သည်။
ကရဏ္ဏကတိုင်း သုဘိန္နမြို့ ၌ တိဿသက္ကရာဇာ မင်းကြီးနှင့် သီရိကပ္ပါဒေ၀ီ
မိဘုရားကြီးတို့ ထီးနန်းစံခဲ့သည်။ ကရဏ္ဏကတိုင်းသား တို့ တွင်ပင်လယ်ရေကြောင်းမှသဘောင်္ဖြင့် သွားလာကုန်ကူးကြသောကုန်သည်များရှိခဲ့သည်။
့မြန်မာကရင်-
ပြည်မြို့ အနောက်ဖက်ဧရာဝတီမြစ်ကမ်းတလျှောက်နှင့်သံတွဲတောင်စဉ် (၇)ခရိုင်တွင်နေထိုင်ခဲ့ဘူးသော ကမ်းယံလူမျိုးမှ ဆင်းသက်ပေါက်ပွားလာသောကရင်
လူမျိုးစုကို မြန်မာကရင်ဟုခေါ်သည်။ နောက်ကာလများတွင် စကောကရင်ဟုခေါ်တွင်ပြန်သည်။
မွန်ကရင်-
ထိုအချိန်က ကရဏ္ဏကတိုင်းရှိမြေပြန့် သားများကိုမွန်ဟုခေါ်ပြီးတောတောင်ဒေသသားများကိုကရဏ်ဟုခေါ်သည်။
ကရဏ်မှ ကရင်ဖြစ်လာသည်။
( စာပြင်သူမှတ်ချက်-ထိုင်းနိုင်ငံအနောက်ပိုင်း တပ်ခရိုင်နှင့်
ကန်ချနဘူရီခရိုင်အတွင်း မှ ကရင်လူမျိုးအစုတချို့ ကိုလက်ရှိထိုင်းမီဒီယာများတွင် ကရဏ်ဟု ခေါ်ဆဲဖြစ်သည်။
ကရင်အားလုံးကိုမူ ထိုင်းဘာသာဖြင့် ကရယန်(Karian)ဟုခေါ်သည်။တရုတ်၊ ရှမ်းနှင့်မြောက်ပိုင်းထိုင်က ကရင်ကို "ယန်း"ဟုခေါ်သည်။
မွန်နှင့်နီးစပ်သဖြင့် တလိုင်း(မွန်)ကရင်ဟုသတ်မှတ်ခြင်းဖြစ်သည်။
နောက်ကာလများတွင် ပိုးကရင်ဟု ခေါ်ကြသည်။
---------------------------------------
ကရင်လူမျိုးသည် ရှေးဦးရှမ်းမျိုး(၃၀)တွင်ပါဝင်သည်။ပါဠိစာဖြင့် ကိရာတ ဟုရေးသားရာမှကရဖြစ်လာသည်။ အဘိဓာန်နိသျှသစ်တွင် ကရတ ကရင်ဟုရေးသားသည်။
သထုံပြည်ကိုကမ္ဘာဦးခေတ်က ရာမညရဋ္ဌ-သုဝဏ္ဏဘူမိ သုဓမ္မ၀တီ သထုံပြည်ဟုခေါ်တွင်ခဲ့သည်။
ဂေါတမဗုဒ္ဓမတိုင်မီ နှစ်(၅၀) ခန့် တွင်မူထို သုဝဏ္ဏဘူမိတိုင်းကို ကရဏ္ဏကတိုင်းဟုခေါ်သည်။
ကရဏ္ဏကတိုင်း သုဘိန္နမြို့ ၌ တိဿသက္ကရာဇာ မင်းကြီးနှင့် သီရိကပ္ပါဒေ၀ီ
မိဘုရားကြီးတို့ ထီးနန်းစံခဲ့သည်။ ကရဏ္ဏကတိုင်းသား တို့ တွင်ပင်လယ်ရေကြောင်းမှသဘောင်္ဖြင့် သွားလာကုန်ကူးကြသောကုန်သည်များရှိခဲ့သည်။
့မြန်မာကရင်-
ပြည်မြို့ အနောက်ဖက်ဧရာဝတီမြစ်ကမ်းတလျှောက်နှင့်သံတွဲတောင်စဉ် (၇)ခရိုင်တွင်နေထိုင်ခဲ့ဘူးသော ကမ်းယံလူမျိုးမှ ဆင်းသက်ပေါက်ပွားလာသောကရင်
လူမျိုးစုကို မြန်မာကရင်ဟုခေါ်သည်။ နောက်ကာလများတွင် စကောကရင်ဟုခေါ်တွင်ပြန်သည်။
မွန်ကရင်-
ထိုအချိန်က ကရဏ္ဏကတိုင်းရှိမြေပြန့် သားများကိုမွန်ဟုခေါ်ပြီးတောတောင်ဒေသသားများကိုကရဏ်ဟုခေါ်သည်။
ကရဏ်မှ ကရင်ဖြစ်လာသည်။
( စာပြင်သူမှတ်ချက်-ထိုင်းနိုင်ငံအနောက်ပိုင်း တပ်ခရိုင်နှင့်
ကန်ချနဘူရီခရိုင်အတွင်း မှ ကရင်လူမျိုးအစုတချို့ ကိုလက်ရှိထိုင်းမီဒီယာများတွင် ကရဏ်ဟု ခေါ်ဆဲဖြစ်သည်။
ကရင်အားလုံးကိုမူ ထိုင်းဘာသာဖြင့် ကရယန်(Karian)ဟုခေါ်သည်။တရုတ်၊ ရှမ်းနှင့်မြောက်ပိုင်းထိုင်က ကရင်ကို "ယန်း"ဟုခေါ်သည်။
မွန်နှင့်နီးစပ်သဖြင့် တလိုင်း(မွန်)ကရင်ဟုသတ်မှတ်ခြင်းဖြစ်သည်။
နောက်ကာလများတွင် ပိုးကရင်ဟု ခေါ်ကြသည်။
ဘေသလေဟန်(ဗက်လင်မြို့) အကြောင်းသိကောင်းစရာများ။
ဘေသလေဟန်(ဗက်လင်မြို့) အကြောင်းသိကောင်းစရာများ။
ဘေသလေဟန်(Bethlehem) အင်္ဂလိပ်ဘာသာဖြစ်သည်။ မြန်မာက"ဗက်လင်"ဟုခေါ်သည်။ မူရင်းနာမယ်မှာအာရပ်ဘာသာ Bayta Lahm ဖြစ်ပြီး ဟီဘရူး(ဂျူး) ဘာသာဖြင့် Betlehem ဟုခေါ်သည်။ အဓိပ္ပါယ်မှာ "ပေါင်မုံ့အိမ်"
( House of Bread )ဖြစ်သည်။
လက်ရှိတည်နေရာမှာပါလက်စတိုင်းဖြစ်သည်။ လက်ရှိအုပ်ချုပ်ရေးမှာ ပါလက်စတိုင်း ဗက်လင် မြူနီစီပယ်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။လက်ရှိ မြူနီစီပယ်ဝန်ကြီးနာမယ်မှာAnton Salmanဖြစ်သည်။
လူဦးရေမှာ၂၅၂၆၆ (၂၀၀၇ခုနှစ်)
နေထိုင်သောလက်ရှိလူမျိုးများကိုအသားအရောင်ဖြင့်ပိုင်းခြားသတ်မှတ်သည်။ ၇၉.၃၃%မှာလူဖြူများ၊ ၆.၃၇%မှာ အမေရိကန်လူမဲများ၊ ၂.၇၅%မှာအာရှသားများဖြစ်သည်။၁၈၇၀ ခုနှစ်စာရင်းအရလူမျိုးများမှာ (လူဦးရေအများဆုံးမှအနဲဆုံးသို့) မူစလင်, လက်တင်,ဂရိစ်နှင့် အာမေးနီးယန်းလူမျိုးများဖြစ်ကြသည်။
ကိုးကွယ်သည့်ဘာသာများမှာခရစ်ယန် ၄၆.၁% ( ၁၉၆၇ ခုနှစ်), မူစလင် ၅၃.၉ဖြစ်သည်။
ပညာရေးတွင်ပါလက်စတိုင်းအမျိုးသားပညာရေးဝန်ကြီးဌာနကဖွင့်ထားသည့်ကျောင်း ၁၀၀,ကုလသမဂ္ဂ၏ UNRWA ကဖွင့်ထားသည့်ကျောင်း ၇ကျောင်း နှင့်ပုဂ္ဂလိကကျာင်း ၂၈ကျောင်းရှိသည်။ ၁၉၉၇ စစ်တမ်းအရ အသက်၁၀နှစ်ကျော်ကလေးအားလုံး စာတတ်မြောက်သည်။ ဘေသလေဟန် တက္ကသိုလ်ကိုကက်သလစ်ဘာသာရေးအဖွဲ့အစည်းက ၁၉၇၃ခုနှစ်တွင်ထူထောင်ထားခဲ့သည်။ဘေသလေဟန်၏အဓိကစီးပွားရေးမှာ ခရစ်ယန်သာသနာဆိုင်ရာကမ္ဘာ့အလယ်အပတ်လုပ်ငန်းဖြစ်သည်။
ကရင့်ဇစ်မြစ်မဟုတ်သော ကာရေလာ- ကာရိုက် လူမျိုးအကြောင်း---
ကရင့်ဇစ်မြစ်မဟုတ်သော ကာရေလာ- ကာရိုက် လူမျိုးအကြောင်း---
Karaylar-Karaites
Karait ခေါ် Karaylar-Karaites ခေါ် Crimean Karaites ခေါ် Qarays လူမျိုးသည် လက်ရှိကာလ၌ ပင်လယ်နက်ဒေသတဝိုက်ရှိ ယူကရိန်း၊ ခရိုင်းမီးယား၊ အစ္စရေး၊လစ်သူနီးယားနှင့် ပိုလန် နိုင်ငံများတွင်စုစုပေါင်းလူဦးရေငါးသောင်း( ၅၀၀၀၀)ခန့်ကျန်ရှိနေသောရှေးဟောင်းလူမျိုးတမျိုးဖြစ်သည်။ ကော့ကေးရှန်းလူ့မျိုးနွယ်စုမှလာသော တူရကီအနွယ်တခုဖြစ်သည့်
Kipchak ဘာသာစကားအုပ်စုတွင်ပါဝင်သည်။ မွန်ဂိုလ်တို့ကြီးစိုးသောခေတ်တွင် ယင်း Kipchak ဘသာစာပေကိုတာတာ မွန်ဂိုလ်လူမျိုးပိုင်အဖြစ်သတ်မှတ်အသုံးပြုသည်။ နာဇီခေတ်တွင်ဂျာမန်သိမ်းပိုက်ထားသောဥရောပနိုင်ငံများရှိ Karaylar-Karaites ခရစ်ယန်ဘာသာဝင်များအား ဂျုးလူမျိုးစုတစုအဖြစ်မှားယွင်းသတ်မှတ်ခါ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပစ်သည်။ Karaylar-Karaitesတစ်မျိုးလုံးသည် တခြားဥရောပလူမျိုးများထက်စောစီးစွာ ဂျူးဒစ် ခရစ်ယန်ဘာသာကိုသက်ဝင်ယုံကြည်လာကြသည့်လူမျိုးဖြစ်သည်။Karaylar-Karaitesနှင့်မျိုးရိုးနီးစပ်သော တခြားတူရကီ အနွယ်ဝင်ဖြစ်သည့် တရုပ်ပြည်ရှိ လူဦးရေ ၁၀သန်းကျော်သောအင်္ဂလိပ်အခေါ် "အွီဂါ"(Uyghur) တရုတ်အခေါ် "ဝိန်းဝါ့တ်ရ်"လူမျိုးတို့မှာမူ အစ္စလမ်ဘာသာဝင်ဖြစ်သွားကြသည်။
ပထမဗမာ့လွတ်လပ်ရေးနေ့အကြောင်းတစောင်းတစေ့...
ပထမဗမာ့လွတ်လပ်ရေးနေ့အကြောင်းတစောင်းတစေ့...
ဇန္နဝါရီလ ၄ရက်နေ့သည် (၇၂)ကြိမ်မြောက် ဒုတိယဗမာ့လွတ်လပ်ရေးနေ့ဖြစ်သည်။ ပထမဗမာ့လွတ်လပ်ရေးမှာမူ ၁၉၄၃ ဩဂုတ်လ ၁ရက်နေ့ဖြစ်သည်။ လွတ်လပ်ရေးခေါင်းဆောင်မှာ ဒေါက်တာဘမော်ဖြစ်သည်။ ဒေါက်တာဘမော်ကို အင်္ဂလိပ်အစိုးရကဗမာပြည်ကိုအင်းဒီးယားမှခွဲထုတ်သော ( ၁၉၃၇ ) ခုနှစ်မှစ၍ အင်္ဂလိပ်ဘုရင်ခံလက်ထောက် ဗမာပြည်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့သည်။ ဆရာစံအမှုကိုရှေ့နေလိုက်ခဲ့စဉ်က မအောင်မြင်သဖြင့် အင်္ဂလိပ်အစိုးရကိုညိုညင်နေသူဖြစ်သော်လည်း အင်္ဂလန်တက္ကသိုလ်များမှရှေ့နေဘွဲ့နှင့်ပါရဂူဘွဲ့များရရှိခဲ့သည့်ထူးချွန်သူဖြစ်သဖြင့်အင်္ဂလိပ်က ဝန်ကြီးချုပ်ရာထူးကို ၁၉၃၇တွင်အပ်နှင်းခဲ့ခြင်းဖြစ်သည်။သို့သော် အင်္ဂလိပ်အစိုးရအုပ်ချုပ်ရေးကိုဆန့်ကျင်သောတရားဟောပြောမှုများ၊ အင်္ဂလိပ်ဆန့်ကျင်သောဗမာမျိုးချစ်လူငယ် များကိုအားပေးမှုများကြောင့် ၁၉၃၉တွင်ရာထူးပြုတ်ခါ မိုးကုတ်ထောင်တွင်အကျဉ်းချထားခြင်းခံရသည်။
အင်းဒီးယား၊ ဗမာပြည်နှင့်အင်ဒိုချိုင်းနားကျွန်းဆွယ်နိုင်ငံများအားအင်္ဂလိပ်နှင့်ပြင်သစ်လက်အောက်မှဆွဲထုတ်ရေးစီမံချက်အရ ၁၉၄၀ ဇွန်လ ၁၂ရက်နေ့တွင် ဂျပန်က ထိုင်းအစိုးရနှင့် စစ်ရေးမဟာမိတ်စာချုပ်ကိုတိုကျိုတွင်လက်မှတ်ထိုးခဲ့သည်။ ထိုစာချုပ်နှင့်ဂျပန့်ရာဇသံပေးမှုအရ ပြင်သစ်ခွဲထုတ်သွားသောလောနိုင်ငံနှင့်ကမ္ဘောဒီးယားအရှေ့ဘက်ခြမ်းတိုင်းဒေသကြီးများကို ပြင်သစ်က ထိုင်းနိုင်ငံအားပြန်လည်လွှဲအပ်လိုက်ရသည်။ သံလွင်အရှေ့ဘက်ခြမ်း ကျိုင်းတုံဒေသနှင့်ကရင်နီပြည်များကိုမူ အင်္ဂလိပ်ကထိုင်းအားပြန်မလွဲအပ်ပေ။
ဇန္နဝါရီလ ၄ရက်နေ့သည် (၇၂)ကြိမ်မြောက် ဒုတိယဗမာ့လွတ်လပ်ရေးနေ့ဖြစ်သည်။ ပထမဗမာ့လွတ်လပ်ရေးမှာမူ ၁၉၄၃ ဩဂုတ်လ ၁ရက်နေ့ဖြစ်သည်။ လွတ်လပ်ရေးခေါင်းဆောင်မှာ ဒေါက်တာဘမော်ဖြစ်သည်။ ဒေါက်တာဘမော်ကို အင်္ဂလိပ်အစိုးရကဗမာပြည်ကိုအင်းဒီးယားမှခွဲထုတ်သော ( ၁၉၃၇ ) ခုနှစ်မှစ၍ အင်္ဂလိပ်ဘုရင်ခံလက်ထောက် ဗမာပြည်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့သည်။ ဆရာစံအမှုကိုရှေ့နေလိုက်ခဲ့စဉ်က မအောင်မြင်သဖြင့် အင်္ဂလိပ်အစိုးရကိုညိုညင်နေသူဖြစ်သော်လည်း အင်္ဂလန်တက္ကသိုလ်များမှရှေ့နေဘွဲ့နှင့်ပါရဂူဘွဲ့များရရှိခဲ့သည့်ထူးချွန်သူဖြစ်သဖြင့်အင်္ဂလိပ်က ဝန်ကြီးချုပ်ရာထူးကို ၁၉၃၇တွင်အပ်နှင်းခဲ့ခြင်းဖြစ်သည်။သို့သော် အင်္ဂလိပ်အစိုးရအုပ်ချုပ်ရေးကိုဆန့်ကျင်သောတရားဟောပြောမှုများ၊ အင်္ဂလိပ်ဆန့်ကျင်သောဗမာမျိုးချစ်လူငယ် များကိုအားပေးမှုများကြောင့် ၁၉၃၉တွင်ရာထူးပြုတ်ခါ မိုးကုတ်ထောင်တွင်အကျဉ်းချထားခြင်းခံရသည်။
အင်းဒီးယား၊ ဗမာပြည်နှင့်အင်ဒိုချိုင်းနားကျွန်းဆွယ်နိုင်ငံများအားအင်္ဂလိပ်နှင့်ပြင်သစ်လက်အောက်မှဆွဲထုတ်ရေးစီမံချက်အရ ၁၉၄၀ ဇွန်လ ၁၂ရက်နေ့တွင် ဂျပန်က ထိုင်းအစိုးရနှင့် စစ်ရေးမဟာမိတ်စာချုပ်ကိုတိုကျိုတွင်လက်မှတ်ထိုးခဲ့သည်။ ထိုစာချုပ်နှင့်ဂျပန့်ရာဇသံပေးမှုအရ ပြင်သစ်ခွဲထုတ်သွားသောလောနိုင်ငံနှင့်ကမ္ဘောဒီးယားအရှေ့ဘက်ခြမ်းတိုင်းဒေသကြီးများကို ပြင်သစ်က ထိုင်းနိုင်ငံအားပြန်လည်လွှဲအပ်လိုက်ရသည်။ သံလွင်အရှေ့ဘက်ခြမ်း ကျိုင်းတုံဒေသနှင့်ကရင်နီပြည်များကိုမူ အင်္ဂလိပ်ကထိုင်းအားပြန်မလွဲအပ်ပေ။
,မြန်မာပြည်ဒုတိယလွတ်လပ်ရေးနောက်ခံကျောရိုးဖြစ်စဉ်များ....
,မြန်မာပြည်ဒုတိယလွတ်လပ်ရေးနောက်ခံကျောရိုးဖြစ်စဉ်များ....
ဂျပန်ပေးသည့်၁၉၄၂ သြဂုတ်လ ၁ရက်ဗမာ့လွတ်လပ်ရေးအရထွက်ပေါ်လာသည့် ဗမာပြည်(ဘိရုမာကုကိ)၏ ဝန်ကြီးချုပ်နှင့် နိုင်ငံတော်အဓိပဓိ ဒေါက်တာဘမော်အစိုးရခေတ်တွင်ဂျပန့်"နာမိကီကန်" စစ်အောင်နိုင်ရေးသေနင်္ဂဗြူဟာအရ ဂျပန်စစ်ထောက်လှမ်းရေးဌာနတာဝန်ခံ ဗိုလ်မှုးချုပ် စူဇူကီး ထူထောင်အုပ်ချုပ်ခဲ့သည့် BIA တပ်ကို ဗမာ့အမျိုးသားတပ်မတော် BNA အဖြစ်ပြောင်းလဲဖွဲ့စည်းခါ ဗမာပြည်ပိုင်တပ်မတော်အဖြစ် ဂျပန်ဘုရင့်အစိုးရကလွှဲပြောင်းပေးခဲ့သည်။အစိုးရအာဏာနှင့်ဗမာပြ ည်ကိုလွှဲပေးလိုက်ရသည့် ဒေါက်တာဘမော်ကိုစိတ်ချစရာအကြာင်းမရှိသဖြင့်ဗိုလ်အောင်ဆန်းအားစစ်တပ်အာဏာခွဲထားပေးခါ ဂျပန်က ၂ဘက်လုံးကို စစ်တုရင်နည်းအရ"ခွချက်" လုပ်ထားခြင်းဖြစ်သည်။ ဤနည်းနားကို နိုင်ငံရေးသိပ္ပံပညာက " Check & Balance" ဟုခေါ်ဆိုသည်။
BNAကိုဘက်ပြောင်းစေသည့် ဂျပန်စစ်ရေး ဆက်တိုက်အရေးနိမ့်မှု အဆင့်ဆင့် အ ချိန်မျဉ်း(Timeline )
-၁၉၄၂ဇန္နဝါရီလတွင် အဂ်လိပ်က ဂျပန့်လက်အောက်မှမြန်မာပြည်ကိုပြန်သိမ်းမည့် Burma Campaign စစ်ဆင်ရေးကိုစတင်သည်။
-၁၉၄၃ စက်တင်ဘာ ၃ရက်တွင်
ဝင်ရိုးတန်း (Axis) ကြီး ၃ကြီးနိုင်ငံဖြစ်သော အီတလီလက်နက်ချအရှုံးပေးသည်။
-၁၉၄၄ မတ်လတွင် အိန္ဒရိယနိုင်ငံ မီဇိုရမ်(အင်းဒီးယားချင်း)ပြည်နယ် အင်ဖာလ်မြို့တိုက်ပွဲတွင် ဂျပန်ကအင်္ဂလိပ်ကိုအပြတ်အသတ်အသတ်ရှုံးသည်။အဆိုပါတိုက်ပွဲသည် တိုက်တိုင်းအောင်ဂျပန့်တပ်မတော်ကိုပွဲတိုင်းရှူံးအနေအထားသို့ပြောင်းပြန်လှန်လိုက်သည့် ၁၈၀ဒီဂရီ "ဂငယ်ကွေ့" (U-Turn) ဖြစ်သည်။
-၁၉၄၄ ဇူလိုင်လတွင် ဂျပန်နှင့်စစ်မဟာမိတ်စာချုပ်လက်မှတ်ထိုးထားသည့်မြန်မာ့မိတ်ဆွေနိုင်ငံ ထိုင်းစစ်အစိုးရပြုတ်ကျပြီး ဂျပန်ကိုဆန့်ကျင်သည့် Free Thai မြေအောက်တော်လှန်ရေးအင်အားစုက ထိုင်းနိုင်ငံ၏အရပ်သားအစိုးရဖြစ်လာသည်တွင် အမေရိကန်၊ အင်္ဂလန်နိုင်ငံတို့ကထိုင်းနိုင်ငံအား မဟာမိတ်အဖြစ်ပြောင်းလဲအသိအမှတ်ပြုသည်။
-၁၉၄၄ဩဂုတ်လ၂၅ တွင်အမေရိကန်က ပြင်သစ်ကိုဂျာမန်လက်မှသိမ်းပိုက်သည်။
-ဗြိတိသျှက ဘားမားကန်ပိန်း ခေါ်မြန်မာပြည်ပြန်လည်သိမ်းပိုက်ရေးထိုးစစ်ကို ၁၉၄၄ နိုဝင်ဘာလတွင်စတင်သည်။
Subscribe to:
Posts (Atom)