KhingKhing Su and Kyaw Naing shared Baydar Lam's photo.
ရင်ထဲ ကို ထိခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေ ရဲ.စာအုပ်အမှာစာ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေဘောင်ထဲဝင
“ဒီဥပဒေကိုပြင်ဆင်ဖို.ကြီုးစားမ ယ်” ဆိုတာဟာ လက်ထိပ်ခတ်ခံပြီးမှ လက်ထိပ်ဖြုတ်ဖြို.စဉ်းစားတဲ့ “နိုင်ငံရေး ရိုးအ မှု” မှတပါး တခြားးဘာမှဖြစ်စရာမရှိပါဘူး။၁၉၅ ၉ ခုနှစ်မှပေါ်ထွက်ခဲ့တဲ့ (ပမညတ တပ်ပေါင်းစုကြီး)နဲ. မြန်မာနိုင်ငံအလုပ်သမားညီညွတ်ရေးပါတီကြီး နိုင်ငံရေးမျက်နှာစာပေါ်ကပျောက်သွားတယ်ဆိုတာဟာ လက်ထိပ်အခတ်ခံပြီးမှ လက်ထိပ်ဖြုတ်ဖြို.စိတ်ကူးတဲ့ Ideological illusion တစ်မျိုးကြောင့်ပါပဲ။လူထုတိုက်ပွဲကိုကြောက်တဲ့ အတိုက်အခံအဖွဲ.အစည်းနဲ. လူပုဂ္ဂုလ်ခေါင်းဆောင်များရဲ. သမိုင်းရေးကံကြမ္မာဟာ ဘယ်တုန်းကမှမလှခဲ့ပါဘူး၊သူတို.ဟာလူထုကြီးကိုလွတ်မြောက်အောင်ကယ် တင်မပေးနိုင်ရုံသာမက သူတို.ရဲ.နိုင်ငံရေးကံကြမ္မာကိုပ င် သူတို.အာမခံချက်မပေးနိုင်ခဲ့ပါဘူး။ဒီအဖြစ်အပျက်ဟာခေတ်သစ်နိုင်ငံရေးသမိုင်းအတွက် ခါးသီးတဲ့သမိုင်းသင်ခန်းစာတခုလည်းဖြစ်ပါတယ်။ဒီခေတ်ပြိုင်သမိုင်းသင်ခန်းစာကို မျက်မှောက်ခေတ်နိုင်ငံရေးမျိုးဆ က်ဝင်များက သမိုင်းစာမျက်နှာများကိုကျော်ပြီး
လေ့လာသွားတာမျိုးမဖြစ်မိဖို. အလွန်အရေးကြီးပါတယ်။သူ.အနေနဲ. ၁၉၅၉
ခုနှစ်နဲ.၁၉၉၈ ခုအတွင်းမှာ ထောင် ၆ ကြီမ်၊နှစ်ပေါင်း ၂၃
နှစ်ကျော်မြန်မာနို်င်ငံအကျဉ်း ထောင်စနစ်အကြောင်းထဲထဲဝင်ဝင်လေ့ လာခွင့်ရခဲ့ပါတယ်။ဇနီးသည်
ထောင် ၂ ကြီမ်၊သားကြီးထောင် ၃ ကြီမ်ကျခဲ့ပါတယ်။ ၂၀၀၆ ခု
နှစ်မှာဇနီးသည်ကလည်းမိမိကို နှုတ်ဆက်ခဲ့ပြီး
သားသမီးများနှင့်မြေးငယ်များဟာလ ည်း တစ်စစီ တစ်ဖဲ့စီ ဖြစ်နေခဲ့ကြပါပြီ။.မိသားစုဘဝ၊အီ မ်ထောင်သည်ဘဝ ၄၆ နှစ်မှာ နှစ် ၃၀ တကွဲတပြား နေခဲ့ကြရပါတယ်။မိမိ၌အသိုက်အမြုံ မရှိတော့ပါပြီ။ပင်အိုကြီးအထီးတည်း ဖြစ်ခဲ့ပါပြီ။ယုံကြည်မှုသည်သာ ရာသက်ပန်အဖော် အဖက်အဖြစ်ရှိပါတော့တယ်။
ဦးအောင်စောဦးရဲ. ဥဒါန်းမကြေ ဆိုတဲ့ ဇူလိုင် ရ ရက်အရေးတော်ပုံအကြောင်းစာအုပ်မှာပါတဲ့ ကျောင်းသားခေါင်းဆောင် ဦးလှရွှေ ရဲ.စာအုပ်အမှာစာ မှ
ဦးအောင်စောဦးရဲ. ဥဒါန်းမကြေ ဆိုတဲ့ ဇူလိုင် ရ ရက်အရေးတော်ပုံအကြောင်းစာအုပ်မှ
No comments:
Post a Comment
mr.kyaingtun@gmail.com