Friday, December 14, 2012

တပ်မတော်မှ သည်းခံနိုင်မှု ကုန်ဆုံး၍ မိမိအစီအစဉ်ဖြင့် ရှေ့သို့ဆက်သွားသည့်အခါ.....

Zaw Lin and Cho Tu Zal shared Philosophermg Myathar's photo.
ကဲ..ကျနော့်သူငယ်ချင်းတယောက်က  ကျနော့်ကို ခင်ဗျားဖတ်ကြည့်စမ်းဗျာ ..ဆိုပြီး
ကျနော့်ကို ဖတ်ခိုင်းတာနဲ့ ဖတ်ပြီး ကျနော့်ဖေ့ဘုတ်ခ် ပရိတ်သတ်ကြီးလည်းဖတ်စမ်းဗျာ..တွေး
စမ်း..ရေးစမ်း ဗျာ  ဆိုပြီးကျနော်ကလည်းပြန် ရှယ်ပေးလိုက်တယ်...

တပ်မတော်မှ သည်းခံနိုင်မှု ကုန်ဆုံး၍ မိမိအစီအစဉ်ဖြင့် ရှေ့သို့ဆက်သွားသည့်အခါ.....
===============================================
အစိုးရသစ်တက်လာသည့် ၂၀၁၀ အစတွင် ပထမဆုံး တပ်မတော်နှင့်ပတ်သက်လာသည့်ကိစ္စမှာ ကာ ကွယ်ရေး အသုံးစရိတ် ဖြစ်သည်။ မည်ရွေ့မည
်မျှ သုံးသည် မလိုအပ်ဟူသော သုံးသပ်ချက်များဖြင့် နိုင်ငံေ ရး သမားများမှ ကျယ်ကျယ်လောင်လောင် တိုက်ခိုက်ကြ၏။ တိုက်လေယာဉ် တစ်စင်း၊ တိုက်သဘောင်္ တစ်စင်း၏ ကုန်ကျ စရိတ်ကို ထည့်မစဉ်းစား၊ တိုင်းပြည်ကို ကာကွယ်နေသည့် တပ်မတော်သားများ၏ လိုအပ် ချက်ကို ထည့်မတွေး ဘဲ ဘယ်နိုင်ငံမှ စစ်လာတိုက်မည် မဟုတ်သဖြင့် လူထုအကြိုက် ပညာရေး၊ ကျန်း မာရေး ကဏ္ဍ များတွင် ပိုမိုသုံး စွဲရန် ပြောဆိုကြသည်။ အောက်တွင် ဘင်္ဂလားဒေ့ရှ်၊ ဘေးတွင် ထိုင်း၊ အထက် တွင် တရုတ် နိုင်ငံတော်၏ နယ်နိမိတ်ကို ထိပါးလာမည့် အန္တရာယ်အား မလိုအပ်ဟု ယူ ဆပြောဆိုကြသည်ကို တပ်မတော် သည်းခံရသည်။

ထို့နောက်တွင်တော့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို မလိုအပ်၊ နှုတ်ထွက်ဆိုသည့် စကားများဖြင့် ထိုင်ခုံ လုသူများက တိုက်ပွဲဝင်ကြသည်။ နည်းနည်းလေး အထိုင်ကျလာတော့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အတွက် ထောင်ထဲ ထည့်ထားရသည့် ကျောင်းသားလူမိုက်များ ထွက်လာသည့်အခါ တပ်မတော် အင်အား ရှိမှ တိုင်းပြည် အင်အားရှိမည်ကို လက်မခံဟူသော စကားများဖြင့် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ကြသည်။ မီဒီယာများမှ ဖော်ပြကြသည်။ အခြေခံဥပဒေကို ကာကွယ်ထိန်းသိမ်းသည့် တပ်မတော်၏ ရည်ရွယ်ချက်ကို ဖျက်ဆီးနေသည်ကို သည်းခံရသည်။

ကချင်စစ်ပွဲသတင်းများတွင် တပ်မတော်ဆိုသော အသုံးအနှုံးအစား စစ်အစိုးရဟု သုံးနှုံးသည်။ ကချင်မျိုးချစ် တပ် မတော်နှင့် စစ်အစိုးရ တိုက်ပွဲဟု ဆိုကာ ပေါ်ပေါ်ထင်ထင် ဖော်ပြကြသည်။ မိုင်းထောင်၊ ဗုံးခွဲ ကေအိုင်အေ လုပ်ရပ်များကို မဖော်ပြဘဲ တိုက်ပွဲတစ်ခုတွင် ဒဏ်ရာရ သေဆုံးသည့် ကျောင်းသူ တစ်ဦး အတွက် မီဒီယာများ ကချင်တက်ကာ သောင်းကျန်းသူများနှင့် ဆက်သွယ်ကြသည်။ တပ်မတော် ဆန့်ကျင် သတင်းများ ဖော်ပြကြ သည်။ တပ်မတော်မှ စစ်ပြေးများနှင့် တွေ့ဆုံကာ သနားစဖွယ်များ အဖြစ်ဖော်ပြပြီး တပ်မတော်ကို တိုက်ခိုက် ကြသည်။ အစိုးရအဖွဲ့မှ မသိဟန်ဆောင်သည်။ မည်သည့် ဖြေရှင်းချက်မှ မလုပ်ခဲ့သေး။ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေး(၃)ပါးကို ထိပါးသည်ကို သည်းခံရသည်။

သမ္မတကြီးမှ ထိုးစစ်မဆင်ရန် အမိန့်ထုတ်သည်။ လိုင်ဇာ ဌာနချုပ်အနီး လက်တစ်ကမ်းရောက်နေသည့် တပ် များ ရပ်နားကာ အတုံးအရုံး အသေခံကြရသည်။ ထိုအတွက်လည်း အစိုးရအဖွဲ့၊ ပြည်တွင်းအဖွဲ့များမှ ဝေဖန် ထောက်ြ ပခြင်းမပြုသည့် အ ပြင် ကချင်စစ်ပွဲရပ်ဆိုကာ တပ်မတော်ကို ထိခိုက်စေသည့် အသုံးအနှုံး များပါ ၀င် သော ဆန္ဒပြပွဲအား ပြုလုပ်ခဲ့ကြသည်။ မီဒီယာ ဂျာနယ်များတွင် ဖော်ပြခဲ့ကြသည်။ ထို့နောက် တွင်တော့ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့ ကချင်ပြည်နယ် သွားသည်။ ကချင်များ၏ အလိုအတွက် လိုက်လျောသည်။ နောက်ဆုံး တပ်မတော်၏ သစ္စာလေးချက်မှ ငါတို့ သည်ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည် ဆိုသည့် စာသားပါ ပြင် ဆင် ရမည်ဟု ပြောဆိုခဲ့သည်။ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိပါးခြင်းအား သည်းခံရသည်။

တိုင်းရင်းသား သောင်းကျန်းသူများ လူသစ်စုဆောင်းမှုကို မဖော်ပြဘဲ ကလေးစစ်သားကိစ္စကို တပ်မတော် တစ်ခု ထဲ လုပ်သယောင် သတင်းများ ဖြန့်ကြသည်။ တပ်ရင်း အသစ်များဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည့် တပ်မြေ၊ တပ်ပိုင် စိုက်ခင်းများ အဖြစ် သတ်မှတ်ပြီး ဖြစ်သည့် မြေနေရာများအား တရားစွဲဆိုမှုများ ပြုလုပ် ကြ သည်။ တပ်မတော်၏ ထောက်တိုင် စီးပွားရေးဟု ဆိုပြီး ဦးပိုင်ကို တိုက်ခိုက်ကြသည်။ ဦးပိုင် လုပ်ငန်း များအား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးကြသည်။တပ်မတော်နှင့် ပြည်သူကို ရန်တိုက်ပေးနေသည်ကို သည်းခံ ရသည်။

ကချင်ပြည်နယ်တွင် ကေအိုင်အေမှ စိတ်တိုင်းကျ စစ်သားစုဆောင်းသည်။ ဆက်ကြေးကောက်သည်။ အစိုး ရမှ မည်သည့် အသံမှ မထွက်သေး။ ကရင်ပြည်နယ်တွင် အလင်းဝင် ငြိမ်းချမ်းရေးအဖွဲ့များ မြို့ထဲတွင် လက် နက်ကိုင် လှည့်လည် စစ်ရေးပြကြသည်။ အစိုးရအဖွဲ့ မည်သည့် ကြေငြာချက်မှ မထုတ်။ ရခိုင်ပြည် နယ် တွင် ဘင်္ဂလီများ ထကြွသောင်းကျန်းသည်။ ဘင်္ဂလားဒေ့ရှ် အခြေစိုက် အဖွဲ့မှ တပ်မတော်မှ လမ်းဖောက် လုပ်သည့် စစ်သည်များအား ဖမ်းဆီးခေါ်ဆောင်သွားသည်။ အစိုးရအဖွဲ့နှင့် နိုင်ငံရေး သမား များ ကန့်ကွက်ခြင်း၊ တပ်မတော်အပေါ် အားပေးကူညီခြင်း လုံးဝ မပြုလုပ်။ ထိုသို့လုပ်သည်သာမက ဖယ်ဒ ရယ် မူကို လက်ခံကြောင်း ဆွေးနွေးကာ ပြည်နယ်တစ်ခု လက်နက်ကိုင်တပ်ဖွဲ့တစ်ခုအား ထောက်ခံ အားေ ပးခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး ဆိုသည့် ဒို့တာဝန်အရေး(၃)ပါးကို ဖျက်ဆီး သည်ကို သည်းခံရသည်။

ကချင်စစ်ပွဲတွင် သမ္မတ၏ အမိန့်ကြောင့် ထိုးစစ်ရပ်ဆိုင်းစဉ်အတွင်း တပ်မတော်သား များစွာ အသက်ပေးခဲ့ ရသည်။ နိုင်ငံရေး အဖွဲ့အစည်းများ၏ ဦးဆောင်လှုပ်ရှားမှုအတွင်း တပ်မတော်၏ အကျိုးကျေးဇူး ပွားများစေ သည့် တောင်းဆိုမှုများ မရှိဘဲ တပ်မတော်ကို ထိခိုက်စေသည့် အပုပ်ချ လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ကြသည်။ အသက်တွေလည်း သေခဲ့ရသည်။ ဂုဏ်သိက္ခာများလည်း ပေးဆပ်ခဲ့ရသည်။

နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်သည့် ၀န်ထမ်းများ လစာ ၂ ဆ ရသည်။အသက်စွန့်သည့် တပ်မတော် သားများ မပါ။ ပြည်တွင်းဆူပူရာတွင် ကျဆုံး ဒဏ်ရာရသည့် သူများ သူရဲကောင်း အဖြစ် ဖော်ညွှန်းကြသည်။ တပ်မတော်သားများ ကျဆုံးဒဏ်ရာရသည့် အတွက် ဖေးကူမည့် သူမရှိ။ ၈၈ တို့၏ ဂစ်တာတစ်လုံး သိန်း ၅၀၀ ကျော် ပေးဝယ်ဖို့ နောက်မတွန့်သူများ တပ်မတော်အတွက် အားပေးစကား တစ်ခွန်းပြောဖို့ သတိမရကြ။ ထို အပြုအမူများကို သည်းခံနေရသည်။

နိုင်ငံတစ်ခု၏ တပ်မတော်ဆိုသည်မှာ နိုင်ငံတစ်ခုတွင် အင်အားအကြီးဆုံး လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။ တပ်မတော်တွင် ရာထူးအကြီးဆုံး ယူထားသူများသည် ရွေးကောက်ပွဲတစ်ခုဖြစ်မှ ထိုင်ခုံ နေရာ ရလာသည့် သူများ မဟုတ်။ စစ်သားဘ၀မှ စကာ ဗိုလ်ချုပ်များ ဖြစ်သည်အထိ မသေသည့်အတွက် နေရာ ရခြင်းဖြစ်သည်။တပ်မတော်အား သီးခြားဖြစ်အောင် ကြံစည်အားထုတ်ကြသည့်အခါ တပ်မတော် အနေဖြင့် နောက်ကြောင်း ပြန်လှည့်ရန်မလို။ တစ်ခုတည်းသော အင်အားကြီး လက်နက်ကိုင် အဖွဲ့ဖြစ်သည့် အတွက် မိမိဆန္ဒဖြင့် ဒို့တာဝန် အရေး(၃)ပါးကို ဆောင်ရွက်နိုင်သည်။ ကချင်ဒေသတွင် သောင်းကျန်းသူ အမြစ်ဖြတ် စစ်ပွဲ ဆင်နွှဲခြင်းဖြင့် ကချင်ပြည်နယ်အား အေးချမ်းသာယာအောင် ဖန်တီးနိုင်သည်။ မည်သည့် ငြိမ်းချမ်းရေး အဖွဲ့မှ မလိုအပ်။

ကချင်ပြည်နယ်တွင် တပ်မတော်ရှိနေခြင်းမှာ တပ်မတော်တစ်ခုတည်းအတွက် မဟုတ်။ ပြည်ထောင်စု မြန်မာ နိုင်ငံအတွက် ဖြစ်သည်။ တပ်မတော်၏ ဂုဏ်သိက္ခာနှင့် ရည်ရွယ်ချက်များ၊ အစဉ်အလာများကို ထိခိုက် ပျက်စီး စေရန် ကြိုးစားသည့်သူများ သတိချပ်ရန် လိုပေသည်။

What's on your mind?
http://www.facebook.com.oppositeeye/
http://www.facebook.com.oppositeeye/
                                                                            (ဖီလော်ဆိုဖာမောင်မြသာ)
ကဲ..ကျနော့်သူငယ်ချင်းတယောက်က ကျနော့်ကို ခင်ဗျားဖတ်ကြည့်စမ်းဗျာ ..ဆိုပြီး
ကျနော့်ကို ဖတ်ခိုင်းတာနဲ့ ဖတ်ပြီး ကျနော့်ဖေ့ဘုတ်ခ် ပရိတ်သတ်ကြီးလည်းဖတ်စမ်းဗျာ..တေ
ွး
စမ
်း..ရေးစမ်း ဗျာ ဆိုပြီးကျနော်ကလည်းပြန် ရှယ်ပေးလိုက်တယ်...

No comments:

Post a Comment

mr.kyaingtun@gmail.com