Saturday, December 8, 2012

မလေးရှား စကားပုံများ by ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည် on Saturday, December 8, 2012 at 6:00pm ·


မလေးရှား စကားပုံများ

Better a feud with the clever than friendship with fool.
စဉ်းစားတွေးခေါ်ဥာဏ်မရှိသူနှင့် မိတ်ဆွေဖြစ်ရခြင်းထက် စဉ်းစားချင့်ချိန်နိုင်သူနှင့် ရန်သူဖြစ်ရခြင်းကပို၍ပင် ကောင်းသေးသည်။

The bird's strength is in its wings, the crab's in its claws and the strength of a ruler in his ministers.
ငှက်၏ခွန်အားသည် ၄င်း၏ တောင်ပံများ၌ ရှိသည်။ ကဏန်း၏ ခွန်းအားသည် ၄င်း၏လက်မများ၌ ရှိသည်။ အုပ်ချုပ်
သူဘုရင်၏ ခွန်အားသည် သူ၏ ၀န်ကြီးများ၌ ရှိသည်။

By the mouth the body is ruined.
ပါးစပ်ကြောင့် ခန္ဓာကိုယ်သည် ပျက်စီးရသည်။


He who ventures to threaten should be bold enough to fight.
ခြိမ်းခြောက်ရဲသောသူသည် တိုက်ခိုက်ရန် သတ္တိရှိရမည်။

If you don't have good weapons, it is better for you to submit.
အကယ်၍ သင့်တွင် လက်နက်ကောင်းများ မရှိလျှင် အညံ့ခံလိုက်ခြင်းက ပို၍ပင် ကောင်းသေးသည်။

If you kill, kill an elephant; if you rob, rob a treasury.
အကယ်၍ သင်သည် သတ်မည်ဆိုလျှင် ဆင်ကို သတ်ပါ။ အကယ်၍ သင်သည် လုယက်မည်ဆိုလျှင် ဘဏ္ဍာတိုက်ကို လုပါ။

A slip of the tongue may cause the loss of one's fortune, a slip of the foot may cause one to fall from a tree. စကားမှားခြင်းကြောင့် ကောင်းမွန်သည့်ကံကို ဆုံးရှုံးစေနိုင်သည်။ ခြေချော်ခြင်းကြောင့် သစ်ပင်ပေါ်မှ ပြုတ်ကျနိုင် သည်။

To trust one's child is blindess in one eye, to trust a stranger is blindness in both.
သားသမီးယုံတော့ မျက်စိတစ်လုံးကန်း၊ သူစိမ်းယုံတော့ မျက်စိစုံလုံးကန်း။

Wealth is a harlot, wisdom is faithful.
ဥစ္စာပစ္စည်းသည် ပြည့်တန်ဆာမတစ်ဦးကဲ့သို့ သစ္စာမရှိ။ ဥာဏ်ပညာသည်သာ သစ္စာရှိသည်။

No comments:

Post a Comment

mr.kyaingtun@gmail.com