အောက်ပါအတိုင်းမေးခွန်းတွေ ရှိပါတယ်။
---ကွန်မြူနစ်ရန်မြန်မာပြည်မှာ ရှိပါသလား၊
---ကွန်မြူနစ်လို. ဖြဲခြောက်လိုက်ရင်လဲ ကြောက်ဖို. လိုလား
---စစ်အစိုးရလန်.တာဘာလည်း၊
---ပြည်သူက တွန်းလှန်တာ ဘာလည်း။
---ဖြစ်နေတာက ဘာ.ကြောင်.လဲ။
---ဆက်ဖြစ်မှာက ဘာကြောင်.လဲ။
((အဖြေတွေက ပို.စ်တ်ရဲ. အဆုံးမှာ ရှိပါတယ်။ ))
ခု ဖြစ်နေတာတွေက ဗိုလ်ချုပ်လက်ထက် ကိုလိုနီစနစ်တိုက်ပွဲ နဲ.လားလားမဆိုင်ပါ။ နယ်ချဲ.ဆန်.ကျင်ရေး အမျိုးသားလွတ်မြောက်ရေးဆိုတာ ခေါင်းစဉ်မှားနေပါတယ်။ ဗိုလ်ချုပ်ပုံ ဗိုလ်ချုပ်ဦးဆောင်တဲ. တိုက်ပွဲတွေ ကို မဆီ မဆိုင် ရှောက် အသုံးချ နေပီး၊ ဗိုလ်ချုပ်ကြုံခဲ.တဲ. အချောင်သမား တွေထက် အဆ ၁၀၀၀ပို ဆိုးတဲ. သန်းရွှေ ဂိုဏ်းကို ဖော. မပြောစေချင်၊ အကာ အကွယ်မပေးစေချင်ပါ။
၂၀၁၂ မှာ တိုင်းပြည်၏ အဓိက ရန်သူက သန်းရွှေ ဂိုဏ်းဖြစ်ပါတယ်။ ၁၉၆၂ ကစလို. တဖြည်းဖြည်းတိုးပို ဆိုးလာတဲ. စစ်အာဏာရှင် အချောင်သမားစီးပွားရေး ၀ါဒ ပဲ တိုင်းပြည်ရဲ. အဓိက ရန်သူကြီးဖြစ်နေပါတယ်။ ။ဒီတော.မြန်မာပြည်မှာ မရှိတဲ. ကွန်မြူနစ် ကို လူတွေက လန်.စရာလိုပါ. မလား၊ ရှိနေတဲ. စစ်ဘီလူးတွေ ကိုပဲ တိုက်ဖျက်မလား။ မရှိတဲ. ပြဿနာက အရှိဖြစ်မလာနိုင်သလို၊ ရှိပြီးသား ပြဿနာကလည်း သန်း ၆၀ ဒုက္ခရောက် ပူလောင်နေသေးသရွေ. ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။
ခု တိုင်းပြည်မှာ လှိမ်.ခံနေရတာက အမှောင်.ပရောဂလိုလို၊ ကွန်မြူနစ်တွေ အန္တရာယ်ကြောင်.လိုလို ဘာလိုလို၊ ဆန္ဒပြနေတာတွေကပဲ အကြီးအကျယ်မှားယွင်းနေသလိုလို၊ စသဖြင်. စာတို စာစရေး၊ ဟိုလွှဲဒီ လွှဲသမား လခစားဆိုင်ဘာတပ်ဖွဲ. စစ်ဝန်ထမ်းများကို ရည်ရွယ်ပါတယ် ။သမ္မတရုံးက ပြန်ကြားရေးဝန်ထမ်းများ အပါအ၀င် အား လုံးကို ရည် ရွယ်ပါတယ်။
ကိုယ်.ကို ကိုယ် ရှက်ကြ ပါ။ ဒီမေးခွန်းတွေကိုဖြေပါ။ ကြေးနိတောင်ကိစ္စဟာ ကွန်မြူနစ်အရေးမဟုတ်သလို ဘုန်းကြီးတွေ အရေပြားလန်သွားတာလည်း ကွန်မြူနစ်ကြောက်တဲ. မြန်မာအစိုးရက တရုတ် ကုမ္ပဏိကို ကွန်မြူနစ်ရန်က ကာကွယ်ပေးချင်တဲ.အတွက် မဟုတ်နိုင်ပါဘူး။ ည ၃ နာရီ မုံရွာ ခရိုင် စစ်ခွေး ရဲ တွေက အသံဆိုးတွေပေးပြီး တောခြောက်သံတွေနဲ.ချဉ်းကပ်လာတဲ.အခါ ဘုန်းကြီးတွေက မေတ္တာသုတ်ရွတ်ပြီး ခေါင်းငုံ.ခံနေရှာသတဲ.။ ဒီလို အပ်တိုလေး တချောင်းတောင်မရှိရှာ တဲ. အပြစ်မဲ.သူ ရဟန်းနဲ. သာမန်လူတွေကို -----ကွန်မြူနစ်အရေးက ကာကွယ်ဖို. ဦးသိန်းစိန်က အဲသလို ပစ်လိုက်ကွ၊ မီး လောင်ဗုံးတွေ ပစ်ထဲ.လိုက်လို. ---ခိုင်းခဲ.တာလား။ ဖြေပါ။
သာမန် ပြည်သူ.ဘက်တော်သား သာမန်စာရေးသူများ သာမန်အိမ်ရှင်မ သာမန်စာဖတ်သူ များ ကတော.ဒီလိုမမြင်ဘူး။ ဒီစစ်အစိုးရကို ဘယ်သူမှ အလိုမရှိဘူး။ ၂၀၀၈ ဖွဲ.စည်းပုံဟာ ငရဲပြည်သို. သွားရာလမ်း။ A Road to Perdition ပဲ။ အဲဒီ. အပူကလူတိုင်းကိုဟပ်တယ်။
ဒီ ငရဲပြည်သို. သွားရာလမ်း ၂၀၀၈ အခြေခံဥပဒေကို ရေးသူ၊ ကာကွယ်နေတဲ.သူ များသာလျှင် --ပြဿနာတွေကို လူသားဝါဒနဲ. သင်.မြတ်စွာ မရှင်းလင်းနိုင်တဲ.အတွက်
(စစ်တပ်ကခိုင်းထားသော) ဆိုင်ဘာတပ်ကို တနေ.တမျိုး မရိုးရအောင် ဆက်ခိုင်းရတယ်။
--ဗိုလ်ချုပ် စကားလုံးတွေနဲ.ကိုင်ပေါက်ပြီး ကွန်မြူနစ် နဲ.လှည်.ခြောက်လိုက်၊
-- ဒေါ်စုနဲ.လှည်. ပစ်ခ်ျလုပ်လိုက်၊
--အမှန်တရားကို လှည်.ပတ် ဖျက်ဆီးဖို. ၊စာအုပ်အဟောင်းတွေ ကိုးကားလိုက်၊
---ဖဆပလခေတ်ပြန်သွားလိုက်၊ ဗိုလ်ချုပ်အောင်ဆန်း မိန်.ခွန်းတွေ ကို လို သလို ဆွဲ သုံးလိုက်၊
ဒီလို မျက်နှာဗြောင်တိုက်ဝိုင်း လိမ်ကြ သူတွေသာလျှင် နိုင်ငံပိုက်ဆံနဲ. ပညာတတ် ဖြစ်သွားပြီး၊နိုင်.ငံ အခွန်နဲ. ရုံးတွေ မှာ ဇိမ်ခံနေရင်းက . မြန်မာပြည်မှာ ကွန်မြူနစ် တွေ စိမ်.၀င်နေပြီးဆိုပြီး ကွ ဒါ အမှောင်.ပရောဂတွေ ကြောင်.ကွ လို. ကုန်းအော်နေတဲ.သူတွေဖြစ်တယ်။
စာဖတ်ကြပါ။ နှိုင်းယှဉ်ပြောချင်ရင် သက်ဆိုင်တဲ. အဖြစ်အပျက်တွေကို ပဲ အဆင်. ရှိရှိ ဆွေးနွေးပါ။ သူများနိင်ငံတွေမှာ ၀န်ကြီးချုပ် ၂ သန်း လောက် ခိုးရင် ပြုတ်တယ်။ ဒီ နိုင်ငံမှာ အားလုံးလုပ်ချင်ရာလုပ်လို.ရတယ်။ ၃၅ ဘီလီယံ ခိုးထားပြီးသားတောင် ခိုးသူစစ်အာဏာရှင် တွေ က ပဲ လူ ပြန်သတ်၊ပြီးတော. ဒီမိုကရေစီလမ်းကြောင်းကို သွားနေသော အစိုးရသစ်ဆိုပြီး နံမယ်ကောင်းယူလို.ရတဲ. နိုင်ငံ ဖြစ်တယ်။ မီဒီယာ လူတွေကလဲ ကိုယ်၀၀လင်လင် စားရတော. ၊ မ၀မလင်စားရ နေစရာမရှိ ပြေးစရာမ ရှိ ရေကောင်းရေသန်. တောင်သောက်စရာ မရှိတဲ. ပြည်သူကို ထပ်ခါထပ်ခါ ဒုက္ခပေးကြတယ်။ ထပ်လှည်.စားကြတယ်။
စာများများဖတ်ကြပါ။ ပြောင်းလဲနေတဲ. ကမ္ဘာကြီးရဲ. ရေစီးကြောင်း တွေကို သိပါ။ မှန်မှန်ကန်ကန် သုံးသပ်ကြပါ။ အကြောင်း ရှိလို. အကျိုးဖြစ်လာတာဖြစ်ပါတယ်။။ ဗိုလ်ချုပ် မိန်.ခွန်းတွေနဲ. လည်း ၂၀၁၂ မှာ ရန်သူရှာဖို.မလိုပါဘူး။ ဖဆပလခေတ် နဲ. သန်းရွှေ မီးလောင်တိုက်သွင်းထားတဲ. ဒီ မြန်မာနိုင်ငံရဲ. လုံးလုံးမတူပါဘူး။
မြန်မာပြည်ရဲ. အဓိက ရန်သူက ဒီ စစ်အစိုးရ နဲ. သူတို. တပည်. လူ ယုတ်မာ စီးပွားရေးသမားတွေပဲ။ တရုတ်မကောင်းလို. မြန်မာ အစိုးရက ပြည်သူတွေအပေါ် လုပ်ချင်တိုင်းလုပ်နေတာ မဟုတ်ပါဘူး။ တရုတ်မကောင်းလို. မြန်မာ အစိုးရ က တိုင်းပြည်ကို ခြေ မွှဖျက်ဆီးနေတာ မဟုတ်ဘူး။ မြန်မာ အစိုး ရ နဲ. သူတို. ၂၀၀၈ ကြောင်. သာ တရုတ်က အားရှိပါးရှိ ၀င်ယုတ်မာပေးနေတာဖြစ်တယ်။ အဓိက ရန်သူ က သန်းရွှေ ၏ သိန်းစိန်အစိုးရပဲ။ အားလုံးကို ငရဲပြည်ပို.မှာ က ဒီ ၂၀၀၈ ဖွဲ.စည်းပုံပဲ။
အဖက်ဖက်က ခြွတ်ခြုံ့ကျ ၊ မွဲတေဆင်း ရဲတာနေတာတွေ ဆက်သည်းခံလိုက်ပါ ဦးလို. ဆို ရင် တောင်၊ ဗိုလ်ကျ နှိပ်စက်လို. ရတိုင်း ထစ်ကနဲ ရှိ ပစ်လိုက်ခတ်လိုက်သတ်လိုက် လုပ်နေတာကို ဘယ်သူတွေက ခံချင်ပါ.မလဲ။ သူတို.က လက်နက်သုံးပြီး ဆက် ခြိမ်းခြောက် နေသေးတယ်။ ဆက် မိုက်ရိုင်းနေသေးတယ်။ ဒီလို ကြမ်းကြုပ် နေတာတွေ ကို လူတိုင်း က မလို ချင် တော. ပါဘူး။ မြန်မာပြည်က မီဒီယံ အလယ် အလတ်အချောင်သမားတွေတောင် ခု အပူ ဟပ်လာလို. ပြောင်းလဲ နေချင်ကြတာ ဒီအထဲမှာ၊ ကြံ.ဖွ.ံ တောင် မပါကြဘူးလား။ ဒီတော. အဖျက် လုပ်ငန်း အသီးသီး ကို လုပ်နေကြတာ (မရှိတဲ.) ကွန်မြူနစ်တွေ မဟုတ်ပဲ၊ ၂၀၀၈ ကို အသေခံ ဖက်တွယ် ထားမဲ. ငရဲပြည်သို. သွားဖို. ရွေးချယ်ထားတဲ. အုပ်စုသာဖြစ်တယ်။
အဖျက်သမားတွေကတော. နေရာတိုင်းမှာ ရှိတယ်။ ဖေ.ဘွတ်ခ် ဖဘတောင်မကျန်ဘူး။ စပိခ်ျတွေကို ဖြတ် ညှပ် ကပ် လုပ်တယ်။ စာ အုပ် ဟောင်းတွေကို သုံးတယ်။ ကမ္ဘာ. လူလိမ်တွေ ကို ကိုးကားတယ်။ ၂၀၀၈ ကို ပြင်ဖို. မဆော်အော်ပဲ၊ ဒီမို ကရေစီ တိုက်ပွဲဝင်နေတဲ.သူတွေ ကို မဆိုင်တဲ. ဥပမာ နှိုင်း ယှဉ်ချက်တွေပေးပြီး မဟားဒယား နည်းတွေနဲ. နှောက်ယှက်တယ်။ ဒီလို တန်ပြန်တဲ.သူတွေဟာ REACTIONARY GANG ပဲဖြစ် နေကြတဲ. အတွက် သူတို. စာပေ မအောင်မြင်ပါ။သူတို.သတင်းစာတွေက ပြန်သက်သေခံနေပါတယ်။သူတို. အနုပညာဆို နိုးနိုးနိုးပါပဲ။
၂၀၀၈ ၏ အပူ ဟပ်တာကို အားလုံးခံရမှာဖြစ်တယ်။ ဒီလို အုပ်နဲ. ကျင်းနဲ. ပျော်ပျော် ကြီး အဖျက်လုပ် ငန်း လုပ်နေတဲ. ဆိုင်ဘာစစ် ၀န်ထမ်းတွေ သူတို. ကိုယ်တိုင် လည်းသိ ပြီးသားဖြစ်ပါ တယ်။ ကွန်မြူနစ်တွေ ၀င်မွှေနေတယ် လို. ဖြဲအော်နေတဲ. သူတွေ။ အမှောင်.ပရောဂတွေ ကြောင်.ပြည်တွင်းမှာ ဆူပူနေကြတယ်လို. တောင်ရေးမြောက် ရေး လုပ်နေတဲ.သူတွေလည်းသိကြပါတယ်။ သူတို.မှာ လုံးလုံးလျားလျား ကွန်။မြူနစ်ရန်မရှိပါဘူး။ သူတို.ပေးတဲ. ဥပမာတွေက ညံ.တော. လူတွေက နားမ၀င်ဘူး။ သူတို.စာက လူထုကို နာစေ စစ်တပ်ပဲသာစေ လို. ရည်ရွယ်လိုက်ရင် လူတွေက ချက်ချင်းသိတယ်။ စေတနာဟာ သိပ်အရေးကြီးတယ်။ ဒီတော.--လူ.စိတ်သူစိတ်များများဖြစ်အောင် လစ်ထရေချာ များများဖတ်သင်.တယ်။
သူတို.ကြောက်တာက ပြည်သူလူထု တိုက်ပွဲနဲ. ကမ္ဘာက ထောက်ခံတဲ. ဒေါ်အောင်ဆန်းစုကြည် တသားတည်းဖြစ်သွားမှာကြောက်တယ်။ ဒေါ်စုနဲ. ပြည်သူ ဟန်ချက်ညီညီ ရွှေ.လျားကြည်. ၊ သူတို. စစ်အာဏာ ရှင်တွေကို ကြိုးတုပ်နိုင်မဲ.လမ်း ကို ပြည်သူတွေက အလံမလှဲစတမ်းဆက်တိုက် လုပ်မှာပဲ။ ထိုအခါ တရုပ်တပ်ကြီးခေါ်လာပြီး လူတွေ ထပ်သတ်မှာလား။ လုပ်လို.မရပါ။ သူတို. ၂၀၀၈ ကလို သတ်ချင်တိုင်းသတ်မရပါ။
မြန်မာ အစိုး ရ ဒီတော. မြန်မာ.ဒီမို ကရေစီ အရေးတိုက်ပွဲဝင်နေတဲ.သူတွေကို ကွန်မြူနစ်လို.ပြောမှာလား။ အမှောင်.တွေ ပရောဂတွေလို. လေသံပစ်မှာလား။ ဒေါ်စု ကို သူတို. တကယ်ချစ်တာလဲ မဟုတ်ပဲ၊ ဒေါ်စု ကို ကာသလိုလို နဲ. စစ်တပ် ကို ဖါ ထေး နေတာ မျိုးလား။ စစ်အစိုးရ ဆန်.ကျင်ရေးလုပ်နေတဲ. ပြင်းထန်တဲ. အမြင်ရှိတဲ.သူတွေကို ဟိုလူနဲ.တိုက် ပေး၊ဒီလူနဲ.တိုက်ပေး လုပ်တာ ကလေးကလားမဆန်လူးလား။ အို င်တီ ခေတ် လူတွေ ကွန်ပြူတာသုံး စာ တွေဖတ် နေတဲ.ခေတ်မှာ ဒါတွေက မမှန်တဲ. အပြင်၊ ထိရောက်မှုလဲ မရှိဘူးဆိုတာ မသိကြဖူးလား။
ဗိုလ်ချုပ်တို.ခေတ်က ကွန်မြူနစ်ရန်ဆိုတာ ၁၉၄၀ နဲ. ၁၉၈၀ ကြား မှာ GLOBAL CONCERN ဂလိုဘယ် ကိစ္စပါ ။ မလိုအပ်ပဲ ကင်ပွန်းတပ်ခံရတဲ. သူတွေ နံ မည်ဆိုးအတပ်ခံရတဲ.သူတွေ က အချမ်းသာဆုံး နိုင်ငံဖြစ်တဲ. အမေရိကမှာတောင်မလွတ်ပါ။ မက်ကာသီ ၀ါဒနဲ. အချောင်သမားနိုင်ငံရေးသမားတွေက ပညာတတ် လူချွန်လူမွန်လူကောင်းတွေကို အမေရိကမှာ ဖိုင်အသီးသီးထားပြီး ပြဿနာရှာခဲ.တာ အသေးအမွှား မပြောပ လောက်ပါ။ ဒါကလဲ ဒီနိုင်ငံက လွတ်လပ်တဲ. လူတွေ က နေ၀င်း စောမောင် သန်းရွှေ ခင်ညွန်. သိန်းစိန် ဆိုတာ တွေကို တရက် မှ မကြုံဘူးလေတော. သူတို. အတွက် နိုင်ငံရေးခြောက်အိပ်မက်က မက်ကာသီ ၀ါဒလို. ပဲ စံတင် ထားပြောကြပါတယ်။
သဘာဝလည်းမကျ ခေတ်မရှိ ပြီးတော. မှန်လဲ မမှန် တဲ. မြန်မာပြည်ဖြစ် သန်းရွှကြီး ရဲ.ကြပ်ကုန်းထွက် မက်ကာသီ အစ်ဇင် နဲ.ကွန်မြူနစ်တိုက်ဖျက်ရေး ဆိုတာ တကယ် မရှိတဲ. အရေးမို. -- စာ ရွတ် စုတ် တခုမျှသာပါ။ ကွန်မြူနစ်နဲ. လှည်.ခြောက်၊ တရုတ်နဲ. လှည်.ခြောက်၊ မသိမသာ စကားလုံးတွေ နဲ. ဆွဲ ချဖို. လူမရှိတဲ.အတွက် အတွက်၊ မရှိတဲ. ရန်ကို လူတွေက စဉ်းစားပေးစရာ မလို ပါဘူး။ သန်းရွှေ ခိုးရာပါ ငွေတွေ နဲ. ပညာရခဲ.တဲ. သူကလေးတွေကလည်း အမှန်ကို သိပါလျှက် လက်တဆုပ်စာ အဘတွေ အဖေတွေ ဦးလေးတွေ ဆရာတွေ အတွက် ဒီ အလုပ်ကို လုပ်ပေး နေတာ မြင်ရတာ စိတ်မကောင်းစရာပဲ။
မရှိတဲ.ကွန်မြူနစ် ရန်ထက် ခေါင်းပေါ်မှာ တစ်ခွ စီးပိုး ဒုက္ခအမျိုးမျိုးပေးနေတဲ. စစ် အာဏာရှင် တွေ ၏ ယုတ်မာ ရက်စက်မှု က အဆများစွာ ပို ဆိုး ရွားပါတယ်။ သူတို. တည်မြဲရေး၊သူတို. ဆွေမျိုးများနှင်. တပည်. လူ မိုက် သူခိုး ဓါးပြများ နောင် မျိုးဆက် ၅၀ ရှည်ကြာရေးအတွက် သွေးညှီနံ. စွန်းနေတဲ. ၂၀၀၈ ဖွဲ.စည်းပုံ ကို သုံးရပါတယ်။ အဲဒီ. ၂၀၀၈ ငရဲပြည်သို.သွားမဲ. သန်းရွှေ ဘိုင်ဘယ်လ်က ခုကတည်း က အငွေ.တလူလူ စထွက်နေပါပြီ။
ဒီနည်းဖြင်. မြန်မာ ပြည်ကို မီးလောင် တိုက်သွင်း ပြီး တရုပ်လက်အပ် ၊ တိုင်းပြည်ကို စေ.စေ.ညက်ညက်ကြေစေရေးဟာ သူတို. ရေရှည် စီမံကိန်းဖြစ်ပါတယ်။
ဒီလို ပြင်ဆင်ထားတဲ. စစ် အစိုးရ ရန်က ပို ကြီးပါတယ်။ ဒီတော.--ဘယ်သူ ကသာ ပြည်သူလူ ထု ၏ ရန်သူ အစစ်ပါလဲ။
---ကွန်မြူနစ်ရန်မြန်မာပြည်မှာ ရှိပါသလား၊
ကွန်မြူနစ်ရန်မြန်မာပြည်မှာမရှိပါ။
---ကွန်မြူနစ်လို. ဖြဲခြောက်လိုက်ရင်လဲ ကြောက်ဖို. လိုလား
ကွန်မြူနစ်လို. ဖြဲခြောက်လိုက်ရင်လဲ ကြောက်ဖို. မလိုပါ။
---စစ်အစိုးရလန်.တာဘာလည်း၊
စစ်အစိုးရလန်.တာ က ၂၀၀၈ ကို လွှင်.ပစ်မဲ. လူထုတိုက်ပွဲတွေပါ။
---ပြည်သူက တွန်းလှန်တာ ဘာလည်း။
-ပြည်သူက တွန်းလှန်တာက ကြမ်းကြုပ် ရက်စက်တဲ. အခွင်.ထူးခံ စစ်အာဏာ ရှင် လက်တဆုပ်စာကိုပါ။ (တရုတ် ကုလား ဆန်.ကျင်ရေးက စစ်အစိုးရ အလို ကျ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပါတယ်)
---ဖြစ်နေတာက ဘာ.ကြောင်.လဲ။
၂၀၀၈ နဲ. စစ်အုပ်စု ခေါင်းထောင်နေသေးလို. အားလုံး အပူ ဟပ်ခံနေရတာဖြစ်တယ်။
---ဆက်ဖြစ်မှာက ဘာကြောင်.လဲ။
***တနေ.တလံ နေပြည်တော် ကြပ်ကုန်းဘယ်ရွှေ.မလဲ။ သူတို. ဒိနေ. မပျက် တနေ. တချိန်သေချာပေါက် ပျက်လိမ်.မယ်။
***မတရား မှုတွေ ကြောင်. တွန်းလှန်မှုတွေ ကို ရှောင်လို. မရဘူး။ ပိုမို အားကောင်းလာတဲ. တွန်းလှန် မှုတွေပဲ သေချာပေါက် ဆက်တွေ.ရလိမ်.မယ်။
***၂၀၀၈ ငရဲပြည်သို. သွား ရာလမ်း ဖွဲ.စည်းပုံ ကို ပြည်သူတွေက တက်ညီ လက်ညီ တရွက်စီ တက် ဆွဲ ဆုတ် ကြလိမ်.မယ်။ သူတို.အသံတွေ ဆက်တိုက် ဆက်ကြားရတော. မယ်။
ကျေးဇူးပါ။
aye aye soe win
November 30 2012
No comments:
Post a Comment
mr.kyaingtun@gmail.com