Waimar Nyunt shared Cho Tu Zal's status update.
ခြောက်ခန်း ခဲ့ရတဲ့ ပုလဲ မျက်ရည်. . . .အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကို လိုလားတယ်ဆိုရင်၊ တပ်မတော်နဲ့ ပြည်သူနဲ့ အကြားက အမုန်းတွေကို
ဒီအတိုင်းဆက်ထားပြီး ဒီအတိုင်းဆက်သွားသရွေ့ ဘယ်လို မှ ရင်ကြားမစေ့နိုင်ပါဘူး။
အမုန်းဆိုတာ အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ဘူး။
မုန်းစရာရှိလို့ မုန်းကြတာပါ။
ဘာကို မုန်းတာလည်း၊ ဘာကို မကြိုက်ကြ၊ မကျေနပ်ကြတာလည်း ဆိုတာကို သိအောင် လေ့လာပြီး၊ သူတို့ရဲ့ အမြင်နဲ့ ခံစားကြည့်ပြီး၊ သူတို့နေရာမှာ ငါဆိုလည်း မုန်းမိမှာပဲ လို့ စာနာစိတ်နဲ့ နားလည် ပြင်ဆင်ညှိနှိုင်းတဲ့ တနည်းထဲ
သာ အမုန်းကနေ အချစ်ကို ပြောင်းနိုင်ပါလိမ့်မယ်။
အမုန်းကို အချစ်တမျိုးထဲက သာ နိုင်ပါတယ်။
မေတ္တာသာလျှင် တခုတည်းသော ဖြေရှင်းရာပါ။
ဒီလိုပြောလို့ ဒီလောက် အမုန်းတွေ ရေးနေတဲ့ကောင် လို့ ပြောလည်း ခံရမှာပါပဲ။
ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ အဖြစ်အပျက်၊ အခြေအနေက ဦးဘခင် ခံသင့်မှ ခံသည် အခြေအနေပါ။ ဘုန်းကြီးတရားနာပြီး ဒေါသကြီးတဲ့ ဦးဘခင် အိမ်ရှေ့မှာ ဆိုင်းဘုတ်ချိတ်ပါတယ်။ ဦးဘခင် သည်းခံသည် တဲ့။ ဒီတော့
ရွှတ်နောက်နောက်ကာလသားတွေက အိမ်ကို ခဲတွေနဲ့ပေါက်ကြ၊ သမီးရှင်ဆိုတော့ ယောက္ခမကြီးခေါ်ကြနဲ့ တညနေထဲတင် ဗြောင်းဆန်သွားပါသတဲ့။ ဦးဘခင်ကြီးလည်း အိမ်ထဲ တဟင်းဟင်း နဲ့ အသံထွက်ပြီး ကိုယ့်ဆိုင်းဘုတ်နဲ့ ကိုယ် ချုပ် နေရပါသတဲ့။
နောက်နေ့တော့ ဆိုင်းဘုတ်ကိုအသစ်လည်းထားပါသတဲ့ ။
ဦးဘခင် ခံသင့်မှခံသည် . . .တဲ့။
ခုလည်း ခင်ဗျားတို့ဘက်က ငါတို့ ဒီလောက်အလျှော့ပေးနေတာ ဒင်းတို့က ရာရာစစ ရောင့်တက်နေတယ်၊ လာရော့လဟယ် မီးဗုံး. . . ဆိုပြီး ခံသင့်မှ ခံကြောင်းပြလိုက်၊ ကျနော်တို့ဘက်ကလည်း ပြောင်းလဲတယ်လည်းပြောသေး
တပြားမှ မလျှော့၊ မျက်စိရှေ့ ကိုယ်တွေသာ ဆင်းရဲ၊ ကိုယ်တွေသာ ကုဋေချီ အကြွေးတင်၊ ခင်ဗျားတို့ စိတ်တိုင်းကျ ထင်တိုင်းကျဲပြီး ခင်ဗျားတို့ကတော့ ကိုယ်စီ မီလျံနာဖြစ်လို့ ဆိုတော့ အန်တီစုကပဲ ပြောပြော၊ ကိုပေါ်ကပဲပြောပြော ဘယ်သူဘာပြောပြော၊ ခံသင့်မှခံသည် ပဲ။
လူတွေ က မတရားသရွေ့ ငုံ့ခံပါ၊ မြိုသိပ်ပါ ဘယ်လိုပြောပြော၊ တဟင်းဟင်း
နဲ့ အိမ်ထဲမှာ ကိုယ့်ဆိုင်းဘုတ်နဲ့ကိုယ် ချုပ်နေရတဲ့သူတွေ ရှိသလို၊
ခံသင့်မှ ခံသည် သမားတွေလည်းအများကြီးပါလေ။
ဟိုဘက် ဒီဘက်ပြောပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုင်းဘုတ်ကြီးအောက်မှာ နှစ်ဘက်စလုံး ချုပ်နေကြရတဲ့ တိုင်းပြည်ကြီး ဖြစ်လို့။
ခင်ဗျားတို့အနေနဲ့ စဉ်းစားစေချင်တာက
ဘယ်လို ဆက်သွားမှာလဲ ဆိုတာပါပဲ။
တပ်မတော်နဲ့ ပြည်သူအကြားမှာ . အမုန်းတွေဟာ ပွားသထက်ပွားလာတာကိုပဲ ဆက်ပြီးသွားမလား၊
ဒီအမုန်းတွေကို ချေမလား၊ ဖျက်မလား၊ ပြောင်းမလား၊ ပြင်မလား စဉ်းစားပါ။
ခင်ဗျားတို့ ပြည်သူကို ပြန်မုန်း၊ ပြန်နာပြီး၊ (အချစ်ကြီးလို့အမျက်ကြီးတယ်ပဲ ဆိုဆို) တပ်မတော်သာလျှင်အမိ၊ အဖ လို့ သန္ဓေဓဇသတ္တ၀ါတွေ အနေနဲ့ပဲ
ကိုယ့်ကိုယ်ကိုယ် ဖန်ဆင်းပြီး ပြည်သူနဲ့ကင်းအောင်ပဲ နေနေ၊ တချိန်က
တော်လှန်ရေးပန်းခြံရှေ့ ဦးဝိစာရလမ်းပေါ်မှာ ချီတက်လာတဲ့ ရဲဘော်တွေကို
ငါ့သားတွေ စားဟဲ့. .ငါ့သားတွေစားစမ်းဟဲ့ လို့ တောင်းလိုက်ချကျွေးတဲ့ ကောက်ညှင်းပေါင်းသည် ပြည်သူအမေမျိုးကြီး ကို ဒီနည်းနဲ့တော့ ပြန်မရနိုင်တော့ဘူး။
ခင်ဗျားတို့ကို မေတ္တာရည်လွှမ်းတဲ့ အကြည့်တွေနဲ့ ပန်းကုံးတွေစွပ်ပေးခဲ့တဲ့
မိန်းမပျိုလေးတွေလည်း မရနိုင်တော့ဘူး။
ခင်ဗျားတို့ ရဲ့ ကျေးဇူးရှင် တပ်မတော်ကြီးကို ချစ်လှဆိုရင်တောင် ခင်ဗျားတို့
တပ်မတော်ကြီးဟာ တနေ့တနေ့ အစွမ်းထက်မြက်လှတဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေ ၀ယ်ရင်း၊ ကိုင်ရင်းနဲ့ကို ပြည်သူတွေရဲ့ အမုန်းအောက်မှာ
အရှုံးကြီး ရှုံးပြီး ရှုံးနေတာ ကြာခဲ့ပြီ။
ရင်နာတတ်ရင် ရင်ကွဲပြီးတောင် သေနိုင်လောက်ရဲ့။
နိုင်ငံတကာက စစ်ကားတွေ၊ ရုပ်ရှင်တွေထဲမှာ ပြည်သူကို အငတ်ခံပြီး ကျွေးမွေးကာကွယ်အသေခံသွားတဲ့ စစ်သားတွေဟာ အပ်ကြောင်းထပ် မရိုးနိုင်တဲ့ ကာရိုက်တာတွေပေါ့။
ကျနော်တို့ ငယ်ငယ်က ရုံပြန်တင်လို့ ကြည့်ခဲ့ရတဲ့ မင်းသားကြီး ဦးကျော်ဆွေ ရဲ့ ပုလဲမျက်ရည် ဆို တရုတ်ဖြူတွေလက် က ကယ်ခဲ့တဲ့
ရွာက ကောင်မလေး တယောက်နဲ့ အဲဒီရွာသားတွေ ကို ကယ်တင်ရင်း
အသေခံသွားခဲ့တဲ့ တပ်ကြပ်ကြီးတယောက်ရဲ့ ဇာတ်လမ်းလေးပေါ့။
ဆရာကျော်. . .ဆရာကျော်. .နဲ့ နောက်ဆုံးခန်းမှာ အော်တဲ့ ခင်ယုမေ လို
ခင်ဗျားတို့ ကို အော်မယ့်သူလည်း မရှိတော့ပြီ။ ပုလဲမျက်ရည်တွေ ခန်းခဲ့တာကြာပေါ့။
ဒီလို ပြည်သူ ဆတ်ဆတ်ခါ မုန်းခံနေရတဲ့ ဘ၀ ကို ဘယ်သူတွေက တွန်းပို့ခဲ့တာလဲ။
ငါတို့က အသေခံပြီး တိုင်းပြည်ကာကွယ်နေတာ လို့ ငါတကောကော
စိတ်တွေကို သွင်းပေးခဲ့ပြီး၊ ဘယ်သူတွေက ခင်ဗျားတို့ကို ပြည်သူနဲ့
ပြန် ရန်တိုက်ပေးခဲ့တာလဲ သေချာ သုံးသပ်ပြီး၊
ပြည်သူကို နာစိတ်မကုန်ရင်တောင် တပ်မတော်ကို ချစ်စိတ်နဲ့ပဲ အဲဒီ
အမုန်းတရားတွေရဲ့ အကြောင်းရင်းကို ရှာပြီး တပ်မတော်ခေါင်းဆောင်တို့
ချေသင့်ဖျက်သင့်၊ ပြုသင့်၊ ပြင်သင့်ပါပြီ။
ပါးစပ်ကနေ ချစ်လို့ မရဘူး။ လက်တွေ့ချစ်ပြဖို့လိုပါတယ်။
တိုင်းပြည်အတွက်၊ တိုင်းပြည်ကို ချစ်တယ်ဆိုတာ ပြည်သူကို မချစ်ဘဲ ချစ်လို့ မရပါဘူး။ ပြည်သူ ငတ်နေ၊ ဆင်းရဲနေ၊ ဒုက္ခရောက်နေတဲ့အချိန်မှာ ကိုယ်က သန်းပေါင်းများစွာ ချမ်းသာပြီး လိပ်ပြာသန့်သန့်နေနိုင်သလား၊
ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို ကိုယ်တွေ လက်နက်နဲ့တည်ဆောက်ထားတဲ့
အာဏာနဲ့ အလွဲသုံးစား ပြုမိနေသလား လို့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ပါဦး။
ငါတို့က အသေခံပြီး တိုက်နေရတာ ဆိုတဲ့ အဖြေ က အဖြေမှန် မဟုတ်ပါဘူး။
ပြည်သူက ဘယ်သူမှ အသေမခံစေချင်လို့ စစ်ပွဲတွေ ရပ်ခိုင်းနေမှဖြင့်။
တိုင်းရင်းသားတွေဘက်က အမုန်းတွေကိုလည်း သူတို့နေရာက စာနာကြည့်ပါဦး၊
ကချင်ကလေးတယောက်ရဲ့ မျက်စိထဲမှာ သူတို့ရွာထဲ အဲဒီ အစိမ်းရောင်ယူနီဖေါင်းနဲ့ လက်နက်ကိုင်ထားတဲ့သူတွေဟာ ၀င်လာတယ်။ ရွာထဲက ၀က်တွေ၊ ကြက်တွေကို ပစ်ခတ်စားသောက်တယ်။ တန်ရာတန်ကြေးပေးမသွားဘူး။ အမေတွေ၊ နှမတွေ၊ အမတွေ အဒေါ်တွေ မတရားပြုကျင့်ခံရတယ်။ ယောက်ျားတွေ ပေါ်တာဆွဲခံရတယ်။ တချို့အသတ်ခံရတယ်။
စစ်တပ်ဟာ ကျီးလန့်စာစား အကြောက်တရားနဲ့ ရမ်းကားသထက် ရမ်းကားလို့လာတယ်။
ဖေ့စ်ဘွတ်ခ်ပေါ်မှာပဲ စစ်ဗိုလ်တယောက်က ပြန်ချေပတယ်။ ကချင်တွေ၊ ကရင်တွေ ရွာထဲဝင်ရင် ရွာသား ဆိုပေမယ့်လည်း အချိန်မရွေးပစ်ပြီးပြေးသွား တာ ခံရ၊ ကိုယ့်တပ်သားတွေ ကျခံရ တာများတော့ ရွာသူရွာသားကိုလည်း သာမန်အရပ်သားလို့ မမြင်နိုင်တော့ဘူး။ ငါတို့ကို သတ်နိုင်တဲ့ ရန်သူလို့သာ မြင်တော့ ရန်သူလိုသာဆက်ဆံတော့တယ်။
ခင်ဗျားတို့ ဗီယက်နမ်စစ်ကားတွေ ကြည့်ဖူးရင် ခင်ဗျားတို့ဟာ ကျူးကျော်တဲ့ အမေရိကန်တွေ လို ဖြစ်နြေ့ပီး၊ တိုင်းရင်းသားတွေရဲ့ တမျိုးသားလုံး ဆန့်ကျင်တိုက်ခိုက်မှုကို ခံနေရပြီ ဆိုတာ ကိုယ့်ကိုယ်ကိုယ် မြင်ဖို့ကောင်းနေပြီ။
ဒီလို အခြေအနေတွေကို ဘယ်ကနေ တွန်းပို့သလဲ ဆိုတော့ သူရဲဘောကြောင်မှုတွေက တွန်းပို့ခဲ့တယ်။
သူရဲဘောကြောင်စွာ နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ စစ်ပွဲတွေနဲ့ ဖြေရှင်းခဲ့တဲ့
ခေါင်းဆောင်တွေ ရဲ ဆုံးဖြတ်ချက်တွေကို တပ်မတော်တခုလုံး ပေးဆပ်နေရတယ်။
စစ်ပွဲတွေ ကြာလာတော့ ရန်ငြိုးတွေ၊ အာဃာတတွေ ဟာ ချေဖို့ ခက်သည်ထက်ခက် ကြီးထွားသည်ထက် ကြီးထွားလာတယ်။ သေတာတွေ များလာလေ၊ ငါ့ရဲဘော် ငါ့ညီအကို၊ ငါ့သူငယ်ချင်း၊ ငါ့သွေးသားကို သတ်ထားတဲ့ကောင်တွေဆိုတဲ့ အမုန်းတရား ထုထည်က ၂ ဘက်စလုံး ကြီးသထက်ကြီးလို့ လာတယ်။
တိုင်းရင်းသားတွေဘက်ကလည်း လူမျိုးရေး မုန်းတီးမှုတွေ ဖြစ်လာစေတော့တယ်။
ပြည်ထောင်စု မပြိုကွဲရေး ဆိုတဲ့ မျက်မှန်စိမ်းကြီးတလက်ကို ခင်ဗျားတို့ကို တပ်ပေးလိုက်တယ်။ ပြည်ထောင်စုကြီးကိုကာကွယ်ဖို့လိုတယ်။ ငါတို့ မှ မတိုက်ရင် ပြည်ထောင်စုကြီး ကနေ ဒီလူတွေ ခွဲထွက်ကုန်လိမ့်မယ် ဆိုပြီး
တိုက်ခဲ့ကြတယ်။ တိုင်းရင်းသားတွေက ခုခံတော့ ရပ်ထဲ၊ ရွာထဲက ရွာသူရွာသားကိုပါ ရန်သူလိုဆက်ဆံပြီး ဖိနှိပ်ကြ၊ နိုင့်ထက်စီးနင်းလုပ်ကြ၊
စစ်မြေပြင်တွေဟာ သူရဲဘောကြောင်မှု ကို အပြဆုံးနေရာတွေ။
လူတွေဟာ ကိုယ့်အသက်မသေဖို့ တရားသောနည်း၊ မတရားသောနည်း နည်းမျိုးစုံနဲ့ ရင်ဆိုင်ကြရ၊ ရပ်တည်ကြရ။ ဒါ ကမ္ဘာပေါ်က စစ်ပွဲတိုင်းမှာ ဖြစ်နေတာပါ။
စစ်သည်တော်တို့အဖို့မှာတော့ စစ်မြေပြင်မှာ နိုင်အောင်တိုက်ဖို့၊ ရှင်သန်ရေး
အတွက် ရန်သူကို မညှာတမ်းသတ်နိုင်ဖို့ ဆိုတာ ရွေးစရာ မရှိတဲ့ လမ်းပါ။
ဒါပေမယ့် စစ်သည်တော်တွေ ဒီလို စစ်ပွဲတွေ မဖြစ်အောင် ရှောင်နိုင်ဖို့က
တိုင်းပြည်ခေါင်းဆောင်တွေရဲ့ တာဝန်ပါပဲ။
နိုင်ငံရေးနည်းလမ်း နဲ့ ဖြေရှင်းပါမှ....
အမုန်းတရားတွေကို ချစ်ခြင်းမေတ္တာတရား နဲ့ သာ ချေဖျက်နိုင်တယ် ဆိုရင်၊
အဲဒီ ချစ်ခြင်းမေတ္တာတရားဆိုတာ ကိုယ်ချင်းစာနာမှုနဲ့သာ တည်ဆောက်လို့
ရပါတယ်။ သူတို့ဘာကြောင့် ဒီလို လုပ်ရ၊ မြင်ရတာလဲ ဆိုတဲ့ စာနာစိတ်ကို
ကြည့်ပါဦး။
လောလောဆယ် လက်ပံတောင်းတောင် ကိစ္စမှာကို ပြည်သူသန်း၆၀ ဟာ ကုဋေချီပြီး အကြွေးတင်နေတယ်။ အဲဒီ နှစ် ၂၀ ကျော် ထင်သလို စီမံခန့်ခွဲခဲ့
ကြတဲ့ ခေါင်းဆောင်ဆိုသူများက ခုချိန်မှာ အဲဒီ သန်းပေါင်းများစွာ မြတ်စွန်းနေတဲ့ တနိုင်ငံလုံးက ထွက်နေတဲ့ သယံဇာတတွေကို ခြယ်လှယ်နေတဲ့ ဦးပိုင်ဆိုတဲ့ အဖွဲ့အစည်းကြီး က အများဆုံး ရှယ်ယာတွေကို ပိုင်ဆိုင်ပြီး၊ အများဆုံး အမြတ်စွန်းတွေကို ခံစားလို့ နေတယ်။
ဒါဟာ တရားသလား၊ မတရားသလား လို့ သေချာ စိစစ်ပါ။
ပြီးရင် မတရားသရွေ့ မတရားလုပ်ခံထားရသူတွေရဲ့ အမုန်းတွေ ပွားခံနေဦးမယ် လို့လည်း မြင်ပေါ့ဗျာ။
အဲဒီ သိန်းဂဏန်း ချမ်းသာမှုတွေနဲ့ အတူ ခင်ဗျားတို့ရလိုက်တာ ပြည်သူရဲ့ အမုန်းတွေ။ ခင်ဗျားတို့ ဆုံးရှုံးလိုက်ရတာ ငါ့သားတွေစားကြဆိုတဲ့ အရသာ ရှိလွန်းတဲ့ မိခင်ပြည်သူကြီးတယောက်က ကျွေးတဲ့ မေတ္တာရည်အပြည့်ပါနေတဲ့၊
ချစ်ခြင်းအဟာရတွေ ပြည့်နေပါတဲ့ ကောက်ညှင်းပေါင်း တဆုပ်စာ၊
ပန်းကုံးစွပ်သူအပျိုမတွေရဲ့ ချစ်ရည်လူးတဲ့ မျက်ဝန်းတွေ၊
ခန်းခြောက်သွားရတဲ့ ဆရာကျော် လို့အော်ခေါ်ရင်း ကျတဲ့ မျက်ရည်တွေ. . .
ဒီစာဟာ တပ်မတော်ကို သွေးခွဲဖို့ရည်ရွယ် မရေး၊
တတပ်လုံးကိုသာ စည်းရုံးသွေးဆောင်လို့ ရေးပါတယ်။
ကာချုပ်ကြီးမင်းအောင်လှိုင်မှ အစပြု ဟိုးအောက်ခြေ တပ်သားလေးတွေအထိ
ပြောင်းလဲ ကြဖို့ ရည်ရွယ်ပြီး စည်းရုံးရေးသားပါတယ်။
တပ်မတော်ရဲ့ အနာဂါတ်ဟာ ခင်ဗျားတို့ လက်ထဲမှာပါ။
တတပ်လုံးသာ ပြောင်းစေ့ချင်ပါတယ်။
ပြည်သူ့တပ်မတော် ဒို့တပ်မတော်
ပြည်သူ့စစ်သား ဒို့စစ်သား ဆိုတဲ့ ကျနော်တို့ ချစ်သော တပ်မတော်ကြီး ကို လွမ်းလှပါရဲ့ဗျာ။
ချိုတူးဇော်
မုန်းစရာရှိလို့ မုန်းကြတာပါ။
ဘာကို မုန်းတာလည်း၊ ဘာကို မကြိုက်ကြ၊ မကျေနပ်ကြတာလည်း ဆိုတာကို သိအောင် လေ့လာပြီး၊ သူတို့ရဲ့ အမြင်နဲ့ ခံစားကြည့်ပြီး၊ သူတို့နေရာမှာ ငါဆိုလည်း မုန်းမိမှာပဲ လို့ စာနာစိတ်နဲ့ နားလည် ပြင်ဆင်ညှိနှိုင်းတဲ့ တနည်းထဲ
သာ အမုန်းကနေ အချစ်ကို ပြောင်းနိုင်ပါလိမ့်မယ်။
အမုန်းကို အချစ်တမျိုးထဲက သာ နိုင်ပါတယ်။
မေတ္တာသာလျှင် တခုတည်းသော ဖြေရှင်းရာပါ။
ဒီလိုပြောလို့ ဒီလောက် အမုန်းတွေ ရေးနေတဲ့ကောင် လို့ ပြောလည်း ခံရမှာပါပဲ။
ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ အဖြစ်အပျက်၊ အခြေအနေက ဦးဘခင် ခံသင့်မှ ခံသည် အခြေအနေပါ။ ဘုန်းကြီးတရားနာပြီး ဒေါသကြီးတဲ့ ဦးဘခင် အိမ်ရှေ့မှာ ဆိုင်းဘုတ်ချိတ်ပါတယ်။ ဦးဘခင် သည်းခံသည် တဲ့။ ဒီတော့
ရွှတ်နောက်နောက်ကာလသားတွေက အိမ်ကို ခဲတွေနဲ့ပေါက်ကြ၊ သမီးရှင်ဆိုတော့ ယောက္ခမကြီးခေါ်ကြနဲ့ တညနေထဲတင် ဗြောင်းဆန်သွားပါသတဲ့။ ဦးဘခင်ကြီးလည်း အိမ်ထဲ တဟင်းဟင်း နဲ့ အသံထွက်ပြီး ကိုယ့်ဆိုင်းဘုတ်နဲ့ ကိုယ် ချုပ် နေရပါသတဲ့။
နောက်နေ့တော့ ဆိုင်းဘုတ်ကိုအသစ်လည်းထားပါသတဲ့
ဦးဘခင် ခံသင့်မှခံသည် . . .တဲ့။
ခုလည်း ခင်ဗျားတို့ဘက်က ငါတို့ ဒီလောက်အလျှော့ပေးနေတာ ဒင်းတို့က ရာရာစစ ရောင့်တက်နေတယ်၊ လာရော့လဟယ် မီးဗုံး. . . ဆိုပြီး ခံသင့်မှ ခံကြောင်းပြလိုက်၊ ကျနော်တို့ဘက်ကလည်း ပြောင်းလဲတယ်လည်းပြောသေး
တပြားမှ မလျှော့၊ မျက်စိရှေ့ ကိုယ်တွေသာ ဆင်းရဲ၊ ကိုယ်တွေသာ ကုဋေချီ အကြွေးတင်၊ ခင်ဗျားတို့ စိတ်တိုင်းကျ ထင်တိုင်းကျဲပြီး ခင်ဗျားတို့ကတော့ ကိုယ်စီ မီလျံနာဖြစ်လို့ ဆိုတော့ အန်တီစုကပဲ ပြောပြော၊ ကိုပေါ်ကပဲပြောပြော ဘယ်သူဘာပြောပြော၊ ခံသင့်မှခံသည် ပဲ။
လူတွေ က မတရားသရွေ့ ငုံ့ခံပါ၊ မြိုသိပ်ပါ ဘယ်လိုပြောပြော၊ တဟင်းဟင်း
နဲ့ အိမ်ထဲမှာ ကိုယ့်ဆိုင်းဘုတ်နဲ့ကိုယ် ချုပ်နေရတဲ့သူတွေ ရှိသလို၊
ခံသင့်မှ ခံသည် သမားတွေလည်းအများကြီးပါလေ။
ဟိုဘက် ဒီဘက်ပြောပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုင်းဘုတ်ကြီးအောက်မှာ နှစ်ဘက်စလုံး ချုပ်နေကြရတဲ့ တိုင်းပြည်ကြီး ဖြစ်လို့။
ခင်ဗျားတို့အနေနဲ့ စဉ်းစားစေချင်တာက
ဘယ်လို ဆက်သွားမှာလဲ ဆိုတာပါပဲ။
တပ်မတော်နဲ့ ပြည်သူအကြားမှာ . အမုန်းတွေဟာ ပွားသထက်ပွားလာတာကိုပဲ ဆက်ပြီးသွားမလား၊
ဒီအမုန်းတွေကို ချေမလား၊ ဖျက်မလား၊ ပြောင်းမလား၊ ပြင်မလား စဉ်းစားပါ။
ခင်ဗျားတို့ ပြည်သူကို ပြန်မုန်း၊ ပြန်နာပြီး၊ (အချစ်ကြီးလို့အမျက်ကြီးတယ်ပဲ ဆိုဆို) တပ်မတော်သာလျှင်အမိ၊ အဖ လို့ သန္ဓေဓဇသတ္တ၀ါတွေ အနေနဲ့ပဲ
ကိုယ့်ကိုယ်ကိုယ် ဖန်ဆင်းပြီး ပြည်သူနဲ့ကင်းအောင်ပဲ နေနေ၊ တချိန်က
တော်လှန်ရေးပန်းခြံရှေ့ ဦးဝိစာရလမ်းပေါ်မှာ ချီတက်လာတဲ့ ရဲဘော်တွေကို
ငါ့သားတွေ စားဟဲ့. .ငါ့သားတွေစားစမ်းဟဲ့ လို့ တောင်းလိုက်ချကျွေးတဲ့ ကောက်ညှင်းပေါင်းသည် ပြည်သူအမေမျိုးကြီး ကို ဒီနည်းနဲ့တော့ ပြန်မရနိုင်တော့ဘူး။
ခင်ဗျားတို့ကို မေတ္တာရည်လွှမ်းတဲ့ အကြည့်တွေနဲ့ ပန်းကုံးတွေစွပ်ပေးခဲ့တဲ့
မိန်းမပျိုလေးတွေလည်း မရနိုင်တော့ဘူး။
ခင်ဗျားတို့ ရဲ့ ကျေးဇူးရှင် တပ်မတော်ကြီးကို ချစ်လှဆိုရင်တောင် ခင်ဗျားတို့
တပ်မတော်ကြီးဟာ တနေ့တနေ့ အစွမ်းထက်မြက်လှတဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေ ၀ယ်ရင်း၊ ကိုင်ရင်းနဲ့ကို ပြည်သူတွေရဲ့ အမုန်းအောက်မှာ
အရှုံးကြီး ရှုံးပြီး ရှုံးနေတာ ကြာခဲ့ပြီ။
ရင်နာတတ်ရင် ရင်ကွဲပြီးတောင် သေနိုင်လောက်ရဲ့။
နိုင်ငံတကာက စစ်ကားတွေ၊ ရုပ်ရှင်တွေထဲမှာ ပြည်သူကို အငတ်ခံပြီး ကျွေးမွေးကာကွယ်အသေခံသွားတဲ့ စစ်သားတွေဟာ အပ်ကြောင်းထပ် မရိုးနိုင်တဲ့ ကာရိုက်တာတွေပေါ့။
ကျနော်တို့ ငယ်ငယ်က ရုံပြန်တင်လို့ ကြည့်ခဲ့ရတဲ့ မင်းသားကြီး ဦးကျော်ဆွေ ရဲ့ ပုလဲမျက်ရည် ဆို တရုတ်ဖြူတွေလက် က ကယ်ခဲ့တဲ့
ရွာက ကောင်မလေး တယောက်နဲ့ အဲဒီရွာသားတွေ ကို ကယ်တင်ရင်း
အသေခံသွားခဲ့တဲ့ တပ်ကြပ်ကြီးတယောက်ရဲ့ ဇာတ်လမ်းလေးပေါ့။
ဆရာကျော်. . .ဆရာကျော်. .နဲ့ နောက်ဆုံးခန်းမှာ အော်တဲ့ ခင်ယုမေ လို
ခင်ဗျားတို့ ကို အော်မယ့်သူလည်း မရှိတော့ပြီ။ ပုလဲမျက်ရည်တွေ ခန်းခဲ့တာကြာပေါ့။
ဒီလို ပြည်သူ ဆတ်ဆတ်ခါ မုန်းခံနေရတဲ့ ဘ၀ ကို ဘယ်သူတွေက တွန်းပို့ခဲ့တာလဲ။
ငါတို့က အသေခံပြီး တိုင်းပြည်ကာကွယ်နေတာ လို့ ငါတကောကော
စိတ်တွေကို သွင်းပေးခဲ့ပြီး၊ ဘယ်သူတွေက ခင်ဗျားတို့ကို ပြည်သူနဲ့
ပြန် ရန်တိုက်ပေးခဲ့တာလဲ သေချာ သုံးသပ်ပြီး၊
ပြည်သူကို နာစိတ်မကုန်ရင်တောင် တပ်မတော်ကို ချစ်စိတ်နဲ့ပဲ အဲဒီ
အမုန်းတရားတွေရဲ့ အကြောင်းရင်းကို ရှာပြီး တပ်မတော်ခေါင်းဆောင်တို့
ချေသင့်ဖျက်သင့်၊ ပြုသင့်၊ ပြင်သင့်ပါပြီ။
ပါးစပ်ကနေ ချစ်လို့ မရဘူး။ လက်တွေ့ချစ်ပြဖို့လိုပါတယ်။
တိုင်းပြည်အတွက်၊ တိုင်းပြည်ကို ချစ်တယ်ဆိုတာ ပြည်သူကို မချစ်ဘဲ ချစ်လို့ မရပါဘူး။ ပြည်သူ ငတ်နေ၊ ဆင်းရဲနေ၊ ဒုက္ခရောက်နေတဲ့အချိန်မှာ ကိုယ်က သန်းပေါင်းများစွာ ချမ်းသာပြီး လိပ်ပြာသန့်သန့်နေနိုင်သလား၊
ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို ကိုယ်တွေ လက်နက်နဲ့တည်ဆောက်ထားတဲ့
အာဏာနဲ့ အလွဲသုံးစား ပြုမိနေသလား လို့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ပါဦး။
ငါတို့က အသေခံပြီး တိုက်နေရတာ ဆိုတဲ့ အဖြေ က အဖြေမှန် မဟုတ်ပါဘူး။
ပြည်သူက ဘယ်သူမှ အသေမခံစေချင်လို့ စစ်ပွဲတွေ ရပ်ခိုင်းနေမှဖြင့်။
တိုင်းရင်းသားတွေဘက်က အမုန်းတွေကိုလည်း သူတို့နေရာက စာနာကြည့်ပါဦး၊
ကချင်ကလေးတယောက်ရဲ့ မျက်စိထဲမှာ သူတို့ရွာထဲ အဲဒီ အစိမ်းရောင်ယူနီဖေါင်းနဲ့ လက်နက်ကိုင်ထားတဲ့သူတွေဟာ ၀င်လာတယ်။ ရွာထဲက ၀က်တွေ၊ ကြက်တွေကို ပစ်ခတ်စားသောက်တယ်။ တန်ရာတန်ကြေးပေးမသွားဘူး။ အမေတွေ၊ နှမတွေ၊ အမတွေ အဒေါ်တွေ မတရားပြုကျင့်ခံရတယ်။ ယောက်ျားတွေ ပေါ်တာဆွဲခံရတယ်။ တချို့အသတ်ခံရတယ်။
စစ်တပ်ဟာ ကျီးလန့်စာစား အကြောက်တရားနဲ့ ရမ်းကားသထက် ရမ်းကားလို့လာတယ်။
ဖေ့စ်ဘွတ်ခ်ပေါ်မှာပဲ စစ်ဗိုလ်တယောက်က ပြန်ချေပတယ်။ ကချင်တွေ၊ ကရင်တွေ ရွာထဲဝင်ရင် ရွာသား ဆိုပေမယ့်လည်း အချိန်မရွေးပစ်ပြီးပြေးသွား တာ ခံရ၊ ကိုယ့်တပ်သားတွေ ကျခံရ တာများတော့ ရွာသူရွာသားကိုလည်း သာမန်အရပ်သားလို့ မမြင်နိုင်တော့ဘူး။ ငါတို့ကို သတ်နိုင်တဲ့ ရန်သူလို့သာ မြင်တော့ ရန်သူလိုသာဆက်ဆံတော့တယ်။
ခင်ဗျားတို့ ဗီယက်နမ်စစ်ကားတွေ ကြည့်ဖူးရင် ခင်ဗျားတို့ဟာ ကျူးကျော်တဲ့ အမေရိကန်တွေ လို ဖြစ်နြေ့ပီး၊ တိုင်းရင်းသားတွေရဲ့ တမျိုးသားလုံး ဆန့်ကျင်တိုက်ခိုက်မှုကို ခံနေရပြီ ဆိုတာ ကိုယ့်ကိုယ်ကိုယ် မြင်ဖို့ကောင်းနေပြီ။
ဒီလို အခြေအနေတွေကို ဘယ်ကနေ တွန်းပို့သလဲ ဆိုတော့ သူရဲဘောကြောင်မှုတွေက တွန်းပို့ခဲ့တယ်။
သူရဲဘောကြောင်စွာ နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ စစ်ပွဲတွေနဲ့ ဖြေရှင်းခဲ့တဲ့
ခေါင်းဆောင်တွေ ရဲ ဆုံးဖြတ်ချက်တွေကို တပ်မတော်တခုလုံး ပေးဆပ်နေရတယ်။
စစ်ပွဲတွေ ကြာလာတော့ ရန်ငြိုးတွေ၊ အာဃာတတွေ ဟာ ချေဖို့ ခက်သည်ထက်ခက် ကြီးထွားသည်ထက် ကြီးထွားလာတယ်။ သေတာတွေ များလာလေ၊ ငါ့ရဲဘော် ငါ့ညီအကို၊ ငါ့သူငယ်ချင်း၊ ငါ့သွေးသားကို သတ်ထားတဲ့ကောင်တွေဆိုတဲ့ အမုန်းတရား ထုထည်က ၂ ဘက်စလုံး ကြီးသထက်ကြီးလို့ လာတယ်။
တိုင်းရင်းသားတွေဘက်ကလည်း လူမျိုးရေး မုန်းတီးမှုတွေ ဖြစ်လာစေတော့တယ်။
ပြည်ထောင်စု မပြိုကွဲရေး ဆိုတဲ့ မျက်မှန်စိမ်းကြီးတလက်ကို ခင်ဗျားတို့ကို တပ်ပေးလိုက်တယ်။ ပြည်ထောင်စုကြီးကိုကာကွယ်ဖို့လိ
တိုက်ခဲ့ကြတယ်။ တိုင်းရင်းသားတွေက ခုခံတော့ ရပ်ထဲ၊ ရွာထဲက ရွာသူရွာသားကိုပါ ရန်သူလိုဆက်ဆံပြီး ဖိနှိပ်ကြ၊ နိုင့်ထက်စီးနင်းလုပ်ကြ၊
စစ်မြေပြင်တွေဟာ သူရဲဘောကြောင်မှု ကို အပြဆုံးနေရာတွေ။
လူတွေဟာ ကိုယ့်အသက်မသေဖို့ တရားသောနည်း၊ မတရားသောနည်း နည်းမျိုးစုံနဲ့ ရင်ဆိုင်ကြရ၊ ရပ်တည်ကြရ။ ဒါ ကမ္ဘာပေါ်က စစ်ပွဲတိုင်းမှာ ဖြစ်နေတာပါ။
စစ်သည်တော်တို့အဖို့မှာတော့ စစ်မြေပြင်မှာ နိုင်အောင်တိုက်ဖို့၊ ရှင်သန်ရေး
အတွက် ရန်သူကို မညှာတမ်းသတ်နိုင်ဖို့ ဆိုတာ ရွေးစရာ မရှိတဲ့ လမ်းပါ။
ဒါပေမယ့် စစ်သည်တော်တွေ ဒီလို စစ်ပွဲတွေ မဖြစ်အောင် ရှောင်နိုင်ဖို့က
တိုင်းပြည်ခေါင်းဆောင်တွေရဲ့ တာဝန်ပါပဲ။
နိုင်ငံရေးနည်းလမ်း နဲ့ ဖြေရှင်းပါမှ....
အမုန်းတရားတွေကို ချစ်ခြင်းမေတ္တာတရား နဲ့ သာ ချေဖျက်နိုင်တယ် ဆိုရင်၊
အဲဒီ ချစ်ခြင်းမေတ္တာတရားဆိုတာ ကိုယ်ချင်းစာနာမှုနဲ့သာ တည်ဆောက်လို့
ရပါတယ်။ သူတို့ဘာကြောင့် ဒီလို လုပ်ရ၊ မြင်ရတာလဲ ဆိုတဲ့ စာနာစိတ်ကို
ကြည့်ပါဦး။
လောလောဆယ် လက်ပံတောင်းတောင် ကိစ္စမှာကို ပြည်သူသန်း၆၀ ဟာ ကုဋေချီပြီး အကြွေးတင်နေတယ်။ အဲဒီ နှစ် ၂၀ ကျော် ထင်သလို စီမံခန့်ခွဲခဲ့
ကြတဲ့ ခေါင်းဆောင်ဆိုသူများက ခုချိန်မှာ အဲဒီ သန်းပေါင်းများစွာ မြတ်စွန်းနေတဲ့ တနိုင်ငံလုံးက ထွက်နေတဲ့ သယံဇာတတွေကို ခြယ်လှယ်နေတဲ့ ဦးပိုင်ဆိုတဲ့ အဖွဲ့အစည်းကြီး က အများဆုံး ရှယ်ယာတွေကို ပိုင်ဆိုင်ပြီး၊ အများဆုံး အမြတ်စွန်းတွေကို ခံစားလို့ နေတယ်။
ဒါဟာ တရားသလား၊ မတရားသလား လို့ သေချာ စိစစ်ပါ။
ပြီးရင် မတရားသရွေ့ မတရားလုပ်ခံထားရသူတွေရဲ့ အမုန်းတွေ ပွားခံနေဦးမယ် လို့လည်း မြင်ပေါ့ဗျာ။
အဲဒီ သိန်းဂဏန်း ချမ်းသာမှုတွေနဲ့ အတူ ခင်ဗျားတို့ရလိုက်တာ ပြည်သူရဲ့ အမုန်းတွေ။ ခင်ဗျားတို့ ဆုံးရှုံးလိုက်ရတာ ငါ့သားတွေစားကြဆိုတဲ့ အရသာ ရှိလွန်းတဲ့ မိခင်ပြည်သူကြီးတယောက်က ကျွေးတဲ့ မေတ္တာရည်အပြည့်ပါနေတဲ့၊
ချစ်ခြင်းအဟာရတွေ ပြည့်နေပါတဲ့ ကောက်ညှင်းပေါင်း တဆုပ်စာ၊
ပန်းကုံးစွပ်သူအပျိုမတွေရဲ့ ချစ်ရည်လူးတဲ့ မျက်ဝန်းတွေ၊
ခန်းခြောက်သွားရတဲ့ ဆရာကျော် လို့အော်ခေါ်ရင်း ကျတဲ့ မျက်ရည်တွေ. . .
ဒီစာဟာ တပ်မတော်ကို သွေးခွဲဖို့ရည်ရွယ် မရေး၊
တတပ်လုံးကိုသာ စည်းရုံးသွေးဆောင်လို့ ရေးပါတယ်။
ကာချုပ်ကြီးမင်းအောင်လှိုင်မှ အစပြု ဟိုးအောက်ခြေ တပ်သားလေးတွေအထိ
ပြောင်းလဲ ကြဖို့ ရည်ရွယ်ပြီး စည်းရုံးရေးသားပါတယ်။
တပ်မတော်ရဲ့ အနာဂါတ်ဟာ ခင်ဗျားတို့ လက်ထဲမှာပါ။
တတပ်လုံးသာ ပြောင်းစေ့ချင်ပါတယ်။
ပြည်သူ့တပ်မတော် ဒို့တပ်မတော်
ပြည်သူ့စစ်သား ဒို့စစ်သား ဆိုတဲ့ ကျနော်တို့ ချစ်သော တပ်မတော်ကြီး ကို လွမ်းလှပါရဲ့ဗျာ။
ချိုတူးဇော်
No comments:
Post a Comment
mr.kyaingtun@gmail.com