Tuesday, December 4, 2012

စစ်ကျွန်. . .

L-Zaw Sai shared Cho Tu Zal's status update.
စစ်ကျွန်. . .

ဦးပိုင်စီးပွားရေးလုပ်ငန်းတွေက
ို လေ့လာပြီးရင်၊ မြန်မာပြည်ဟာ အဘက်ဘက် က စစ်ကျွန်ဘ၀ကို ကျရောက်လို့နေပြီဆိုတာ ကောင်းကောင်း သဘောပေါက် လာပါလိမ့်မယ်။ ဒီဦးပိုင် ရဲ့ လက်ချက်နဲ့ပဲ မြန်မာ့မြေမှာ တရုတ်အမျိုးသားပိုင်ဆိုတဲ့ ဆိုင်းဘုတ်တွေ စိုက်ထူခံလာရတယ်။

ခု ကျနော်တို့ ရင်ဆိုင်နေတဲ့အခြေအနေဟာ အင်မတန်မှကို ခက်ခဲ တဲ့ အ
ခြေအနေတရပ်ပါ။ တိုင်းပြည်က ဒေါ်လာသန်းပေါင်းဘီလျံချီပြီး အကြွေးတင်နေချိန်မှာ အဲဒီ ဦးပိုင် ဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းစုကြီးဟာ နှစ်စဉ်အမြတ်ဒေါ်လာသန်းပေါင်းရာချီထွက်လို့နေတယ်။
ဒတိုင်းပြည်က ဆင်းရဲ လေလေ သူတို့က ချမ်းသာလေလေ။ တချိန်တည်းမှာလည်း တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ ဘာအာမခံချက်မှ မရှိဘဲ တိုင်းတပါးသားတွေရဲ့ စော်ကားထိပါးမှု ကို မြန်မာပြည်သူတို့ အလူးအလိမ့်ခံနေရလေ ပါပဲ။

ဒီပြဿနာကို ဘယ်လို လို့ နိုင်ငံရေးနည်းနဲ့ ပြေလည်အောင်ဖြေရှင်းမလဲလို့
ကျနော်တော့ လုံးဝ စဉ်းစားမရပါဘူး။ ဒီစစ်အုပ်စုတွေဟာ သူတို့အကျိုးအမြတ်အတွက်ဆိုရင်ပြည်သူကို ဘယ်လိုပဲ နှိမ်နှင်းရ၊ နှိမ်နှင်းဖို့ ၀န်မလေးဘူး ဆိုတာ လက်တွေ့ မြင်နေကြရပါပြီ။

သူတို့ရဲ့ပြောင်းလဲမှုဆိုတာ နိုင်ငံတကာမှာသူတို့ဝင်ဆန့်နိုင်ဖို့ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို အသုံးချနိုင်ဖို့ မျှော်လင့်ချက်လောက်နဲ့ အပေါ်ယံပြောင်းလဲပြတာပါ။
ခုချိန်ထိ ထိရောက်တဲ့ ပညာရေးပြောင်းလဲမှု၊ ရင်းနှီးမြှုပ်နှံမှု ဘာတခုမှ မလုပ်ခဲ့ဘူး။ သူတို့သားသမီးတွေသာ အနီးအပါး၊ စင်္ကာပူ၊ မလေးရှားစတဲ့နိုင်ငံတွေ လွှတ်မယ်။ ပညာတွေ သင်ခိုင်းမယ်။ သာမန်ပြည်သူတွေ အတွက်တော့ နိမ့်ပါးတဲ့ပညာရေးစနစ်မှာပဲ မျက်စိပိတ် နားပိတ် ထားလို့နေတယ်။
ကျန်းမာရေးဆိုလည်း ဒီလိုပါပဲ။

ကျနော်တို့ ရင်ဆိုင်နေရတဲ့အခြေအနေဟာ ကျနော်တခါရေးခဲ့သလို၊ မန်ချူးအစိုးရ ပြည်ပနိုင်ငံတွေနဲ့ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ဖျက်ဆီး အမြတ်ထုတ်နေတာပါပဲ။

စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးဒီလောက်မြတ်စွန်းနေလို့ စစ်တပ်ထဲမှာ
အောက်ခြေ တပ်သားလေးတွေ၊ အရာရှိ၊ အရာခံ၊ အကြပ်လေးတွေ ချမ်းချမ်းသာသာနေခွင့်ရသလား ဆိုတာတော့ သူတို့ပဲ အသိဆုံးဖြစ်မှာပါ။

စီးပွားရေးအစုရှယ်ယာတွေက ဒီလောက် အမြတ်အစွန်းထွက်နေသည့်တိုင်
ပြည်သူ့ဘဏ္ဍာထဲကနေ အိမ်ဖေါ်စရိတ်၊ မာလီစရိတ်ပေးရမယ် လို့ ပြည်သူကို ကိုယ်စားပြုပါတယ် ဆိုတဲ့ လွှတ်တော်ကြီး က အတည်ပြု ပြဌာန်းလိုက်တာ သူတို့တွေဟာ ဘယ်လို အစိုးရပါ လို့ ပြတ်ပြတ်သားသားကြေညာလိုက်တာပါပဲ

တချို့မိတ်ဆွေတွေက တပ်မတော်ထဲမှာလည်း တိုင်းပြည်ကို ကောင်းချင်၊ ပြောင်းချင်တဲ့ သူတွေ ရှိပါတယ် လို့၊ ပြောကြပါတယ်။ ကျနော်က လုံးဝ လက်ခံလို့မရပါဘူး။ ဒီလို အခြေအနေတွေကို သိရတယ်ဆိုရင် ဘာကြောင့် ကျနော်လက်မခံဘူးဆိုတာ
သဘောပေါက်သင့်ပါပြီ။
ဂေါက်ရိုက်မပျက်၊ ညနေဘီယာသောက်မပျက်၊ ဘယ်နိုင်ငံမှာဖြင့် ဘယ်လို ဆိုပြီး တိုင်းပြည်ကို ဘယ်လိုလုပ်ပေးချင်၊ ဘယ်လို စေတနာထားကြောင်းပြောပြရုံနဲ့ တကယ်ပြုပြင်ပြောင်းလဲချင်တယ်လို့ ကျနော်တော့ မမြင်ပါဘူး။

ဒီစစ်တပ်ထဲမှာ တကယ်ပြုပြင်ပြောင်းလဲချင်တဲ့ တပ်မတော်သားတွေ ရှိမယ်ဆိုရင်၊ အရာရှိတွေ ရှိမယ်ဆိုရင် ဗော်လကိုင်းယီး Valkyrie လို၊
ဗိုလ်ကြီးအုန်းကျော်မြင့်လို ကြံစည်အားထုတ်ကြပါလိမ့်မယ်။

Revolution မကြိုက်ဘူး၊ Evolution ပဲ လိုချင်ပါတယ် ဆိုတဲ့ သူများ သိစေချင်တာကတော့ ရောဂါတခြား၊ ဆေးတခြားဖြစ်နေသရွေ့ ပြန်လည်နေကောင်းလာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
တခါတလေ ဆေးထိုးခံရမှာ ကို နာမှာ၊ ခံနိုင်ရည်မရှိမှာ၊ အမာရွတ်ကျန်ခဲ့မှာ စသဖြင့် စိုးရိမ်ကြောင့်ကြမှု များစွာနဲ့ ကျနော်တို့ ငြင်းဆန်ကြပါတယ်။
ဒါပေမယ့် ဆေးထိုးမှ ပျောက်မယ့် ရောဂါဟာ ဆေးထိုးမှ ကို ပျောက်ပါတယ်။

မတရားမှုရည်ဝနေတဲ့ စစ်အုပ်စုတွေဟာ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ မထိခိုက်သေးသရွေ့၊
သူတို့သားမယားတွေ လုံခြုံနေသေးသရွေ့
ဒီအတိုင်း ဆက်မျှောနေပါဦးမယ်။
သူတို့ တိုင်းပြည်ကို ချစ်တယ်ဆိုတာ အိမ်မွေးတိရစ္ဆာန်တကောင် ကို ချစ်သလို ချစ်နေတာပါ။
ဒါကိုပဲ အရိုးအရွင်းကိုက်ပြီး ကျေနပ်နေကြသူများက ကျေနပ်ထောက်ခံ
နေလေရဲ့။
မြင်အောင်ကြည့်ရင် မြင်လာလေ၊ နာကြင်လာလေ ဖြစ်ပါလိမ့်မယ်။

တော်လှန်ရေး ဆိုတာ မတရားမှုတွေ ရှိနေသေးသရွေ့ ရှိနေမယ့် အရာပါပဲ။

ချိုတူးဇော်

No comments:

Post a Comment

mr.kyaingtun@gmail.com