Tuesday, December 4, 2012

“ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ စစ်ခေါင်းဆောင်ဟောင်းများ၊ သမ္မတ ဦးသိန်းစိန်နဲ့တကွ ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်များသို့ စေတနာရှေ့ထား အကြံပြုချက်”

KhingKhing Su shared Lun Swe's photo.
“ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ စစ်ခေါင်းဆောင်ဟောင်းများ၊ သမ္မတ ဦးသိန်းစိန်နဲ့တကွ ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်များသို့ စေတနာရှေ့ထား အကြံပြုချက်”

ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာပေါင်းစုံရဲ့ အဓိက ဇာစ်မြစ်ကတော့ ကန့်လန့်ကာ နောက်ကွယ်ကို ၀င်သွားတဲ့ စစ်ခေါင်းဆောင်ဟောင်းတွေ အကြောက်လွန်နေတဲ့ကိစ္စလို့ မြင်ပါတယ်။ အကြောက်လွန်နေတဲ့အတွက် စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ သူတို့ဆီ နောက်ကြောင်းပြန်လှည့်လာနိုင်တဲ့ ပြဿနာလို့ ထင်ရင် လက်မဲကြီးတွေ ဦးအောင် ထွက်ထွက်လာပြီး ဖမ်းဟဲ့ ဆီးဟဲ့ နှိမ်နင်းဟဲ့ သတ်ဖြတ်ဟဲ့ ဆိုတာမျိုးတွေ လုပ်နေတာလို့ ထင်ပါတယ်။

အဲဒီအကြောက်လွန်နေတဲ့ကိစ္စကို လက်ပံတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွဲပုံဖြိုခွဲနည်းအတိုင်း ဆက်ဖြေရှင်းနေမယ်ဆိုရင် ပြဿနာတွေ၊ ပဋိပက္ခတွေက ဘယ်တော့မှကို ဆုံးနိုင်တော့မှာ မဟုတ်ဘဲ ပိုပိုများလာမှာသာ အသေအချာပါ။ ပြဿနာတွေကြားမှာ အရင်ဆုံး အထိနာတာ ပြည်သူတွေဖြစ်ပေမယ့် မခံနိုင်တဲ့ အဆုံးတနေ့မှာ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို မလွဲမသွေ ခံစားရမှာကတော့ စစ်ခေါင်းဆောင်တွေဟောင်းတွေကိုယ်တိုင်ပါပဲ။ စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ ကံကောင်းထောက်မပြီး စောစော ကွယ်လွန်သွားခဲ့ရင်လည်း သူတို့ရဲ့ဆွေစဉ်မျိုးဆက်တွေကတော့ မလွဲမသွေ ဒဏ်ခတ်ခံကြရမှာပါ။

သေချာပါတယ်။ ဒီနေ့ဖြစ်နေတဲ့ ပြဿနာတွေကို ရုပ်သေးသမ္မတ ဦးသိန်းစိန်လည်း ဘယ်နည်းနဲ့မှ ရှင်းနိုင်မှာ မဟုတ်ပါဘူး။ အတုအယောင် လွှတ်တော်မှာလည်း အဖြေရှာနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လို စုံစမ်းစစ်ဆေးရေးကော်မတီမျိုးကမှလည်း အဖြေထွက်အောင် စုံစမ်းစစ်ဆေးနိုင်မှာ/ စစ်ဆေးရဲမှာ မဟုတ်ပါဘူး။

အဲဒီတော့ ပြည်သူလည်း မနာ၊ သူတို့လည်း မနာချင်ဘူးဆိုရင် လုပ်စရာနည်းက အဓိကအားဖြင့် စစ်ခေါင်းဆောင်ဟောင်းတွေဘက်က စတင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ပြဿနာတွေအတွက် နောက်ကြောင်းပြန် အရေးယူခံရမှာကို အကြောက်လွန်နေတဲ့ကိစ္စအတွက် စိတ်ချရမယ့်၊ မတော်မတရားလည်း မဖြစ်မယ့် ကတိက၀တ်တွေကို ပြည်သူအပေါ် သြဇာတိက္ကမ ကြီးမားတဲ့ ဒီမိုခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အကြေအလည် ဆွေးနွေးညှိနှိုင်းပြီး ထွက်ပေါက်ယူဖို့ပဲ ဖြစ်ပါတယ်။ 

အဲလိုမှမဟုတ်ဘဲ အခုဖြေရှင်းပုံဖြေရှင်းနည်းတွေအတိုင်းပဲ ဆက်လုပ်ပြီး အာဏာတည်မြဲအောင် နောက်ကွယ်ကနေ နည်းအမျိုးမျိုးနဲ့ ကလိန်ကကျစ်အလုပ်တွေ လုပ်နေဦးမယ်ဆိုရင် နောက်တနည်းကို ပြည်သူဘက်က မလွဲမသွေ လုပ်ဆောင်လာစရာပဲ ရှိပါတော့တယ်။ အဲဒါကတော့ စစ်အာဏာရှင် အကြွင်းမဲ့ ဖြုတ်ချရေး လူထုတိုက်ပွဲနဲ့ ရင်ဆိုင်ရဖို့ပဲ ဖြစ်ပါတယ်။ 

အဲဒီနည်းနှစ်နည်းထဲက တနည်းနည်းနဲ့ ဖြေရှင်းပြီးသွားတဲ့အခါကျမှသာ ဒီကနေ့ ဖြစ်နေတဲ့ ပြဿနာအ၀၀ ဆုံးခန်းတိုင်သွားပြီး မြန်မာပြည်ဟာ ဒီမိုကရေစီစနစ်ဆီကို အားကောင်းမောင်းသန်း လျှောက်လှမ်းလို့ ရနိုင်မှာဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့ ပထမနည်းနဲ့ ဖြေရှင်းမယ်ဆိုရင်တော့ စစ်ခေါင်းဆောင်ဟောင်းတွေလည်း မနာ၊ ပြည်သူလည်း မနာဘဲ အေးအေးချမ်းချမ်း ပြီးနိုင်တာပေါ့ခင်ဗျာ။ စစ်ခေါင်းဆောင်ဟောင်းတွေ လေးလေးနက်နက် စဉ်းစားကြည့်ဖို့ အကြံပြုရခြင်းဖြစ်ပါတယ်။ 

အရပ်စကားနဲ့ ပြောရရင်တော့ “ဦးလေးတို့လည်း နာမည်ပျက်ပေါင်း များလှပြီ၊ သေခါနီးလေး အဖတ်ဆည်နိုင်သလောက် ဆည်သွားကြစေချင်ပါတယ်။ နိုင်ငံနဲ့ ပြည်သူလည်း ဦးလေးတို့ နှိပ်စက်ခဲ့တာ ဖွတ်ဖွတ်ညက်ညက် ကြေနေပါပြီ။ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူးဗျာ” လို့ပဲ မေတ္တာရပ်ခံချင်တော့တာပါပဲ။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
နံနက် ၂း၅၁ နာရီ
၅-၁၂-၂၀၁၂
“ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ စစ်ခေါင်းဆောင်ဟောင်းများ၊ သမ္မတ ဦးသိန်းစိန်နဲ့တကွ ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်များသို့
စေတနာရှေ့ထား အကြံပြုချက်”

ဒီကနေ့ မြန်မ
ာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာပေါင်းစုံရဲ့ အဓိက ဇာစ်မြစ်ကတော့ ကန့်လန့်ကာ နောက်ကွယ်ကို ၀င်သွားတဲ့ စစ်ခေါင်းဆောင်ဟောင်းတွေ အကြောက်လွန်နေတဲ့ကိစ္စလို့ မြင်ပါတယ်။ အကြောက်လွန်နေတဲ့အတွက် စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ သူတို့ဆီ နောက်ကြောင်းပြန်လှည့်လာနိုင်တဲ့ ပြဿနာလို့ ထင်ရင် လက်မဲကြီးတွေ ဦးအောင် ထွက်ထွက်လာပြီး ဖမ်းဟဲ့ ဆီးဟဲ့ နှိမ်နင်းဟဲ့ သတ်ဖြတ်ဟဲ့ ဆိုတာမျိုးတွေ လုပ်နေတာလို့ ထင်ပါတယ်။

အဲဒီအကြောက်လွန်နေတဲ့ကိစ္စကို လက်ပံတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွဲပုံဖြိုခွဲနည်းအတိုင်း ဆက်ဖြေရှင်းနေမယ်ဆိုရင် ပြဿနာတွေ၊ ပဋိပက္ခတွေက ဘယ်တော့မှကို ဆုံးနိုင်တော့မှာ မဟုတ်ဘဲ ပိုပိုများလာမှာသာ အသေအချာပါ။ ပြဿနာတွေကြားမှာ အရင်ဆုံး အထိနာတာ ပြည်သူတွေဖြစ်ပေမယ့် မခံနိုင်တဲ့ အဆုံးတနေ့မှာ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို မလွဲမသွေ ခံစားရမှာကတော့ စစ်ခေါင်းဆောင်တွေဟောင်းတွေကိုယ်တိုင်ပါပဲ။ စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ ကံကောင်းထောက်မပြီး စောစော ကွယ်လွန်သွားခဲ့ရင်လည်း သူတို့ရဲ့ဆွေစဉ်မျိုးဆက်တွေကတော့ မလွဲမသွေ ဒဏ်ခတ်ခံကြရမှာပါ။

သေချာပါတယ်။ ဒီနေ့ဖြစ်နေတဲ့ ပြဿနာတွေကို ရုပ်သေးသမ္မတ ဦးသိန်းစိန်လည်း ဘယ်နည်းနဲ့မှ ရှင်းနိုင်မှာ မဟုတ်ပါဘူး။ အတုအယောင် လွှတ်တော်မှာလည်း အဖြေရှာနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လို စုံစမ်းစစ်ဆေးရေးကော်မတီမျိုးကမှလည်း အဖြေထွက်အောင် စုံစမ်းစစ်ဆေးနိုင်မှာ/ စစ်ဆေးရဲမှာ မဟုတ်ပါဘူး။

အဲဒီတော့ ပြည်သူလည်း မနာ၊ သူတို့လည်း မနာချင်ဘူးဆိုရင် လုပ်စရာနည်းက အဓိကအားဖြင့် စစ်ခေါင်းဆောင်ဟောင်းတွေဘက်က စတင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ပြဿနာတွေအတွက် နောက်ကြောင်းပြန် အရေးယူခံရမှာကို အကြောက်လွန်နေတဲ့ကိစ္စအတွက် စိတ်ချရမယ့်၊ မတော်မတရားလည်း မဖြစ်မယ့် ကတိက၀တ်တွေကို ပြည်သူအပေါ် သြဇာတိက္ကမ ကြီးမားတဲ့ ဒီမိုခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အကြေအလည် ဆွေးနွေးညှိနှိုင်းပြီး ထွက်ပေါက်ယူဖို့ပဲ ဖြစ်ပါတယ်။

အဲလိုမှမဟုတ်ဘဲ အခုဖြေရှင်းပုံဖြေရှင်းနည်းတွေအတိုင်းပဲ ဆက်လုပ်ပြီး အာဏာတည်မြဲအောင် နောက်ကွယ်ကနေ နည်းအမျိုးမျိုးနဲ့ ကလိန်ကကျစ်အလုပ်တွေ လုပ်နေဦးမယ်ဆိုရင် နောက်တနည်းကို ပြည်သူဘက်က မလွဲမသွေ လုပ်ဆောင်လာစရာပဲ ရှိပါတော့တယ်။ အဲဒါကတော့ စစ်အာဏာရှင် အကြွင်းမဲ့ ဖြုတ်ချရေး လူထုတိုက်ပွဲနဲ့ ရင်ဆိုင်ရဖို့ပဲ ဖြစ်ပါတယ်။

အဲဒီနည်းနှစ်နည်းထဲက တနည်းနည်းနဲ့ ဖြေရှင်းပြီးသွားတဲ့အခါကျမှသာ ဒီကနေ့ ဖြစ်နေတဲ့ ပြဿနာအ၀၀ ဆုံးခန်းတိုင်သွားပြီး မြန်မာပြည်ဟာ ဒီမိုကရေစီစနစ်ဆီကို အားကောင်းမောင်းသန်း လျှောက်လှမ်းလို့ ရနိုင်မှာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့ ပထမနည်းနဲ့ ဖြေရှင်းမယ်ဆိုရင်တော့ စစ်ခေါင်းဆောင်ဟောင်းတွေလည်း မနာ၊ ပြည်သူလည်း မနာဘဲ အေးအေးချမ်းချမ်း ပြီးနိုင်တာပေါ့ခင်ဗျာ။ စစ်ခေါင်းဆောင်ဟောင်းတွေ လေးလေးနက်နက် စဉ်းစားကြည့်ဖို့ အကြံပြုရခြင်းဖြစ်ပါတယ်။

အရပ်စကားနဲ့ ပြောရရင်တော့ “ဦးလေးတို့လည်း နာမည်ပျက်ပေါင်း များလှပြီ၊ သေခါနီးလေး အဖတ်ဆည်နိုင်သလောက် ဆည်သွားကြစေချင်ပါတယ်။ နိုင်ငံနဲ့ ပြည်သူလည်း ဦးလေးတို့ နှိပ်စက်ခဲ့တာ ဖွတ်ဖွတ်ညက်ညက် ကြေနေပါပြီ။ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူးဗျာ” လို့ပဲ မေတ္တာရပ်ခံချင်တော့တာပါပဲ။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
နံနက် ၂း၅၁ နာရီ
၅-၁၂-၂၀၁၂

No comments:

Post a Comment

mr.kyaingtun@gmail.com