Cho Tu Zal
ဒီလို စာ မျိုးတွေ ဖတ်ရတာ
အင်မတန်အာရုံနောက်ရပါတယ်။
ဘယ်သူနဲ့ ဘယ်သူ ဘယ်လို အားပြိုင်နေတယ်၊ ဘယ်သူက ဘယ်လို ကစားတာ စ သဖြင့်
စာမျိုးတွေပါ။
နိုင်ငံရဲ့ ပြောင်းလဲမှု ဖြစ်စဉ်တွေဟာ လူတဦးတယောက်အပေါ်၊ လူတစုအပေါ်မှာ
မှီတည်နေသေးသရွေ့ အဲဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် မထွန်းကားသေးပါဘူး ဆိုတာ
ထင်းထင်းကြီး ပြလို့နေပါတယ်။
ဦးသန်းရွှေရဲ့ သေရေး ရှင်ရေး၊ လေဖြတ်ရေး၊ ဆီးမှန်၊ ၀မ်းမှန် ကျန်းမာရေးဟာ
မြန်မာပြည်သား သန်း ၆၀ ရဲ့ ကံကြမ္မာနဲ့ တိုက်ရိုက်အချိုးသက်ရောက်နေသည်ဖြစ်စေ၊ ပြောင်းပြန်အချိုးသက်ရောက်နေသည်
ဖြစ်စေ၊ မြန်မာပြည် ဒီမိုကရေစီ ဝေးပါသေးတယ်။
ဒီလိုပဲ ဦးသန်းရွှေ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ဆိုလည်း အတူတူပါပဲ။
ခေါင်းဆောင် ဆိုပြီး ဘယ်လောက်ပဲ လေးစား လေးစား သူတယောက်ထဲပေါ်တည်
နေတယ်ဆို ဒါဟာ ဒီမိုကရေစီ လုံးဝ မဟုတ်ပါဘူး။
ကျနော်တို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ စာတွေ ရေးတယ်။ အပြန်အလှန်ဆွေးနွေးတယ်။ နောက်ဆုံး
တူညီတဲ့အမြင်တွေ အပြန်အလှန်နားလည်မှုတွေရတယ်။ အဲဒီကတဆင့် တူညီတဲ့ အလုပ်တွေ
လုပ်ကြတယ်။ အဲဒါကမှ ဒီမိုကရေစီပါ။
သေချာ ချင့်ချိန်စဉ်းစားကြည့်ပါ။
အစိုးရတွင်း ဘယ်လို အလုပ်လုပ်နေသလဲ။
အတိုက်အခံပါတီတွင်းမှာကော ဘယ်လို တွေ လုပ်နေသလဲ။
တဦးတယောက်ထဲ က ထင်တိုင်းကျဲနေသရွေ့ အဲဒါ ဒီမိုကရေစီ လုံးဝ( လုံးဝ ) မဟုတ်ပါဘူး။
နောက် ရပ်တည်ချက် နဲ့ ပါတ်သက်လို့လည်း. .
ဘယ်လိုပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ် ပြည်သူနဲ့သာ တသားတည်းရပ်တည်ရမှာ လို့မြင်ပါတယ်။
ဘယ်အချိန်မျိုးပဲဖြစ်ြဖစ်၊ ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ်ပါ။ ပြဿနာတွေဟာ
ပြည်သူလူထုဆီမှာ ရှိနေတယ်။
လူတစု ရဲ့ အာဏာရရေး၊ လူတစုရဲ့ စည်းစိမ်ရေး အတွက် အချင်းချင်း လုကြ တိုက်ကြတာ
မြန်မာ့သမိုင်းမှာ အပ်ကြောင်းထပ်နေတဲ့ ရာဇ၀င်ပြဿနာတွေပါ။ ကုန်းဘောင်ခေတ်
မင်းညီမင်းသားတွေ . .အချင်းချင်း တိုက်ကြခိုက်ကြဆိုတာတွေ လည်း အများကြီးကို
ဖြစ်ခဲ့ပေါ့။ တကယ်တမ်း မြေဇာပင်ဘ၀ နဲ့ နာခဲ့ရတာ ခေတ်အဆက်ဆက် ပြည်သူတွေပါ။
ဒါတွေကို သိရင် ပြည်သူနဲ့သာ တသားတည်းရပ်ပြီး၊ ပြည်သူ့အကျိုးစီးပွားကို
ကာကွယ်ဖို့ရပ်တည်တဲ့ လမ်းတခုတည်းသာ တည့်မတ်မှန်ကန်တဲ့ နိုင်ငံရေးကျင့်စဉ်တခုလို့
မြင်လာပါလိမ့်မယ်။
ပြည်သူ့ဆန္ဒနဲ့ ကင်းကွာတဲ့ နိုင်ငံရေးသမားဟာ၊ အကာအကွယ်မဲ့၊ ချပ်ဝပ်တန်ဆာမဲ့
စစ်သည်လိုပဲ အချိန်မရွေး ဟာကွက်ပေါင်းများစွာနဲ့ ထိုးနှက်ခံပြီး
ကျဆုံးသွားမှာပါပဲ။
ချိုတူးဇော်
ကျနော်တို့ စကားမကျွံဖို့ပဲလိုတယ် . . ကျနော်တို့စကားနဲ့ အမေစုပြောလာမယ့် စကားတွေ ဆန့်ကျင်ဖက်ဖြစ်မသွားဖို့ပဲလိုတယ် . .
by Hawdeka Khalaylay on
Thursday, December 13, 2012 at 12:05pm ·
သေချာတာကတော့ ဦးသိန်းစိန် နဲ့ သူ့
အဖွဲ့က ပြည်ဖျက်သန်းရွှေကို လှန်နေပြီ ဗျ . . .ကြားညပ်နေတာ ဦးသိန်းစိန်မဟုတ် ကာချုပ်မင်းအောင်လှိုင်ပါ . .
ပြီးခဲ့တဲ့ လ အနည်းငယ်လောက်အထိ ရွှေမန်းက ပြည်ဖျက်သန်းရွှေကို ကလန်ကဆန် လုပ်တဲ့နေရာမှာ နေခဲ့တယ် . .
တကယ်လည်း ရွှေမန်းက ပြည်ဖျက်သန်းရွှေကို ကလန်ကဆန်တွေ လုပ်ခဲ့တယ် . .
အဲဒီအချိန်က ဦးသိန်းစိန်က မခုတ်တတ်တဲ့ကြောင်လို နေပြခဲ့တယ် . .
ဒါကြောင့် ပြည်ဖျက်သန်းရွှေကြီးက ဦးသိန်းစိန်အပေါ် ယုံကြည်စိတ်ချမှုအမှတ်တွေတိုးပေးပြီး တင်အောင်မြင့်ဦးကို နေရာဖယ်ခိုင်းခဲ့တယ် . .
တင်အောင်မြင့်ဦးကို ဦးသိန်းစိန်ကိုယ်တိုင် ကိုင်ရတွယ်ရခက်နေခဲ့တာလေ . .
အခုလက်ပံတောင်းတောင်မှာလည်း ပြည်ဖျက်သန်းရွှေကြီးက ဦးသိန်းစိန်ကို အတင်းအချိန်ဆွဲခိုင်းထားတယ် . . .
လက်ပံတောင်းတောင် အလိမ်တွေပေါ်သွားရင် ကျောက်ဖြူကူမင်း ပိုက်လိုင်းပါရပ်သွားလိမ့်မယ် . .
ကျောက်ဖြူကူမင်း ပိုက်လိုင်း နဲ့ တရုတ်ဗီတိုနဲ့ လဲထားခဲ့ရတာတွေရှိတယ် . .
တဖက်က အချိန်ဆွဲခိုင်းထားပြီး နောက်တဖက်က ကျောက်ဖြူကူမင်း ပိုက်လိုင်းဆွဲတာကို ဒယောသောပါး လုပ်နေတယ် . .
၂၀၁၃ ဆို ပိုက်လိုင်းဆွဲတာပြီးပြီ . .
ဒါပေမယ့် အဲဒီအထိ အချိန်ဆွဲပြီးရင် ရှိသမျှအပြစ်တွေကို ဦးသိန်းစိန်နဲ့အဖွဲ့ ခေါင်ပေါ်ကိုပုံချမယ့် အကွက်ကို ပြည်ဖျက်သန်းရွှေကြီး နဲ့ ငါးလောင်းပြိုင်ကြိုင်ကြိုင်တို့က ဆင်ထားပြီးသား . . .
ဒါကို ဦးသိန်းစိန် ရိပ်မိသွားတယ် . . သိပ်မကြာသေးဘူး . .
ဒီတော့ ဦးသိန်းစိန်က သူ့အဖွဲ့အတွင်း ညီညွတ်ရေး အရင်ယူတယ် . .
ဗမာပြေမှာ ထောင်ကျတာထက် . . အမေရိကန်မှာ ခိုလှုံခွင့်နဲ့ တရားဝင်နေတာက ပိုကောင်းတယ် ဆိုတဲ့ လမ်းကို ရွေးလိုက်ကြတယ် . .
ဒီတော့ ဦးသိန်းစိန်နဲ့ အဖွဲ့က တရုတ်လက်ဝေခံ ပြည်ဖျက်သန်းရွှေကို လှန်ကြပြီ . .
ဦးအောင်မင်းက တရုတ်ကို ကြောက်ရတယ် . . တရုတ်ကျေးဇူးရှိတယ် ဆိုတာကို အသာလေး ထုတ်ပြလိုက်တယ် . .
ဦးစိုးသိန်း က ကျနော်တို့ မှားခဲ့ပါတယ် လို့ တို့တိတို့တိပြောလိုက်တယ် . .
လက်ပံတောင်းတောင် အရေး က ပိုပြီး အသံဆူလာတယ် . .
ဒီမှာတင် ပြည်ဖျက်သန်းရွှေကြီးက ဝင်ပွဲကြမ်းတော့တယ် . .
ဘုန်းဘုန်းတွေကို အတင်းဝင်စီးခိုင်းတာ က ပြည်ဖျက်သန်းရွှေကြီးရဲ့ အစီအမံပါ . .
ဒီနေရာမှာ ကွင်းဆက်တစ်ခုပျောက်နေတယ် . . မျက်ရည်ယိုဗုံးတွေက ဘယ့်နှယ် မီးလောင်ဗုံးဖြစ်သွားရတာလဲ . .
ပြည်ဖျက်သန်းရွှေက သူဒီလိုမခိုင်းဘူး . . ဦးသိန်းစိန်က လည်း သူမခိုင်းဘူး . . တစ်ယောက်ယောက်ဝင်လုပ်တာလား . . သူတို့ပဲ တစ်ယောက်ကို တစ်ယောက် တွန်းချဖို့ ဂွင်ဆင်တာလား . .
ကြေငြာချက်ထုတ်တယ် . . ပြန်သိမ်းတယ် . . အဖွဲ့ဖွဲ့တယ် . . ထပ်ဖွဲ့ တယ် . . ဟိုဟာပြင် ဒီဟာလျှော့လုပ်တယ် . . ဒေါ်အောင်ဆန်းစုကြည် ခေါင်းပေါ် ဒီအထုတ် ပစ်တင်လိုက်ကြတယ် . .
ပြည်ဖျက်သန်းရွှေရည်ရွယ်တာက ဒေါ်အောင်ဆန်းစုကြည် ဒီတစ်ခါ ဘယ်လို ဆုံးဖြတ် ဆုံးဖြတ် တစ်ခုခုနဲ့ တစ်ဖွဲ့ဖွဲ့ နဲ့တော့ သဘောထားရေးရာ ထိမိခိုက်မိ ရှိမှာပဲ . .
တစ်နည်းနည်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်လူထုယုံကြည်မှု လျော့သွားမှာပဲ ပေါ့ . .
ပြည်ဖျက်သန်းရွှေကြီးက ငယ်မွေးခြံပေါက် မင်းအောင်လှိုင်ကို ကိုင်ထားတယ် . . မင်းအောင်လှိုင်က သူပြောသမျှ ခေါင်းငြိမ့်မှာလေ . .
အရန်အစီအစဉ်အနေနဲ့ မင်းအောင်လှိုင်ကို လည်း ဒုချုပ်စိုးဝင်း နဲ့ ပြန်ထောက်ထားတယ် . .
ဒီအချိန်အထိတော့ ပြည်ဖျက်သန်းရွှေနဲ့ငါးလောင်းပြိုင်ကြိုင်ကြိုင်တို့က သူတို့ကိုယ်သူတို့ အရမ်းလုံတယ် အကွက်စေ့တယ်လို့ ခံယူထားတယ် . .
ဒီအချိန်မှာ ဦးသိန်းစိန် ပါးစပ်က တစ်ခုခုထွက်လာသင့်ပြီ . . ခုထိ တိတိပပ ဘာမှ မထွက်လာသေးဘူး . . ဦးသိန်းစိန် ငြိမ်ပြီး အခြေအနေစောင့်ကြည့်နေတယ် . .
ဦးသိန်းစိန်က တွေဝေနေသလိုလို အကြောင်းပြပြီး သူ့ကိုပြည်သူတွေ ဘယ်လောက်ထောက်ခံတယ် အရေးကြုံရင် သူဘက် ဘယ်သူတွေပါမလဲဆိုတာ တွက်ဆနေကြတယ် . .
ဦးသိန်းစိန်နဲ့အဖွဲ့ အဓိကတွေးနေတာကတော့ ကာချုပ်မင်းအောင်လှိုင်ဘယ်လိုရပ်တည်မလဲ ဆိုတာနဲု့ ကာချုပ်မင်းအောင်လှိုင်ပါ ပြည်ဖျက်သန်းရွှေကို လှန်ရင် ဘယ်တိုင်းမှူးတွေ ဗွေဖောက်မလဲပေါ့ . . .
ဦးသိန်းစိန်က မီးစင်ကြည့်ကမယ့် ပုံစံရှိတယ် . . ဦးသိန်စိန်က သရေနဲ့ အနိုင်ကစားချင်နေတယ် . .
ဒီအတိုင်းပေနေတာက လောလောဆယ် ဦးသိန်းစိန်အတွက် အကောင်းဆုံး . . ဒီအခြေအနေက တစ်ယောက်ယောက်က ချုပ်ကိုင်ထားလို့ ဦးသိန်းစိန်ခမျာ မလူးသာမလွန့်သာ အခြေအနေဖြစ်နေတယ်လို့ ပြည်သူတွေက မြင်ကြမယ် . . ဒါ မဆိုးဘူးပေါ့ . .
ကဲ . . . ဒါက အတွင်းသတင်းတွေအတွက် ခန့်မှန်းချက်တွေပါ . .
ကျနော်တို့ ဘာဆက်လုပ်ရမလဲ . . ညောင်သီးလဲစား . . လေးသံလည်းနားထောင်ပေါ့ . .
လုပ်စရာတွေကို ဆက်လုပ်ရမှာပဲ . . တစ်ယောက်အဖမ်းခံရရင် နောက်တစ်ယောက်တက် ပုံစံနဲ့လုပ်ရမှာ . .
ကျနော်တို့ စကားမကျွံဖို့ပဲလိုတယ် . . ကျနော်တို့စကားနဲ့ အမေစုပြောလာမယ့် စကားတွေ ဆန့်ကျင်ဖက်ဖြစ်မသွားဖို့ပဲလိုတယ် . .
သပိတ်တွေကတော့ ဆက်လုပ်နေရအုံးမှာပဲ . .
ဒီအချိန်မှာ နောက်ထပ်ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားကြရင် . .
ကာချုပ်မင်းအောင်လှိုင်ကို တစ်နည်းနည်း အကြောင်းရှာပြီး အမေစုနဲ့ တွေ့ဖို့ တိုက်တွန်းဖို့လိုအပ်တယ် . . .
လောလောဆယ် ကာချုပ်မင်းအောင်လှိုင်ဟာ ဝှက်ဖဲပဲ . . အဲဒီဝှက်ဖဲကို ဘယ်သူကိုင်ထားလဲ . .
စစ်တပ်ကြီးလည်း ပြည်သူ့ရင်ခွင်မှာ မရှိသေးဘူး . . ဘယ်သူ့ခြေထောက်အောက် ရောက်နေသလဲ . . အဟောင်းခြေထောက်အောက်လား . . အသစ်ခြေထောက်အောက်လား . .
ဆက်စဉ်းစားကြရအောင် . . .
No comments:
Post a Comment
mr.kyaingtun@gmail.com